စားအုန်းဆီအိမ်အရောက်ပို့စနစ်နဲ့ မှာယူနိုင်ပြီး စားအုန်းဆီ(၂)ပိဿာ(၇၅)ကျပ်သားကို သယ်ယူပို့ဆောင်ခအပါအဝင် စုစုပေါင်းကျသင့်ငွေ (၂၄၀၀၀)ကျော်ဖြင့်သာအိမ်အရောက်ပို့ဆောင်ပေးနေတယ်လို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ သိရပါတယ်။
#Local_News
Published 6 November 2024
#စားအုန်းဆီ #ဆီလုပ်ငန်းရှင်များအသင်း
#YMG/tthl #Yangon_Times
#Local_News
Published 6 November 2024
▪️ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က တရုတ်ယွမ် ၇ သန်းနှင့် ထိုင်းဘတ်သန်း ၂၀ ကို ထပ်မံထုတ်ရောင်း ပေးမည်ဖြစ်ကြောင်း နိုဝင်ဘာ၅ရက် က အသိပေးထားသည်။
▪️ နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) တွင် သွင်းကုန်လုပ်ငန်းရှင်များအတွက် တရုတ်ယွမ် ၇ သန်းနှင့် ထိုင်းဘတ်သန်း ၂၀ ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
▪️ နိုဝင်ဘာလ ၄ရက်နေ့ကလည်း ငွေလဲနှုန်း ၃,၅၇၅ ကျပ်နှင့် အမေရိကန်ဒေါ်လာ ၁၅ သန်း၊ ငွေလဲနှုန်း ၅၂၉.၉၀ ကျပ်နှုန်းအတိုင်း တရုတ် (ယွမ်) ၁.၅ သန်း နှင့် ငွေလဲနှုန်း ၁၂၅ ကျပ်နှုန်းအတိုင်း ထိုင်း (ဘတ်) သန်း ၁၀၀ ကျော်တို့အား အွန်လိုင်းရောင်းဝယ်ရေးပလက်ဖောင်းဈေးကွက်မှတစ်ဆင့် ရောင်းချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 6 November 2024
▪️ မော်တော်ယာဉ်အားလုံး ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၁)ရက်မှစ၍ ယာဉ်စစ်ဆေးပြီးမှသာမှတ်ပုံတင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့် မော်တော်ယာဉ်များအနက် Road Safety အရေးကြီးသည့်အများပြည်သူခရီးသည်ပို့ဆောင်ရေးယာဉ်များ၊ ယာဉ်မှန်မမှန်စစ်ဆေးခြင်း၊ ပြောင်းလဲများများအတွက် ယာဉ်စစ်ဆေးခြင်း၊ နယ်ဝင်ယာဉ်များကိုစစ်ဆေးခြင်းတို့ဖြင့် အကျုံးဝင်သောယာဉ်များ၊ တက်စီယာဉ်များ၊ ကျောင်းကားများနှင့် နှစ်တန်နှင့်အထက်အငှားယာဉ် များကိုယာဉ်စစ်ဆေးပြီး သက်တမ်းတိုးခြင်းများဆောင်ရွက်ပေးလျက်ရှိကြောင်း၊
▪️ ယခုအခါ ယာဉ်ကြံ့ခိုင်မှုကောင်းမွန်စေရေးနှင့်အများပြည်သူဆိုင်ရာလမ်းများပေါ်တွင် အန္တရာယ်ကင်းစွာသွားလာရေးအတွက် မှတ်ပုံတင်မော်တော်ယာဉ်တွေအားလုံးကို၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်မှစ၍ ယာဉ်သက်တမ်းတိုးခြင်းများ အပါအဝင် ယာဉ်မှတ်ပုံတင်လုပ်ငန်းများအတွက် ယာဉ်စစ်ဆေးပြီးမှသာဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
#YMG/tthl #Yangon_Times
၅ နိုဝင်ဘာ ၂၀၂၄
မြန်မာနိုင်ငံနှင့်ယူနန်ပြည်နယ်အကြား နှစ်ဘက်ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်နိုင်ရန် နယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေး အလေးထားဆောင်ရွက်ကြရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့သို့ရောက်ရှိနေတဲ့ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီအဖွဲဝင်နှင့် ယူနန် ပြည်နယ်ပါတီ ကော်မတီအတွင်းရေးမှူး Mr. Wang Ning နှင့် နိုဝင်ဘာ ၅ ရက်က ကူမင်းမြို့တွင် တွေ့ဆုံစဉ် တိုက်တွန်းပြောကြားခဲ့တယ်လို့သိရပါတယ်။
ဗိုလ်ချုပ်မှူးကြီးဟာ ယူနန်ပြည်နယ်ပါတီကော်မတီအတွင်းရေးမှူးနှင့် တွေ့ဆုံစဉ် နှစ်ဘက် ပူးပေါင်းဆောင်ရွက် မည့်ကိစ္စများဆွေးနွေးရာ၌ အဆိုပါအချက်ကိုထည့်သွင်းဆွေးနွေးခဲ့တာဖြစ်တယ်လို့ နစကရဲ့ သတင်းထုတ်ပြန် ချက်မှာဖော်ပြထားတာဖြစ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးက နှစ်နိုင်ငံအကြား ခွဲခြား၍မရသည့်ဆက်ဆံရေးကောင်းကိုပိုင်ဆိုင်ထားမှုမြန်မာနိုင်ငံ နှင့် ယူနန် ပြည်နယ်အကြားနှစ်ဘက် ပူးပေါင်း ဆောင်ရွက်မှုများကိုပိုမိုမြှင့်တင်နိုင်ရေးအတွက် နယ်စပ်ဒေသတည်ငြိမ် အေး ချမ်းရေးကို အလေးထားဆောင်ရွက်သွားရန်လိုအပ်တယ်လို့ပြောခဲ့ပါတယ်။
ယင်းအပြင်နယ်စပ်ဒေသတည်ငြိမ်အေးချမ်းမှသာ သွင်းကုန် ပို့ကုန်ကဏ္ဍကိုပိုမိုဆောင်ရွက်နိုင်မှာဖြစ်ပြီး စီးပွား ရေးအရကူးလူးဆက်သွယ်မှုကို ပိုမိုအကောင်အထည်ဖော်နိုင်မှာဖြစ်တဲ့အတွက် နှစ်နိုင်ငံအကြား နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို အတူတကွပူးပေါင်းဆောင်ရွက်သွားဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။
Mr. Wang Ning ကလည်း ယူနန်ပြည်နယ်နှင့်မြန်မာနိုင်ငံအကြား အေးအတူပူအမျှအသိုက်အဝန်းတည်ဆောက်မှု နယ်ပယ်အလိုက်ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ဆောင်ရွက်ရေး နှစ်နိုင်ငံသဘောတူညီပြီးဖြစ်သည့် စီမံကိန်းလုပ် ငန်းများ အမြန်ဆုံးအကောင် အထည်ဖော်နိုင်ရေးကြိုးပမ်းဆောင်ရွက်မည့်ကိစ္စများကို ဆွေးနွေးခဲ့ပါတယ်။
နှစ်ဘက်ဆွေးနွေးကြရာတွင် စိုက်ပျိုးရေး မွေးမြူရေးနှင့် ပြန်လည်ပြည့်ဖြိုးမြဲကဏ္ဍများအပါအဝင် ရင်းနှီးမြှပ်နှံ နိုင်မည့် အခြေအနေများ၊မြန်မာနိုင်ငံနှင့်ယူနန်ပြည်နယ်အကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့် ဆောင်ရွက်နိုင်မည့်အခြေအနေများ၊နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက်ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများ ၊ရင်းနှီးမြှပ်နှံမှု ကုန်သွယ်မှုနှင့် လျှပ်စစ်စွမ်းအင်ထုတ်လုပ်မှုကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် လူသားအရင်းအမြစ်များမွေးထုတ်ရေးစသည့်ကိစ္စများ ဆွေးနွေး ခဲ့ကြတာဖြစ်တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
@ymg/knl
#Daily_News
Published 5 November 2024
၁။ ဗိုလ်တထောင်စေတီတွင် မသိုးရွှေကြာသင်္ကန်းယှဉ်ပြိုင်ရက်ခတ် ပူဇော်ပွဲကျင်းပမည်
၂။ အိပ်စပိုတာများအဝယ်လိုက်နေ၍ ဘုရင့်နောင်၌ ဆန်အဝင်အထွက်ညီမျှနေ
၃။ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်(YUFL)မှ သင်တန်းသားများစတင်ခေါ်ယူနေ
၄။ ပါလက်စ်တိုင်းကို လူမျိုးသုဉ်းသတ်ဖြတ်နေသည့်အစ္စရေးလ်အားထောက်ပံ့နေသော အမေရိကန်အစိုးရကို ပြည်သူများဆန္ဒပြကန့်ကွက် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကနေ အမေရိကန်ဒေါ်လာ၁၅သန်းအပါအဝင် နိုင်ငံခြားငွေကြေးတွေဆက်တိုက်ထပ်မံထုတ်ရောင်းပေးနေပြီး ဒေါ်လာဈေးတွေလည်း ကျဆင်းလာတယ်လို့ သိရပါတယ်။
#Local_News
Published 5 November 2024
#နိုင်ငံခြားငွေကြေး #အမေရိကန်ဒေါ်လာ
#YMG/NN #Yangon_Times
ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်(YUFL)မှ မဟာဝိဇ္ဇာတန်းနဲ့အချိန်ပြည့်နဲ့အချိန်ပိုင်း ဒီပလိုမာသင်တန်းအတွက် သင်တန်းသားတွေစတင်ခေါ်ယူနေပြီး နိုဝင်ဘာလ(၁၃)ရက် နောက်ဆုံးပေးပို့လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။
#Local_News
Published 5 November 2024
#နိုင်ငံခြားဘာသာတက္ကသိုလ် #သင်တန်းသားများခေါ်ယူ
#YMG/tthl #Yangon_Times
Page 495 of 2281