
၂၃ မေ ၂၀၂၄
ဧရာဝတီမြစ်ဆုံ- မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းအတွက် သုတေသနလုပ်ငန်းများ၊နည်းပညာဆိုင်ရာ ဖြေရှင်းချက်များနှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများကို စီမံဆောင်ရွက်ရန် ဧရာဝတီမြစ်ဆုံ- မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ ကို နစက၏ ၂၀၂၄ခုနှစ် ဧပြီ ၂၅ ရက် ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ် (၇၅/၂၀၂၄)ဖြင့်ဖွဲ့စည်းပေးခဲ့ကြောင်းသိရှိရပါတယ်။
အဆိုပါ ဧရာဝတီမြစ်ဆုံ- မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့တွင် အဖွဲ့ခေါင်းဆောင်အဖြစ် လျှစ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်ဒုတိယအဖွဲ့ခေါင်းဆောင်အဖြစ် က ကချင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးတို့ကဆောင်ရွက်ကြမည်ဖြစ်ပြီး အဖွဲ့ဝင်(၉)ဦးပါဝင်ကြပါတယ်။
အဆိုပါအဖွဲ့ဟာ လုပ်ငန်းတာဝန်(၅)ရပ်ကို ဆောင်ရွက်ရမှာဖြစ််တယ်လို့သိရပါတယ်။
အဲဒါတွေကတော့
(က) SPIC Yunnan International Power Investment Co, Ltd (SPICYN) ၏ ဦးဆောင်အဖွဲ့နှင့်အတူပူးပေါင်း၍ ဧရာဝတီမြစ်ဆုံ- မြစ်ညာမြစ်ဝှမ်းရေအား လျှပ်စစ်စီမံကိန်းအတွက် သုတေသနလုပ်ငန်းများ၊နည်းပညာဆိုင်ရာ ဖြေရှင်းချက်များနှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများကို စီမံဆောင်ရွက်ရန်၊
( ခ ) SPIC Yunnan International Power Investment Co.Ltd (SPICYN) ၏ ဦးဆောင်အဖွဲ့နှင့်အတူပူးပေါင်း၍ ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်း၏ အဓိကကိစ္စရပ်များအပေါ်နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့နှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းအဖွဲ့တို့အား လမ်းညွှန်မှုပေးခြင်းနှင့်ဆုံးဖြတ်ချက်ချမှတ်ခြင်းကို ဆောင်ရွက်ရန်၊
( ဂ ) လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ပြည်ထောင်စုဝန်ကြီး၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသို့တင်ပြဆောင်ရွက်ရန်၊
(ဃ) နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့နှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းအဖွဲ့များ ဖွဲ့စည်းနိုင်ရေးဆောင်ရွက်ရန်၊
( င ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရများအကြား စီမံကိန်းကိစ္စများညှိနှိုင်းဆောင်ရွက်နိုင်ရေးအတွက် အထောက်အကူပြုနိုင်ရေး ဆောင်ရွက်ရန်
တို့ဖြစ်တယ်လို့ နစကအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးလက်မှတ်ရေးထိုးထုတ်ပြန်တဲ့ အဆိုပါ အမိန့်ကြော်ငြာစာမှာဖော်ပြထားပါတယ်။
@ymg/knl
#Daily_News
Published_ 23 May 2024
၁။ ဂီတအကယ်ဒမီဆုကို ရုပ်ရှင်အကယ်ဒမီဆုကဲ့သို့ ရွှေသားအစစ်ရွှေကြယ်ပါသည့် ရွှေစင်ရုပ်တုချီးမြှင့်မည်ဟုဆို
၂။ ဘီးလင်း - ကျိုက္ကော်ကြားတောင်ကလေးရွာအနီးမစောတံတားကျိုး၊ ဘီးလင်းတိုးဂိတ်ဟောင်းမှ လမ်းစတင်ပိတ်ထားဟုဆို
၃။ ဆိတ်သားသတ်ဈေးကွက် ယခုလအတွင်း ဈေးကွက်ပြန်ကောင်းလာ
၄။ ကမ္ဘာပေါ်တွင် လီသီယမ်အိုင်းယွန်းဘက်ထရီထုတ်လုပ်မှု၌ ဦးဆောင်နေသည့်တရုတ်ကုမ္ပဏီက နည်းပညာဆန်းသစ်မှုများကို မျှဝေပေးသွားမည်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
ရန်ကုန်၊ မန္တလေးအပါအဝင်ပြည်တွင်းဈေးကွက်မှာ ရွှေစျေးစံချိန်တင်မြင့်တက်လာချိန်မှာ ဈေးနှုန်းတည်ငြိမ်ကျဆင်းစေရေးအတွက် မန္တလေးတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်အသင်းက ရွှေအရောင်းအဝယ်စျေးကွက်ကို ဒီကနေ့မှာ ခေတ္တရပ်နားလိုက်တယ်လို့ သိရပါတယ်။
#Local_News
Published_ 23 May 2024
#မန္တလေးရွှေအသင်း #ရွှေစျေးစံချိန်တင်မြင့်တက်
#Yangon_Times #YMG_News #Yangon_Media_Group
ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ မေလ(၂၄)/(၂၅)ရက်မှာ ဒေသအလိုက်နှင့် နေရာကွက်ပြီး မိုးကြီးနိုင်တယ်။ လေပြင်းတိုက်နိုင်တယ်။
မေလ၂၄ ရက်နေ့မှာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပြီး မေလ ၂၅ ရက်မှာ မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားနိုင်တယ်။ (အိန္ဒိယရာသီဥတုတိုင်းတာရေးစက် Global Forecasting Model (GFS) Dataအရ)
#Local_News
Published_ 23 May 2024
#ကရင်ပြည်နယ် #ဧရာဝတီတိုင်း
#tthl #Yangon_Times
မွန်ပြည်နယ်၊ ဘီးလင်းမြို့နဲ့ သထုံမြို့ကို ဆက်သွယ်ထားတဲ့ မစောတံတား ဖောက်ခွဲခံရပြီး လူ ေ-သ
ဆုံးမှုရှိတာကြောင့် ဘီးလင်းတိုးဂိတ်ဟောင်းကနေစတင်ပြီး လမ်းပိတ်ထားတယ်လို့ ပရဟိတအသင်းတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။
#Local_News
Published_ 23 May 2024
#မစောတံတားကျိုး #ဘီးလင်း-ကျိုက္ကော်ကြားတောင်ကလေးရွာ
#NN #Yangon_Times
သင်္ကြန်မတိုင်ခင် ကာလတည်းက အရောင်းအဝယ်အေးနေတဲ့ ဆိတ်သားသတ် ဈေးကွက်မှာ ယခုလမှာတော့ ဝယ်လို အားရှိလာပြီး ဈေးကွက်ပြန်ကောင်းလာတယ်လို့ ဆိတ်မွေးမြူရေးလုပ်သူတွေထံက သိရပါတယ်။
#Local_News
Published_ 23 May 2024
#ဆိတ်သားသတ်ဈေးကွက် #အရောင်းအဝယ်အေး
#YMG/LW #Yangon_Times
ဂီတအကယ်ဒမီရွှေစင်ဆုကို ၂၀၂၂၊ ၂၀၂၃ ခုနှစ်အတွင်း ထွက်ရှိထုတ်လုပ်ထားတဲ့ မြန်မာအသံ၊ ခေတ်ပေါ်၊ စတူဒီယို၊Pop /Rock /Hip Hop စတဲ့ဂီတတွေ၊ တေးဂီတတီးခတ်၊ ဖန်တီးသူတွေ၊ တေးဂီတထုတ်လုပ်သူတွေကို ဂီတအကယ်ဒမီထူးချွန်ဆုတွေပေးအပ်သွားမှာဖြစ်ပြီး People Choice လူအများနှစ်သက်တဲ့ ဂီတဆုကိုလည်း ပေးဖို့ရှိတယ်။
(မြန်မာနိုင်ငံဂီတအစည်းအရုံးဥက္ကဌ ဦးလွင်မြင့်)
#Local_News
Published_ 23 May 2024
#ဂီတအကယ်ဒမီရွှေစင်ဆု #ရွှေသားရွှေစင်ရုပ်တုချီးမြှင့်
#tthl #Yangon_Times
Page 937 of 2532