#Health_Matters
Published - 10 Sep 2022
- ခရုအဖျားကို ဘယ်လိုကာကွယ်နိုင်မလဲ??
#Yangon_Media_Group
#Local_News
Published _ 10 September 2022
ကချင်ပြည်နယ်ရှိ လွယ်ဂျယ်နှင့်ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးစခန်းတွေက နှစ်စဉ်တရုတ်နိုင်ငံသို့ စိုက်ပျိုးရေးထွက်ကုန်များကို တင်ပို့လျက်ရှိနေပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 10 Sep 2022
- ခရုအဖျားက ကြောက်စရာကောင်းပါသလား??
#Yangon_Media_Group
#DailyNews
Published _ 10 September 2022
၁။ ကန်ပိုက်တီနှင့် လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန် ယွမ်ငွေပမာဏ ၅ သိန်း ၁ သောင်းကျော်ရှိနေ
၂။ ရွှေဒင်္ဂါးပြားထုတ်ရောင်းမှုကြောင့် ရွှေဈေးကွက်အရောင်းအဝယ်အေးနေ
၃။ လေဖိအားနည်းရပ်ဝန်းနှင့်လေပွေလှိုင်းများကြောင့် မိုးဆက်ရွာဦးမည်
၄။ ဂျာကာတာမီးရထားဘူတာရုံ ဇွန်ဘီအခင်းအကျင်းဖြင့် ပြင်ဆင်ကာ ခရီးသည်များကို ဖျော်ဖြေမှုရသအသစ်ပေးနေ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 10 Sep 2022
-ခရုအဖျားဆိုတာ ဘာလဲ???
#Yangon_Media_Group
#Local_News
Published _ 10 September 2022
လာမည့် သီတင်းကျွတ်မီးထွန်းပွဲတော်အတွက် မြန်မာ့ရိုးရာလက်မှုပညာတစ်ခုဖြစ်သည့် လက်လုပ်မီးပုံးများကို မန္တလေးဈေးကွက်တွင် စတင်ရောင်းချနေပြီး ယခင်နှစ်များထက် ဈေးအနည်းငယ်မြင့်တက်လာမှုရှိနိုင်ကြောင်း နှစ်စဉ်ရောင်းချနေသူအချို့မှ သုံးသပ်ထားသည်။
သီတင်းကျွတ်လပြည့်နေ့ကို အဓိကထားရောင်းချခြင်းဖြစ်ကာ ဘိုးစဉ်ဘောင်ဆက် မိရိုးဖလာ အလေ့အထတစ်ခုဖြစ်သောကြောင့် ပွဲတော်နေ့တွင် ဝယ်ယူမည့်သူများအဆင်ပြေစေရန် အတတ်နိုင်ဆုံးဈေးသက်သာစွာဖြင့် ရောင်းချပေးမည်ဟု မန္တလေးဈေးကွက်ရှိ မီးပုံးပြုလုပ်ရောင်းချသူတစ်ဦးက ဆိုသည်။
"ကြာဖူးပုံတွေနဲ့ ကလေးတွေကြိုက်တတ်တဲ့ လေယာဉ်ပျံပုံတွေ၊ ကားပုံတွေ၊ တိရစ္ဆာန်ပုံလေးတွေနဲ့ သင်္ဘောပုံတွေနဲ့ အခြားသောပုံတွေကို ကြိုတင်ပြုလုပ်ထားပါတယ်။ အဓိကကတော့ လပြည့်နေ့ကို ရည်ရွယ်ပေမယ့် အခုထဲက လာမှာကြတာတွေလည်းရှိပါတယ်။ တစ်နှစ်တခါ ဈေးကွက်ကတော့ပုံမှန်ပါပဲ၊ အခုက ကုန်ကြမ်းဈေးတက်တော့ ပစ္စည်းဈေးပါ အနည်းငယ်လိုက်တတ်တဲ့သဘောမျိုးပါ" ဟု ၎င်းက ပြောသည်။
အရုပ်အမျိုးအစား ၁၂မျိုးလောက် ရှိပြီး တရုတ်နိုင်ငံမှတင်သွင်းသည့် မှန်ရောင်စက္ကူ၊ ဆီစိမ်စက္ကူများဖြင့် ပြုလုပ်ကာ အရွယ်အစားဒီဇိုင်းတွေပေါ်မူတည်၍ အနည်းဆုံး ငွေကျပ် ၅၀၀မှ အများဆုံး ငွေကျပ် သောင်းဂဏန်းအထိရှိသည်။
သီတင်းကျွတ်မီးထွန်းပွဲတော်ရာသီ ထုတ်ကုန်များကို မြန်မာနိုင်ငံ အနှံအပြားသို့ တင်ပို့ရောင်းချနေလျှက်ရှိပြီး မှန်ရောင်စက္ကူ၊ ဆီစိမ်စက္ကူများအသုံးပြုကာ တင်းဝါးများဖြင့် ပုံစံမျိုးစုံ ပုံဖော်ပြုလုပ်သည့် မြန်မာ့လက်မှုပညာဖြစ်ပြီး သီတင်းကျွတ်လ၏ မြန်မာ့ဓလေ့တစ်ခုလည်း ဖြစ်ကြောင်း သိရသည်။


#ymg/NN
#Yangon_Media_Group
#Local_News
Published - 10 September 2022
၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ဆေးတက္ကသိုလ်များနှင့်သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များသို့ ဝင်ခွင့်လျှောက်ထားသူများအနက် ဝင်ခွင့်လူတွေ့နှုတ်မေးစာမေးပွဲသို့ ဝင်ရောက်ဖြေဆိုခွင့်ရရှိသူများစာရင်းကို ကျန်းမာရေးဝန်ကြီးဌာနကစက်တင် ဘာလ(၉)ရက်က ထုတ်ပြန်ကြေညာထားကြောင်း သိရသည်၊၊
အဆိုပါ ထုတ်ပြန်ကြေညာထားသည့် စာရင်းများအရဆေးတက္ကသိုလ်များနှင့်သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များတွင် ဝင်ခွင့်လူတွေ့နှုတ်မေးစာမေးပွဲသို့ ဝင်ရောက်ဖြေဆိုခွင့်ရရှိသူ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၁၃၃၅)ဦးရှိကြောင်း သိရသည်၊၊
လူတွေ့နှုတ်ဖြေစာမေးပွဲများကို စက်တင်ဘာလ(၁၂) ရက်မှ(၂၂)ရက်အထိ နေပြည်တော်သားဖွားသင်တန်းကျောင်းတွင် ကျင်းပသွားမည်ဖြစ်ပြီး ခုံအမှတ်များအလိုက် တစ်ရက်ကိုလူဦးရေ(၁၅၀)ဦးခန့် ဖြေဆိုကြရမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်၊၊
ဆေးဘက်ဆိုင်ရာတက္ကသိုလ်များသို့ ဝင်ခွင့်ရသူများ၏ အမည်စာရင်းနှင့် ခုံနံပါတ်များကို ကျန်းမာရေးဝန်ကြီးဌာန၏ Facebook page၊Website၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၏ website၊ ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များ၊အဆင့်မြင့်ပညာဦးစီးဌာန Website၊ လျှောက်လွှာလက်ခံသော တက္ကသိုလ်(၂၆) ခုတွင် ကြေငြာထားပြီးဖြစ်ပြီး ဝင်ခွင့်လူတွေ့နှုတ်မေး စာမေးပွဲကိုလာရောက်ဖြေဆိုကြရန် ကျန်းမာရေးဝန်ကြီးဌာနက နှိုးဆော်ထားကြောင်း သိရသည်၊၊
#ymg/tthl
#Yangon_Media_Group
Page 2021 of 2476