ပြည်တွင်းဈေးကွက် အတွင်း အုန်းသီးဈေးမြင့်နေတာကြောင့် ဘင်္ဂလားဒေရှ် မှ ဝယ်လိုမှု ရှိပေမယ့် ဈေးအချေနေစောင့်ကြည့်နေ
ပွဲတော်ရာသီ ရောက်လာတော့မှာဖြစ်တဲ့အတွက် ပြည်တွင်းဝယ်လိုအား ရှိလာပြီး ကုန်သည်အချို့ ဝယ်ယူစုဆောင်း တာတွေရှိတာကြောင့် ဈေးကွက်အတွင်း အုန်းသီးလက်ကားဈေးဟာ ကျပ် ၁၀၀၀ ခန့် ရောက်ရှိလာတယ်လို့ ဧရာဝတီတိုင်းဒေသကြီး မှ အုန်းသီးအရောင်းဝယ် လုပ်သူတွေထံက သိရပါတယ်။
Yangon_Times/LW
#Local_News
#Published_ 21 October 2023
#YMG #Yangon_Times #Yangon_Media_Group
စိုက်စရိတ်နဲ့ ရိတ်သိမ်းစရိတ်ပေး၊ သင့်တင့်တဲ့ဈေးနဲ့ ပြန်ဝယ်ပေးရမယ်
' ဈေးနှုန်းအာမခံချက်ရှိပြီး အရင်းအနှီးအတွက် သိပ်မခက်ခဲတော့ဘူး ။သူက တစ်ဧက အထွက်တိုးဖို့ကိုပဲ အာရုံစိုက်ရတော့မယ် 'မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ဒုတိယဥက္ကဋ္ဌဦးဝင်းဋ္ဌေး
Yangon_Times/NN
#Local_News
#Published_ 21 October 2023
#YMG #Yangon_Times #Yangon_Media_Group
အယ်နီညိုကြောင့် မွေးမြူရေးငါးများ အောက်ဆီပြတ်ပြီး မသေအောင် ကာကွယ်နည်းစနစ်များ အခမဲ့ပေးနေ
‘ငါးမွေးကန်တွေအတွက် ရေစုဆောင်းနည်းတွေ၊ အောက်ဆီဂျင်မပြတ်အောင် ဂရုစိုက်ပြီးတော့ရေလှယ် ပေးတဲ့စနစ်တွေ ရေလှုပ်ရှားတဲ့စနစ်တွေ၊ ရေပန်းထုတ်တဲ့စနစ်တွေကို ငါးမွေးမြူတဲ့တောင်သူတွေကို ငါးမွေးမြူရေးဦးစီးဌာနမှအခမဲ့ ပေးဝေသွားမှာဖြစ်တယ်’ ရန်ကုန်တိုင်းငါးလုပ်ငန်းဦးစီးဌာန၊ဒုတိယတိုင်းဦးစီးဌာနမှူးဦးတင့်လွင်
Yangon_Times/tthl
#Local_News
#Published_ 21 October 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 21 October 2023
ဂန္ထဝင်တေးသံရှင်ဦးမင်းနောင်၏ဇနီး ဂန္ထဝင်တေးသံရှင်ဒေါ်ရီလေး အောက်တိုဘာလ(၁၉)ရက်၌ ကွယ်လွန်သွားကြောင်း မြန်မာနိုင်ငံဂီတအစည်းအရုံးမှသိရသည်။
ကွယ်လွန်ချိန်တွင်အသက် (၉၁)နှစ်ရှိပြီဖြစ်ပြီးဂန္ထဝင်တေးသံရှင်ကြီးဒေါ်ရီလေးကွယ်လွန်ခြင်းအတွက် မြန်မာနိုင်ငံဂီတ အစည်းအရုံးအနေနှင့်အထူးပင်ဝမ်းနည်းစိတ်မကောင်းခြင်းများစွာဖြစ်ရကြောင်း ဝမ်းနည်းမှတ်တမ်းဖော်ပြထားသည်။
‘‘ဂန္ထဝင်တေးသံရှင်ဦးမင်းနောင်၏ဇနီး ဂန္ထဝင်တေးသံရှင်ကြီးဒေါ်ရီလေးကွယ်လွန်သွားတယ်ဆိုတာဟုတ်ပါတယ် ခင်ဗျာ။၉၁နှစ်ရှိသွားပြီ။ ‘ပင်မြက်ကလေး’သီချင်းကိုသီဆိုခဲ့သူပါ။ဂန္ထဝင်တေးသံရှင်ကြီးဒေါ်ရီလေးကွယ်လွန် သွားတဲ့အထူးဝမ်းနည်းကြေကွဲရပါတယ်’’ဟု မြန်မာနိုင်ငံဂီတအစည်းအရုံးမှတာဝန်ရှိသူတစ်ဦးကYMGကို ပြောသည်။
မြန်မာမှုစန္ဒရားပညာရှင်များလူမှုကူညီရေးအဖွဲ့ဝင်များကလည်းတေးသံရှင်ကြီး စည်သူဦးမင်းနောင်၏ ဇနီး တေးသံရှင် ဒေါ်ရီလေး ( ၉၁ )နှစ် သည် (၁၉.၁၀.၂၀၂၃ )ညနေ ၃ နာရီ တွင် ကွယ်လွန်အနိစ္စ ရောက်ရှိသွားကြောင်း ကြားသိရသည့် အတွက် မိသားစုနှင့် ထပ်တူလွန်စွာမှဝမ်းနည်းရပါကြောင်း နှင့် အဖွားဒေါ်ရီလေး ကောင်းရာသုဂတိလားပါစေကြောင်း ဆုတောင်းအပ်ပါသည်ဟုရေးသားဖော်ပြထားသည်။
ဒေါ်ရီရီမြင့်(ခေါ်)ဂန္ထဝင်တေးသံရှင်ကြီးဒေါ်ရီလေးကို အောက်တိုဘာလ၂၁ရက်နေ့လည်ပိုင်းတွင် အမိုးနီသုဿန်၌ မီးသဂြိုဟ်မည်ဖြစ်ပြီး အောက်တိုဘာလ၂၅ရက်တွင် နေအိမ်၌ရက်လည်ဆွမ်းကျွေးမည်ဖြစ်ကြောင်းသိရသည်။
Yangon_Times/tthl
#Local_News
#Published_ 21 October 2023
#YMG #Yangon_Times #Yangon_Media_Group
၂၁ အောက်တိုဘာ ၂၀၂၃
ရုရှားနှင့်မြန်မာနိုင်ငံတို့သည် နျူကလီးယားလျှပ်စစ်ဓာတ်အားထုတ်လပ်ရေးစက်ရုံ မြန်မာနိုင်ငံတွင်တည်ဆောက်ရေးအတွက် နားလည်မှုစာချွန်လွှာကို အောက်တိုဘာ ဒုတိယပတ်က လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ ရုရှားမီဒီယာများက သတင်းဖော်ပြကြ ပါတယ်။
ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (Rosatom)နှင့် မြန်မာနိုင်ငံအစိုးရတို့ဟာ မော်စကိုမှာပြုလုပ်ခဲ့တဲ့ မော်စကို စွမ်းအင် ရက်သတ္တပတ်ပြပွဲအတွင်း လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်တယ်လို့ ကုမ္ပဏီကသတင်းထုတ်ပြန်ခဲ့ပါတယ်။
“ နှစ်နိုင်ငံဟာ ပြည်ထောင်စုမြန်မာနိုင်ငံတော်မှာ နျူကလီးယားအခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ငင်း လိုအပ်ချက်တွေကို သတ်မှတ်ကြဖို့ စီစဉ်ထားပါတယ်။အဲဒီနောက် မြန်မာနိုင်ငံမှာ သေးငယ်တဲ့ နျူကလီးယားဓာတ်အားပေး စက်ရုံ တည်ဆောက်ရေးစီမံကိန်းတစ်ခု အကောင်အထည်ဖော်ရေးအတွက် အရေးကြီးတဲ့ နယ်ပယ်တွေကို ဦးစားပေးအဆင့် အလိုက် အစီအစဉ်သတ်မှတ်ရေးဆွဲမှာဖြစ်ပါတယ်” လို့လည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
“ နားလည်မှုစာချွန်လွှာအရ နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီရဲ့ သတ်မှတ်ချက်များနှင့်အညီရော၊ Rosatom ရဲ့ အကောင်းဆုံးလုပ်ငန်းအလေ့အထများအရလည်းကောင်း နျူကလီးယားအခြေခံအဆောက်အအုံကို တည်ဆောက်သွားမှာ ဖြစ် ပါတယ်” လို့ ကုမ္ပဏီက မြန်မာအစိုးရ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီချက်နှင့်ပတ်သက် လို့ ဖြည့်စွက်ပြောကြားပါတယ်။
“ နားလည်မှုစာချွန်လွှာအထဲမှာ လေ့ကျင့်သင်ကြားရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးတွင် ရုရှားနှင့် မြန်မာပူးပေါင်းဆောင်ရွက်ရေး၊ အဖွဲ့အစည်းများရဲ့ ဘေးကင်းလုံခြုံမှုဆိုင်ရာ ယဉ်ကျေးမှုကိုမြှင့်တင်ရေးနှင့် မြန်မာနိုင်ငံရဲ့ နျူကလီးယားစွမ်းအင် ဖွံ့ဖြိုးရေးအစီအစဉ်မှာ ပါဝင်ရေးတွေလည်းပါဝင်ပါတယ်” လို့ ကုမ္ပဏီက ပြောပါတယ်။
Source; rigzone
Published_ 21 October 2023
မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအထူးအစီအစဉ်အဖြစ် မြန်မာနိုင်ငံမှအလယ်တန်းအောင်မြင်သူများကို Bakery and Pastry Training Courseအခြေခံမုန့်ဖုတ်နည်းအခမဲ့သင်တန်းပေးသွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။
အဆိုပါသင်တန်းကို အခြေခံအလယ်တန်းအောင်ထားသည့် အသက်(၁၈)နှစ်ပြည့်ပြီး (၄၀)နှစ်အထက်မကြီးသော သူများတက်ရောက်နိုင်ပြီး သင်တန်းကာလတစ်လပြီးဆုံးအောင်တက်ရောက်ရမည်ဖြစ်သည်ဟုဆိုသည်။
သင်တန်းတွင် နိုင်ငံတကာမုန့်အမျိုးအစား(၄၈)မျိုးသင်ကြားပေးမည်ဖြစ်ပြီး သင်တန်းကာလ ၂၀၂၃ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၄ခုနှစ်ဇန်နဝါရီလအထိတစ်လတာကြာမြင့်မည်ဖြစ်ပြီး ရန်ကုန်မြို့ပန်းပဲတန်းမြို့နယ်၊ ဗိုလ်ဆွန်ပက်လမ်းရှိ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန၌ဖွင့်လှစ်သွားမည်ဖြစ်သည်။
သင်တန်းအာမခံကြေးကျပ်၅၀၀၀၀ကို သင်တန်းသားအဖြစ်ရွေးချယ်ခံရပါက သင်တန်းမစတင်မီကြိုတင်ပေးသွင်း ရမည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက ပြန်လည်ထုတ်ပေးမည်ဖြစ်ကြောင်း၊ကိုဗစ်ကာကွယ်ဆေးထိုးလက်မှတ်နှင့် အသည်းရောင်အသားဝါ(ဘီ၊စီ)ပိုးကင်းရှင်းကြောင်း ထောက်ခံစာများပါရှိရမည်ဖြစ်ကြောင်းသိရသည်။
Yangon_Times/tthl
#Local_News
#Published_ 21 October 2023
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 20 October 2023
၁။ မူပိုင်ခွင့်ချိုးဖောက်သူများကို ‘စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေ' ဖြင့် တရားစွဲဆိုအရေးယူနိုင်ပြီဟုဆို
၂။ ယခုနှစ် မျှင်ဖမ်းရာသီအတွက် ကုန်ကျစရိတ် ယခင်ထက်နှစ်ဆကျော် ပိုများလာ
၃။ မြန်မာ့ရွှေဈေးကွက်တစ်ခု ဖော်ဆောင်နိုင်ပါက လေပတ်ကားဈေးကွက် ပပျောက်နိုင်
၄။ (၄၃)ကြိမ်မြောက် ပင်လယ်ကွေ့အိုင်တီပြပွဲကြီးအား ဒူဘိုင်းတွင်(၅)ရက်တာ ခင်းကျင်းပြသ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
Page 1318 of 2529