မြန်မာနိုင်ငံကနေ CMP လက်ခစားစနစ်နဲ့ ချုပ်လုပ်ထားတဲ့ အထည်တွေကို အရှေ့အလယ်ပိုင်းနဲ့ဥရောပနိုင်ငံတွေကို တင်ပို့နေတယ်လို့ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းက သိရပါတယ်။
#Local_News
Published 26 November 2024
#အထည်ချုပ်လုပ်ငန်းရှင် #CMP
#YMG/NN #Yangon_Times
အခုအပတ်မှာတော့ စားအုန်းဆီရည်ညွှန်းဈေးနှုန်းအနည်းငယ်ထပ်တက်လာပြီးတစ်ပိဿာ (၇၂၈၀) ကျပ်ဖြင့် ရောင်းချဖို့ သတ်မှတ်ထားတယ်လို့ သိရပါတယ်။
#Local_News
Published 26 November 2024
#စားအုန်းဆီရည်ညွှန်းဈေး #ဈေးအနည်းငယ်တက်
#YMG/tthl #Yangon_Times
ရန်ကုန်တိုင်းမှာ မြေပဲ၊ နှမ်း၊ နေကြာစတဲ့ဆီထွက်သီးနှံတွေအပါအဝင် ဆောင်းသီးနှံဧက(၄)သိန်း (၂)သောင်းခန့်နဲ့နွေစပါးဧက(၂)သိန်းကျော်ထပ်မံစိုက်ပျိုးဖို့ရှိတယ်လို့ စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published 26 November 2024
#ဆောင်းသီးနှံဧက(၄)သိန်း #စိုက်ပျိုးရေးဦးစီးဌာန
#YMG/tthl #Yangon_Times
#Local_News
Published 26 November 2024
▪️ ၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ အဋ္ဌမနေ့ကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ကျောက်စိမ်းအတွဲပေါင်း ၇၃၅ တွဲ ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
▪️ ပြည်တွင်းရတနာကုန်သည်များသည် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ပြည်တွင်းရတနာကုန်သည်များသာ ဝယ်ယူခွင့်ရှိသည့် အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုခဲ့ကြပြီး အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲအမှတ် ၂၅၆၀ မှ ၃၃၀၉ အထိ ကျောက်စိမ်းအတွဲ ပေါင်း ၇၅၀ ကို ပြည်တွင်းရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးရာ ကျောက်စိမ်း အတွဲပေါင်း ၇၃၅ တွဲ ရောင်းချခဲ့ရကြောင်း သိရသည်။
▪️ ထို့အပြင် ပြပွဲနဝမနေ့တွင်ရောင်းချမည့် အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲအမှတ် ၃၃၁၀ မှ အတွဲအမှတ် ၄၀၅၉ အထိ ကျောက်စိမ်းအတွဲပေါင်း ၇၅၀ ကို ပြည်တွင်းရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းလွှာများကို သက်ဆိုင်ရာတင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။ အဆိုပါ ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက ညနေပိုင်းတွင် ဖွင့်ဖောက်စစ်ဆေးကာ ရောင်းချရသည့် ကျောက်စိမ်းအတွဲများစာရင်းကို နိုဝင်ဘာ ၂၆ ရက် ယနေ့ မနက်ပိုင်းတွင် ကြေညာသွားမည်ဖြစ်သည်။
▪️ ပြပွဲတွင် အုပ်စု(အေ၊ ဘီ နှင့် စီ)တို့မှ ကျောက်စိမ်း အတွဲပေါင်း ၄၈၀၀ ကို နေ့ရက်အလိုက် ပြည်တွင်း ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ အုပ်စု(အေနှင့်ဘီ)တို့မှ ကျောက်စိမ်းအတွဲပေါင်း ၂၅၅၉ အနက်မှ ကျောက်စိမ်းအတွဲပေါင်း ၁၈၂၃ တွဲကို ပြည်တွင်း ပြည်ပ ရတနာကုန်သည်များကိုလည်းကောင်း၊ အုပ်စု (စီ) မှ ကျောက်စိမ်းအတွဲအမှတ် ၂၅၆၀ မှ အတွဲအမှတ် ၃၃၀၉ အတွဲအထိ ကျောက်စိမ်းအတွဲပေါင်း ၇၅၀ အနက်မှ ၇၃၅ တွဲကို ပြည်တွင်းရတနာကုန်သည်များကိုလည်းကောင်း အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
▪️ အလားတူ အုပ်စု(စီ)မှ ကျန်ရှိနေသည့် ကျောက်စိမ်းအတွဲများကို နိုဝင်ဘာ ၂၇ ရက်အထိ ပြည်တွင်းရတနာ ကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 27 November 2024
▪️ အွန်လိုင်းမှတ်ပုံတင်စနစ် (MyCO) တွင် နှစ်စဉ်အစီရင်ခံစာ(AR) တင်ပြရန် ပျက်ကွက်ခဲ့ သည့် ကုမ္ပဏီပေါင်း ၁၆,၀၀၀ ကျော်အား မှတ်ပုံတင်စာရင်းမှ ပယ်
ဖျက်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှ သိရသည်။
▪️ ဇန်နဝါရီလမှ အောက်တိုဘာလအထိ ကုမ္ပဏီပေါင်း ၁၆,၀၀၀ ကျော်သည်နှစ်စဉ်အစီရင်ခံစာ(AR)ကို အွန်လိုင်းမှတ်ပုံတင်စနစ် (MyCO) မှာ တင်ပြရန် ပျက်ကွက်ခဲ့ခြင်းဖြစ်သည်။
▪️ ထို့ကြောင့် AR တင်ပြရန် ပျက်ကွက်ခဲ့သည့် ယင်းကုမ္ပဏီများကို မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေပုဒ်မ ၄၃၀(စ)အရ မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_News
Published 26 November 2024
▪️ လက်ဘနွန်မှာ လက်နက်ကိုင်တပ်ဖွဲ့ ဟက်ဇ်ဘိုလာနဲ့ အစ္စရေးလ်တို့ကြား အပစ်အခတ်ရပ်စဲရေးကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ပြင်သစ်သမ္မတ အီမန်နျူယယ်မက်ခရွန်တို့ ကြေညာသွားဖွယ်ရှိတယ်လို့ လက်ဘနွန် အကြီးတန်းသတင်းရင်းမြစ် ၄ ဦးက တနင်္လာနေ့မှာ ပြောကြားသွားပါတယ်။
▪️ အပြီးသတ်ရန် နီးစပ်နေပေမယ့် အားလုံးတော့ မပြီးသေးဘူးလို့ အိမ်ဖြူတော် လုံခြုံရေးပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပြောသွားပါတယ်။
▪️ သံတမန်ရေး တိုးတက်မှုလက္ခဏာတွေ မြင်လာရပေမယ့် အစ္စရေးလ်က ဖိအားပေးတိုက်ခိုက်နေပြီး ဟက်ဇ်ဘိုလာတို့ ထိန်းချုပ်ထားတဲ့ ဘေရုမြို့ တောင်ပိုင်းဆင်ခြေဖုံးအရပ်တွေမှာ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေပါသေးတယ်။
▪️ အစ္စရေးလ်နဲ့ လက်ဘနွန်တို့ အပစ်အခတ်ရပ်စဲရေး အကြောင်းအရာတွေကို သဘောတူညီလိုက်ပြီဆိုတာကို အစ္စရေးလ်ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟူ အစိုးရအဖွဲ့က မဖြေကြားသေးပါဘူး။
▪️ ဝန်ကြီးများအဖွဲ့ အစည်းအဝေးမှာတော့ ဒီအကြောင်းအရာကို အသိအမှတ်ပြုဖွယ် ရှိတယ်လို့ အစ္စရေးလ်အကြီးတန်းအရာရှိက ရိုက်တာသတင်းဌာနကို ပြောပြပါတယ်။
▪️ ဘယ်လိုသဘောတူညီချက်ပဲဖြစ်စေ အစ္စရေးလ်က လက်ဘနွန်တောင်ပိုင်းကို တိုက်ခိုက်ခွင့်ရှိဦးမယ်လို့ ကုလသမဂ္ဂဆိုင်ရာ အစ္စရေးလ်သံအမတ် ဒန်နီဒါနွန်က ပြောပါတယ်။
▪️ နှစ်ဖက်အဖွဲ့က ကွဲလွဲချက်များကို အတော်လေး လျှော့ချနိုင်လာပေမယ့် သဘောတူညီချက် ရရှိဖို့တော့ အနည်းငယ်လိုအပ်သေးတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မက်သရူးမီလာက ပြောပါတယ်။
▪️ တစ်ခါတလေမှာ သဘောတူညီချက်တစ်ခုရဲ့ နောက်ဆုံးအဆင့်တွေက အခက်ခဲဆုံး ဖြစ်နေတတ်တယ်လို့ ဆိုပါတယ်။
▪️ လက်ဘနွန် လွှတ်တော်ဒုဥက္ကဌက အမေရိကန် တင်ပြတဲ့ အပစ်အခတ်ရပ်စဲရေးဟာ နေတန်ညာဟူသာ စိတ်မပြောင်းပါက စတင်အကော်အထည်ဖော်လို့ ရနေပြီလို့ ပြောသွားပါတယ်။
▪️ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ထဲမှာ ရက် ၆၀ အတွင်း လက်ဘနွန်တောင်ပိုင်းကနေ အစ္စရေးလ်စစ်တပ် ဆုတ်ခွာရန်နဲ့ နယ်စပ်ဒေသမှာ လက်ဘနွန်တပ်များ ပုံမှန်နေရာချထားရန်တို့ ပါဝင်နိုင်တယ်လို့ ဆိုပါတယ်။
#Source: Reuters
#World_Health
Published 26 November 2024
▪️ အသက်အရွယ်တစ်ခု မတိုင်မီအထိ မျက်နှာမှာ အရေးကြောင်းတွေ မရှိပေမယ့် ရုတ်တရက် ပေါ်လာတဲ့အချိန် ရှိတတ်ပါတယ်။
▪️ ဒါဟာ အသက်အရွယ် ရလာပြီလို့ သိပ္ပံနည်းကျ ရှင်းပြချက်ရှိပါတယ်။
▪️ လူသားတွေ မျက်နှာသွင်ပြင် သိသိသာသာ ပြောင်းလဲသွားတဲ့ အသက်အရွယ် ၂ချိန်ရှိပြီး ၄၄ နှစ်နဲ့ အသက် ၆၀ အရွယ်တို့မှာ ဖြစ်တယ်လို့ တွေ့ရှိထားပါတယ်။
▪️ ထိုအပြောင်းအလဲက ဖြည်းဖြည်းချင်းပြောင်းတာ မဟုတ်ဘဲနဲ့ သိသိသာသာ ဖြစ်ပါတယ်။
▪️ အသက်အရွယ် ကြီးလာတာနဲ့အမျှ ရောဂါကူးစက်နိုင်ခြေလည်း များလာတာကြောင့် စတန်းဖို့ဒ်တက္ကသိုလ်မှ မိုက်ကယ်ဆင်ဒါနဲ့အဖွဲ့က အိုမင်းရင့်ရော်ခြင်း ဇီဝဖြစ်စဉ်များကို နားလည်ရန် ကြိုးစားခဲ့ကြပါတယ်။
▪️ ဇီဝဖြစ်စဉ်နမူနာများ လှူဒါန်းထားတဲ့ အရွယ်ရောက်သူ ၁၀၈ ဦးကို သုတေသီများ နှစ်ပေါင်းများစွာကြာအောင် ကြည့်ရှုခဲ့ကြပါတယ်။
▪️ ထိုထဲမှာ မော်လီကျူးနမူနာ အမျိုးမျိုးကို စောင့်ကြည့်ခဲ့ကြပြီး ဇီဝဖြစ်စဉ် ၁၃၅၂၃၉ မျိုးရှိခဲ့ပါတယ်။
▪️ အဆိုပါ အသက်အရွယ် အဆင့်တွေမှာ မော်လီကျူး ၈၁ ရာခိုင်နှုန်းခန့် အပြောင်းအလဲရှိတာကို သိလာပါတယ်။
▪️ ဒါတွေက အသက် ၄၀ ဝန်းကျင်နဲ့ ၆၀ အစောပိုင်းမှာ ဖြစ်နိုင်ခြေအများဆုံး ရှိပါတယ်။
▪️ အသက် ၄၀ ဝန်းကျင်အရွယ်မှာ အဆီ၊ ကဖင်း၊ အယ်လ်ကိုဟော ဇီဝဖြစ်ပျက်မှုတွေအပြင် နှလုံးသွေးကြောရောဂါ၊ အရေပြားနဲ့ ကြွက်သားလုပ်ဆောင်ချက်တွေမှာ အပြောင်းအလဲ ဖြစ်ပျက်ခဲ့တာကို တွေ့ရပါတယ်။
▪️ အသက် ၆၀ ဝန်းကျင်မှာတော့ ကာဗိုဟိုက်ဒရိတ်၊ ကဖင်းဖြစ်စဉ်များ၊ နှလုံးသွေးကြောရောဂါ၊ အရေပြားနဲ့ ကြွက်သား၊ ကိုယ်ခံအားထိန်းညှိခြင်း၊ ကျောက်ကပ်လုပ်ဆောင်ချက်တို့နဲ့ သက်ဆိုင်နေပါတယ်။
▪️ အမျိုးသမီးတွေမှာ ဓမ္မတာသွေးဆုံးခြင်းကတော့ အိုမင်းရင့်ရော်ခြင်းနဲ့ မဆိုင်ဘူးလို့ နန်ယန်နည်းပညာတက္ကသိုလ် စင်္ကာပူမှ သုတေသနပြုစုသူ ရှောက်တောင်ရှန်က ပြောသွားပါတယ်။
#Source: WION
#World_Health
Published 26 November 2024
▪️ မှိုခေါင်းဖြူမှထုတ်ယူရရှိတဲ့ ပစ္စည်းဟာ အကျိတ်ကြီးထွားမှုကို တားဆီးပေးပြီး ကင်ဆာဆန့်ကျင်တဲ့ ကိုယ်ခံအားဆဲလ်တွေကို ထောက်ပံ့ပေးကာ ဆီးကျိတ်ကင်ဆာ ဆိုးရွားလာခြင်းကို နှောင့်နှေးစေနိုင်တယ်လို့ စီးတီးအော့ဖ်ဟုပ် ကင်ဆာကုသရေးဌာနက သုတေသန တွေ့ရှိထားပါတယ်။
▪️ စီးတီးအော့ဖ်ဟုပ်မှ သုတေသီများက ခေါင်းဖြူမှို၊ စပျစ်စေ့အရည်၊ သလဲသီး၊ ဘလူးဘယ်ရီ၊ ခရမ်းဘယ်ရီးမှည့်တို့ကို ဆေးဘက်ဆိုင်ရာ သုတေသန ပြုလုပ်နေတယ်လို့ ကင်ဆာဇီဝဗေဒနဲ့ မော်လီကျူးဆေးပညာဌာနမှ ပရော်ဖက်ဆာ ရှီယွမ်ချင်က ပြောပါတယ်။
▪️ အပင်မှရလာတဲ့ ပစ္စည်းတွေက သမားရိုးကျ ကင်ဆာကုသမှုနဲ့ ကာကွယ်ရေးတို့မှာ အသုံးဝင်လာနိုင်တယ်ဆိုတာကို ရှာဖွေနေကြတယ်လို့ ဆိုပါတယ်။
▪️ agaricus bisporus လို့ခေါ်တဲ့ ခေါင်းဖြူမှိုတွေက အမေရိကန်မှာ အစားအများဆုံးမှိုတစ်မျိုး ဖြစ်ပါတယ်။
▪️ ပထမအဆင့် စမ်းသပ်မှုမှာ ပါဝင်စမ်းသပ်သူ ၃၆ ရာခိုင်နှုန်းက မှိုခေါင်းဖြူဆေးပြားများ အသုံးပြုပြီး ၃လအကြာမှာ ဆီးကျိတ်ကင်ဆာဖြစ်စေတဲ့ ဆဲလ်(PSA)ပမာဏ ကျဆင်းသွားတာကို တွေ့ရှိခဲ့ကြပါတယ်။
▪️ စမ်းသပ်မှုအတွင်း ဆေးတွေကနေ ဘေးထွက်ဆိုးကျိုး ကြီးကြီးမားမား မတွေ့ရှိရပါဘူး။
▪️ ဒုတိယအဆင့် စမ်းသပ်မှုမှာ မှိုဖြင့် MDSC ဆဲလ်တွေကို ပစ်မှတ်ထားကာ ဆီးကျိတ်ကင်ဆာ ဆိုးရွားလာခြင်းကို လျှော့ချနိုင်တယ်လို့ စမ်းသပ်ရရှိပါတယ်။
▪️ မှိုခေါင်းဖြူမှရရှိတဲ့ ပစ္စည်းကို စားသုံးစေခဲ့ပြီး ၃လအကြာမှာ ဆီးကျိတ်ကင်ဆာလူနာ ၈ ဦးရဲ့သွေးထဲမှဦ MDSCနည်းပါးသွားပြီး အကျိတ်ဖယ်ရှားပေးတဲ့ ဆဲလ်များ လှုပ်ရှားလာပါတယ်။
▪️ ကြွက်တွေမှာ မှိုကုသခြင်းနဲ့ ကိုယ်ခံအားကုထုံးတို့က ၈ရက်ကြာအောင် ရှိနေခဲ့ပါတယ်။
▪️ ဆီးကျိတ်ကင်ဆာဟာ အမေရိကန်မှ အမျိုးသားတွေမှာ အဖြစ်အများဆုံးနဲ့ အန္တရာယ်အရှိဆုံး ကင်ဆာတစ်မျိုးဖြစ်ပြီး ဆီးကျိတ်ဂလင်း ဖြတ်တောက်ခြင်း၊ ဓာတ်ရောင်ခြည်ကုသခြင်း၊ ဟော်မုန်းကုသခြင်း၊ ဓာတုကုထုံး၊ ကိုယ်ခံအားကုသနည်းတို့ဖြင့် ကုသကြပါတယ်။
▪️ အဆိုပါမှိုတွေနဲ့ ထုတ်ယူရရှိတဲ့ပစ္စည်းတွေကို အွန်လိုင်းကနေ ဝယ်ယူကြတာဟာ FDAအသိအမှတ်ပြု မဟုတ်တာကြောင့် သတိထားဖို့ ဒေါက်တာ ရှောက်ကျင်ဝမ်က ပြောသွားပါတယ်။
#Source: New York Post
ဂျပန်အတွင်းရှိ အမေရိကန်စစ်စခန်းများအနီး ရေထုညစ်ညမ်းမှုပြဿနာအားဖြေရှင်းပေးရန် ဂျပန်ပြည်သူများဆန္ဒပြ
ဂျပန်ပြည်သူတွေဟာ ကြာသပတေးနေ့က တိုကျိုအခြေစိုက် ဂျပန်-အမေရိကန် လုံခြုံရေးအတိုင်ပင်ခံကော်မတီရှေ့မှာ ဆန္ဒပြထုတ်ဖော်ခဲ့ကြပါတယ်။
#Asia_News
Published 25 November 2024
#အမေရိကန်စစ်စခန်း #ဂျပန်ပြည်သူများဆန္ဒပြ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 25 November 2024
၁။ အကယ်ဒမီပေးပွဲအတွက် ရွှေကြိုများခေါ်ယူနေ
၂။ ကမ္ဘာ့ရွှေဈေး အဖွင့်ဈေးတက်၍ မြန်မာ့ရွှေဈေး အနည်းငယ်တက်
၃။ နောက်(၁၂)နာရီအတွင်း မုန်တိုင်းငယ်ဖြစ်နိုင်၊ဒေသ(၈)ခုမိုးရွာမည်
၄။ ဂျပန်အတွင်းရှိ အမေရိကန်စစ်စခန်းများအနီး ရေထုညစ်ညမ်းမှုပြဿနာအားဖြေရှင်းပေးရန် ဂျပန်ပြည်သူများဆန္ဒပြ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
၂၅ နိုဝင်ဘာ ၂၀၂၄
အမေရိကန်ရွေးကောက်ခံ သမ္မတဒေါ်နယ်ထရမ့်က အမေရိကန်စစ်တပ်ကနေ လိင်ပြောင်း စစ်မှုထမ်း တွေကို ထုတ်ပစ်မယ့် သမ္မတအမိန့်တစ်ခုကို ထုတ်ပြန်ဖွယ်ရှိတယ်လို့ အမေရိကန်စစ်တပ် သတင်း အရင်းအမြစ်ကိုကိုးကားပြီး တိုင်းမ်သတင်းဌာနက ရေးသားလိုက်ပါတယ်။
ထရမ့်ဟာ သမဖ်မတတာဝန်ကိုလာမယ့် နှစ်ဇန်နဝါရီ ၂၀ရက်မှာ စတင်ထမ်းဆောင်မှာဖြစ်ကာ သမ္မတ ဖြစ်ပြီးသိပ်မကြာခင်မှာပဲ အမေရိကန်စစ်တပ်မှာ လိင်ပြောင်းသူတွေ စစ်မှုထမ်းမှာကို ပိတ်ပင်မယ့် သမ္မတ အမိန့်တစ်ခုကို လက်မှတ်ရေးထိုးလိမ့်မယ်လို့ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။ အဲဒီအမိန့်အရ လက်ရှိ လိင်ပြောင်းစစ်မှုထထမ်း ၁၅.၀၀၀ ဦးဟ အလိုလိုစစ်တပ်ကနေထွက်ပေးရတော့မှာဖြစ်ပြီး သူတို့ကို စစ်မှုထမ်းရန်မသင့်ဟုကြေညာခြင်းခံရမှာဖြစ်ပါတယ်။
အဲဒီအမိန့်အရ စစ်တပ်ကို လိင်ပြောင်းသူတွေ ထပ်မံဝင်ရောက်လာမှာကိုလည်း ပိတ်ပင်တားဆီးမှာဖြစ်တဲ့ အတွက် အမေရိကန်စစ်တပ်အနေနှင့် လိုအပ်တဲ့ စစ်သားစုဆောင်းရေးအရေအတွက်ရရှိဖို့ အတော် ရုန်းကန်ရလိမ့်မယ်လို့ သတင်းကဆိုပါတယ်။
အသက် ၇၈နှစ်ရှိပြီဖြစ်တဲ့ ထရမ့်ဟာ စစ်တပ်ထဲမှာ လိင်ပြောင်းသူတွေ မထားဖို့ သူရဲ့ ပထမသက်တမ်း ထဲမှာ ပြောထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါတွေကြောင့် စစ်တပ်ထဲ ဆေးဝါးစရိတ်တွေနှင့် အလုပ်ပျက်အကိုင်ပျက်တွေ အများကြီးရှိခဲ့တယ်လို့ ဆိုကာ ၂၀၁၉ခုနှစ်မှာ အမိန့်ထုတ်တားဆီးခဲ့တာပါ။
ဒါပေမယ့် ဂျိုးဘိုင်ဒင် သမ္မတဖြစ်လာပြီးတဲ့နောက် ပြောင်းပြန် ပြန်လုပ်ခဲ့ပါတယ်။ အခုထရမ့်က သမ္မတပြန်ဖြစ်လာတဲ့အခါ သူထုတ်ပြန်ခဲ့တဲ့ အမိန့်ကိုပြန်အသက်သွင်းမယ့် သဘောဖြစ်ပါတယ်။
Source : Times of India
သီတင်းကျွတ်နှင့် တန်ဆောင်တိုင်ပိတ်ရက်အတွင်း ငွေဆောင်ကမ်းခြေသို့ ခရီးသွား ၂၅,၀၀၀ခန့်လာရောက်လည်ပတ်
ပြီးခဲ့တဲ့ သီတင်းကျွတ်နဲ့ တန်ဆောင်တိုင်ပိတ်ရက်ကာလအတွင်း ငွေဆောင်ကမ်းခြေသို့ ခရီးသွား ၂၅,၀၀၀ ကျော်လာရောက်လည်ပတ်ခဲ့တယ်လို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ငွေဆောင်ရုံးခွဲထံမှ သိရပါတယ်။
#Local_News
Published 25 November 2024
#ငွေဆောင်ကမ်းခြေ #သီတင်းကျွတ်နှင့်တန်ဆောင်တိုင်
#YMG/NN #Yangon_Times
Page 397 of 1862