#Local_News
Published _ 8 September 2022
ပုံမှန်အလှူရှင်တွေ နည်းပါးလာပြီး အတက်အကျမငြိမ်တဲ့ စက်သုံးဆီဈေးနှုန်း ဂယက်တွေကြောင့် ပရဟိလူမှုကူညီကယ်ဆယ်ရေးအသင်းတွေအနေနဲ့ အသင်းကို ဆက်သွယ်အကူညီတောင်းခံလာတဲ့အခါ အခက်အခဲတချို့နဲ့ ရင်ဆိုင်နေရပါတယ်။
#Yangon_Media_Group
#Local_News
Published _ 8 September 2022
ရခိုင်ပြည်နယ်မှာ ဒေသတွင်း မတည်မငြိမ်တဲ့အတွက် နယ်စပ်ကုန်သွယ်ရေး အနည်းငယ် တုံ့ဆိုင်းနေပါတယ်။
#Yangon_Media_Group
#Local_News
Published-8 Setember 2022
ကိုဗစ်-၁၉ ရောဂါကူးစက်သူနဲ့ သေဆုံးသူဦးရေတွေ တိုးလာပေမယ့် လတ်တလောမှာတော့ ကိုဗစ်နဲ့ပတ်သက်ပြီးကန့်သတ်ချက်တွေကို ထုတ်ပြန်ဖို့ မရှိသေးဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနကနေ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 8 September 2022
၁။ ကိုဗစ်-၁၉ ကူးစက်သူနှင့် သေဆုံးသူဦးရေတိုးလာသော်လည်း ကန့်သတ်ချက်များထုတ်ပြန်ဖို့ မရှိသေးဟုဆို
၂။ ရခိုင်ပြည်နယ်အတွင်းမငြိမ်မသက်မှုများကြောင့် ကုန်သွယ်ရေးအနည်းငယ် တုံ့ဆိုင်း
၃။ လူမှုကူညီရေးအသင်းအချို့မှ အကူညီတောင်းခံလာသူများအား တတ်အားသလောက် ပြန်လှူဒါန်းပေးရန် မေတ္တာရပ်ခံထား
၄။ ကမ္ဘောဒီးယားကျောင်းများတွင် ကလေးများကို သီးနှံစိုက်ပျိုးရေးအတတ်ပညာများ သင်ကြားပေးလျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published - 8 September 2022
အခုရက်ပိုင်းအတွင်းမှာ ကိုဗစ်ပိုးတွေ့လူနာသစ်တွေ့ရှိမှုဟာ (၂၄)နာရီအတွင်းလူနာသစ် ၉၀ကျော်၊ ၁၀၀ ကျော်မှ (၂၀၀)ကျော်အထိ တွေ့ရှိလာရတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်တွေအရ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published _ 8 September 2022
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ စာတော်ကျေးရွာအုပ်စု၊ စာတောကျေးရွာ၊ လိပ်ဆံတင်းရပ်ရှိ ယက္ကန်းအထည်ဆိုင် လက်လုပ်မိုင်းဖြင့်ပစ်ပေါက်ခံရသောကြောင့် တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။
စက်တင်ဘာလ ၇ ရက် ည ၇ နာရီ ၄၅ မိနစ်က အမည်မသိလူနှစ်ဦးက လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ခဲ့ခြင်းဖြစ်သောကြောင့် အသက်(၆၇)နှစ်အရွယ်အမျိုးသမီးကြီးတစ်ဦး သေဆုံးခဲ့ကာ အမျိုးသား(၂)ဦးနှင့်အမျိုးသမီး(၁)ဦး စုစုပေါင်း(၃)ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ရကြောင်း သိရသည်။
အဆိုပါ လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် အသက်(၆၇)နှစ်အရွယ်အမျိုးသမီးကြီးတစ်ဦးမှာ ညာခြေပြတ် ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအပြင် ဆိုင်ပိုင်ရှင် အသက်(၅၃)နှစ်အရွယ် အမျိုးသား၏ လက်ဝဲလက်မောင်း၊ လက်ဝဲဗိုက်၊ လက်ဝဲခြေထောက်ထိမှန် ဒဏ်ရာများ၊ အသက်(၅၃)နှစ်အရွယ် အမျိုးသမီးတစ်ဦးတွင် လက်ယာတံတောင်၊ လက်ယာခြေကျင်းဝတ်၊ လက်ယာခြေဖမိုး၊ လက်ဝဲဒူးခေါင်း၊လက်ဝဲခြေသလုံး၊ လက်ဝဲခြေဖမိုး ဒဏ်ရာများ၊ အသက်(၃၃)အရွယ်အမျိုးသားတစ်ဦးတွင် လက်ဝဲဒူးခေါင်း၊ လက်ယာခြေဖမိုးထိမှန်ဒဏ်ရာ အသီးသီးရရှိခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
Published 8 Sept 2022
ကာတာရီတယ်လီကွန်မျူနီးကေးရှင် ကုမ္ပဏီ အော်ရီဒူးဟာ ယင်းရဲ့ မြန်မာလုပ်ငန်းဖြစ်တဲ့ အော်ရီဒူးမြန်မာကို စင်္ကာပူ အခြေစိုက် နိုင်းကွန်မျူနီကေးရှင် ကုမ္ပဏီ Nine Communications ကို လုပ်ငန်းတန်ဖိုး အမေရိကန်ဒေါ်လာ ၅၇၆ သန်းခန့်နှင့် စုစုပေါင်းအစုရှယ်ယာထည့်သွင်းစဉ်းစားမှု၁၆၂သန်းနှင့် ရောင်းချဖို့ သဘာတူစာချုပ်လက်မှတ်ရေးထိုးလိုက်ပြီဖြစ်တယ်လို့ ရိုက်တာနှင့် ဒူဘိုင်းအခြေစိုက်မီဒီယာတွေက သတင်းဖော်ပြကြပါတယ်။
အော်ရီဒူးမြန်မာနှင့်အော်ရီဒူးမြန်မာဖင်းတက်ခ်ကုမ္ပဏီ Ooredoo Myanmar Fintech နှစ်ခုစလုံးရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ အော်ရီဒူးအေးရှားရဲ့ အစုရှယ်ယာ ၁၀၀ ရာခိုင်နှုန်းကို ပြန်လည်ရောင်းချတာဖြစ်ပါတယ်လို့ ဒိုဟာအခြေစိုက် ကုမ္ပဏီက ပြောပါတယ်။
ဒီအရောင်းအဝယ်ကို အော်ရီဒူး ဒါရိုက်တာဘုတ်အဖွဲ့နှင့် နိုင်းကွန်မျူနီကေးရှင် ကုမ္ပဏီနှစ်ဘက်စလုံးက အတည်ပြုပြီးပြီလို့ ပြောပါတယ်။ လုပ်ဖို့ကျန်တာတွေက လုပ်ဆောင်နေကျ ပိတ်သိမ်းတဲ့လုပ်ငန်းတွေနှင့် မြန်မာနိုင်ငံ ဆက်သွယ်ရေးအာဏာပိုင် ရဲ့ အတည်ပြုချက်ရရှိဖို့ပဲဖြစ်ပါတယ်။
ဒီလိုရောင်းချတာဟာ ကုမ္ပဏီပြုပြင်ဖွဲ့စည်းမှုရဲ့ အကျိုးဆက်တစ်ခုဖြစ်တယ်လို့ အော်ရီဒူးအုပ်စုရဲ့ စီအီးအိုနှင့် မန်းနေးဂျင်း ဒါရိုက်တာ အာဇစ် အာလုမင်း ဖက်ခရိုကပြောပါတယ်။
အော်ရီဒူးမြန်မာဟာ ရန်ကုန်အခြေစိုက် တယ်လီဖုန်းအော်ပရတာဖြစ်ပြီး မိုဘိုင်းဆက်သွယ်ရေးနှင့် အင်တာနက် ဝန်ဆောင်မှု တွေကို လုပ်ဆောင်နေတာဖြစ်ပါတယ်။
နိုင်းကွန်မျူနီကေးရှင်းကုမ္ပဏီဟာ စင်ကာပူမှာ SPV ပေါင်းစည်းထားတဲ့ကုမ္ပဏီဖြစ်ပြီး Link Family Office နှင့် မြန်မာလူမျိုး ဦးဉာဏ်ဝင်းပိုင်ဆိုင်တာဖြစ်တယ်လို့ ဒူဘိုင်းအခြေစိုက်မီဒီယာတစ်ခုကရေးသားပါတယ်။
Source: Reuters/ and other media
Page 2025 of 2476