Published_ 22 May 2024
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF)နှင့်ဂျပန် ဘောလုံးအဖွဲ့ချုပ် (JFA)တို့ ပူးပေါင်းဆောင်ရွက်သွားရန် နှစ်ဖက်နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
လူငယ်ဘောလုံး ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အကယ်ဒမီကျောင်းများဖွံ့ဖြိုးရေးနှင့် လူငယ်အသင်းပြိုင်ပွဲများ ယှဉ်ပြိုင်ကစားရေးအတွက် နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးခဲ့ ခြင်းဖြစ်သည်ဟုဆိုသည်။
MOU ကာလ (၃)နှစ် ကနဦး ထားရှိရန် သဘောတူခဲ့ကြပြီး MOU အရဆောင်ရွက်မည့် အခန်းကဏ္ဌများ
အနေဖြင့်
1. Technical Development နည်းပညာဖွံ့ဖြိုးရေး
2. Referee Development ဒိုင်လူကြီးဖွံ့ဖြိုးရေး
3. Women's Football အမျိုးသမီးကစားသမား
4. Youth Developmentလူငယ်ကစားသမား ဖွံ့ဖြိုးရေးများပါဝင်သည်ဟုဆိုသည်။
ဧရာဝတီဖောင်ဒေးရှင်း၏ ပံ့ပိုးမှုဖြင့် မြန်မာ လူငယ် ယူ၁၂ အသင်းအား ဘာစီလိုနာ၊ ဂျူဗီတပ်စ်၊ ဂျပန်၊ J League လူငယ်ကလပ်များ ပါဝင်ယှဉ်ပြိုင်မည့် ယူ၁၂ နိုင်ငံတကာ ဖိတ်ခေါ် လူငယ်ပြိုင်ပွဲသို့ စေလွှတ် ယှဉ်ပြိုင်မည်ဖြစ်သည်ဟုဆိုသည်။
မေလ(၂၂)ရက်က JFA ရုံးချုပ်တွင် ပြုလုပ်ခဲ့သည့် MOU ရေးထိုးခြင်း အခမ်းအနားသို့ အာရှဘောလုံးအဖွဲ့ချုပ် AFC Senior Vice President ဦးဇော်ဇော် (ဥက္ကဌ၊ MFF) နှင့် ဂျပန် ဘောလုံးအဖွဲ့ချုပ် JFA ဥက္ကဌ Tsuneyasu Miyamoto တို့တက်ရောက် လက်မှတ် ရေးထိုးခဲ့ကြကြောင်းသိရသည်။
Yangon_Times/tthl
#Local_News
#Published_ 22 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
Published_ 22 May 2024
ကဆုန်လပြည့်၊ဗုဒ္ဓနေ့ မေလ(၂၂)ရက်တွင် ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော်ဘုရားကြီးသည် ချမ်းမြေ့ရိပ်သာကျောင်း(အောင်ပန်းမြို့)တွင် ကဆုန်လပြည့်၊ ဗုဒ္ဓနေ့အခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် သံဃာအပါး (၁၀၀) ဆွမ်းဆန် စိမ်းလောင်းလှူပွဲကျင်းပခဲ့ပြီး ချမ်းမြေ့ရိပ်သာကျောင်း၀န်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်ဟုဆိုသည်။
"အောင်ပန်းမြို့ ချမ်းမြေ့ရိပ်သာကျောင်း ပြည်လုံးချမ်းမြေ့စေတီတော် ပထမအကြိမ် သံဃာအပါး(၁၀၀) ဆွမ်းဆန်လောင်းလှူပွဲကို မိုးထဲရေထဲမှာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်"ဟု ချမ်းမြေ့ရိပ်သာကျောင်းမှ သံဃာတော်တစ်ပါးက မိန့်ကြား ဖော်ပြထားသည်။
ချမ်းမြေ့ရိပ်သာကျောင်း (အောင်ပန်းမြို့) တွင်ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော်ဘုရားကြီးသည်မေလ ၁၈ရက်မှ ၂၃ရက်အထိ သီတင်းသုံးနေထိုင်တော်မူမည်ဖြစ်၍ ကြွရောက်ကြည်ညိုဖူးမြော်နိုင်သည်ဟုဆိုသည်။
စင်္ကာပူနိုင်ငံရှိ ချမ်းမြေ့ရိပ်သာကျောင်းမှာလည်း ကဆုန်လပြည့် ဗုဒ္ဓနေ့ ဗုဒ္ဓပူဇနိယပွဲကျင်းပပြီး အနေကဇာတင်မင်္ဂလာ၊အာမိသပူဇာ၊ဓမ္မပူဇာတွေနှင့်အတူ အန္တရာယ်ကင်း ပရိတ်တရားတော်များလည်းရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သိရသည်။
Yangon_Times/tthl
#Local_News
#Published_ 22 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
၂၂ မေ ၂၀၂၄
နိုင်ငံရဲ့အချုပ်အခြာအာဏာကို ကာကွယ်နိုင်ဖို့ ရေပြင်နှင့်ဝေဟင်ပိုင်နက်တွေကို ပိုင်နိုင်စွာစိုးမိုးထားဖို့ လိုအပ်တယ်လို့ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားပါတယ်။
မေလ ၂၁ ရက်က နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်တဲ့ အခြေခံနှင့်တန်းမြင့် ရေကြောင်းလူငယ် သင်တန်း အမှတ်စဉ် (၁/၂၀၂၄) နှင့် အခြေခံနှင့်တန်းမြင့် လေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁/၂၀၂၄) မှ သင်တန်းသား၊ သင်တန်း သူများနှင့် အုပ်ချုပ်သူနည်းပြများအား တွေ့ဆုံအမှာစကား ပြောကြားရာမှာ ဗိုလ်ချုပ်မှူးကြီးက ယင်းကဲ့သို့ ထည့်သွင်းပြောဆို သွားတာဖြစ်တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
မြန်မာနိုင်ငံသည် မိုင်ပေါင်း ၁၂၀၀ ကျော်ရှည်လျားသည့် ပင်လယ်ပြင်ကမ်းရိုးတန်းကို ပိုင်ဆိုင်ထားသကဲ့သို ပထဝီအနေအထား အရလည်း အချက်အချာကျသည့်နေရာတွင် တည်ရှိနေခြင်းကြောင့် မိမိတို၏ရေပြင်၊ ဝေဟင်ပိုင်နက်များကို ပိုင်နိုင်စွာစိုးမိုး ထားနိုင်ရန်လိုအပ်တာဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီးကပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။
နစကအနေဖြင့် ထူးချွန်ထက်မြက်သည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း အနာဂတ်နိုင်ငံတော်အရေး မျှော်မှန်းပြီး ပြည်ပ နိုင်ငံများမှာ ပညာတော်သင်များအဖြစ် စေလွှတ်လျက်ရှိတယ်လို့လည်း နစက ဥက္ကဋ္ဌက လူငယ်တွေကို ပြောကြားပါတယ်။
အဲဒီနောက် ရေကြောင်းလူငယ်သင်တန်းမှ မနန်းစုစန္ဒီအောင်နှင့် လေကြောင်း လူငယ်သင်တန်းမှ မသဉ္ဇာနိုင်တိုက သင်တန်း အတွေ့အကြုံတွေကို ရှင်းလင်းတင်ပြခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
@ymg/knl
#Daily_News
Published_ 21 May 2024
၁။ ပြောင်းဈေးတက်လာသော်လည်း တောင်သူလက်ထဲတွင် ရောင်းချရန် ပြောင်းမရှိသည့်အချိန်ဖြစ်နေ
၂။ မေရီချက်ပ်မင်းနားမကြားသော ကလေးငယ်များကျောင်းတွင် KG မှ Grade7အထိ ကျောင်းအပ်လက်ခံပြီ
၃။ ၂၀၂၅ ဆီးဂိမ်းပြိုင်ပွဲ၌ ယှဉ်ပြိုင်ရန် ၈၅ ကီလိုမီတာ ခရီးရှည်မြင်းစီးအားကစား *လက်ရည်စစ်*ပြိုင်ပွဲ နေပြည်တော်၌ပြုလုပ်မည်
၄။ တွေ့ရှိဖူးသမျှထဲတွင် အပြည့်စုံဆုံးသောပုစဉ်းကျောက်ဖြစ်ရုပ်ကြွင်းအား တရုတ်မြောက်ပိုင်းမွန်ဂိုလီးယားတွင်တွေ့ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
တရုတ်နိုင်ငံအတွင်းသို့ အလုပ်ရမည်ဆိုကာ သွားရောက်ရာမှ လူကုန်ကူးခံရသဖြင့် ဆက်သွယ်အကူညီတောင်းခံသူတွေထဲမှာ လူကုန်ကူးခံရသူကိုယ်တိုင် လူကုန်ကူးမှုတပ်စီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံကို ဆက်သွယ်အကူအညီတောင်းခံတာရှိသလို လူကုန်ကူးခံရတဲ့ သူရဲ့မိသားစုဝင်တွေကတစ်ဆင့် အကူအညီတောင်းခံတာတွေရှိတယ်လို့ လူကုန်ကူးမှုတားဆီးနိုင်ရေးရဲတပ်ဖွဲ့ဝင်ထံက သိရပါတယ်။
#Local_News
Published_ 21 May 2024
#YMG/LW #Yangon_Times
#ဆက်သွယ်အကူညီတောင်းခံသူ #လူကုန်ကူးမှုတားဆီးနိုင်ရေးရဲတပ်ဖွဲ့
မွန်ပြည်နယ်က ထွက်ရှိတဲ့ကြက်မောက်သီး တွေဈေးကောင်းရနေတယ်လို့ ကြက်မောက်သီးစိုက်ပျိုးရောင်းချသူတွေဆီက သိရပါတယ်။
#Local_News
Published_ 21 May 2024
#ကြက်မောက်သီးဈေးကောင်းရ #မွန်ဒေသထွက်ကြက်မောက်သီး
#YMG/NN #Yangon_Times
ထိုင်းနိုင်ငံတွင်ပြုလုပ်မည့် ၂၀၂၅ ဆီးဂိမ်းပြိုင်ပွဲမှာယှဉ်ပြိုင်ဖို့ ၈၅ကီလိုမီတာခရီးရှည် မြင်းစီးအားကစား *လက်ရည်စစ်*ပြိုင်ပွဲကိုနေပြည်တော်မှာ ပြုလုပ်သွားမယ်လို့ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်က သိရပါတယ်။
#Local_News
Published_ 21 May 2024
#ခရီးရှည်မြင်းစီးအားကစား #၂၀၂၅ဆီးဂိမ်းပြိုင်ပွဲ
#NN #Yangon_Times
Page 940 of 2532