#World_Health
Published 24 November 2024
▪️ သွေးဖိအားများခြင်း သို့မဟုတ် သွေးတိုးခြင်းကို ဆေးဝါးများဖြင့် ထိန်းချုပ်ကြသလို အစားအစာကလည်း အရေးပါနေပါတယ်။
▪️ အချို့သော ဟင်းရွက်တွေဟာ သွေးပေါင်ချိန်ကို သဘာဝအတိုင်း လျှော့ချပေးနိုင်ကြပါတယ်။
▪️ ဟင်းသီးဟင်းရွက်တွေမှာ အာဟာရဓာတ်များစွာ ပါဝင်ပြီး ဆိုဒီယံနည်းပါးတာကြောင့် သွေးကြောတွေကို ပြေလျော့စေကာ သွေးပေါင်ချိန် ထိန်းသိမ်းပေးပါတယ်။
▪️ ဒီအတွက် အသင့်လျော်ဆုံး ဟင်းရွက်တွေကို ဖော်ပြလိုက်ပါတယ်။
▪️ (၁) ဟင်းနုနွယ် - ပိုတက်ဆီယံ၊ မဂ္ဂနီဆီယံ၊ ကယ်လ်စီယံတို့ ပါဝင်တာကြောင့် သွေးလည်ပတ်မှု ကောင်းစေပြီး သွေးပေါင်ချိန် ထိန်းသိမ်းပေးပါတယ်။
▪️ (၂) သကြားမုန်လာ - နိုက်ထရိတ်ကြွယ်ဝစွာ ပါဝင်ပြီး နိုက်ထရစ်အောက်ဆိုဒ် ပြောင်းပေးကာ သွေးပေါင်ချိန် လျော့ကျစေပါတယ်။
▪️ (၃) ပန်းဂေါ်ဖီစိမ်း - ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနဲ့ ပိုတက်ဆီယံ ပါဝင်တာကြောင့် နှလုံးကျန်းမာရေးအတွက် ကောင်းမွန်ပြီး သွေးပေါင်ချိန် ထိန်းသိမ်းပေးပါတယ်။
▪️ (၄) မုန်လာဥနီ - ပိုတက်ဆီယံ၊ ဘီတာကယ်ရိုတင်းတို့ ကြွယ်ဝသဖြင့် နှလုံးကျန်းမာရေးကို အထောက်အကူပြုကာ သွေးပေါင်ချိန် ထိန်းသိမ်းပေးပါတယ်။
▪️ (၅) နံနံပင် - သွေးကြောနံရံတွေကို ပြေလျော့စေကာ သွေးစီးဆင်းမှု ကောင်းမွန်စေပြီး အပေါ်သွေးလျှော့ချပေးပါတယ်။
▪️ (၆) ကိုက်လံ - ပိုတက်ဆီယံနဲ့ မဂ္ဂနီဆီယံ ပြည့်ဝပြီး ကယ်လိုရီနည်းပါးတာကြောင့် သွေးပေါင်ချိန်အတွက် ကောင်းမွန်စေကာ ကိုလက်စ်ထရောလ် လျော့ကျစေပါတယ်။
▪️ (၇) ကန်စွန်းဥ - ပိုတက်ဆီယံ၊ မဂ္ဂနီဆီယံကြွယ်ဝပြီး ခန္ဓာကိုယ်ထဲက ဆိုဒီယံပမာဏကို ထိန်းညှိပေးကာ သွေးပေါင်ချိန် ထိန်းသိမ်းပေးပါတယ်။
▪️ (၈) ခရမ်းချဉ်သီး - ပိုတက်ဆီယံနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း လိုင်ကိုပင်း ပါဝင်တာကြောင့် သွေးတိုးရောဂါမှ ကာကွယ်ပေးပါတယ်။
▪️ (၉) ပဲသီး - ဆိုဒီယံနည်းပါးပြီး ပိုတက်ဆီယံ မြင့်မားတာကြောင့် နှလုံးသွေးကြော ကျန်းမာရေးကို ကောင်းမွန်စေကာ သွေးပေါင်ချိန် ထိန်းသိမ်းပေးပါတယ်။
#Source: DoctorNDTV
#World_Health
Published 24 November 2024
▪️ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနဲ့ ကင်ဆာရောဂါ လျော့ပါးခြင်းတို့ ဆက်စပ်နေပုံကို နော့သ်ဝက်စ်တန်းဆေးတက္ကသိုလ်မှ သုတေသီများ လေ့လာတွေ့ရှိထားပါတယ်။
▪️ သုတေသနက အစောပိုင်းအဆင့်သာ ရှိသေးပေမယ့် အနာဂတ်မှာ နောက်ထပ်စမ်းသပ်မှုတွေကနေ ကုသမှုအသစ်များ ထွက်ပေါ်လာဖို့ မျှော်လင့်နေကြပါတယ်။
SARS-CoV-2 ဗိုင်းရပ်စ်ထဲမှ RNAဟာ ကင်ဆာဆန့်ကျင် ခုခံဆဲလ်တွေ ဖွံ့ဖြိုးမှုကို လှုံ့ဆော်ပေးတယ်လို့ တွေ့ရှိထားပါတယ်။
▪️ I-NCMs လို့ခေါ်တဲ့ ခုခံဆဲလ်တွေဟာ ကင်ဆာဆဲလ်များကို တိုက်ခိုက်နိုင်ပြီး ကိုဗစ်ရောဂါ ကူးစက်ချိန်မှာ ခုခံဆဲလ်ပွားများလာကာ ကုသမှုနည်းလမ်းအသစ်များ ဖြစ်လာနိုင်ပါတယ်။
▪️ ထိုဆဲလ်တွေဟာ အရေပြားအကျိတ်၊ အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာ၊ အူမကြီးကင်ဆာတို့ကိုလည်း တုံ့ပြန်နိုင်တာတွေ့ရတယ်လို့ သုတေသနပြုစုသူ အန်ကစ်ဘာရက်က ပြောပါတယ်။
▪️ သုတေသနက အစောပိုင်းအဆင့်သာ ရှိသေးပေမယ့် ကင်ဆာအဆင့်မြင့် လူနာတွေမှာ အသုံးဝင်ဖို့ မျှော်လင့်နေကြပါတယ်။
▪️ ခန္ဓာကိုယ်ထဲက တိုက်ခိုက်တဲ့ဆဲလ်တွေက အကျိတ်ရှိရာနေသို့ စုပြုံလာကြပြီး ကင်ဆာဆဲလ်တွေကို တိုက်ခိုက်ကြကာ အကျိတ်လျော့ပါးစေပါတယ်။
▪️ ဆရာဝန်တွေက လူသားတစ်ရှူးရော တိရိစ္ဆာန်တွေနဲ့ပါ စမ်းသပ်ကာ ကိုဗစ်-၁၉ ရဲ့ RNAလိုမျိုး အာနိသင်ရှိတဲ့ ဆေးဖန်တီးမှာဖြစ်ပါတယ်။
▪️ ကြွက်တွေနဲ့ စမ်းသပ်ရာမှာ အကျိတ်တွေကို ၆၀ ကနေ ၇၀ ရာခိုင်နှုန်း လျှော့ချနိုင်ခဲ့ပါတယ်။
▪️ စမ်းသပ်မှုက အစောပိုင်းသာရှိသေးပြီး ကင်ဆာလူနာတွေမှာ ဘေးကင်းစွာ အသုံးပြုနိုင်မလားဆိုတာ စမ်းသပ်ရဦးမယ်လို့ ဘာရက်က ပြောသွားပါတယ်။
#Source: New York Post
ပါကစ္စတန်တွင်ကျင်းပသည့် နိုင်ငံတကာကာကွယ်ရေးပြပွဲသို့ အီရန်တပ်မတော်ကိုယ်စားလှယ်အဖွဲ့တက်ရောက်
ပါကစ္စတန်နိုင်ငံမှာ ပထမဆုံးအကြိမ်ပြုလုပ်တဲ့ နိုင်ငံတကာကာကွယ်ရေးပြပွဲကို အီရန်စစ်တပ်မှ ကိုယ်စားလှယ်အဖွဲ့တက်ရောက်လျက်ရှိပြီး စစ်ရေးနဲ့ကာကွယ်ရေး လက်နက်ပစ္စည်းအသစ်များ ပြသရင်းနှစ်နိုင်ငံဆက်ဆံရေး တိုးချဲ့နေပါတယ်။
#World_Military
Published 23 November 2024
#ပါကစ္စတန် #ကာကွယ်ရေးပြပွဲ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 23 November 2024
၁။ ရေကျော်ပွဲဈေး ပြန်လည်ကျင်းပနေ၊ (၅)ရက်တိုင် ကျင်းပမည်
၂။ ကျောက်မျက်ရတနာပြပွဲ ပဉ္စမနေ့၌ ကျောက်စိမ်းအတွဲ ၆၀၀ ကျော်ရောင်းချနိုင်ခဲ့
၃။ ဆောင်းတွင်း ရန်ကုန်အပါအဝင်ဒေသ(၇)ခု မိုးရွာဦးမည်
၄။ ပါကစ္စတန်တွင်ကျင်းပသည့် နိုင်ငံတကာကာကွယ်ရေးပြပွဲသို့ အီရန်တပ်မတော်ကိုယ်စားလှယ်အဖွဲ့တက်ရောက် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
၂၃ နိုဝင်ဘာ ၂၀၂၄
သူမအသတ်ခံရရင် သမ္မတ ဖာဒီန်မားကိုစ်ဂျုနီယာကို ပြန်လုပ်ကြံသတ်ဖြတ်ခိုင်းမယ်လို့ ဖိလစ်ပိုင် ဒုတိယ သမ္မတ ဆာရာ ဒူတာတီးက ပြောကြားလိုက်ပါတယ်။ အဲသလိုပြောကြားပြီးတဲ့နောက် ဖိလစ်ပိုင် လုံခြုံရေး အေဂျင်စီတွေဟာ သမ္မတရဲ့ လုံခြုံရေးကို တိုးမြှင့်လိုက်ရပါတယ်။
ဖိလစ်ပိုင်မှာ သမ္မတ မားကို့စ်ဂျူနီယာနှင့် ဒုသမ္မတ ဆာရာဒူတာတီးတို့အကြား အကွဲအပြဲတွေဖြစ်နေခဲ့ တဲ့သတင်းတွေထွက်ပေါ်ခဲ့ပြီးနောက် ယခုပြောကြားချက်ဟာ သိသာထင်ရှားတဲ့ အကွဲအပြဲတစ်ခုကို ထင်ဟပ်ခဲ့တာဖြစ်ပါတယ်။
ဒုသမ္မတ ဆာရာဒူတာတီးက သူမသာအသတ်ခံရရင် မားကို့စ်၊ သူ့ဇနီးနှင့် ဖိလစ်ပိုင်အောက်လွှတ်တော် အမတ်တို့ကို သတ်ပစ်ဖို့ လုပ်ကြံမည့်သူတစ်ဦးကို သူမညွှန်ကြားထားပြီးဖြစ်တယ်လို့ သတင်းစာ ရှင်းလင်းပွဲတစ်ခုမှာ ပြောကြားခဲ့ပါတယ်။
“ ကျွန်မ တစ်ယောက်ကိုပြောထးတယ်။ ကျွန်မအသတ်ခံရရင် ဘီဘီအမ်(မားကို့စ်) လီဇာအာရင်တာ (သမ္မတကတော်)နှင့် မာတင်ရိုမူဒက်ဇ်( လွှတ်တော်ဥက္ကဋ္ဌ)တို့ကို သတ်ဖို့ ပြောထားတယ်။ နောက်တာ မဟုတ်ဘူးနော်၊ နောက်တာမဟုတ်ဘူး” လို့ ဒုသမ္မတ ဒူတာတီးကပြောပါတယ်။
သူမအနေနှင့် အန္တရာယ်ကင်းအောင်နေဖို့နှင့် ရန်သူရဲ့ပိုင်နက်ထဲ သူမရောက်နေတယ်လို့ အွန်လိုင်းဝေဖန် သူတစ်ဦးက ပြောကြားပြီးနောက် ဒူတာတီးက ယင်းကဲ့သို့တုန့်ပြန်ပြောကြားခဲ့တာပါ။
သမ္မတလုံခြုံရေးအဖွဲ့က သမ္မတရဲ့လုံခြုံရေးကိုတိုးမြှင့်ထားလိုက်ပြီး သမ္မတနှင့်သူ့မိသားစုအပေါ် မည်သည့် ခြိမ်းခြောက်မှုမျိုးမဆို တားဆီးဟန့်တားမယ်လို့ပြောပါတယ်။
နယ်စပ်ဂိတ်များပြန်လည်ဖွင့်လှစ်ရေးနှင့်နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးကို အတူလက်တွဲ ပူးပေါင်းဆောင်ရွက်ရေးအပါအဝင် တရုတ်-မြန်မာနှစ်နိုင်ငံကိစ္စရပ်များကို အပြန်အလှန်အမြင်ချင်းဖလှယ်ဆွေးနွေး
တရုတ်-မြန်မာနှစ်နိုင်ငံ နယ်စပ်ဂိတ်များပြန်လည်ဖွင့်လှစ်ရေးနဲ့ ရှိရင်းစွဲဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုအရ နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးကို အတူလက်တွဲပူးပေါင်းဆောင်ရွက်ရေး အပါအဝင်နှစ်နိုင်ငံကိစ္စရပ်တွေကို မြန်
မာနဲ့ တရုတ်အစိုးရအဖွဲ့အစည်းတွေ အပြန်အလှန်အမြင်ချင်းဖလှယ်ခဲ့ကြတယ်လို့ သိရပါတယ်။
#Local_News
Published 23 November 2024
#တရုတ်-မြန်မာနှစ်နိုင်ငံ #အမြင်ချင်းဖလှယ်ဆွေးနွေး
#YMG/NN #Yangon_Times
လက်ရှိအခြေအနေမှာတိုင်းနဲ့ ပြည်နယ်တွေမှာ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်နေတာကြောင့် ပုံသေဝင်ငွေရရှိတဲ့ လခစားဝန်ထမ်းတွေနဲ့ အခြေခံလူတန်းစားတွေအပေါ် သက်ရောက်မှုကြီးမားနေတယ်လို့ ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီဥက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။
#Local_News
Published 23 November 2024
#အခြေခံစားကုန်ဈေးမြင့်တက် #အခြေခံလူတန်းစား
#YMG/NN #Yangon_Times
ဆောင်းတွင်းဖြစ်ပေမယ့် လေဖိအားနည်းရပ်ဝန်းကြောင့် ရန်ကုန်အပါအဝင်ဒေသ(၇)ခု မိုးရွာဦးမှာဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 23 November 2024
#လေဖိအားနည်းရပ်ဝန်း #ဆောင်းတွင်း
#YMG/tthl #Yangon_Times
၂၀၂၄ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပဉ္စမနေ့ဖြစ်တဲ့ နိုဝင်ဘာ ၂၂ ရက်က ကျောက်စိမ်းအတွဲ ၆၁၃ တွဲ ရောင်းချနိုင်ခဲ့တယ်လို့ မြန်မာ့ကျောက်မျက် ရတနာပြပွဲ ဗဟိုကော်မတီက သိရပါတယ်။
#Local_News
Published 23 November 2024
#ကျောက်မျက်ရတနာပြပွဲ #ကျောက်စိမ်း
#YMG/NN #Yangon_Times
ရေကျော်ပွဲဈေးကို နိုဝင်ဘာ ၂၂ ရက်မှ ၂၆ ရက်ထိ ငါးရက်တိုင်တိုင်ကျင်းပနေပြီးအခု ကျင်းပနေတဲ့ရေကျော်ပွဲဈေးမှာ အရင်တုန်းကလိုပဲ ပွဲဈေးအစားအစာတွေဖြစ်တဲ့ ရေမုန့်၊မုန့်လင်မယား၊ကောက်ညှင်းကျည်တောက်၊ ထမနဲ၊ ငုံးကြော်၊ဗူးသီးကြော် စသဖြင့် ပွဲဈေးအစားအစာတွေ ရရှိနေပါတယ်။
#Local_News
Published 23 November 2024
#ရေကျော်ပွဲဈေး #(၅)ရက်တိုင်ကျင်းပ
#YMG/tthl #Yangon_Times
#Local_News
Published 23 November 2024
▪️ ရန်ကုန်မြို့၊ သာကေတမြို့နယ်၌ မီးလောင်မှုတစ်ခု ယနေ့ မနက်ပိုင်း၌ဖြစ်ပွားခဲ့ရာကနဦး အနေဖြင့် ေ-သဆုံးသူနှစ်ဦးအထိရှိကြောင်း ပရဟိတအသင်းများနှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ နိုဝင်ဘာ ၂၃ ရက်နေ့၊ မနက် ၁၀နာရီ ၁၉မိနစ် အချိန်ခန့်က ၊ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ၃ မာန်ပြေရပ်ကွက်၊ ယမုံနာလမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ "ပိတောက်ရိပ် စားသောက်ဆိုင်က ဂက်စ်အိုးထပေါက်ပြီး မီးလောင်တာဘေးမှာ အောင်ဂက်စ်အိုးဆိုင်ရှိတယ်၊ အန္တရာယ်အရမ်းများတယ်၊ ဂက်အိုးတစ်လုံးပြီး တစ်လုံးပေါက်နေတယ်၊ gas ဆိုင်လောင်တာအရမ်းများနေတယ် မီးခိုးတွေအလုံးလိုက်ပဲ " ဟု ဒေသခံတစ်ဦးက ပြောသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် သာကေတမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး ၁၀ နာရီ၂၅ မိနစ်အချိန် တွင် Level 1 ယာဉ်အုပ်စုများ ထွက်ခွာခဲ့ပြီး ၁၀ နာရီ ၃၄ မိနစ်အချိန် ၌ မီးထိန်းနိုင်ခဲ့ကြောင်းသိရသည်။
▪️ ထို့အပြင်မီးလောင်မှုသတင်းကြောင့် ကူညီကယ်ဆယ်ရေးများလုပ်ကိုင် ရန်စတင်ထွက်ခွာလျှက်ရှိပြီး ကနဦးအနေဖြင့် လူနှစ်ဦး ေ-သဆုံး ကြောင်း သတင်းရရှိထားသည် ဟု medical လူငယ်များ လူမှုကူညီရေးအသင်းမှ သိရသည်။
#YMG/NN #Yangon_Times
#World_News
Published 23 November 2024
▪️ ကြာသပတေးနေ့က ယူကရိန်းသို့ပစ်လိုက်တဲ့ ရုရှားတို့ရဲ့ အသံထက်မြန် အိုရက်ရှ်နစ်ဒုံးကျည်ဟာ ခြေရာခံ ပစ်ချလို့မရဘူးလို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က နိုဝင်ဘာ ၂၂ ရက်နေ့မှာ ပြောလိုက်ပြီး အဆိုပါဒုံးကျည်များ ဆက်လက်ထုတ်လုပ်သွားဖို့ အမိန့်ပေးလိုက်ပါတယ်။
▪️ "ယနေ့ကမ္ဘာပေါ်မှာ ထိုဒုံးကျည်မျိုးကို တန်ပြန်ဖျက်ဆီးနှောင့်ယှက်လို့ရတဲ့ လက်နက်စနစ် မရှိပါဘူး။ နောက်ဆုံးပေါ် ဒီဒုံးကျည်တွေကို ဆက်လက်စမ်းသပ်သွားမှာ ဖြစ်ပြီး အများအပြား ထုတ်လုပ်သွားဖို့ လိုအပ်တယ်ဆိုတာကို အထူးအလေးပေး ထပ်ပြောလိုက်ရပါတယ်" လို့ ပူတင်က ပြောပါတယ်။
▪️ ဒီဆုံးဖြတ်ချက်ကို အတည်ပြုပြီးဖြစ်တယ်လို့ စစ်ရေးအကြီးအကဲများနဲ့ ရုပ်သံအစည်းအဝေး ပြုလုပ်စဉ် ပြောကြားခဲ့ပါတယ်။
▪️ ရုရှားတို့ပစ်လိုက်တဲ့ အသံထက်မြန် ဒုံးကျည်ဟာ ယူကရိန်း ဒီနီပရိုမြို့ကို တစ်နာရီ ၁၃၀၀၀ ကီလိုမီတာနှုန်းဖြင့် ထိမှန်ခဲ့တယ်လို့ ယူကရိန်းဘက်က ဆိုပါတယ်။
သုံးသပ်ချက်အရ ဒုံးကျည် ပစ်မှတ်နေရာသို့ ရောက်ရန် ၁၅ မိနစ်သာ ကြာမြင့်ခဲ့တယ်လို့ ယူကရိန်း ပင်မထောက်လှမ်းရေး ဦးစီးဌာနက ပြောပါတယ်။
▪️ ဒုံးကျည်မှာ ထိပ်ဖူး ၆ ခုတပ်ဆင်ထားကာ တစ်ခုချင်းစီမှာ လက်နက်ငယ် ၆ ခုပါဝင်ပြီး လွှတ်တင်မှု နောက်ဆုံးအချိန်မှာ အမြန်နှုန်းက Mach 11 ကျော်ရှိခဲ့ပါတယ်။
▪️ သောကြာနေ့က ယူကရိန်းဟာ ခါ့စ်အိုဘလက်စ်မှာ ထိန်းသိမ်းထားတဲ့ ရုရှားနိုင်ငံသား ၄၆ ဦးကို ပြန်လွှတ်ပေးခဲ့တယ်လို့ ရုရှားတို့က ဆိုပါတယ်။
▪️ ညှိနှိုင်းမှုများ ကြာရှည်ပြုလုပ်ပြီးနောက် နိုင်ငံသားတွေကို ပြန်ခေါ်နိုင်ခဲ့ကာ လိုအပ်တဲ့ အထောက်အပံ့အားလုံး ရထားတယ်လို့ ခါ့စ်ဒေသ အုပ်ချုပ်ရေးမှူး အဲလက်ဆိုင်းစမီယာနော့ဗ်က တယ်လီဂရမ်မှာ ဖော်ပြထားပါတယ်။
#Source: WION
Page 399 of 1862