#LocalNews
Published -24 Feb 2022
ရန်ကုန်တိုင်းဒေသကြီးတာမွေနှင့်မြောက်ဥက္ကလာပမြို့နယ်တို့ တွင် ငွေကျပ်သိန်း၆၀၀ကျော်တန်ဖိုးရှိစိတ်ကြွရူးသွပ်ဆေးပြားဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ ကနေသိရပါတယ်။
ဖြစ်စဥ်မှာဖေဖော်ဝါရီလ ၂၃ ရက်နေ့ ၄နာရီ မိနစ်၃၀အချိန် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တာမွေမြို့နယ်၊ တာမွေကြီး(က+ဂ)ရပ်ကွက်နေ ခင်မောင်စိုး(ခ)အာဂျူမူလ္လာ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းအားနေအိမ်တွင်တွေ့ရှိပြီး နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၁၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၂၁၀)အား တွေ့ရှိသိမ်းဆည်း ရမိခဲ့သဖြင့် ခင်မောင်စိုး(ခ)အာဂျူမူလ္လာ(၂၇)နှစ်အား တာမွေမြို့ မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိတယ်လို့ သိရပါတယ်။
ထို့အပြင်ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ကလည်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့၀င်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံ(၁၄/၈)ရပ်ကွက်၊ ဟံသာ၀တီလမ်းနှင့် ရာဇဓိရာဇ်(၃)လမ်းထောင့်အနီးတွင် ကျော်ကျော်မင်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ် အားရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀၀ ပြား(ဒေသကာလပေါက်စျေးတန်ဖိုး ငွေကျပ်သိန်း ၄၀၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတိုအား တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ထပ်မံစစ်ဆေးဖော်ထုတ်ချက်အရ စိတ်ကြွ ရူးသွပ်ဆေးပြားများအား အဆိုပါရပ်ကွက် ညောင်ဦးလမ်းနေ ကျော်လင်းခိုင် ထံမှ ၀ယ်ယူခဲ့ကြောင်း ပေါ်ပေါက်ကာကျော်လင်းခိုင် ၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ ၎င်းအားမတွေ့ရှိဘဲ နေအိမ်အတွင်းမှ ICE (မက်သ်အဖက်တမင်း)အလေးချိန် ၃၅ ဂရမ်(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၁၂.၂၅ သိန်း)အား ထပ်မံ တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ကျော်ကျော်မင်း(၄၂)နှစ် နှင့် ကျော်လင်းခိုင် တိုအား ရွှေပေါက်ကံနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိတယ်လို့သိရပါတယ်။
ymg/hm
#Yangon_Media_Group
#LocalNews
Published - 24 Feb 2022
ဒေါ်အောင်ဆန်းစုကြည်၏ သက်တော်စောင့် ချယ်ရီထက် အတွက် ထွက်ဆိုကြမည့်သက်သေများ ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက်တွင် မလာရောက်သည့်အတွက် စစ်ဆေးမှု မပြုလုပ်ခဲ့ရကြောင်း ယင်း၏ ရှေ့နေက YMG ကို ပြောသည်။
"ချယ်ရီထက်ဘက်က သက်သေထွက်မယ့်သူတွေ ဒီနေ့ မလာကြဘူး။ဒါကြောင့် နောက်တစ်ပတ်ကို ချိန်းဆိုလိုက်ပါတယ်။သူ့ဘက်က စာရင်းပေးထားတဲ့ သက်သေ ၄ ယောက် ရှိပါတယ်" ဟု ရှေ့နေက ဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက် ရုံးချိန်းတွင် ချယ်ရီထက်က မိမိအနေဖြင့် ပြစ်မှုမြောက်စေသည့်ကိစ္စများ မလုပ်ခဲ့ကြောင်း သူ့ကို စွဲဆိုထားသော ဆူပူစေရန်လှုံ့ဆော်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က နှင့် ပတ်သက်၍ တရားခွင်တွင် ပြောဆိုခဲ့သည်။
ချယ်ရီထက်ကို ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃ ရက်တွင် ပုဒ်မ ၅၀၅ (က) အမှုအတွက် အပြစ်ရှိကြောင်းစွဲချက်တင်ခဲ့ခြင်းလည်း ဖြစ်သည်။
၂၀၂၁ ခုနှစ် ဇွန်လက NLD ပါတီရဲ့ ဘီးလင်းမြို့ နယ် လွှတ်တော်အမတ် ဒေါ်သီရိရတနာက တောတွင်းစခန်းချနေပုံ ၊လက်နက်ကိုင်ဆောင်ထားသည့်မှတ်တမ်းဓာတ်ပုံများ၊ NUG ၏ သတင်းထုတ်ပြန်ချက်များ ၊ပြည်ပသတင်းဌာနများ၏သတင်းရုပ်သံဖိုင်များ စသည်တို့ ကို အပြန်အလှန်ပေးပို့ ခဲ့ကြသည်ဆိုကာ ရဲတပ်ဖွဲ့ က ချယ်ရီထက်ကို အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။ယခုအခါ ချယ်ရီထက်ကို ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေ ဖြင့် ထောင်သုံးနှစ်ချထားကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalTravel
Published 24 Feb 2022
ပဲခူးတိုင်းဒေသကြီးအတွင်း သဘာဝအခြေခံခရီးသွားလုပ်ငန်းများ ၊ ဒေသအခြေပြု ခရီးသွား လုပ်ငန်း ၊ လူထုအခြေပြု ခရီးသွားလုပ်ငန်းသစ်များကို ဖော်ထုတ်သွားမည် ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ က သိရသည်။
"ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီးတော့ ပြီးခဲ့တဲ့လက ပျူမြို့ဟောင်း ခရီးသွားလုပ်ငန်း မြှင့်တင်နိုင်ရေး အပျော်တမ်း စက်ဘီးစီးပွဲတော်ကို လုပ်ခဲ့တယ်။အခုသဘာဝအခြေခံ ခရီးသွားလုပ်ငန်းတွေ၊ ဒေသအခြေပြုခရီးသွား လုပ်ငန်းတွေနဲ့ လူထုအခြေပြု ခရီးသွားလုပ်ငန်းသစ်တွေကို ဖော်ထုတ်ဖို့ လုပ်နေတယ်။ ဒေသတွင်း ခရီးသွားလုပ်ငန်း ဖွံ့ ဖြိုးလာရင် ဟိုတယ်လုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်း၊ သယ်ယူပို့ ဆောင်ရေးလုပ်ငန်း ၊ အခြားဝန်ဆောင်မှုလုပ်ငန်းတွေလည်း ကျွဲကူးရေပါဆိုသလို ဖြစ်လာမှာပေါ့ ၊ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ရလာမှာပဲလေ"ဟု အစိုးရအဖွဲ့ တာဝန်ရှိသူက ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလက ပဲခူးတိုင်းဒေသကြီးအတွင်း အပျော်တမ်း စက်ဘီးစီးပွဲတော်ကို အားကစားသမား ၃၅၀ ကျော်ဖြင့် ကျင်းပပေးခဲ့ခြင်း ဖြစ်သည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ဟိုတယ်လုပ်ငန်းရှင်များ၊ ဧည့်လမ်းညွှန်များနှင့် ဟိုတယ်ဝန်ဆောင်မှုဝန်ထမ်းများ ၉၅ ရာခိုင်နှုန်းကျော်ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း၊ကိုဗစ်-၁၉ ရောဂါ ကာလအလွန် ခရီးသွားလုပ်ငန်းများ ဖွံ့ ဖြိုးတိုးတက်စေရန်အတွက် ခရီးစဉ်ဒေသများ သန့်ရှင်းသပ်ရပ်စေရေး၊ လမ်းညွှန်ဆိုင်းဘုတ်များ စနစ်တကျ တပ်ဆင်ထားနိုင်ရန်နှင့် Public Toilet များ နိုင်ငံတကာအဆင့်မီမြှင့်တင်နိုင်ရေး ကြိုတင်ပြင်ဆင်လည်း စီစဉ်နေကြကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမတိုင်မီက ဟိုတယ်၊ တည်းခိုရိပ်သာ ၇၇ ခုနှင့် အခန်း ပေါင်း ၂၂၇၂ ခန်းရှိခဲ့ရာ ယခုအခါ ဟိုတယ်၊တည်းခိုရိပ်သာ ၈၈ လုံးနှင့် အခန်းပေါင်း ၂၅၉၉ ခန်း ရှိခဲ့ပြီး ဖြစ်ကြောင်း၊ဟိုတယ်၊ တည်းခိုရိပ်သာ ၁၁ ခုနှင့် အခန်းပေါင်း ၃၂၇ ခန်းပိုလာခြင်းဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ကြရန် သက်ဆိုင်ရာမှ စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published - 24 Feb 2022
#DailyNews
Published - 24 Feb 2022
(၁) မြန်မာအပါအဝင် ဒေသတွင်းရွေ့ပြောင်းလုပ်သားများခေါ်ယူရန်ထိုင်းနိုင်ငံကြိုးပမ်းနေ
(၂) အစိုးရနဲ့ ပုဂ္ဂလိကအကြား ပထမဦးဆုံး ငါးလုပ်ငန်းသုတေသနအတွက် ရန်ပုံငွေထူထောင်
(၃) နေ့စဉ်မိုးလေဝသ သတင်း
(၄) ထင်ရှားဆန်းသစ်သော ဗိသုကာဒီဇိုင်းများဖြင့်ဖန်တီးထားသည့် ဒူဘိုင်းမှ ခေတ်ရှေ့ပြေးပြတိုက်ကြီး စတင်ဖွင့်လှစ်....... အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
#Yangon_Media_Group
#LocalHealth
Published -24 Feb 2022
တနင်္သာရီမြို့ အထက ကျောင်းတွင် ကျောင်းသားတစ်ဦး ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိတာကြောင့်ထပ်မံစစ်ဆေးရာဆရာမ(၁)ဦးနဲ့ အခြားကျောင်းသား၊ကျောင်းသူ(၅)ဦးကိုဗစ်ကူးစက်ခံထားရတာကိုတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
တနင်္သာရီတိုင်းဒေသကြီ တနင်္သာရီမြို့ အထကကျောင်းမှတက္ကသိုလ်ဝင်တန်း (Grade-11) ကံ့ကော်အခန်းတွင် ပညာသင်ကြား နေ သော အသက်(၁၇)နှစ်ရှိ ဆင်ခြေဖုံးကျေးရွာအုပ်စု-ဘန်းသဲကျေး ရွာနေသူမှာဖေဖော်ဝါရီလ ၂၃ရက်နေ့ကကျောင်းသို့ လာရောက်စဥ် နေမကောင်းတာကြောင့်မြို့ နယ်ပြည်သူ့ဆေးရုံတွင် ပြသကာကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test kit ဖြင့်စစ် ဆေးခဲ့ရာ ရောဂါပိုး အတည်ပြတွေ့ရှိခဲ့တာဖြစ်တယ်လို့ မြိုနယ်ကျန်းမာရေးဦးစီးဌာနကသိရပါတယ်
ထိုသို့ရောဂါကူးစက်ခံထားရသူတွေ့ရှိခဲ့တာကြောင့် အထက-တနင်္သာရီကျောင်းရှိ (Grade-11) စာသင်ခန်း(၃)ခန်းမှ ဆရာ/မ(၈) ဦးနှင့်ကျောင်း သား/သူ(၉၇)ဦး စုစုပေါင်း(၁၀၅) ဦးတို့အားကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရခြင်း ရှိ/မရှိ RDT Test kit ဖြင့်ဆက်လက် စစ် ဆေး ပေးခဲ့ရာ ဆရာမ(၁)ဦးနှင့် ကျောင်းသား/သူ(၅)ဦးတို့ တွင် ရောဂါပိုးထပ်မံစစ်ဆေးတွေ့ရှိ သဖြင့် ရောဂါပိုးတွေ့ရှိသူ စုစုပေါင်းဆရာမ(၁)ဦး၊ကျောင်းသား/သူ(၆)ဦး၊ ပေါင်း(၇)ဦးဖြစ် တယ်လို့ သိရပါတယ်။
ပိုးတွေ့သူ ဆရာမနဲ့ကျောင်းသား၊ကျောင်းသူ တို့ မှာ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးထားပြီးသူများဖြစ်ကာထူးခြားရောဂါလက္ခဏာပြသမှုမရှိခြင်းကြောင့် ကျောင်းသားတစ်ဦးအားမြို့နယ်ပြည်သူ့ဆေးရုံသီးသန့်လူနာဆောင်တွင်စောင့်ကြပ်ကြည့်ရှု ဆေးကုသပေးထားကြောင်း၊ ကျန်(၆)ဦးအား ၎င်းတို့ ၏နေအိမ်၌ Home Isolation ထားကာရှိစောင့်ကြည့်ကူသမှုခံယူစေတယ်လို့ သိရပါတယ်။ ပိုးတွေ့လူနာတွေ့ရှိခဲ့တဲ့ကျောင်းကိုဖေဖေါ် ဝါရီလ(၂၃ရက်မှ၂၇ရက်နေ့)အထိ (၅)ရက်တိတိ ယာယီ ကျောင်းပိတ်ပေးလိုက်တယ်လို့ သိရပါတယ်။
ymg/hm
#Yangon_Media_Group
Page 2281 of 2322