ဧရာဝတီတိုင်းက ပြည်သူလူထုအခြေပြု ကျန်းမာရေးပညာပေးလုပ်ငန်းပိုင်းလော့ ပရောဂျက်ကာလအတွင်း ကျန်းမာရေးအသိများတိုးတက်လာ
'အရန်သားဖွားဆရာမ သင်တန်းပေးပြီးသား အမျိုးသမီးတွေကို ကျေးရွာခေါင်းဆောင်အနေနဲ့ရွေးချယ်ပြီး စေတနာ့ဝန်ထမ်း ငါးယောက်ကို ကျန်းမာဖွံဖြိုးမှုလုပ်သားတွေအဖြစ် ရွေးချယ်တယ် 'ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းဥက္ကဌ ဦးသန်းစိန်
Yangon_Times/NN
#Local_News
#Published_ 17 October 2023
#YMG #Yangon_Times
ရေကြီးနစ်မြုပ်မှုကြောင့် ပဲခူးတိုင်းအတွင်းရှိ ငါးကန်ဧက ၂၂၀၀ကျော် ပျက်စီးဆုံးရှုံးခဲ့ဟုဆို
ပဲခူးမြိုနယ်အတွင်း စံချိန်တင် ရေကြီနစ်မြုပ်ခဲ့တာကြောင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မွေးမြူရေးငါးကန် ဧက ပေါင်း ၂၂၀၀ကျော် ပျက်စီး ဆုံးရှုံးခဲ့တယ် ငါးလုပ်ငန်းဦးစီးဌာနထံက သိရပါတယ်။
Yangon_Times/LW
#Local_News
#Published_ 17 October 2023
#YMG #Yangon_Times
သီတင်းကျွတ်တွင် ထိုင်း၊ စင်ကာပူ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် ဗုဒ္ဓဂါယာသွားမည့်သူ များလာ
‘ပြည်ပနိုင်ငံတွေဖြစ်တဲ့ ထိုင်းနဲ့စင်ကာပူကို အသွားများပြီး လာမယ့်သီတင်းကျွတ်ပိတ်ရက်မှာတော့ ထိုင်း၊စင်ကာပူ အပြင် ကမ္ဘောဒီးယား၊ဗီယက်နမ်တို့ကို ဆက်သွားမယ့်သူတွေရှိနေတယ်။သီတင်းကျွတ်ပိတ်ရက်မှာ ပြည်ပကိုခရီးသွားမယ့်သူတွေ မြင့်တက်လာပေမယ့် ငွေလဲနှုန်းကြောင့် ခရီးသွားတွေ မနှစ်ကထက်မပိုနိုင်ဘူး’ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း၊ဥက္ကဌဦးနောင်းနောင်းဟန်
Yangon_Times/tthl
#Local_News
#Published_ 17 October 2023
#YMG #Yangon_Times
Published_ 17 October 2023
‘မြန်မာနိုင်ငံသွားဘက်ဆိုင်ရာညီလာခံ’အကြိုလှုပ်ရှားမှုအဖြစ် သက်ကြီးရွယ်အိုများကိုသွားတုတပ်ဆင်ပေးခြင်း နှင့်နှုတ်ခမ်းကွဲ၊အာခေါင်ကွဲလူနာများကိုအခမဲ့ခွဲစိတ်ကုသပေးခြင်းများကိုနေပြည်တော်ရှိသွားနှင့်ခံတွင်းဆေးရုံ၌ဆောင်ရွက်သွားရန်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှသိရသည်။
အဆိုပါ ‘သွားဘက်ဆိုင်ရာညီလာခံ’ကိုအောက်တိုဘာလ၂၀ရက်မှ၂၁ရက်အထိ နေပြည်တော် MICC-2တွင်ကျင်းပ မည်ဖြစ်ပြီး ညီလာခံအကြိုလှုပ်ရှားမှုအဖြစ် ဧရာဝတီတိုင်းရှိ နှုတ်ခမ်းကွဲ၊အာခေါင်ကွဲလူနာ(၄၃)ဦးကို အခမဲ့ခွဲစိတ်ကုသပေးခဲ့သည်။
နှုတ်ခမ်းကွဲ၊အာခေါင်ကွဲလူနာများကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ခုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်)မှပါမောက္ခဒေါက်တာထွန်းငွေဦးဆောင်သောအဖွဲ့ဝင်များ၊ပုသိမ်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများမှ ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များမှကြည့်ရှုအားပေးခဲ့သည်။
၂၀၂၃ခုနှစ်အောက်တိုဘာလအတွင်း ‘မြန်မာနိုင်ငံသွားဘက်ဆိုင်ရာညီလာခံ’အကြိုလှုပ်ရှားမှုအဖြစ် သက်ကြီး ရွယ်အိုများကိုသွားတု(အံကပ်၊အံပုံ)တပ်ဆင်ပေးခြင်းနှင့်နှုတ်ခမ်းကွဲ၊အာခေါင်ကွဲများကိုအခမဲ့ခွဲစိတ်ကုသပေးခြင်းများကိုနေပြည်တော်ရှိသွားနှင့်ခံတွင်းဆေးရုံ၌ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
ယင်းအပြင် နှုတ်ခမ်းကွဲ၊အာခေါင်ကွဲလူနာများကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊မန္တလေးပြည်သူ့ဆေးရုံကြီး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ကုတင်၁၀၀၀ဆံ့)၊သွားနှင့်အထူးကုဆေးရုံ(နေပြည်တော်)၊မော်လမြိုင်မြို့၊လွိုင်လင်မြို့ ၊လှိုင်သာယာပြည်သူ့ဆေးရုံကြီးများတွင်ဆောင်ရွက်ပေးလျက်ရှိပြီး ရွှေဘိုမြို့၊မြိတ်မြို့၊မကွေးမြို့ပြည်သူ့ ဆေးရုံကြီးများတွင် တိုးချဲ့ဆောင်ရွက်နိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိကာ ပြည်တွင်းရှိမျက်နှာမေးရိုးနှင့်ခံတွင်း ခွဲစိတ်ကုသမှုဆိုင်ရာဆေးပညာရှင်များအပြင် ပြည်ပပညာရှင်များနှင့်ပါတွဲဖက်၍ ကွင်းဆင်းကုသမှုများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
Yangon_Times/tthl
#Local_News
#Published_ 17 October 2023
#YMG #Yangon_Times

Published_ 17 October 2023
မြန်မာ့ထောပတ်သီးတွေဝယ်ယူရန် ပြင်သစ်နှင့် အိန္ဒိယနိုင်ငံများက အမှာစာတွေရရှိထားပြီး တင်ပို့နိုင်ရန် ဆောင် ရွက် နေကြောင်း မြန်မာနိုင်ငံ ထောပတ်သီးတင်ပို့ရောင်းချသူများအသင်းကသိရသည်။
မြန်မာ နိုင်ငံမှ စိုက်ပျိုးထွက်ရှိသည့် ထောပတ်သီး တန်ချိန် ၈ တန်ကို ပြင်သစ်နိုင်ငံနဲ့ ထောပတ်သီးတန်ချိန် ၁၀၀၀ ကို အိန္ဒိယနိုင်ငံကဝယ်ယူဖို့ အမှာစာတွေ ရရှိထားပြီးအရည်အသွေးကောင်းတဲ့ ထောပတ်သီးများကို နိုဝင်ဘာလဆန်းပိုင်းတွင်ပြည်ပနိုင်ငံတွေကို တင်ပို့ဖို့ ဆောင်ရွက်နေတာဖြစ်ကြောင်းသိရသည်။
ပြည်ပနိုင်ငံများကို ထောပတ်သီးတင်ပို့ရာတွင် ကမ္ဘာ့ပေါက်ဈေးနှင့်အညီ ထောပတ်သီး တစ်တန်ကို ကျပ် ၃၅ သိန်းနဲ့ရောင်းချရန် အဆိုပြုထားပြီး ပြည်တွင်းဈေးကွက် တွင် ရန်ကုန်လက်လီဈေးအနေဖြင့် တစ်ကီလိုကို ကျပ် ၇၀၀၀ (UAE ၈၀၀၀) အထိ ပေါက်ဈေးရှိကြောင်း သိရသည်။
Yangon_Times/PP
#Local_News
#Published_ 17 October 2023
#YMG #Yangon_Times
Published-17 October 2023
တက္ကသိုလ်များ နိုဝင်ဘာ ၁၆ ရက်တွင် ကျောင်းအပ်လက်ခံ၍ နိုဝင်ဘာ ၂၃ ရက်တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း တက္ကသိုလ်ပါမောက္ခချုပ်များ နှင့် အစည်းအဝေးပြုလုပ်စဉ် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေမှ ပြောကြားခဲ့သည်။
ထိုအစည်းအဝေးကို အောက်တိုဘာ (၁၆)ရက်နေ့ မွန်းလွဲပိုင်းက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်တွေ့ဆုံ၍ လုပ်ငန်းလမ်းညွှန်များကို ဆွေးနွေးမှာကြားခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့ကို တက္ကသိုလ်ဝန်ထမ်းများ အားလုံးသိရှိအောင် ထပ်ဆင့်ရှင်းလင်း ဆောင်ရွက်သွားကြရမည်ဖြစ်ပြီး တက္ကသိုလ်များ၏ ဥပဓိရုပ်ကောင်းမွန်ရေး အလေးထားဆောင်ရွက်ကြရန်လိုကြောင်း၊ နိုဝင်ဘာ ၁၆ ရက်တွင် တက္ကသိုလ်များ၌ ကျောင်းအပ်လက်ခံဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဒါ့အပြင် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရေးအတွက် လိုအပ်သည်များကို ယခုကတည်းက ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရမည်ဖြစ်ပြီး မကြာမီကာလတွင် ပညာရေးဝန်ကြီးဌာန၏ အမျိုးသား အားကစားလှုပ်ရှားမှုအဖြစ် အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ ဆရာအတတ်ပညာ ကဏ္ဍသုံးခုတွင် ဒေသအဆင့်၊ ဗဟိုအဆင့် အားကစားပြိုင်ပွဲများ ကျင်းပမည်ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်းသိရသည်။
Yangon_Times/PP
#Local_News
#Published_ 17 October 2023
#YMG #Yangon_Times
Published 17 October 2023
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ခရေလမ်း တွင် ယနေ့ မနက်ပိုင်း က တွဲကားတစ်စီး ဘရိတ်ပေါက်ရာမှ ယာဉ် ၄စီးဆင့်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့ထံ မှ သိရသည်။
အဆိုပါ ဘိလပ်မြေတင်လာသည့် တွဲကားသည် မင်္ဂလာဒုံမြို့နယ်၊ ခရပင်လမ်းရှိ ရာသက်ပန်ကားမှတ်တိုင်အနီး တွင် ဘရိတ် ပေါက် ပြီး လူနာတင်ယာဉ် တစ်စီး ကို ဝင်တိုက်မိပြီး အိမ်စီးကားပါ ထပ်မံတိုက်မိခဲ့ကာ အနီးနားရှိ လျှပ်စစ်ပစ္စည်းဆိုင်ထဲသို့ ဝင်ရောက်ခဲ့ကြောင်း သိရသည်။
"ဘိလပ်မြေတင်လာတဲ့ တွဲကားက ဘရိတ်ပေါက်ပြီး လူနာတင်ယာဉ်တစ်စီးကို ဝင်တိုက်မိတယ်၊နောက် ပြီးတော့ အိမ်စီးကားနှစ်စီးကို ပါ ဝင်တိုက်ပြီးတော့လမ်းဘေးရှိတဲ့ လျှပ်စစ်ပစ္စည်းဆိုင်ထဲကို တွဲကား က ဝင်သွားပြီးတော့ အိမ်စီးကားနှစ်စီးလုံးက ချိတ် ပါသွားပါတယ်၊မီးခိုးတွေပါ ထွက်ပြီး တော့ မီးခိုးတွေပါ ထွက်သွားတယ် ''ဟု ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်အတွင်း မီးလောင်ကျွမ်းမှုဖြစ်နိုင်ခြေရှိနိုင်သည့် အတွက် ပုလဲအရန်မီးသတ်က မီးသတ်ကားများအပါအဝင် လူနာတင်ယာဉ်များဖြင့် ထွက်ခွာကူညီခဲ့ပြီး ယာဉ်တိုက်မှု
ကြောင့် ထိခိုက် ဒဏ်ရာ ရရှိမှု အခြေနေ တော့ အသေးစိတ်ထုတ်ပြန် ခြင်း မရှိသေးကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published_ 17 October 2023
#YMG #Yangon_Times
Page 1326 of 2529