#Daily_News
Published 11 July 2025
၁။ ပြည်ပသို့ ငါးမျိုးစုံတန် ငါးသောင်းကျော်တင်ပို့နိုင်
၂။ တညင်းကုန်းဈေး၌ဈေးရုံ (၇) စက်တင်ဘာလဆန်း၌ ဖွင့်လှစ်မည်
၃။ (၆)လအတွင်း အမြန်လမ်းယာဉ်မတော်တဆမှုများမှ သိန်းပေါင်း(၄၀၀၀) ကျော် ပျက်စီးဆုံးရှုံးခဲ့
၄။ အမေရိကန်ရေကြီးရေလျှံမှု၌ အသက်ရှင်ကျန်ရစ်သူ အိမ်နီးချင်းများမျောပါသွားပုံကိုပြန်ပြော ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 11 July 2025
▪️ စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများကို ဒေါ်လာ ၁သန်းကျော်ထုတ်ရောင်းခဲ့ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သိရသည်။
▪️ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများမှ အမေရိကန်ဒေါ်လာ ၁ဒဿမ ၅၅၈ သန်းကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများထံသို့ ယမန်နေ့ကထုတ်ရောင်းပေးခဲ့ခြင်းဖြစ်သည်။
▪️ ထို့အပြင် FX Trading Platformမှ ငွေလဲနှုန်း ၃၆၁၇ ကျပ်နှင့် အမေရိကန်ဒေါ်လာ ၆၂၁,၁၀၀ ၊ ငွေလဲနှုန်း ၅၅၁ ကျပ်နှင့် တရုတ်ယွမ် ၆၀၀,၀၀၀ ကိုလည်း ရောင်းချပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 11 July 2025
▪️ မုဒုံမြို့ပေါ်ရှိ ရွှေဆိုင်တစ်ဆိုင်ကို ဆိုင်ကယ်ဦးထုပ်ဆောင်းကာ မျက်မှန်အမဲတပ်ထားသည့် အမျိုးသား ၁ ဦးမှ ဝင်ရောက်ပစ်ခတ်၍ ဆိုင်ရှင် ေ-သ ဆုံး ခဲ့သည့်ဖြစ်စဉ်တစ်ခု ယနေ့ဖြစ်ပွားခဲ့ကြောင်း ဒေသခံများနှင့် ပရဟိတအသင်းများထံမှ သိရသည်။
▪️ ယနေ့ ဇူလိုင်လ ၁၁ နာရီ ၁၅ မိနစ်အချိန်ခန့်က မုဒုံမြို့၊ မြို့မ(၄) ရပ်ကွက်မှာရှိတဲ့ ရွှေဟင်္သာဈေးအတွင်းက ဦီးပန်းလာပိုင်ဆိုင်သည့် ရွှေရတနာဦး ရတနရွှေဆိုင်ကိုဝင်ရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း သိရသည်။
▪️ 'ဆိုင်ကယ်နဲ့လာပြီးတော့ သားအဖနှစ်ယောက်ကို လာပစ်ပြီးတော့ထွက်ပြေးသွားတယ်၊လူစည်တဲ့အချိန်မှာပဲ ပစ်သွားတာပါ၊ ရွှေဝယ်သူတွေရော အလုပ်သမားတွေရောရှိတယ်၊ ရွှေတွေယူသွားမသွားတော့ မသိသေးဘူး'ဟု ဒေသခံတစ်ဦးက YMG ကို ပြောသည်။
▪️ ယင်းဖြစ်စဉ်ကြောင့် ရွှေရတနာဦးရွှေဆိုင်ပိုင်ရှင် ဦးပန်းလာ၏ မေ့စေ့ဖောက်ဝင်ဒဏ်ရာ ရင်ဘတ်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး သမီးဖြစ်သူဒေါ်ပပဖြိုးမှာလည်းသေနတ်ဒဏ်ရာများ ရရှိခဲ့သည့်အတွက်မုဒုံမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ ရွှေဆိုင်ပိုင်ရှင် ဦးပန်းလာသည် မော်လမြိုင်ပြည်သူ့ဆေးရုံသည့် ပို့ဆောင်စဥ်ရရှိဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပြီး သက်ဆိုင်ရာမှ စုံစမ်းစစ် ဆေးမှုများပြုလုပ်လျှက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
ကိုဗစ်ချေးငွေပြန်မဆပ်တဲ့ ကုမ္ပဏီများကို အရေးယူရာမှာ ငလျင်ဘေးဒဏ် အမှန် တကယ်ထိခိုက်ခံစားခဲ့ရတဲ့ ကုမ္ပဏီများကို ချန်လှပ်ခဲ့မှာဖြစ်တယ်လို ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ်ကုစားရေး လုပ်ငန်းကော်မတီ အစည်းအဝေးမှ သိရပါတယ်။
#Local_News
Published 11 July 2025
#ကိုဗစ်ချေးငွေပြန်မဆပ် #ငလျင်ဒဏ်ခံစားခဲ့ရသည့်ကုမ္ပဏီ
#YMG/SW #Yangon_Times
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် (၆) လအတွင်း ယာဉ်မတော်တဆမှုပေါင်း (၉၄) ခု ဖြစ်ပွါးခဲ့ပြီး ငွေကျပ်သိန်းပေါင်း သိန်းပေါင်း(၄၀၀၀) ကျော် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ သိရပါတယ်။
#Local_News
Published 11 July 2025
#အမြန်လမ်းယာဉ်မတော်တဆမှု #အမြန်လမ်းရဲတပ်ဖွဲမှူးရုံး
#YMG/SW #Yangon_Times
တညင်းကုန်းဈေး (၁၀) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဈေးရုံ (၇)ကို လာမယ့် စက်တင်ဘာ လဆန်းမှာ ဖွင့်လှစ်သွားမယ်လို့ မြန်မာအက်ဂရိုအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် (MAEX)က သိရပါတယ်။
#Local_News
Published 11 July 2025
#တညင်းကုန်းဈေး #မြန်မာအက်ဂရိုအိတ်(စ်)ချိန်း
#YMG/NN #Yangon_Times
အခု ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ် သုံးလတာကာလအတွင်း ပြည်ပနိုင်ငံတွေကို ငါးမျိုးစုံ မက်ထရစ်တန်ချိန်ငါးသောင်းကျော် တင်ပို့နိုင်တယ်လို့ ငါးလုပ်ငန်းဦးစီးဌာနက သိရပါတယ်။
#Local_News
Published 11 July 2025
#ငါးမျိုးစုံတင်ပို့ #ငါးလုပ်ငန်းဦးစီးဌာန
#YMG/NN #Yangon_Times
Page 189 of 2276