Published-19 October 2023
အရှေ့တောင်အာရှချန်ပီယံ ရွှေတံဆိပ်ဆုများရှင် မြန်မာ့လက်ရွေးစင် အလေးမ အားကစားသမားဟောင်း ဦးစန်းမြင့် (ဗိုလ်ကြီးစန်းမြင့်- ငြိမ်း) အသက် (၇၂) နှစ်သည် ယမန်နေ့က (၉၆) ပါးသောရောဂါဖြင့် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။
ဦးစန်းမြင့်သည် ၁၉၇၇ ခုနှစ်၊ ၁၉၇၉ ခုနှစ်၊ ၁၉၈၃ ခုနှစ်၊ ၁၉၈၅ ခုနှစ်၊ ၁၉၈၇ ခုနှစ်၊ ၁၉၈၉ ခုနှစ်တို့တွင် ကျင်းပခဲ့သည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများနှင့် နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် မြန်မာနိုင်ငံအတွက် ရွှေတံဆိပ်ဆု (၁၃) ခုအား ဆွတ်ခူးရယူပေးနိုင်ခဲ့သူ ဖြစ်ကြောင်းသိရသည်။
၎င်းအတွက် နာရေးကူညီထောက်ပံ့ငွေ ၅၀၀၀ဝဝိ/- (ကျပ်ငါးသိန်းတိတိ) ကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံကိုယ်စား အားကစားနှင့်ကာယပညာသိပ္ပံ (မုံရွာ) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးကျော်ကျော်က ကျန်ရစ်သူမိသားစုထံသို့ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရသည်။
Yangon_Times/PP
#Local_News
#Published_ 19 October 2023
#YMG #Yangon_Times #Yangon_Media_Group
JLPT ဂျပန်ဘာသာ စာမေးပွဲအတွက် သိသင့်သည့်အချက်များကို စာမေးပွဲကျင်းပရေး ကော်မတီမှ ရှင်းလင်းမည်
‘ဂျပန်ဘာသာ အရည်အချင်းစစ်စာမေးပွဲ (JLPT) နဲ့ ပတ်သက်လို့ သိသင့်တဲ့အချက်တွေကို စာမေးပွဲဖြေဆိုသူတွေ သိရှိနိုင်ရန်အတွက် JLPT စာမေးပွဲ ကျင်းပရေးကော်မတီ၊ မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း(MAJA) မှ ဂျပန်စာသင်တန်းကျောင်းတွေကို အွန်လိုင်းကနေ ရှင်းလင်းပွဲပြုလုပ်ပြီး အသိပေးသွားမယ်’ JLPT စာမေးပွဲကျင်းပရေးကော်မတီ၊ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း(MAJA)
Yangon_Times/tthl
#Local_News
#Published_ 19 October 2023
#YMG #Yangon_Times #Yangon_Media_Group
သီတင်းကျွတ်ကာလအတွက် ကားအငှား ကြိုတင်ငှားရမ်းမှု များပြားနေပြီး ပုဂံဟိုတယ်များလည်း ဘိုကင်ပြည့်နေ
'အကုန်လုံး ပြည့်ကျပ်နေပြီ ပုံဂံဟိုတယ် ဘိုကင်တစ်လုံးမှမရတော့ဘူး ' ရွှေပင့်ကူဘုရားဖူးလုပ်ငန်း မှကိုမျိုးမင်းလတ်
Yangon_Times/NN
#Local_News
#Published_ 19 October 2023
#YMG #Yangon_Times #Yangon_Media_Group
တညင်းကုန်းဈေးရှိ ဈေးသည်များကို လုပ်ငန်းတိုးချဲ့ နိုင်ဖို့ MSME ချေးငွေ ထုတ်ချေးပေးမည်
ရန်ကုန်တိုင်း အင်းစိန်မြို့နယ်မှာရှိတဲ့ တညင်းကုန်းလက်ကားဈေးကြီးမှာ ဈေးရောင်းချနေတဲ့ သူတွေကို လုပ်ငန်းတိုးချဲ့နိုင်ဖို့အတွက် မြန်မာနိုင်ငံအသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်း (MSME) ချေးငွေ ထုတ်ချေးပေးမှာ ဖြစ်တယ်လို့ Myanmar Agro Exchang Public .Ltd မှ သိရပါတယ်။
Yangon_Times/LW
#Local_News
#Published_ 19 October 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 19 October 2023
ပဲခူးတိုင်းအတွင်းကျေးရွာနှစ်ရွာမှ ရေဘေးသင့်ပြည်သူများကို မြန်မာကျဲကျန်းတရုတ်ကုန်သည်ကြီးများအသင်းမှ ငွေကျပ်သိန်း (၂၁ဝ)တန်ဖိုးရှိ ဆန်အိတ်၊ဆီ၊ရေသန့်၊ခေါက်ဆွဲခြောက်စသည့်စားနပ်ရိက္ခာများသွားရောက်လှူဒါန်း ခဲ့ကြောင်းသိရသည်။
မြန်မာ-တရုတ်ယဉ်ကျေးမှုအသင်း၏ စီစဉ်မှုဖြင့် ပဲခူးမြို့နယ်အတွင်းရှိ ရှမ်းရွာကြီးကျေးရွာမှ အိမ်ထောင်စု (၃၅၀)နှင့် ပေပင်ချောင်ကျေးရွာမှအိမ်ထောင်စု(၁၅၀)မှ ရေဘေး သင့်ပြည်သူများအားမြန်မာကျဲကျန်းတရုတ်ကုန် သည်ကြီးများအသင်းဥက္ကဌ Mr.Tu Guodingနှင့်အဖွဲ့ဝင်များက ငွေကျပ်သိန်း (၂၁ဝ) တန်ဖိုးရှိ ဆန်၊ဆီ၊ရေသန့် ၊ခေါက်ဆွဲခြောက်တို့ကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းထံပေးအပ်လှူဒါန်းခဲ့ကြသည်။
ယင်းအလှူပစ္စည်းများကို မြန်မာ-တရုတ်ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ မြန်မာကျဲကျန်းတရုတ်စီးပွားရေး လုပ်ငန်းရှင်ကြီးများကိုယ်တိုင် ရှမ်းရွာကြီးကျေးရွာမှ အိမ်ထောင်စု (၃၅၀)နှင့် ပေပင်ချောင်ကျေးရွာမှအိမ်ထောင်စု (၁၅၀)မှ ကျေးရွာနေပြည်သူများကိုတစ်အိမ်ထောင်စုလျှင် ဆန်(၅)ပြည်၊မြေပဲဆီ(၁.၈)လီတာ၊ရေသန့်ဗူးတစ်ဗူး၊ ခေါက်ဆွဲခြောက်(၁၀)ထုတ်များအရောက်သွားရောက်လှုဒါန်းခဲ့ကြကြောင်းသိရသည်။
Yangon-Times/tthl
#Local_News
#Published_ 19 October 2023
#YMG #Yangon_Times #Yangon_Media_Group

Published_ 19 October 2023
ယခုနှစ် (၉)လအတွင်း YBS ယာဉ်လိုင်းများ စည်းကမ်းဖောက်ဖျက် မှု အမှုပေါင်း ၁၇၅၄၅ မှုရှိခဲ့ကြောင်း YRTC က သိရသည်။
၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလ ထိ ၉လအတွင်းစည်းကမ်းဖောက်ဖျက်မှုများကို အရေးယူမှုပြု လုပ်ရာတွင် မှတ်သားဖမ်းဆီးမှုဖြင့် အမှု ၁၂၁၇၈ မှုမှာ အများဆုံးဖြစ်ကြောင်း သိရသည်။
ယင်းအပြင် Control Centre မှ cctv ဖြင့် မှတ်သားဖမ်းဆီးမှု ၁၂၁၇၈ မှု၊ တိုင်ကြားမှု ၆၆၉ မှု၊ Facebook အမှု ၆ မှု၊ မီးနီဖြတ်မောင်းမှု ၁၉၃၂ မှု၊ သတ်မှတ်ကီလိုမီတာထက် ကျော်လွန်မောင်းနှင်မှု ၁၀၀၈ မှု၊ သတ်မှတ်လမ်း ကြောင်းအတိုင်း မမောင်းနှင်မှု ၈၉ မှု၊ မဆင်မခြင်မောင်းနှင်မှု ၁၆၆ မှု၊ အခြားအမှု ၇၇၅ မှု၊ ရပ်နားချိန်ကြာမြင့်မှု ၁၈၂ မှု၊ ယာဉ်တစ်စီးနှင့်တစ်စီး ယှဉ်ပြိုင်ကျော်တက်မောင်းနှင်မှု ၅၃၆ မှု၊ မချေမငံပြောဆိုမှု ၄ မှု၊ စုစုပေါင်း ၁၇၅၄၅ မှုဖြစ်ကြောင်း သိရသည်။
အဆိုပါ အမှုများအနက် အမှု ၈၅၁၃ မှုကို မော်တော်ယာဉ်အန္တရာယ်ကင်းရှင်းရေး ဥပဒေပုဒ်မ ၉၆ ဖြင့် အရေးယူ ထားပြီးဖြစ်ကြောင်း YRTC ၏ စာရင်းများတွင် ဖော်ပြထားသည်။
အရေးယူမှုများပြုလုပ်ရာတွင် ပထမအကြိမ်အဖြစ် ဒဏ်ငွေဆောင်ရမည်ဖြစ်ပြီး သုံးကြိမ်မြောက်ကျူးလွန်ပါက ယာဉ်လိုင်းမှ ရာသက်ပန် ထုတ်ပယ်သည်အထိ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Yangon-Times/PP
#Local_News
#Published_ 19 October 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 19 October 2023
မိုခါမုန်တိုင်း ဝင်ရောက်သည့်အခါ တုံ့ပြန်မှုလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ အဆင့်လိုက် ဆောင်ရွက်နိုင်ခဲ့၍ ၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်းနှင့် နှိုင်းယှဉ်ပါက သေဆုံးမှု၊ ဆုံးရှုံးမှုများ အဆပေါင်းများစွာ လျော့နည်းခဲ့ကြောင်း အမျိုးသား သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ပြောကြားခဲ့ပါတယ်။
၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို အောက်တိုဘာ (၁၈) ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းဗဟိုဌာန(၂) MICC – II ၌ပြုလုပ်ခဲ့ တာဖြစ်ပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ဆန်းစစ်ချက်အစီရင်ခံစာ (၂၀၂၂) အရ ပျက်စီးဆုံးရှုံးမှုများသည့် သဘာဝဘေးကြီးများသည် ၂၀၁၅ ခုနှစ်အထိ (၁) နှစ်တွင် အကြိမ်(၄၀၀)ခန့် ဖြစ်ခဲ့ပြီး ၂၀၃၀ ပြည့်နှစ်သို့ရောက်ပါက (၁)နှစ်ကို အကြိမ်(၅၆၀)ခန့်အထိ တိုးလာနိုင်ကြောင်း သိရပါတယ်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တူကီယဲနှင့် ဆီးရီးယားနယ်စပ်တွင် အင်အား ၇ ဒသမ ၈ ရစ်ချ်တာစကေးရှိသည့် ငလျင်လှုပ်ခဲ့ပြီး လူ(၅၀,၀၀၀)ကျော် သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း၊ အဆောက်အအုံ ပျက်စီးဆုံးရှုံးမှုများကလည်း ကြီးမား လှကြောင်း၊ အလားတူ ဖိလစ်ပိုင်တွင် ဇူလိုင်လ က တိုင်ဖွန်းမုန်တိုင်းနှင့် ရေဘေးဖြစ်ပွား ခဲ့ကြောင်း၊ အဆိုပါမုန်တိုင်း၏အရှိန်သည် တရုတ်နိုင်ငံ Fujian (ဖီဂျန်း) ပြည်နယ်နှင့် ထိုင်ဝမ်တို့ကို တိုက်ခတ်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့ပါတယ်။
မြန်မာနိုင်ငံတွင်လည်း မေလ (၁၄) ရက်နေတွင် အင်အားအလွန်ပြင်းထန်သည့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်ခဲ့၍ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ပါတယ်။
ပင်လယ်ပြင်တွင် မုန်တိုင်းအစပျိုးဖြစ်စဉ်ကတည်းကပင် နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင်လိုအပ်တဲ့ စောင့်ကြည့်လေ့လာမှုများ လမ်းညွှန်ပေးခဲ့ပြီး ရေးဆွဲထားပြီးဖြစ်သော သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံချက်ပါအတိုင်း လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့တယ်လို့ နစကဒုတိယဥက္ကဋ္ဌက ဆိုပါတယ်။
မုန်တိုင်းလမ်းကြောင်းတွင်ရှိသည့် ပြည်သူများကို ဘေးလွတ်ရာနေရာသို့ ကြိုတင် ရွှေ့ပြောင်းပေးခဲ့ပြီး သတိပေးချက်များ၊ ဆောင်ရန် ရှောင်ရန် အချက်များကိုလည်း ဖြန့်ဝေခဲ့ကြောင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာနကို ဖွင့်လှစ်ခဲ့ပြီး လိုအပ်တဲ့ ကူညီကယ်ဆယ်ရေး၊ တုံ့ပြန်ရေး၊ သယ်ယူပို့ဆောင်ရေးများကို ဒေသခံအစိုးရ အဖွဲ့၊ နယ်မြေတာဝန်ခံများနှင့် ညှိနှိုင်းပေါင်းစပ်ပြီး ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။
တုံ့ပြန်ရေးလုပ်ငန်းများ၊ ထောက်ပံ့ကူညီမှုများ လုပ်ဆောင်သည့်အခါတွင်လည်း မည်သူတစ်ဦးတစ်ယောက်မျှ အကူအညီမရသူမရှိစေရ မူဝါဒထားရှိပြီး ပူးပေါင်း ဆောင်ရွက်ခဲ့မှုများကြောင့် အချိန်တိုတွင်းတွင် မူလအခြေအနေကို အမြန်ပြန်လည် ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။
ymg_mnn
#Local_News
#Published_ 19 October 2023
#YMG #Yangon_Times #Yangon_Media_Group
Page 1322 of 2529