ရန်ကုန်မြို့ပတ်ရထားလက်မှတ်ခနှုန်းထားတွေကို ဒီကနေ့ ဒီဇင်ဘာ ၂ရက်ကနေစတင်ပြီး ထပ်မံတိုးမြှင့် ပြောင်းလဲကောက်ခံသွားမယ်လို့ မြန်မာ့မီးရထားက နေသိရပါတယ်။
#Local_News
Published 2 December 2024
#မြို့ပတ်ရထား #လက်မှတ်ခနှုန်းများတိုးမြှင့်
#YMG/NN #Yangon_Times
မြန်မာ့ရွှေကို နိုင်ငံတကာအသိအမှတ်ပြု ISO လက်မှတ်ထုတ်ပေးနိုင်ရေးအတွက် စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမျိုးမြင့်ကပြောပါတယ်။
#Local_News
Published 2 December 2024
#မြန်မာ့ရွှေ #ISOလက်မှတ်ထုတ်ပေး
#YMG/SW#Yangon_Times
၁ ဒီဇင်ဘာ ၂၀၂၄
စပိန်နိုင်ငံမှမှာယူခဲ့တဲ့ ဒီဇယ်လျှပ်စစ်ရထား DEMU တွဲသစ်များဖြင့် ရန်ကုန်မြို့ပတ်ရထားလမ်းမှာ နိုဝင်ဘာ ၂၉ ရက်က စတင်ပြေးဆွဲနေပါတယ်။
YMG ဝိုင်းတော်သားတစ်ဦးက ဒီဇင်ဘာ ၁ရက် မနက်မှာ အဲဒီမြို့ပတ်ရထားတစ်စီးကို စမ်းသပ်စီးနင်း ကြည့်ပြီး မြင်ကွင်းများကို တင်ပြထားပါတယ်။
@mnn/ymg
#Daily_News
Published 30 November 2024
၁။ သီတဂူအခမဲ့ မျက်စိအလင်းအလှူတော်တွင် မျက်စိဝေဒနာရှင်၃၃၀၀ကျော်အား အလင်းရောင်ဖွင့်ပေးခဲ့
၂။ ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့ နှစ်လတာအတွင်း ခရီးသွားတစ်သောင်းကျော်ဝင်ရောက်
၃။ ပြည်တွင်းစားသုံးမှုများပြားသည့် ပေါ်ဆန်းဆန် ကွန်တိန်နာနှစ်လုံးခန့်သာ ပြည်ပသို့တင်ပို့နေ
၄။ ဆောင်းရာသီမိုးသည်းထန်စွာရွာသွန်းသဖြင့် ရေကြီးရေလျှံဖြစ်ကာ စစ်ဘေးသင့်ဂါဇာပြည်သူများ ခိုလှုံစရာမရှိဖြစ်နေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 30 November 2024
▪️ ရန်ကုန်ဆိပ်ကမ်းအတွင်း ဒီဇင်ဘာလ၌ နိုင်ငံတကာကုန်သေတ္တာတင် သင်္ဘော၆၀ စီး ဝင်ရောက်ဆိုက်ကပ်မည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့မှ သိရသည်။
▪️ ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးအတွက်လည်းကောင်း၊ ပြည်တွင်းလို အပ်ချက် အရ သွင်းကုန်များလည်း တိုးမြှင့်တင်သွင်းနိုင်ရန်အတွက်လည်းကောင်း၊ ကုန်သေတ္တာ သင်္ဘောလိုင်းအသီးသီးမှ ခရီးစဉ်များပြန်လည် တိုးချဲ့ပြေးဆွဲရန် စီစဉ်ထားရှိရာ နိုဝင်ဘာလထပ် ကုန်သေတ္တာတင် သင်္ဘော ၃ စီး ပိုမိုဝင်ရောက်ဆိုက်ကပ်မည်ဖြစ်ကြောင်း သိရသည်။
▪️ ယခုနှစ်ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း ပြည်တွင်းသို့ နိုင်ငံတကာကုန် သေတ္တာတင် သင်္ဘော၅၇၃ စီး ဝင်ရောက်ဆိုက်ကပ်ပြီးဖြစ်ကြောင်း၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်တွင် ဆိပ်ကမ်း(၉)ခုရှိသည့်အနက် ရန်ကုန်ဆိပ်ကမ်း သည် အဓိက နိုင်ငံတကာ ဆိပ်ကမ်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံရေကြောင်းဖြင့် ကုန်သွယ်မှုပမာဏ၏ ၉၀ ရာခိုင်နှုန်းကျော်အား ကိုင်တွယ်ဆောင်ရွက်ပေးလျှက်ရှိသည့် ဆိပ်ကမ်းဖြစ်ကြောင်း၊ ရန်ကုန်ဆိပ်ကမ်း၊ ရန်ကုန်အတွင်း ဆိပ်ကမ်း ဧရိယာတွင် အပြည်ပြည်ဆိုင်ရာရေယာဉ်ကြီးများ ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းတံတား (၂၈)စင်း နှင့် သီလဝါ အပြင်ဆိပ်ကမ်းဧရိယာတွင် ဆိပ်ကမ်းတံတား (၂၀)စင်း စုစုပေါင်း သင်္ဘောကြီး (၄၈)စင်းအား တစ်ပြိုင်နက်တည်း ဆိုက်ကပ်ဝန်ဆောင်မှုပေးလျှက်ရှိကြောင်း သိရသည်။
#YMG/SW#Yangon_Times
မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းတွေကို ပင်လယ်ရေကြောင်းကနေ အဓိကတင်ပို့နေပြီး ခုနှစ်လတာအတွင်းအမေရိကန်ဒေါ်လာသန်းပေါင်းနှစ်ထောင်ကျော်ရရှိထားတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကနေ သိရပါတယ်။
#Local_News
Published 30 November 2024
#မြန်မာ့လယ်ယာထွက်ကုန် #ပင်လယ်ရေကြောင်း
#YMG/NN #Yangon_Times
ပြည်တွင်းမှာ စားသုံးမှုများပြားတဲ့ ပေါ်ဆန်းဆန်တစ်လကို ကွန်တိန်နာနှစ်လုံးခန့်သာ မြန်မာနိုင်ငံသားအများစုရှိတဲ့ ပြည်ပနိုင်ငံတွေကို တင်ပို့နေတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သိရပါတယ်။
#Local_News
Published 30 November 2024
#ပြည်တွင်းစားသုံးမှု #မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်
#YMG/NN #Yangon_Times
Page 467 of 2281