Demoso, August 19, 2025 — The Myanmar military (Tatmadaw) has fully regained control of Demoso Town in Kayah State on August 19, after it had been temporarily under the control of KNPP, KNDF, and PDF insurgents, according to an official statement released by the government’s Information Team.
During the 16-day military operation to retake Demoso, 23 clashes of varying scale broke out between Tatmadaw forces and insurgents. The operation resulted in the recovery of six enemy bodies and five assorted weapons, while some security personnel were reported killed or injured, the statement said.
According to the report, the insurgents had infiltrated and occupied areas in Demoso Township since November 2023, disguising themselves as local villagers.
The Tatmadaw further stated that, following the recapture, necessary security and clearance operations are continuing in Demoso Town.
Military columns have also cleared the roads linking Loikaw and Demoso, with the aim of reopening the main Loikaw–Demoso highway in the near future, the announcement added.
The Demoso offensive was part of the “Yan Naing Min” military operation, under which the Tatmadaw has conducted clearance campaigns against insurgent-controlled towns, villages, and transport routes across southern Shan State and Kayah State.
As part of this broader campaign, the Tatmadaw recaptured Hsihseng on May 15, 2024, reopened the Hopong–Hsihseng–Loikaw road on May 29, 2024, regained control of Mobye on July 6, 2025, reopened the Pinlaung– Hsawngpyaung- Pekon–Mobye–Loikaw road on July 11, 2025, and secured the entire eastern part of Pekon Lake on July 31, 2025, according to the statement.
#ymg/knl
၁၉ ဩဂုတ် ၂၀၂၅
KNPP၊ KNDF အဖွဲ့များနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ယာယီထိန်းချုပ်ထားသည့် ကယား ပြည်နယ်၊ ဒီးမော့ဆိုမြို့ အား တပ်မတော်က ယနေ့ဩဂုတ် ၁၉ ရက်တွင် အပြည့်အဝ ပြန်လည် ထိန်းချုပ် နိုင်ပြီလို့ အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။
ဒီးမော့ဆို မြို့ပြန်လည်ထိန်းချုပ်ရေး တပ်မတော်ရဲ့စစ်ဆင်ရေးကာလ (၁၆)ရက်အတွင်း အကြမ်းဖက်သောင်းကျန်းသူများနှင့် တိုက်ပွဲကြီး/ငယ်(၂၃)ကြိမ်ဖြစ်ပွားခဲ့ပြီး ရန်သူထံမှ အလောင်း(၆)လောင်းနှင့် လက်နက်မျိုးစုံ(၅)လက် သိမ်းဆည်းရမိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ကျဆုံး၊ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရပါတယ်။
အဆိုပါ အကြမ်းဖက်သောင်းကျန်းသူများသည် ဒီးမော့ဆိုမြို့နယ်အတွင်း ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစ၍ ကျေးရွာသူ၊ ကျေးရွာသားများအသွင်ဖြင့် စိမ့်ဝင်ပုံဖျက် ဝင်ရောက်နေရာယူခဲ့ကြောင်းသိရပါတယ်။
တပ်မတော်က ပြန်လည်ထိန်းချုပ်လိုက်တဲ့ အဆိုပါ ဒီးမော့ဆိုမြို့တွင် လိုအပ်သည့် နယ်မြေလုံခြုံရေးနှင့်နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေတယ်လို့လည်း အဆိုပါသတင်းမှာ ဆက်လက်ဖော်ပြထားပါတယ်။

တပ်မတော်စစ်ကြောင်းများက လွိုင်ကော်မြို့ နှင့် ဒီးမော့ဆိုမြို့တို့အား ဆက်သွယ်ထားသည့် လမ်း ကြောင်းအား အပြီးတိုင်ဆက်လက်ရှင်းလင်းပေးခြင်းဖြင့် လွိုင်ကော်၊ ဒီးမော့ဆို ဆက်သွယ်ရေး လမ်းမ ကြီးအား မကြာမီအချိန်တွင်ပြန်လည်ဖွင့်လှစ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိတယ်လို့လည်း သတင်းထုတ် ပြန်ချက်မှာဖော်ပြထားပါတယ်။
တပ်မတော်က “ရန်နိုင်မင်း” စစ်ဆင်ရေးဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ကယားပြည်နယ်အတွင်း အကြမ်းဖက်သောင်းကျန်းသူများ ထိန်းချုပ်/ပိတ်ဆို့ထားသည့် မြို့/ရွာများ၊ ဆက်သွယ်ရေးလမ်းကြောင်းများအား အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးကိုဆောင်ရွက်ခဲ့ပြီး ဒီးမော့ဆိုမြို့ကို ပြန်လည်ထိန်းချုပ် နိုင်ခဲ့တာဖြစ်ပါတယ်။
ရန်နိုင်မင်း” စစ်ဆင်ရေးဖြင့် အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးကိုဆောင်ရွက်ခဲ့ရာ ၂၀၂၄ ခုနှစ်၊ မေ ၁၅ ရက်နေ့တွင် ဆီဆိုင်မြို့အားပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ဟိုပုံး-ဆီဆိုင်-လွိုင်ကော် လမ်းကြောင်းအား မေလ ၂၉ရက်နေ့တွင်လည်းကောင်း၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၆ ရက်နေ့တွင် မိုးဗြဲမြို့အားပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ပင်လောင်း-ဆောင်းပြောင်း-ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော်လမ်းကြောင်းအား ဇူလိုင် ၁၁ ရက်နေ့တွင်လည်း ကောင်း၊ ဖယ်ခုံအင်း အရှေ့ဘက်ခြမ်းဒေသတစ်ခုလုံးအား ဇူလိုင် ၃၁ ရက်နေ့တွင်လည်းကောင်း ပြန်လည် ထိန်းချုပ်ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်းသိရှိရပါတယ်။
#ymg/knl
၁၉ ဩဂုတ် ၂၀၂၅
၂၀၂၅ မတ်လ ၂၈ ရက်တွင် မြန်မာနိုင်ငံ၌ လှုပ်ရှားခဲ့သော မဂ္ဂနီကျုဒ်(ပြင်းအား) ၇.၇ ရှိ ငလျင်ကြောင့် ကျယ်ကျယ်ပြန့်ပြန့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး လူပေါင်း ၃,၈၀၀ ကျော် သေဆုံးခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံမှ ၁,၀၀၀ ကီလိုမီတာကျော် ဝေးကွာသည့် ဘန်ကောက်မြို့တွင်လည်း ပြင်းထန်စွာ လှုပ်ရှားမှုများ ဖြစ်ပေါ်ပြီး အဆောက်အဦးတစ်ခု ပြိုကျသွားခဲ့သည်။
ဤငလျင် ဖြစ်ပွားပြီးနောက် အစောပိုင်း ကနဦးခန့်မှန်းချက်များအရ ငလျင်သည် ပြတ်ရွေ့ကြော တစ်လျောက် ပုံမှန်မဟုတ်သော မြန်ဆန်လှသည့် အက်ကွဲအလျင်ဖြင့် လှုပ်ရှားခဲ့ကြောင်း ညွှန်ပြနေခဲ့ပြီး ၎င်းကို မြန်ဆန်လွန်းသော ပြတ်ရွေ့ (အသံထက်မြန်သော ငလျင်ကွဲပြတ်မှု) supershear rupture ဟု ခေါ်ဆိုကြသည်။
ယခုအခါတွင် GFZ Helmholtz ဘူမိသိပ္ပံဌာနမှ Felipe Vera နှင့် မိတ်ဖက် သုတေသီများ၏ သုတေသနအသစ်က ဤအချက်ကို အတည်ပြုပြီး ငလျင်ကွဲပြတ်လှုပ်ရှားသည့် လုပ်ငန်းစဉ်ကို ပိုမိုရှင်း လင်းစွာ နားလည်နိုင်ရန် နည်းလမ်းများစွာ ပေါင်းစပ် လေ့လာထားသည်။
ထိုသုတေသနအရ မြန်မာငလျင်သည် တစ်ကမ္ဘာလုံးတွင် နှစ်ပေါင်း ၂၀ ကျော်အတွင်း ဖြစ်ပွားခဲ့သည့် ငလျင်များထဲ၌ အမြန်ဆုံး အက်ကွဲအလျင်ဖြင့် လှုပ်ရှားခဲ့သည့် ငလျင်ဖြစ်ကြောင်း ထုတ်ဖော် ပြသထား သည်။ ဤသုတေသနကို The Seismic Record သုတေသနဂျာနယ်တွင် ဖော်ပြထားခြင်း ဖြစ်သည်။
ငလျင် မဖြစ်ပွားမီနှင့် ဖြစ်ပြီးနောက် အလင်းရောင်သုံးဂြိုဟ်တုဓာတ်ပုံများကို နှိုင်းယှဉ်ကြည့်ခြင်းအားဖြင့် မြေပြင်သည် ပြတ်ရွေ့ကြော တစ်ဘက်တစ်ချက်တွင် မည်မျှအထိ အပြိုင်ရွေ့လျားခဲ့သည်ကို ပြန်လည် တွက်ချက်နိုင်ခဲ့သည်။ ထိုအတူပင် ငလျင်မတိုင်မီနှင့် ဖြစ်ပြီးနောက် ဂြိုဟ်တုရေဒါဓာတ်ပုံများကို နှိုင်းယှဉ် ခြင်းဖြင့် မြေပြင် ထောင်လိုက်အရွေ့ပြောင်းမှုများကိုလည်း ပြန် လည်တွက်ချက်နိုင်ခဲ့သည်။
ဤဓာတ်ပုံများအရ ငလျင်ကြောင့်ကွဲပြတ်မှုသည် စစ်ကိုင်း ပြတ်ရွေ့ကြောအတိုင်း ကီလိုမီတာ ၅၀၀ အထိ ဖြစ်ပွားခဲ့ပြီး ပြတ်ရွေ့ကြော၏အနောက်ဘက်အခြမ်းသည် မြောက်ဘက်သို့ ရွေ့သွားခဲ့ပြီး အရှေ့ဘက် အခြမ်းသည် တောင်ဘက်သို့ ရွေ့သွားခဲ့သည်ကိုတွေ့ရပြီး မန္တလေးမြို့အနီး ငလျင်ဗဟိုချက်အနီး၌ အများဆုံး မီတာ ၅ မီတာအထိ ရွေ့သွားခဲ့သည်။
ဤသုတေသန၏ သူတေသီများထဲမှ တစ်ဦးလည်းဖြစ်ပြီး GFZ ၏ မြေငလျင်ပညာဌာနမှူးဖြစ်သူ Frederik Tilmann က “ဂြိုဟ်တုပုံရိပ်များကို သုံးသပ်ဆန်းစစ်ကြည့်သည့်အခါ ငလျင်ကြောင့် မြေပြင် ပေါ်တွင် အကျိုးသက်ရောက်မှုများကို ပုံသေအနေအထားအဖြစ်တွေ့မြင်ရသည်ဟုပြောသည်။ အဖွဲ့သည် ဥရောပ၊ ဂျပန်၊ ဩစတြေးလျနှင့် အလာစကာရှိ မြေငလျင်အခြေစိုက်စခန်းများကို မြေငလျင် အင်တင်နာ များအဖြစ် အသုံးပြုပြီး လျှောပြတ်မှု ပျံ့နှံ့သည့် လှုပ်ရှားမှုများကို ခွဲခြမ်းစိတ်ဖြာလေ့လာခဲ့သည်။ အင်တင်နာလှိုင်းများက လျှောပြတ်ထိပ် tip of the rupture ဘယ်နေရာမှာရှိသည်ကို အချိန်တိုင်း အတိ အကျ ခြေရာခံနိုင် စေခဲ့သည်” ဟု သူကဆက်ပြောသည်။
အများစုသော ငလျင်များတွင် လျှောပြတ်မှုသည် တစ်စက္ကန့်လျှင် ၃.၅ ကီလိုမီတာ (အကြမ်းဖျင်း တစ်နာရီလျှင် ၁၂,၅၀၀ ကီလိုမီတာ) ထက် နည်းသော အလျင်ဖြင့် ပျံ့နှံ့လေ့ရှိပြီး၊ ၎င်းသည် မြေငလျင် shear ပြတ်ရွေ့လှိုင်းများ၏ အရလျင်ထက် အနည်းငယ် ပိုနည်းလေ့ရှိသည်။ အမှန်တကယ်အားဖြင့်လည်း ငလျင်စလှုပ်သည့်အဆင့်တွင် လျှောပြတ်မှုများသည် ငလျင်ဗဟိုချက်မှ မြောက်ဘက်နှင့် တောင်ဘက်သို့ တပြိုင်နက်တည်း ပျံ့နှံ့သည်။
သို့သော် စက္ကန့် ၃၀ ခန့်ကြာပြီးနောက် မြောက်ဘက်သို့ လျှောပြတ်မှု ရပ်သွားပြီး တောင်ဘက်သို့ လျှောပြတ်မှုက အရှိန်မြှင့်တက်ကာ တစ်စက္ကန့်လျှင် အနည်းဆုံး ၅.၃ ကီလိုမီတာ (တစ်နာရီလျှင် မီတာ ၂၀,၀၀၀ ခန့်)သို့ ရောက်ရှိခဲ့သည်။ ဤသည်ကို မြေငလျင်ပညာရှင်များက အသံထက်မြန်သော ငလျင်ကွဲပြတ်မှု supershear rupture ဟု ခေါ်ကြပြီး၊ ၎င်းကို ငလျင်ပညာဆိုင်ရာတွင် အသံထက် မြန်သော ရွေ့လျားမှု (supersonic motion) နှင့် အလားတူဖြစ်သည်ဟုဆိုသည်။ယင်းကြောင့် အလားတူ အရှိန်များကို ရောက်ခဲ့သည့် ၂၀၀၂ ခုနှစ်၊ အလာစကာ ငလျင်အပြီးတွင် ဖြစ်ပွားခဲ့သည့် အရှိန်အမြန်ဆုံး ငလျင်အဖြစ် မှတ်တမ်းတင်ထားနိုင်ဖွယ်ရှိနေသည်။ လျှောပြတ်မှု အစအဆုံးသည် စုစုပေါင်း စက္ကန့် ၈၀ ခန့်သာ ရှိခဲ့သည်။
Supershear ပျံ့နှံ့မှုကြောင့် Mach cone မက်ချ်ကွန်း ဟု ခေါ်သည့် သဘာဝဖြစ်စဉ် တစ်ခု ပေါ်ပေါက် လာသည်။ ယင်း၏တြိဂံပုံ အစွန်းလိုင်း triangular outline ကို မြေပြင်ပေါ်တွင် တည်ဆောက် ထားသည့် ငလျင်စခန်းများတွင် လျှောပြတ်မှု၏ super shear အဆင့် ငလျင်လှိုင်းများသည် စက္ကန့် ၄၀ မှ ၅၀ အတွင်း ထိုအစွန်းလိုင်းသို့ တစ်ပြိုင်နက်ရောက်လာကြသည်ကိုတွေ့ရသည်။ ဤသုတေသနက Mach cone ရှိနေ မှုကို အတည်ပြုဖော်ပြနိုင်ခဲ့ပြီး supershear ပျံ့နှံ့မှုကို ထပ်မံသက်သေပြနိုင်ခဲ့သည်။ ဤသဘာဝ ဖြစ်စဉ်ကြောင့် ဘန်ကောက်မြို့တွင် အချိန်ကြာ မြေပြင်လှုပ်ရှားမှု တိုးမြင့်စေခဲ့ခြင်း ဖြစ်နိုင်သည်။
GFZ သည် မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနနှင့် ပူးပေါင်း၍ ငလျင်ပြတ်ရွေ့ကြောနှင့် နှစ်ကီလိုမီတာသာဝေးကွာသည့် မြန်မာနိုင်ငံ၏မြို့တော် နေပြည်တော်၌ မြေငလျင်စခန်းတစ်ခုကို လည်ပတ်နေသည်။ ဤစခန်းသည် မြန်မာငလျင်ဖြစ်စဉ်အတွင်းအလုပ်လုပ်နေခဲ့ပြီး supershear လျှောပြတ်မှုကို အလွန်ထူးခြားရှားပါးစွာ နီးနီးကပ်ကပ် မှတ်တမ်းတင်ပေးနိုင်ခဲ့သည်။ ဤမှတ်တမ်းများ ကို Ssung-Ting Lai နှင့် လက်ထောက်များ မကြာသေးမီကရေးသားပြုစုသော သုတေသန စာတမ်း တစ်ခုတွင်ဖော်ပြထားသည်။ လျှောပြတ်မှု အနီးမှ ဖြတ်သွားစဉ် စခန်းသည် မြောက်ဘက်သို့ စင်တီမီတာ ၁၆၀ ခန့် ခုန်ကျော်သွားခဲ့ပြီး ဤ ဖြစ်ရပ်သည် နှစ် စက္ကန့်ပင် မကြာလိုက်ပါ။
ခပ်စောစော သုတေသနများတွင် စစ်ကိုင်းပြတ်ရွေ့ကြောသည် အရှည်ဆုံးသော အလျားလိုက် ဘေးတိုက် ရွေ့လျားသည့် strike-slip ပြတ်ရွေ့ကြောဖြစ်ခြင်းကြောင့် supershear အသံထက်မြန် လျှောပြတ်မှု ဖြစ်ပေါ်နိုင်သည့်နေရာအဖြစ် သတ်မှတ်ထားနိုင်ခဲ့၍ ယင်းကမှတ်သားစရာကောင်းသည်။ Strike-slip ပြတ်ရွေ့ ကြောတွင် ပြန်ရွေ့ကြောနှစ်ဖက်စလုံးရှိ မြေပြင်များသည် တစ်ခုနှင့်တစ်ခု အပြိုင်အလျားလိုက် ရွေ့လျားကြပြီး supershear လျှောပြတ်မှုကို ဖြစ်စေနိုင်သည့် တစ်ခုတည်းသော ပြတ်ရွေ့ကြော အမျိုးအစားလည်း ဖြစ်သည်။
ထို့အပြင် ပြတ်ရွေ့ကြော အပိုင်းတစ်ပိုင်းတစ်လျောက် အစောပိုင်း အလျင်နည်းသည့် လျှောပြတ်မှုတစ်ခု ကြောင့် ၁၉၄၆ နှင့် ၁၉၅၆ ခုနှစ်များတွင် ငလျင်ကြီးများ ပေါ်ပေါက်ခဲ့သည်။ စစ်ကိုင်း အဟ Sagaing gap ဟုခေါ်ကြသည့် အဆိုပါနေရာတွင် နှစ်တစ်ရာကျော်အထိ အလွန်ကြီးမားသည့် ငလျင်ကြီးများ မလှုပ်ရှား ခဲ့ခြင်းကြောင့် အလွန်ကြီးမားသည့်ဒဏ် Stress များဖြစ်တည်နေခဲ့ပြီးနောက် ယင်းက supershear လျောပြတ်မှုကြီးဖြစ်အောင် အရှိန်တင်ပေးခဲ့သည်ဟူသည့် အချက်ကလည်း မှတ်သားစရာတစ်ခုဖြစ် သည်။
Source : Reconstruction of record-breaking Myanmar earthquake confirms supershear event by phys.org
မြန်မာနိုင်ငံက ထူးချွန်ထက်မြတ်တဲ့အမျိုးသမီးလူငယ်တွေကို အသိအမှတ်ပြုပေးအပ်မယ့်The Women of the Future Awards (အနာဂတ်အမျိုးသမီးများဆု) အတွက် အမည်စာရင်းပေးသွင်းနိုင်တယ်လို့ ဗြိတိန်သံရုံးက အသိပေးထားပါတယ်။
#Local_News
Published 19 August 2025
#အနာဂတ်အမျိုးသမီးများဆု #ဗြိတိန်သံရုံး
#YMG/SW #Yangon_Times
ယနေ့မြန်မာစံတော်ချိန်နံနက်၅နာရီ၃၀မိနစ် အချိန်တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနဲ့ ယင်းနဲ့ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းကမ်းခြေတို့မှာဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ရဲ့လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိတာကြောင့် အဝါရောင်အဆင့်သတ်မှတ်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။
#Local_News
Published 19 August 2025
#မုန်တိုင်းငယ် #မြန်မာနိုင်ငံဘက်သို့ဦးတည်ရွေ့လျား
#YMG/SW #Yangon_Times
၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းပြင်ပ ပညာရေးကိုတိုင်းနဲ့ပြည်နယ်ရှစ်ခုမှာ ကျောင်းသူ၊ ကျောင်းသားပေါင်း ၂၆၀၀ကျော်ကိုသင်ကြားပေးနေတယ်လို့ ပညာရေးဝန်ကြီးဌာန၊ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာနက သိရပါတယ် ။
#Local_News
Published 19 August 2025
#ကျောင်းသား(၂၆၀၀)ကျော် #ပညာရေးဝန်ကြီးဌာန
#YMG/NN #Yangon_Times
ခုနှစ်ရက်အတွင်းရွာသွန်းနိုင်တဲ့ မိုးရေချိန်လျော့ကျသွားနိုင်တာကြောင့်အင်းလေးကန် ရေမျက်နှာပြင်တဖြည်းဖြည်း ပြန်လည်ကျဆင်းနိုင်တယ်လို့ မိုးလေဝသပြင်ပပညာရှင်ဦးဝင်းနိုင် ကသုံးသပ်ထားပါတယ်။
#Local_News
Published 19 August 2025
#အင်းလေးကန် #ရေမျက်နှာပြင်တဖြည်းဖြည်းကျဆင်းနိုင်
YMG/NN #Yangon_Times
Page 190 of 2324