#LocalNews
Published _ 11 September 2022
မွန်ပြည်နယ်အတွင်း မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၉ ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၆၅၀၁၁ ဒသမ ၇၅၁ သန်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှစ်ခုမှ အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၁၆၉ သန်းကို ရင်းနှီးမြှုပ်နှံထားကြောင်း မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ (၃/၂၀၂၂) အစည်းအဝေးမှတ်တမ်းတွင် ဖော်ပြထားသည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှုတွင် ပြည်တွင်းအလုပ်သမား ၃၂၆၃ ဦး၊ ပြည်ပအလုပ်သမား ၁၅၉ ဦး အလုပ်သမားဝန်ထမ်းအင်အား စုစုပေါင်း ၃၄၂၂ ဦးကို အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ကြောင်းလည်း သိရသည်။
သို့သော် အဆိုပါ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ မည်သည့်ကာလမှ မည်သည့်ကာလအတွင်းက ဖြစ်သည်ကိုမူ ဖော်ပြထားခြင်း မရှိပေ။
မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ (၃/၂၀၂၂) အစည်းအဝေးကို စက်တင်ဘာလ ၇ ရက်က ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပခဲ့ရာ မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက မွန်ပြည်နယ်မှာစီးပွားရေးအရ အချက်အချာကျသည့် နေရာတစ်ခုဖြစ်ပြီး ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုဖိတ်ခေါ်၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးကို ပူးပေါင်းဆောင်ရွက်ကြရန်၊ စီးပွားရေးနှင့်ပတ်သက်သည့် အခြေခံအဆောက်အဦများနှင့် ရေရှည်ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နိုင်ရေးကိုလည်း အလေးထား ဆောင်ရွက်ကြရန် ၊ စက်မှုဇုန်အနေဖြင့် စက်ရုံများမှ စွန့်ပစ်ရေဆိုးများနှင့် အညစ်အကြေးများကို စနစ်တကျ ဆောင်ရွက်ကြရန်၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်ရန် ပြောကြားခဲ့သေးကြောင်းလည်း နစက သတင်းထုတ်ပြန်ချက်များအရ သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published _ 11 September 2022
ရခိုင်ပြည်နယ်၊မင်းပြားမြို့၊ပန်းမြောင်းဈေးတွင် ယနေ့ စက်တင်ဘာလ ၁၁ ရက် နံနက် ၁ နာရီခန့်အချိန်က မီးလောင်မှုဖြစ်ပွား၍ လူနေအိမ်နှင့်ဈေးဆိုင်ခန်းများ မီးထဲပါသွားကြောင်း သိရသည်။
မီးစတင်လောင်ကျွမ်းမှုမှာ ဖုန်းအရောင်းဆိုင်တစ်ဆိုင်မှ စတင်ခြင်းဖြစ်ကြောင်း၊၊လတ်တလောတွင် ပျက်စီးဆုံးရှုံးမှုစာရင်းကို အတိအကျ မသိရသေးကြောင်းလည်း ဒေသခံများကဆိုသည်။
"မီးက မနက် ၁ နာရီလောက်ကပဲ လောင်လိုက်တာ ၄ နာရီလောက်မှ ငြိမ်းစပြုပါတယ်။မီးငြှိမ်းရတာကလည်း အနီးအနားကလူတွေအားကောင်းတာကြောင့် အဆင်ပြေတယ်လို့ပဲ ပြောရမှာပါ။ဈေးနားက အိမ်က ၄ လုံး ၅ လုံးလောက်တော့ ပါသွားတယ်။ဆိုင်ခန်းတွေကတော့ စားသောက်ကုန် လူသုံးကုန်ဆိုင်တွေပေါ့"ဟု ဒေသခံတစ်ဦးက ပြောသည်။
မီးလောင်မှုကြောင့် လူထိခိုက်ဒဏ်ရာမရရှိခဲ့ကြကြောင်းနှင့် လက်ရှိအချိန်ထိ မီးလောင်မှုများကို သက်ဆိုင်ရာက စစ်ဆေးတွက်ချက်မှုများ ပြုလုပ်နေဆဲဖြစ်ကြောင်းလည်း သိရသည်။
photo-MYK
ymg/mt
#Yangon_Media_Group
#Local_News
Published 11 Sept 2022
ရှမ်းပြည်နယ်( အရှေ့ပိုင်း)တာချီလိတ်မြို့တွင် မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် စိုးရိမ်ရေမှတ် အထက်ကျော်လွန်ခဲ့သော်လည်း ယနေ့ နံနက်အစောပိုင်းမှစ၍ ရေများတဖြည်းဖြည်းပြန်လည်ကျဆင်းလျက်ရှိကြောင်း သိရသည်။
ယမန်နေ့ညပိုင်းအချိန်က မိုးများအဆက်မပြတ်ရွာသွန်းခဲ့ရာ ယနေ့နံနက်အစောပိုင်း ၁ နာရီကျော်အချိန်ခန့်တွင် ရေချိန်မှတ် ၃၉၀ cm ကျော်မြင့်တက်ခဲ့ပြီး စိုးရိမ်ရေမှတ်အထက် ကျော်လွန်ခဲ့ကြောင်း၊သို့ရာတွင်နံနက် ၂ နာရီကျော်အချိန်ခန့်တွင် ရေများတ ဖြည်းဖြည်းပြန်လည်ကျဆင်းခဲ့ကြောင်းသိရသည်။
ရေကြီးရေလျှံမှုဖြစ်ပေါ်ပါက ကူညီကယ်ဆယ်ရေးအတွက် နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီးမင်းမင်းထွန်းဦးဆောင်သောတပ်မတော်သားများ၊ခရိုင်အုပ်ချုပ်ရေးမှူးဦးမြင့်နိုင်၊မြို့နယ်အုပ်ချုပ်ရေးမှူးဦးတင်ဦးကျော်နှင့်တာဝန်ရှိသူများ၊လူမှုကူညီရေးပရဟိတအသင်းဝင်များက ရေကြီးရေလျှံမှု အဆိုးဝါးဆုံးဖြစ်ပေါ်တတ်သော နေရာများတွင် ကူညီကယ်ဆယ်ရေးအတွက် အသင့်စောင့်ဆိုင်းခြင်း၊ရေကင်းများချထားခြင်းတို့ကိုဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ယနေ့နံနက် ၉ နာရီအချိန်ခန့်တွင် မြို့တွင်းရပ်ကွက်များနှင့် လမ်းမကြီးပေါ်တွင် ရေတင်မှုများရှိသေးသော်လည်း ပုံဆက်သွယ် သွားလာလှုပ်ရှားလျက်ရှိပြီး တာဝန်ရှိသူများက ကူညီကယ်ဆယ်ရေးအတွက် အရေးပေါ်အစည်းအဝေးပြုလုပ်လျက်ရှိကြောင်းသိရှိရသည်။
ymg/ys-tcl
#Yangon_Media_Group





Published 11 Sept 2022
မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးနိုင်ငံ Republic of Buryatia ပြည်နယ်တို့အကြား ကျန်းမာရေး၊ သတ္တုတူးဖော်ရေး ၊ရထားပို့ဆောင်ရေးနည်းပညာများပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ရုရှားဖက်ဒရေးရှင်းကို ရောက်ရှိနေတဲ့ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်နှင့် Republic of Buryatia ပြည်နယ် အစိုးရအဖွဲ့အကြီးအကဲ Aleksey Sambuyevich Tsydenov တို့ စက်တင်ဘာ ၉ရက်က အဆိုပါပြည်နယ်မှာ ဆွေးနွေးခဲ့ကြ တာဖြစ်တယ်လို့ နစကပြန်ကြားရေးသတင်းထုတ်ပြန်ချက်ကဆိုပါတယ်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် အဏုမြူနည်းပညာအသုံးပြု၍ ရောဂါရှာဖွေစမ်းသပ်နိုင်မှုနှင့် ရှာဖွေတွေ့ရှိလာသည့် ရောဂါများကို ခေတ်မီနည်းပညာများ အသုံးပြု၍ ကုသမှုများ ဆောင်ရွက်ပေးနိုင်သည့် အခြေအနေများအပါအဝင် ကျန်းမာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဆေးပညာရှင်အချင်းချင်း၊ ဆေးရုံများအချင်းချင်း အပြန်အလှန် ဖလှယ်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ သဘာဝသယံဇာတ တွင်းထွက်ပစ္စည်းများ တူးဖော်မှုဆိုင်ရာ နည်းပညာရပ်များကို ရှာဖွေထုတ်လုပ်ရာတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ရထားသယ်ယူပို့ဆောင်ရေးဆိုင်ရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်စွမ်းအင်သုံး ခေါင်းတွဲများ၊ ဒီဇယ်ခေါင်းတွဲများ၊ ဓာတ်ငွေ့သုံး ခေါင်းတွဲများ၊ ကိုယ်ထည်တွဲများ ထုတ်လုပ်ခြင်းနည်းပညာဆိုင်ရာများ၊ မောင်းနှင်ခုတ်မောင်းမှုဆိုင်ရာ နည်းပညာများ၊ မီးရထားနှင့် ဆက်စပ်သည့် လုပ်ငန်းဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် အခြားကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့ သတင်းမှာ အသေးစိတ်ဖော်ပြထားပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဝင်တွေဟာ Republic of Buryatia ပြည်နယ်အစိုးရအဖွဲ့အကြီးအကဲ Aleksey Sambuyevich Tsydenov နှင့် အဖွဲ့ဝင်တွေလိုက်ပါပြီး စက်တင်ဘာ (၁၀)ရက် နံနက်ပိုင်းတွင် Ulan-Ude မြို့ရှိ ရုရှားသိပ္ပံအကယ်ဒမီ၊ နျူကလီးယား ဆေးဘက်ဆိုင်ရာစင်တာ၊ ကင်ဆာဌာနနှင့် ရထားစက်ခေါင်း ပြင်ဆင်ရေးအလုပ်ရုံတို့သို့ သွားရောက်ကြည့်ရှု လေ့လာခဲ့ကြတယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။
Source SAC’s Infomation




#LocalNews
Published 11 September 2022
၂၀၂၃ အာရှ ယူ-၂၀ ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲစဉ် (2023 AFC U-20 Asian Cup Qualification) ပြိုင်ပွဲ အုပ်စု(က) ပွဲစဉ်အဖြစ် မြန်မာ ယူ -၂၀ အသင်း နှင့် တရုတ် ယူ-၂၀ အသင်းတို့ မြန်မာစံတော်ချိန် စက်တင်ဘာ ၁၁ ၊ နံနက် (၁) နာရီတွင် ဆော်ဒီအာရေဗျနိုင်ငံ၊ Al Khobar မြို့ရှိ Prince Saud bin Jalawi ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ တရုတ် ယူ-၂၀ အသင်းက (၃-၁) ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကသိရသည်။
ပထမပိုင်းတွင် (၁-၁)ဂိုး သရေကျနေသော်လည်း ဒုတိယပိုင်းပြီးခါနီးတွင် မြန်မာအသင်း ပင်နယ်တီ (၂) ကြိမ်ဆက်ပေးခံရသဖြင့် တရုတ်အသင်း အနိုင်ရရှိသွားခြင်းဖြစ်ကြောင်းလည်း သိရသည်။
အစောပိုင်း ယှဉ်ပြိုင်ကစားခဲ့သော အုပ်စု(က) ပွဲစဉ်ဖြစ်သည့် မော်လ်ဒိုက်နှင့် ဥဇဘက်ကစ္စတန်အသင်းတို့ ပွဲစဉ်တွင် ဥဇဘက်ကစ္စတန် အသင်း က(၇- ဝ) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
အာရှ ယူ-၂၀ ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲစဉ်တွင် မြန်မာအသင်းအနေဖြင့်စက်တင်ဘာလ ၁၂ ရက်တွင် ဥဇဘက်ကစ္စတန် အသင်းနှင့်လည်းကောင်း၊ စက်တင်ဘာလ ၁၆ ရက်တွင် ဆော်ဒီအာရေဗျ နိုင်ငံအသင်းနှင့်လည်းကောင်း၊ စက်တင်ဘာလ ၁၈ ရက်တွင် မော်လ်ဒိုက်အသင်းနှင့်လည်းကောင်း ဆက်လက်ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon _Media_Group


#Local_News
Published - 10 September 2022
စက်တင်ဘာလထဲမှာ မြန်မာနိုင်ငံမြောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ မုတ်သုန်လေစတင် ဆုတ်ခွာသွားဖို့ရှိတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးလှထွန်းက ပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published-10 Setember 2022
အစိုးရကနေ ရွှေဒင်္ဂါးပြားထုတ်ရောင်းမှုတွေကြောင့် လက်ရှိရွှေဈေးကွက်အခြေအနေမှာ အရောင်းအဝယ်အေးနေတယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
Page 2020 of 2476