#Local_News
Published 16 August 2025

▪️ လာမည့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်တွင်ကျရောက်မည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ရောင်စုံဓာတ်ပုံပြိုင်ပွဲအား “လှပသာယာ ပြည်မြန်မာ” ခေါင်းစဉ်ဖြင့် ရောင်စုံဓာတ်ပုံပြိုင်ပွဲ ကျင်းပသွားမည်ဖြစ်ရာ မည်သူမဆိုပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း ဖိတ်ခေါ်ထားသည်။

▪️ စိတ်ပါဝင်စား၍ပါဝင်ယှဉ်ပြိုင်သူများအနေဖြင့်  နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုများ၊ သာယာလှပမှုများ၊ အေးချမ်းတည်ငြိမ်မှုများ၊ တိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှုများနှင့် ရိုးရာယဉ်ကျေးမှုများ၊ လွတ်လပ်ရေးကြိုးပမ်းမှု၏ ထင်ရှားသည့် သင်္ကေတ၊ နေရာဒေသနှင့် လူပုဂ္ဂိုလ်များ စသည်တို့ကို ဖော်ညွှန်းရိုက်ကူးထားသော ဓာတ်ပုံများဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်မည် ဖြစ်သည်။

▪️ ထို့အပြင်  ပြိုင်ပွဲဝင်များရိုက်ကူးထားသော ဓာတ်ပုံများသည် မြန်မာနိုင်ငံအတွင်း ရိုက်ကူးထားသည်  ရောင်စုံဓာတ်ပုံများသာ ဖြစ်ရမည် ဖြစ်ပြီး မည်သည့်ကင်မရာအမျိုးအစားမဆို အသုံးပြုနိုင်ကြောင်း ၊ ပြိုင်ပွဲဝင်ဓာတ်ပုံအရွယ်အစားမှာ ၁၀ လက်မ x ၁၅ လက်မ အရွယ်အစားတစ်မျိုးတည်းသာ ပါဝင်ယှဉ်ပြိုင်ရန်နှင့်ပုံအရေအတွက် အကန့်အသတ်မရှိယှဉ်ပြိုင်နိုင်ပြီး Hard Copy နှင့် Soft Copy (CD) ကို တစ်ပါတည်းပူးတွဲပေးပို့ရမည် ဖြစ် ကြောင်း၊ ဒစ်ဂျစ်တယ်နည်းပညာဖြင့် ပြုပြင်ဖန်တီးထားသောဓာတ်ပုံများနှင့် ပြည်တွင်း/ပြည်ပဓာတ်ပုံပြိုင်ပွဲများတွင် ဆုရခဲ့ဖူးသည့် ဓာတ်ပုံများ၊ ပုံနှိပ်ထုတ်ဝေပြီးသော ဓာတ်ပုံများ၊ Website များတွင် အသုံးပြုပြီးသော ဓာတ်ပုံများကို ပါဝင်ယှဉ်ပြိုင်ခွင့်ပြုမည် မဟုတ်ကြောင်း၊ ပြိုင်ပွဲဝင်ဓာတ်ပုံများအား အများပြည်သူအကျိုးငှာ ပြပွဲများ၊ စာအုပ်စာစောင်များ၊ Website များ၊ လက်ကမ်းစာစောင်များ၊ သင်ခန်းစာပို့ချမှုများနှင့် ဗီဒီယိုများ၌ အသုံးပြုခြင်းကို သဘောတူခွင့်ပြုရမည်  ဖြစ်ကြောင်းသိရသည်။

▪️ ပြိုင်ပွဲဝင်ဓာတ်ပုံများတွင် ပြိုင်ပွဲဝင်သူ အမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ ဓာတ်ပုံ၏အကြောင်းအရာ၊ ရိုက်ကူးသည့်နေရာဒေသတို့ကို ဓာတ်ပုံများ၏ နောက်ကျော၌ သီးခြားစက္ကူဖြင့်ရေးကပ်၍ ပူးတွဲပေးတင်ပို့ရမည်ဖြစ်ကာ ကိုယ်တိုင်ရိုက်ကူးထားသော ပုံဖြစ်ကြောင်း ကတိပြုချက် ပါရှိရမည် ဖြစ်ပြီး ပြိုင်ပွဲဝင်ဓာတ်ပုံများကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက် ညနေ ၄ နာရီ နောက်ဆုံးထား၍ ညွှန်ကြားရေးမှူး (ထုတ်လုပ်)၊ ထုတ်လုပ်ရေးဌာနခွဲ(ရန်ကုန်)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမှတ်(၂၂/၂၄)၊ ပန်းဆိုးတန်း လမ်း(အောက်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၈၃၇၁၃၄၂ နှင့် ၀၁-၈၃၈၄၈၁၃ သို့ ဆက်သွယ်ပေးပို့ ရမည် ဖြစ်ပြီး သတ်မှတ်ရက်ထက် ကျော်လွန်ပေးပို့လာသော ဓာတ်ပုံများအား လက်ခံသွားမည်မဟုတ်ကြောင်း သိရသည် ။

#YMG/NN #Yangon_Times