#Local_News
Published 12 July 2025
▪️ ယနေ့နံနက်ပိုင်းက ပဲခူး-သနပ်ပင်လမ်းပိုင်းတွင် ကားနှစ်စီးမျက်နှာချင်းဆိုင်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ၁၂.၇.၂၀၂၅ ရက်နေ့၊နံနက် ၀၉နာရီ ၁၅ မိနစ်အချိန်ခန့်က ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ ပဲခူး-သနပ်ပင်လမ်း၊ ဘောဖြူရိုးတံတားအနီးတွင် ပဲခူးဘက်မှ သနပ်ပင်ဘက်သို့ မောင်းနှင်လာသော Nissan Caravan (အဖြူရောင်) ယာဉ်သည် အရှေ့ဆိုင်ကယ်အား ကျော်တက်ရာမှ အရှိန်မထိန်းနိုင်ဘဲ သနပ်ပင်ဘက်မှ ပဲခူးဘက်သို့ မောင်းနှင်လာသော Forland ယာဉ်အား ဝင်ရောက်တိုက်မိမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ အခင်းဖြစ်ပွားရာသို့ သနပ်ပင်မြို့နယ်မီးသတ်စခန်း သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ပြီး အဆိုပါ ယာဉ်တိုက်မှုကြောင့် Nissan Caravan (အဖြူရောင်) ယာဉ်ပေါ်ပါ ကျား(၂)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား မေတ္တာရိပ်နာရေးကူညီမှုယာဉ်ဖြင့် သနပ်ပင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
ဘီးလင်းမြို့နယ် ကရင်ချင်းဆက်အမြွှာမွေးဖွားခဲ့တဲ့ မိခင်ကို မွန်ပြည်နယ်အစိုးရအဖွဲ့ကငွေကျပ်သိန်း (၁၀၀) ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 12 July 2025
#ရင်ချင်းဆက်အမြွှာမွေးဖွား #မိခင်အားငွေကျပ်သိန်း(၁၀၀)ချီးမြှင့်
#YMG/NN #Yangon_Times
ရန်ကုန်အထိုင် စက်သုံးဆီရည်ညွှန်းဈေးနှုန်းတွေ အခုတစ်ပတ်မှာ ဒီဇယ်ဈေးတန်းနေပြီး ဓာတ်ဆီဈေးဆက်လက်ကျဆင်းလာတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ အခုအပတ်အတွက် ထုတ်ပြန်ချက်အရ သိရပါတယ်။
#Local_News
Published 12 July 2025
#ဒီဇယ်ဈေးတန်း #ဓာတ်ဆီဈေးဆက်လက်ကျဆင်း
#YMG/NN #Yangon_Times
ပြည်တွင်းမှာ ကိုရီးယားနည်းပညာအသုံးပြုပြီး ဆန်ခေါက်ဆွဲအစိုနဲ့ အခြောက်ထုတ်လုပ်နိုင်ရေးအတွက် ယခုလဒုတိယပတ်မှာဆွေးနွေးခဲ့တယ်လို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရပါတယ်။
#Local_News
Published 12 July 2025
#ဆန်ခေါက်ဆွဲအစိုနှင့်အခြောက် #ကိုရီးယားနည်းပညာအသုံးပြုပြီး
#YMG/SW #Yangon_Times
EPS စနစ်နဲ့ တောင်ကိုရီးယားနိုင်ငံသို့ ထွက်ခွာခဲ့တဲ့ မြန်မာလုပ်သားတွေအနေနဲ့ ငွေလွှဲအထောက်အထားများကို ပေးပို့ကြဖို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီက ထုတ်ပြန်လိုက်ပါတယ်။
#Local_News
Published 12 July 2025
#EPS #ငွေလွှဲအထောက်အထားများပေးပို့ရ
#YMG/SW #Yangon_Times
#Local_News
Published 12 July 2025
▪️ ဘားအံမြို့၌ ၂၄နာရီအတွင်း သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကအသိပေးထားသည်။
▪️ ယနေ့နံနက် (၇) နာရီခွဲအချိန်၌ သံလွင်မြစ်ရေသည် စိုးရိမ်ရေမှတ်အောက် (၁) ပေခန့်သို့ ရောက်ရှိနေပြီး နောက် (၁) ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း သတိပေးထားခြင်းဖြစ်သည်။
▪️ ထို့ကြောင့် ဘားအံမြို့နယ်မြစ်ကမ်းအနီး နေထိုင်သူများနှင့်မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့်ကြိုတင်သတိပြုကြရန်နှင့်မြစ်ရေမြင့်တက်လာပါက
ကြိုတင်ရှောင်ရှားနိုင်ကြပါရန် နှိုးဆော်ထားကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 12 July 2025
▪️ မြန်မာနိုင်ငံတွင်ကလေး မွေးဖွားနှုန်းသည် အစဉ်တစိုက်ကျဆင်းလျက်ရှိရာမှ လက်ရှိတွင် ပိုမိုကျဆင်းလာသည့်အတွက် လူဦးရေတိုးနှုန်းကို တိုက်ရိုက်သက်ရောက်စေသည့် ကလေးမွေးဖွားနှုန်း၊ ေ-သဆုံးနှုန်း၊ ပြည်ပရွှေ့ပြောင်းနှုန်းများကို ဆန်းစစ်လေ့လာရန်လိုအပ်ကြောင်းနစက ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။
▪️ နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည့် ၂၀၂၅ ခုနှစ် "ကမ္ဘာ့လူဦးရေနေ့" အထိမ်းအမှတ်အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
▪️ ထိုသို့ပြောကြားရာတွင် မိမိတို့မြန်မာနိုင်ငံ၏ လူဦးရေပြောင်းလဲလာမှုကို လေ့လာကြည့်မည်ဆိုပါက ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ (၅၁ ဒသမ ၄) သန်းကျော်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် လူဦးရေ (၅၆ ဒသမ ၂) သန်းခန့် ဖြစ်လာမည်ဟု ခန့်မှန်းခဲ့ကြသော်လည်း ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း ရှေ့ပြေးလူဦး ရေစာရင်းအရ လက်ရှိလူဦးရေတွင် (၅၁ ဒသမ ၃) သန်းကျော်သာရှိသည်ကိုတွေ့ရှိရကြောင်း ၎င်းကဆိုသည်။
▪️ ထို့ကြောင့် ယခင်လူဦးရေတိုးနှုန်းများအရ လူဦးရေတိုးပွားလာရမည်ဖြစ်သော်လည်း ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းအချက်အလက်များအရ (၁၀) နှစ်တာကာလအတွင်းတွင် လူဦးရေတိုးပွားလာခြင်းမရှိသည်ကို တွေ့ရကြောင်း ကနစက ဒုဥက္ကဋ္ဌ က ဆက်လက်ပြောသည်။
▪️ ထို့ကြောင့် လူဦးရေတိုးနှုန်းကို တိုက်ရိုက်သက်ရောက်စေသည့် ကလေးမွေးဖွားနှုန်း၊ ေ-သဆုံးနှုန်း၊ ပြည်ပရွှေ့ပြောင်းနှုန်းများကို ဆန်းစစ်လေ့လာရန်လိုအပ်ကြောင်းလည်း ၎င်းကပြောကြားသည်။
▪️ မိမိတို့နိုင်ငံတွင် ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းအရ အမျိုးသမီးတစ်ဦး ကလေးမွေးဖွားနှုန်းသည် (၄ ဒသမ ၇) ဦးရှိခဲ့သော်လည်း၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းတွင် ကလေး (၂ ဒသမ ၃)ဦးနှုန်းထိ ကျဆင်းလာပြီး ၂၀၁၉ ခုနှစ် ကြားဖြတ် သန်းခေါင်စာရင်းအရ မိဘနှစ်ပါးနေရာကိုသာ ပြန်လည်အစားထိုးနိုင်မည့် (၂ ဒသမ ၁) ဦး နှုန်းအောက်ကို ကျဆင်းလာခဲ့သည်ကို တွေ့ရှိရကြောင်း ၊မိမိတို့နိုင်ငံ၏ မွေးဖွားနှုန်းသည် အစဉ်တစိုက်ကျဆင်းလာသည်ဖြစ်၍ လက်ရှိတွင်လည်း ပိုမိုကျဆင်းလာခြင်းဖြစ်နိုင်ကြောင်း၊ မိခင်တစ်ဦး၏ ကလေးမွေးဖွားနှုန်းသည် (၂) ဦးအောက်ကို လျော့ကျလာပြီဆိုပါက မိမိတို့နိုင်ငံ၏ လူဦးရေသည် တဖြည်းဖြည်းသိသိသာသာ လျော့နည်းကျဆင်းလာမည်ဖြစ်ကြောင်း သိရသည်။
▪️ ၂၀၂၀ ပြည့်နှစ်ဝန်းကျင်တွင် ဖြစ်ပွားခဲ့သည့် ကိုဗစ် - ၁၉ ကပ်ရောဂါဆိုးနှင့် ၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ဖြစ်စဉ်များ၊ သဘာဝဘေးအန္တရာယ်များကြောင့် ကလေးမွေးဖွားနှုန်း၊ ေ-သဆုံးနှုန်းများအပေါ် သက်ရောက်မှုများရှိခဲ့သလို အလုပ်အကိုင်အခွင့်အလမ်းများ လျော့ကျလာပြီး လူငယ်အများအပြားသည်လည်း ပြည်ပထွက်ခွာမှုများ ပိုမိုပြုလုပ်လာသည်ကိုတွေ့ရကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
#YMG/NN #Yangon_Times
Page 188 of 2276