#Local_News
Published_ 13 March 2022
မြန်မာ-ထိုင်း နယ်စပ်ဒေသများဖြစ်တဲ့ မြဝတီနှင့်တာချီလိတ်၌ ဘတ်/ကျပ် တိုက်ရိုက်ပေးချေမှုတွင် မြန်မာဘက်မှ A Bank နှင့် ထိုင်းဘက်မှ Kasikorn bank တို့က လုပ်ကိုင်ခွင့်ရရှိခဲ့ကြောင်း သိရပါတယ်။
တိုက်ရိုက်ပေးချေမှု စမ်းသပ်ကာလအဖြစ် ၂၀၂၂ ခုနှစ် မတ် ၂၁ ရက်မှစ၍ သုံးလ စမ်းသပ်ဆောင်ရွက်ခွင့်ရရှိမည်ဖြစ်ကာ မြေပြင်တွင် ပူးပေါင်းဆောင်ရွက်မှု အဆင်ပြေချောမွေ့စေရေးအတွက် အထောက်အကူပြုအဖွဲ့များ ဖွဲ့စည်းရေး၊ ကုန်သည်လုပ်ငန်းရှင်များအား နယ်စပ်ကုန်သွယ်မှုတွင် ဘတ်နှင့်ကျပ် တိုက်ရိုက်အသုံးပြုပေးချေရေးဆိုင်ရာ လမ်းညွှန်ချက်များရှင်းလင်းခြင်းကို မတ်လတတိယပတ်မှာ ဆောင်ရွက်မယ်လို့ သိရပါတယ်။
ဘတ်-ကျပ် ငွေလဲလှယ်ခြင်းကို အသုံးပြုဆောင်ရွက်နိုင်ရေးနှင့် ကုန်သွယ်မှုမှရရှိသည့် ဘတ်ငွေကို မြန်မာကျပ်ငွေသို့လဲလှယ်၍ ငွေသားပြန်လည်ထုတ်ယူရာတွင် အဆင်ပြေစေရေးနှင့် ကုန်သွယ်မှုဆိုင်ရာ သတင်းအချက်အလက်များ ပေးပို့တင်ပြပေးရန် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
မြန်မာ-ထိုင်း နယ်စပ်ဂိတ်များတွင် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရန် ဘတ်-ကျပ် တိုက်ရိုက်ငွေပေးချေမှုကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က မတ်လအစောပိုင်းမှာ ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။
#ymg_mnn
#Yangon_Media_Group
#TV Yangon Times Mattersအစီအစဉ်
Published - 12 March 2022
အစီအစဉ်တင်ဆက်သူ ဆရာဟိန်းလတ်နဲ့ အတူ သစ်ခွကျွမ်းကျင်ပညာရှင် ဒေါက်တာစောလွင်က "မြန်မာ့သစ်ခွ" ဆိုတဲ့ခေါင်းစဉ်အောက်မှာ မြန်မာ့သစ်ခွမျိုးစိတ်ဆိုင်ရာ စိတ်ဝင်စားဖွယ်ရာ နှင့်ဗဟုသုတဖြစ်ဖွယ်ရာ အကြောင်းအရာတွေကို ဆွေးနွေးပြောဆိုခဲ့ကြပါတယ်။
#Yangon_Media_Group
#TV Yangon Times Mattersအစီအစဉ်
Published - 13 March 2022
အစီအစဉ်တင်ဆက်သူ ဆရာဟိန်းလတ်နဲ့ အတူ သစ်ခွကျွမ်းကျင်ပညာရှင် ဒေါက်တာစောလွင်က "မြန်မာ့သစ်ခွ" ဆိုတဲ့ခေါင်းစဉ်အောက်မှာ မြန်မာ့သစ်ခွမျိုးစိတ်ဆိုင်ရာ စိတ်ဝင်စားဖွယ်ရာ နှင့်ဗဟုသုတဖြစ်ဖွယ်ရာ အကြောင်းအရာတွေကို ဆွေးနွေးပြောဆိုခဲ့ကြပါတယ်။
#Yangon_Media_Group
#LocaLNews
Published_13 March 2022
ဒါရိုက်တာမိုက်တီး(ခ)ဦးသန်းထွန်းဇော် အဖမ်းခံရကြောင်း ၎င်းတို့မိသားစုနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက သိရသည်။
သူနေထိုင်ရာ ရန်ကင်းမြို့နယ်၊ ၁၆ရပ်ကွက်၊ ဘောက်ထောက်နေအိမ်တွင် မတ်လ ၁၂ ရက် ညပိုင်းက တာမွေမြို့နယ်ရဲစခန်းမှ လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်းနှင့် ယခုအခါ တာမွေမြို့နယ်ရဲစခန်းမှ ပုဒ်မ ၅၀၅(က)နှင့် အမှုဖွင့်အရေးယူထားကြောင်းလည်း သိရသည်။
အူမကြီးကင်ဆာရောဂါဝေဒနာကို ခံစားနေရသော ဒါရိုက်တာမိုက်တီးကို တာမွေမြို့မရဲစခန်းက မူးယစ်(ပ) ၂၉/၂၀၁၈ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများ ဆိုင် ရာဥပဒေပုဒ်မ ၁၆ (ဂ) ဖြင့် ၂၀၁၈ ခုနှစ် သြဂုတ်လ ၁၆ရက်တွင် အမှုဖွင့်အရေးယူခဲ့ကြောင်း၊ ယင်းနောက် အာမခံဖြင့် ပြန်လည်လွတ်မြောက်လာပြီး ကင်ဆာဆေးများသွင်းနေရကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 13 March 2022
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် မဲခေါင်-လန်ချန်း ရုပ်သေးပွဲတော်ကို မတ် ၃၀ ရက်မှ ၃၁ ရက်အထိ မန္တလေး၊ မဟာအောင်မြေမြို့နယ်ရှိ ရတနာပုံခန်းမတွင် အွန်လိုင်းစနစ်နဲ့ ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။
ကမ္ဘာကပ်ရောဂါဖြစ်တဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေတော့ သက်ဆိုင်ရာ အဖွဲ့ဝင်နိုင်ငံတွေက အနုပညာရှင်တွေအနေနဲ့ မြန်မာနိုင်ငံကိုလာရောက်ဖို့ လေယာဉ် အခက်အခဲ၊ ကွာရန်တင်းဝင်ရမယ့် အခက်အခဲတွေရှိတဲ့အတွက် Visual စနစ်နဲ့ အွန်လိုင်းကနေကျင်းပမှာ ဖြစ်ပါတယ်။
မန္တလေးမြို့ ရတနာပုံခန်းမမှာ လာမယ့် မတ်လ ၃၀ ရက်နဲ့ ၃၁ ရက်မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ ရုပ်သေးပွဲတော်ကျင်းပရတဲ့ ရည်ရွယ်ချက်က မဲခေါင်ဒေသအတွင်းရှိ နိုင်ငံတွေရဲ့ ရုပ်သေးနဲ့ပတ်သက်တဲ့ အနုပညာရပ်တွေ မပပျောက်ဖို့အတွက် အားလုံးစုပေါင်းပြီး ထိန်းသိမ်းကာကွယ်ဖို့ ဖြစ်ပါတယ်။
အဆိုပါရုပ်သေးပွဲတော်ကို မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းအဖွဲ့ဝင်နိုင်ငံများဖြစ်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံမှ ရုပ်သေးပညာရှင်များပူးပေါင်းပြီး ကျင်းပသွားမှာ ဖြစ်ပါတယ်။
ယင်းရုပ်သေးပွဲတော်တွင် နိုင်ငံအလိုက် ရုပ်သေးဖျော်ဖြေတင်ဆက်မှုများ၊ သက်ဆိုင်ရာနိုင်ငံအလိုက် ရုပ်သေးနှင့်ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်း ပြောကြားမည့် စာတမ်းဖတ်ပွဲများစတဲ့ တင်ဆက်မှုများလည်း ပါဝင်မှာဖြစ်ကြောင်း သိရပါတယ်။
မဲခေါင်-လန်ချန်း ရုပ်သေးပွဲတော်စီမံကိန်း အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းကော်မတီ၏ ပထမအကြိမ်အစည်းအဝေးကို မတ် ၁၀ ရက်က အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)ရှိ ပင်မအုပ်ချုပ်ရေးရုံး၊ အစည်းအဝေးခန်းမတွင်း ကျင်းပခဲ့ကြောင်း သိရပါတယ်။
#ymg_mnn
#Yangon_Media_Group
#LocalNews
Published_13 March 2022
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ကျောက်ကြီးကျေးရွာအနီး၊ မန္တလေး-ဗန်းမော်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၇/၁)တွင် Fuso အမျိုးအစား (အနီရောင်) ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားသောကြောင့် တစ်ဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သိရသည်။
ယနေ့ မတ်လ ၁၃ ရက် နံနက် က မန္တလေး-ဗန်းမော်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၇/၁)တွင် အဆိုပါ Fuso အမျိုးအစား (အနီရောင်) ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားသောကြောင့် လူ(၁)ဦး ကားခေါင်းခန်းအတွင်းညပ်နေကြောင်း သတင်းရရှိသဖြင့် သပိတ်ကျင်းမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများသွားရောက်ကူညီဆောင်ရွက်ခဲ့ရကြောင်း သိရသည်။
ယင်းကြောင့် ယာဉ်ပေါ်ပါ အမျိုးသား နှစ်ဦး ၊ အမျိုးသမီး တစ်ဦးအနက် မ(၁)ဦး သေဆုံးသူမှာ ယာဉ်မောင်းအမျိုးသားဖြစ်ပြီး အခြားအမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့မှာ ဒဏ်ရာရရှိသွားသောကြောင့် အောင်ပါရမီလူမှုကူညီရေးအသင်းမှ သပိတ်ကျင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published -13 Mar 2022
ထိုင်းမြန်မာနယ်စပ် မြဝတီမြို့ကိုပို့ဆောင်မည့်ငွေကျပ် ၁ ဒသမ ၈၅ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး(ကတ်တမင်း)များကို ရှမ်းပြည်နယ်တောင်ပိုင်း မြဝတီမြို့တွင်ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က သိရပါတယ်။
ဖမ်းဆီးရမိမှုဖြစ်စဥ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်လ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန် ပင်လောင်းမြို့နယ်၊ ပင်လောင်း-နေပြည်တော်သွားကားလမ်း၊ လိန်းလီကြိုးတံတားတွင် ပင်လောင်းမှ ပေါင်းလောင်းဘက်သို့ မြင်ချီးချဲ(ခ)အောင်မြင့်(၅၉)နှစ် မောင်းနှင်လာသည့် FORLAND မော်တော်ယာဉ်အား သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၈၅ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး (ကတ်တမင်း) ၁၈၅ ကီလို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ပြောင်းဆေးဝါး (ကတ်တမင်း)များအား ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ကရင်ပြည်နယ်၊ မြဝတီနယ်စပ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိတယ်လို့ သိရပါတယ်။
ymg/hm
#Yangon_Media_Group
Page 2283 of 2357