ပြည်တွင်း ဆန်စပါးအထွက်တိုးဖို့ဆောင်ရွက်ရာမှာ စိန်ခေါ်မှုတွေရှိနေတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကနေ သိရပါတယ်။
#Local_News
Published 3 December 2024
#ဆန်စပါးအထွက်တိုး #စိန်ခေါ်မှုများရှိ
#YMG/NN #Yangon_Times
ပြည်တွင်း ဆန်စပါးအထွက်တိုးဖို့ဆောင်ရွက်ရာမှာ စိန်ခေါ်မှုတွေရှိနေတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကနေ သိရပါတယ်။
#Local_News
Published 3 December 2024
#ဆန်စပါးအထွက်တိုး #စိန်ခေါ်မှုများရှိ
#YMG/NN #Yangon_Times
#Local_News
Published 3 December 2024
▪️ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်အတွင်းရှိ စွယ်တော်မြတ်စေတီတော်ကြီး ဗုဒ္ဓပူဇနိယပွဲတော်ကို သုံးရက်တိုင် ကျင်းပမည်ဖြစ်ကြောင်းမန္တလေးစွယ်တော်မြတ်စေတီဂေါပကအဖွဲ့မှ သိရသည်။
▪️ အဆိုပါ စွယ်တော်မြတ်စေတီတော်၏ (၂၉)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာဒီဇင်ဘာလ ၃ ရက်မှ ၅ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ယင်းပူဇော်ပွဲကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်များနှင့်အညီ အမရပူရခရိုင်၊ အထွေထွေအုပ်ချုပ်ရေးအဖွဲ့၊ စီမံအုပ်ချုပ်ရေးအဖွဲ့တို့၏ ဦးဆောင်မှုနှင့် မန္တလေးစွယ်တော်မြတ်စေတီတော်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို အစဉ်အလာမပျက် ကျင်းပသွားမည် ဖြစ်ပြီးပွဲတော်တွင် မန္တလေးမြို့ပေါ်ရှိ ဆရာတော်၊ သံဃာတော် ၄၅ ပါးကို ပင့်ဖိတ်ပြီး ဘုရားအမှူးပြုသည့် သံဃာတော် ၄၆ ပါးကို သံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ရာ စေတနာရှင်ပြည်သူများအနေဖြင့် ကုသိုလ်ပါဝင်လာရောက်လောင်းလှူနိုင်ကြောင်း သိရသည်။
▪️ ထို့အပြင် ရွှေကြာသင်္ကန်းရက်လုပ်လှူဒါန်းပွဲ၊ ဆီမီး ၉,ဝဝဝ ပူဇော်ပွဲနှင့် ဓမ္မစကြာ ရွတ်ဖတ်ပူဇော်ပွဲစတဲ့ အခမ်းအနားများလည်းပါဝင်သွားမည် ဖြစ်
ကြောင်း သိရသည်။
#YMG/NN #Yangon_Times
ကမ္ဘာ့ရွှေဈေးကျဆင်းလာခြင်းနဲ့ ရွှေဈေးနဲ့ပတ်သက်ပြီး ကောလဟာလတွေပျောက်ကွယ်သွားတာကြောင့် မြန်မာ့ရွှေဈေးကျဆင်းလာတယ်လို့ သိရပါတယ်။
#Local_News
Published 3 December 2024
#ကမ္ဘာ့ရွှေဈေးကျဆင်း #နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်
#YMG/SW#Yangon_Times
#Local_News
Published 3 December 2024
▪️ နိုင်ငံပေါင်း ၇၀ ပါဝင်ပြသမည့် အာရှ၏အကြီးဆုံးစားသောက်ကုန်နှင့် အဖျော် ယမကာပြပွဲတွင် မြန်မာထုတ်ကုန်များပါဝင်ပြသနိုင်ရန် အာဆီယံ-ဂျပန်စင်တာမှ ဖိတ်ကြားလာကြောင်း သိရသည်။
▪️ ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ Tokyo Big Sight ၌ ၂၀၂၅ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ Foodex Japan 2025 ကုန်စည်ပြပွဲအား ကျင်းပမည်ဖြစ်ပြီး
Foodex Japan ကုန်စည်ပြပွဲသည် အာရှတွင် အကြီးဆုံးစားသောက်ကုန်နှင့် အဖျော် ယမကာပြပွဲဖြစ်ကြောင်း၊ နှစ်စဉ်နိုင်ငံပေါင်း ၇၀ နီးပါးမှ ပြခန်းပေါင်း ၄၀၀၀ နီးပါး ပါဝင်ပြသခဲ့ပြီး လာရောက်ကြည့်ရှုသူ ၈၀၀၀၀ နီးပါးရှိသည့် ပြပွဲတစ်ခုဖြစ်ကြောင်း သိရသည်။
▪️ ပြပွဲတွင် ပဲအမျိုးမျိုးအပါအဝင် လယ်ယာထွက်ကုန်များ (Agricultural Food)၊ အဖျော် ယမကာများ (Drinks, Alcohol and Wine)၊ အစားအသောက်နှင့် ကုန်ကြမ်းပစ္စည်းများ (Food and Ingredients)၊ အော်ဂဲနစ်ထုတ်ကုန်များနှင့် ကျန်းမာရေးအထောက်အကူပြု စားသောက်ကုန်များ (Organic and Wellness)၊ အေးခဲအသားနှင့် ဟင်းသီးဟင်းရွက်များ၊ ရေထွက်ကုန်များ၊ အချိုပွဲနှင့်မုန့်များ၊ ဟင်းခတ်အမွှေးအကြိုင်များ၊ စည်သွတ်ဘူးများ၊ ဆန်နှင့်ခေါက်ဆွဲများ၊ နို့ထွက်ပစ္စည်းများ၊ စားသောက်ကုန်ခြောက်များ (Dried Foods) ကို ပြသရောင်းချနိုင်မည်ဖြစ်ကြောင်း၊
▪️ ကုန်စည်ပြပွဲတွင် ဂျပန်နိုင်ငံနှင့် နိုင်ငံတကာမှ စားသောက်ကုန်နှင့်အဖျော်ယမကာ ထုတ် လုပ်သူများ၊ လက်လီလက်ကား ဖြန့်ဖြူးရောင်းချသူများနှင့် နှစ်စဉ် လာရောက်ပြသလေ့ရှိပြီး ဂျပန်ဈေးကွက်ကို စိုးမိုးထားသည့် ထိပ်တန်းကုမ္ပဏီကြီးများမှလည်း နှစ်စဉ်ပါဝင်ပြသလေ့ ရှိသဖြင့် အဆိုပါကုမ္ပဏီများနှင့် တွေ့ဆုံချိတ်ဆက်နိုင်မည့် အခွင့်အလမ်းများလည်း ရရှိနိုင် မည်ဖြစ်ကြောင်း၊ထို့ပြင်ကုန်စည်ပြပွဲတွင် ဂျပန်နိုင်ငံမှ ဝယ်လက်များနှင့် တိုက်ရိုက်တွေ့ဆုံချိတ်ဆက်နိုင်မည့် Business Matching အစီအစဉ်များလည်း ထည့်သွင်းဆောင်ရွက်ပေးထားသည့်အတွက် မြန်မာနိုင်ငံမှလုပ်ငန်းရှင်များအနေဖြင့် ဂျပန်နိုင်ငံမှဝယ်လက်များနှင့်လည်း တိုက်ရိုက် ချိတ်ဆက်နိုင်မည့် အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
▪️ Foodex Japan 2025 တွင် ပါဝင်ပြသမည့် ၁၈ စတုရန်းမီတာ x ၉ စတုရန်း မီတာအကျယ်ရှိ မြန်မာနိုင်ငံကိုယ်စားပြုပြခန်း (National Pavilion) ၏ ပြခန်းငှားရမ်းမှု ကုန်ကျစရိတ်နှင့် ပြခန်းပြင်ဆင်စရိတ်များကို အာဆီယံ-ဂျပန်စင်တာမှ ကျခံပေးမည်ဖြစ်ပြီး၊ လုပ်ငန်းရှင်များ အနေဖြင့် ဂျပန်နိုင်ငံသို့ လာရောက်သည့် ခရီးသွားလာစရိတ်၊ ကုန်စည်များ သယ်ယူစရိတ်နှင့် အခြားသော စရိတ်စကများကို မိမိအစီအစဉ်ဖြင့် ကျခံရမည်ဖြစ်ကြောင်း၊
▪️ ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှလုပ်ငန်းရှင်များ ပါဝင်ပြသနိုင်ခြင်းဖြင့် မြန်မာ့ထွက်ကုန် များအား ဂျပန်နိုင်ငံနှင့် နိုင်ငံတကာသို့ ဈေးကွက်ပိုမိုထိုးဖောက်နိုင်ရေး၊ ဈေးကွက် ချိတ်ဆက်မှုများ ပိုမိုရရှိနိုင်ရေး၊ နိုင်ငံတကာသို့ မြန်မာ့ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေး၊ လုပ်ငန်းရှင်များအား နိုင်ငံတကာပြပွဲအတွေ့အကြုံများ ရရှိစေရေးနှင့် အခြားလုပ်ငန်းရှင် များ၏ နည်းပညာနှင့် ထုတ်ကုန်ထုတ်လုပ်မှုဆိုင်ရာ အခြေအနေများအား လေ့လာအတုယူ ၍ တန်ဖိုးမြှင့်ဈေးကွက်ဝင်ထုတ်ကုန်များ ပိုမိုတိုးမြှင့်ထုတ်လုပ်တင်ပို့နိုင်ရန်နှင့် ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ခြင်းဖြင့် နိုင်ငံ့စီးပွားရေး ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး များစွာ အထောက် အပံ့ဖြစ်စေနိုင်မည်ဖြစ်ကြောင်း၊Foodex Japan 2025 ကုန်စည်ပြပွဲ၏ မြန်မာနိုင်ငံကိုယ်စားပြုပြခန်း (National Pavilion) တွင် မြန်မာလုပ်ငန်းရှင်များမှ မြန်မာ့လယ်ယာထွက်ကုန်များ၊ ရေထွက်ကုန်များ၊ စားသောက်ကုန်များ၊ ကုန်ကြမ်းနှင့် အဖျော်ယမကာများ ပါဝင်ပြသလိုပါက မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း- ၀၆၇-၄၀၈၆၂၂၊ E-mail:
#YMG/SW#Yangon_Times
#Local_News
Published 3 December 2024
▪️ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ ဆေးလိပ်ငွေ့ကင်းစင်ရေးနေရာ၁၀၂ နေရာ သတ်မှတ်ထားရှိ ဆောင်ရွက်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
▪️ ပြည်တွင်းပြည်ပ ခရီးသွားများစွာ သွားလာသည့်နေရာများတွင် ဆေးလိပ်ငွေ့ကင်းစင်ရေးလုပ်ငန်းများကို ကနဦးအနေဖြင့် ဆောင်ရွက်လျှက်ရှိရာ လက်ရှိတွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ ဘုရား ၁၇ ဆူ၊ ရှေးဟောင်းသာသနိကအဆောက်အအုံ ၃၂ ခု၊ ရုံး/ဌာန ၁၁ ခု၊ ဟိုတယ် ၃၁ လုံး၊ စာသင်ကျောင်း ၆ ကျောင်း၊ စားသောက်ဆိုင် ၉ ဆိုင်၊ ကစားကွင်း/ပန်းခြံ ၄ နေရာအပါအဝင် ဆေးလိပ်ငွေ့ကင်းစင်ရေးနေရာ ၁၀၂ နေရာ သတ်မှတ်ထားရှိနေ ကြောင်းသိရသည်။
▪️ မြန်မာနိုင်ငံတွင် ၂၀၀၆ ခုနှစ်က ပြဋ္ဌာန်းခဲ့သော ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေးဥပဒေအရ အများပြည်သူများ သူတစ်ပါး၏ ဆေးလိပ်ငွေ့ကို ရှူရှိက်ရသည့် အန္တရာယ်မှကင်းဝေးစေရန် ဆေးလိပ်လုံးဝသောက်ခွင့်မရှိသော နေရာများ၊ အကန့်အသတ်ဖြင့်သာ ဆေးလိပ်သောက်ခွင့်ရှိသော နေရာ များကို သတ်မှတ်ပြဋ္ဌာန်းထားရှိကြောင်း သိရသည်။
▪️ အဆိုပါနေရာများမှာ ဆေးရုံအဆောက်အအုံ၊ ရုံးခန်း၊ ဆေးရုံပရဝုဏ်နှင့် ပရဝုဏ်အတွင်းရှိ အခြားအဆောက် အအုံများ၊ ဆေးခန်းများ၊ အားကစားရုံနှင့် အမိုးအကာရှိတဲ့ အားကစားကွင်းများ၊ ကလေးကစားရုံနှင့် ကစားကွင်းများ၊ ကျောင်းပရဝုဏ်အတွင်းရှိ သင်ကြားရေး အဆောက်အအုံ၊ စာသင်ခန်း၊ ရုံးခန်းပရဝုဏ်နှင့် ပရဝုဏ်အတွင်းရှိ အခြားအဆောက်အအုံများ၊ တက္ကသိုလ်ဒီဂရီကောလိပ်၊ ကောလိပ်နှင့် သိပ္ပံတို့၏ သင်ကြားရေး အဆောက်အအုံ၊ စာသင်ခန်းနှင့် ရုံးခန်းများ၊ ဇာတ်ရုံ၊ ရုပ်ရှင်ရုံ၊ ဗီဒီယိုရုံနှင့် အခြားပွဲကျင်းပပြသတဲ့ အဆောက်အအုံများ၊ ကုန်တိုက်၊ ကုန်ပဒေသာဆိုင်၊ စတိုးဆိုင်နှင့် အမိုးအကာရှိတဲ့ ဈေးရုံများ၊ ပြတိုက်၊ မော်ကွန်းတိုက်၊ အများပြည်သူသုံး စာကြည့်တိုက်နှင့် စာဖတ်ခန်းများ၊ ဓာတ်လှေကားနှင့် ရွေ့လျားစက်လှေကားများ၊ ခရီးသည်သယ်ယူပို့ဆောင်သော မော်တော်ယာဉ်များနှင့် လေယာဉ်များ၊ လေအေးစက် တပ်ဆင်ထားသော အများပြည်သူသုံးအခန်းများ၊ အများပြည်သူ သုံးခန်းမကြီးများ၊ ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းနှင့် သင်တန်းကျောင်းများ၏ သင်ကြားရေးအဆောက်အအုံနှင့် စာသင်ခန်းများပါဝင်ကြောင်း သိရသည်။
▪️ ထို့အပြင် ရုံးဌာန၊ စက်ရုံ၊ အလုပ်ရုံ၊ ဟိုတယ်၊ မိုတယ်၊ ဧည့်ဂေဟာ၊ တည်းခိုရိပ်သာ၊ ဘူတာရုံ၊ လေဆိပ်၊ သင်္ဘောဆိပ် အဝေးပြေးကားဂိတ်၊ ပျော်ပွဲစားရုံ၊ ရထားနှင့် ရေယာဉ်များ၊ အဆောက်အအုံ၊ အခန်းနှင့်နေရာများတွင်မူ ဆေးလိပ်သောက်ခွင့်ရှိသော နေရာများကို သီးသန့်စီမံထားရှိရန် လိုအပ်ကြောင်းလည်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 3 December 2024
▪️ ယခုလ ၆ရက်မှစတင်ကာ “Kaiser” လိပ်ပြာပုံ စာပို့တံဆိပ်ခေါင်းသစ်တစ်မျိုးကို ရောင်းချပေးသွားမည်ဖြစ်ကြောင်းပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းမှ သိရသည်။
▪️ မြန်မာ့စာတိုက်လုပ်ငန်းက သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ မြန်မာနိုင်ငံ၌တွေ့ရှိရသော လိပ်ပြာမျိုးစိတ်အဖြစ် မှတ်တမ်းတင်သဘောထားမှတ်ချက်ပြုထားသည့် “Kaiser” လိပ်ပြာပုံ ကို ပုံနှိပ်၍ ၂၀၀ ကျပ်တန် စာပို့တံဆိပ်ခေါင်းသစ်အဖြစ် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ နတ်တော်လဆန်း ၆ ရက် (သောကြာနေ့) တွင်စတင်ရောင်းချမည်ဖြစ်ကြောင်း၊ ထိုနေ့ နံနက် ၉ နာရီခွဲမှစတင်ကာ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်းရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက် တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW#Yangon_Times
Page 465 of 2281