#LocalHealth
Published_ 16 Feb 2022
ရန်ကုန်တိုင်းဒေသကြီးအတွင်း နေအိမ်တွင်သီးသန့်ခွဲခြား နေထိုင်သော ကိုဗစ်ပိုးတွေ့လူနာများ ဆရာဝန်နှင့် ဆက်သွယ်မေးမြန်းတိုင်ပင်နိုင်မည့် ဖုန်းနံပတ်များကို ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်ပေးထားပါတယ်။
နေအိမ်တွင်သီးသန့်ခွဲခြားနေထိုင်သော ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာများ (Home Isolation) နှင့် မိဘပြည်သူများအနေဖြင့် ရောဂါနှင့်ပတ်သက်၍ တာဝန်ကျဆရာဝန်နှင့် တိုက်ရိုက် ဆက်သွယ်မေးမြန်းတိုင်ပင်နိုင်မည့်(Teleconsultation Program) အတွက် အထူးကုဆရာဝန်နှင့်ဆေးပညာရှင်များပါရှိသည့် Teleconsultation Team များကို ခရိုင်အလိုက် ဖွဲ့စည်းထားရှိပြီးဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဆိုပါပညာရှင်အဖွဲ့ များ၏ ဖုန်းနံပါတ်များသို့ သက်ဆိုင်ရာခရိုင်အလိုက် ဆက်သွယ်နိုင်ပါကြောင်း အသိပေးကြေညာထားပါတယ်။
တောင်ပိုင်းခရိုင် ကိုဗစ်-၁၉ ကျန်းမာရေးဆိုင်ရာ တိုင်ပင်ဆွေးနွေးနိုင်မည့်ပညာရှင် အဖွဲ့ (Teleconsultation Team) သို့ ၂၄ နာရီ ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များ
၀၉ ၈၈ ၂၅၅ ၃၆၀၆
၀၉ ၈၈ ၂၅၅ ၃၆၀၅
မြောက်ပိုင်းခရိုင် ကိုဗစ်-၁၉ ကျန်းမာရေးဆိုင်ရာ တိုင်ပင်ဆွေးနွေးနိုင်မည့်ပညာရှင် အဖွဲ့ (Teleconsultation Team) သို့ ၂၄ နာရီ ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များ
၀၉ ၈၈၂၅၅၄၀ ၀၈
၀၉ ၈၈၂၅၅၄၀ ၀၉
အနောက်ပိုင်းခရိုင် ကိုဗစ်-၁၉ ကျန်းမာရေးဆိုင်ရာ တိုင်ပင်ဆွေးနွေးနိုင်မည့် ပညာရှင်အဖွဲ့ (Teleconsultation Team) သို့ ၂၄ နာရီ ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များ
၀၉ ၈၈၂၅၅၄၀ ၁၀
၀၉ ၈၈၂၅၅၄၀ ၁၁
အရှေ့ပိုင်းခရိုင် ကိုဗစ်-၁၉ ကျန်းမာရေးဆိုင်ရာ တိုင်ပင်ဆွေးနွေးနိုင်မည့်ပညာရှင် အဖွဲ့ (Teleconsultation Team) သို့ ၂၄ နာရီ ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များ
၀၉ ၈၈၂၅၅၄၀ ၀၅
၀၉ ၈၈၂၅၅၄၀ ၀၆
ymg-mnn
#Yangon_Media_Group
#WorldHealth
Published - 16 February 2022
အမေရိကန်ပြည်ထောင်စုမှာ ကိုဗစ်ကူးစက်ပျံ့ပွားမှုတွေ လျော့နည်းလာတယ်ဆိုပေမယ့် နှလုံးကြွက်သားအားနည်းခြင်းအခြေအနေလိုမျိုး အဖြစ်များလာတာကို တွေ့ကြုံနေရကြောင်း ဆရာဝန်တွေကပြောကြားထားပါတယ်။
ရုတ်တရက်စိတ်ဖိစီးမှု ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာအခြေအနေတွေကြောင့် ဖြစ်ပေါ်လာတတ်ကြောင်း ကျွမ်းကျင်ပညာရှင်များက ပြောပြပါတယ်။ဒီလိုအခြေအနေကို အသည်းကွဲရောဂါလို့ ခေါ်ကြပြီး မေတ္တာရေးမှာအဆင်မပြေသူတွေ ဝမ်းနည်းတတ်တဲ့သူတွေသာ ခံစားရလိမ့်ရှိတယ်လို့ ထင်နေကြပေမယ့် တကယ်တမ်းကတော့ စိုးရိမ်ရတဲ့အခြေအနေဖြစ်ပါတယ်။
ကပ်ရောဂါစကတည်းက ဒီလိုအဖြစ်မျိုး ပိုများလာတယ်လို့ ဆရာဝန်တွေကဆိုပါတယ်။
"နှလုံးကြွက်သားအားနည်းခြင်းအခြေအနေက နှလုံးမှာဖိစီးမှုအလွန်များလာတဲ့အခါ ဖြစ်တတ်ပါတယ်။ ဒါတောင် နှလုံးကြွက်သားက အလွန်သန်မာတဲ့အင်္ဂါဖြစ်ပါတယ်" လို့ မစ်ဆူရီ စိန့်လုခ်ဆေးရုံမှ နှလုံးအထူးကုဆရာဝန် ဒေါက်တာ'ထရေစီစတီဗင်'က ပြောပြလိုက်ပါတယ်။
ရုတ်တရက်စိတ်ဖိစီးခံစားရမှုတွေ၊ ဒေါသစိတ်ခံစားရမှုတွေ၊ စိုးရိမ်ကြောက်ရွံ့မှုတွေကြောင့် ဒီလိုအခြေအနေမျိုးဖြစ်တတ်ပါတယ်။ကပ်ရောဂါက လူတွေရဲ့နေထိုင်မှုဘဝကို ပြောင်းလဲပစ်လိုက်ကြောင်း၊ စိတ်ဖိစီးမှု ဝမ်းနည်းမှုတွေကြုံတွေ့လာရင် အခြားလူတွေနဲ့ဖွင့်ဟပြောဆိုသင့်ကြောင်း မစ်ဆူရီကျန်းမာရေးတက္ကသိုလ်မှ နှလုံးအထူးကု ဒေါက်တာ'ပါရမ်ဒိဘာဝီဂျာ'က ပြောခဲ့ပါတယ်။
"ကပ်ရောဂါကာလမှာ ခပ်ဝေးဝေးမှပြောဆိုနေထိုင်မှုတွေ ပြုလုပ်ခိုင်းတာကြောင့် စိတ်ဖိစီးမှုကြုံတွေ့နေရတဲ့သူတွေအတွက် ပိုပြီးခက်ခဲစေပါတယ်"အမေရိကန်နှလုံးရောဂါအဖွဲ့အစည်းရဲ့ဖော်ပြချက်အရ နှလုံးရဲ့အဓိကသွေးလွှတ်ခန်း ကြီးမားလာပြီး ကောင်းကောင်းအလုပ်မလုပ်နိုင်တဲ့အခါ ရင်ဘတ်အောင့်ခြင်း အသက်ရှူကြပ်ခြင်းတို့ ဖြစ်ပေါ်လာနိုင်ပါတယ်။
မနှစ်က အမေရိကန်နှလုံးရောဂါအဖွဲ့အစည်းဂျာနယ်မှာ ဖော်ပြထားချက်အရ နှလုံးကြွက်သားအားနည်းခြင်းရောဂါ အများဆုံးခံစားရတဲ့လူတွေဟာ အသက် ၅၀ နဲ့အထက်အမျိုးသမီးတွေဖြစ်ပါတယ်။
အဆိုပါရောဂါခံစားရသူတွေဟာ ရက်ပိုင်းအတွင်း ပြန်လည်သက်သာတတ်ပေမယ့် အခြားနှလုံးသွေးကြောဆိုင်ရာရောဂါများ ဖြစ်လာနိုင်ချေရှိပါတယ်။
"အများစုက ပြန်ကောင်းသွားကြပါတယ်။ နှလုံးသွေးလွှတ်ခန်းက မူလအတိုင်း ပြန်လည်လှုပ်ရှားနိုင်ပြီး နှလုံးခုန်နိုင်စွမ်း ပုံမှန်ပြန်ဖြစ်လာပေမယ့် အနီးကပ်သေချာစောင့်ကြည့်သွားဖို့တော့ လိုအပ်ပါတယ်" လို့ 'စတီဗင်'က ဆိုပါတယ်။
Source: WHNT.
#WorldArchaeology
Published 15 February 2022
အယ်လ်ဆာလ်ဗေးဒိုးနိုင်ငံရှိ မိုင်ယာရွာလေးဟာ မီးတောင်ပေါက်ကွဲမှုတွေကြောင့် နှစ်ပေါင်း ၁,၄၀၀ ကျော်တိုင်အောင် ပြာဖုံးလွှမ်းနေခဲ့ရပါတယ်။
#Yangon_Media_Group
Published 15 Feb 2022
သူတို့ရဲ့မျက်လုံးတွေမှာ မျက်ရည်တွေဝဲနေပါတယ်။ ဝတ်ဆင်ထားတဲ့နှာခေါင်းစည်းအောက်မှာတော့ သူတို့ရဲ့အပြုံးတွေကို မြင်ရပါတယ်။ မက္ကဆီကိုနိုင်ငံမှာ တနင်္လာနေ့က ဗာလင်တိုင်း ချစ်သူများနေ့အထိမ်းအမှတ်အဖြစ်စုံတွဲပေါင်း ၆၆၀ကျော်တို့ဟာ အစုအပြုံလိုက် လက်ထပ်မင်္ဂလာပွဲကြီး ဆင်နွှဲခဲ့ကြပါတယ်။
Source AFP
Published 15 February 2022
မြောက်ကိုးရီးယားခေါင်းဆောင် ကင်မ်ဂျုန်အန်ဟာ ဖေဖော်ဝါရီ(၁၂)ရက်နေ့က ပြုံယမ်းမှာကျင်းပတဲ့ ပထမအသုတ် အိမ်ခန်းပေါင်း တစ်သောင်းကို အုတ်မြစ်ချစတင်တည်ဆောက်တဲ့ အခမ်းအနားကို တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။
ငါးနှစ်စီမံကိန်းနှင့် ၂၀၂၅နှစ်အရောက်မှာ အိမ်ခန်းပေါင်းငါးသောင်းတည်ဆောက်မှာဖြစ်ပါတယ်။
ကင်မ်တက်ရောက်လာတဲ့ ဗွီဒီယိုသတင်းကို မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက ဖေဖော်ဝါရီ ၁၅ရက်မှာ ထုတ်လွှင့်ပြသခဲ့ ပါတယ်။
Source AFP
#LocalNews
Published - 15 Feb 2022
နေပြည်တော်မှာ ပြည်ထောင်စုနေ့အခမ်းအနားနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တစ်ပြိုင်တည်းလုပ်ခဲ့တာကြာင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲဘက်မှာ အားအေားလျော့စေခဲ့တယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)ရဲ့ တာဝန်ရှိသူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက YMG ကို ပြောပါတယ်။
#Yangon_Media_Group
#LocalNews
Published 15 Feb 2022
ရခိုင်ပြည်နယ် မြောက်ဦးမြို့ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင်နိုင်ရေးအတွက် အီတလီနိုင်ငံသားပညာရှင်ရဲ့ ရှေ့ပြေးကွင်းဆင်းမှုကရရှိတဲ့ အကြောင်းအရာတွေကို ပြည်နယ်အစိုးရဆီ တင်ပြဖို့ရှိနေပါတယ်။
#Yangon_Media_Group
#LocalNews
Published - 15 Feb 2022
ထိုင်းနိုင်ငံအနေနဲ့ MOU စနစ်နဲ့ မြန်မာလုပ်သားအရေအတွက် သိန်းနှင့်ချီခေါ်ယူဖို့ ရှိနေတယ်ဆိုပေမယ့်လည်း ကိုဗစ်စည်းကမ်းတွေနဲ့ ပက်သက်တဲ့ လုပ်ဆောင်ချက်တွေအရ တစ်လကို အလုပ်သမား ၇,၅၀၀ လောက်ပဲ ပို့နိုင်ဦးမယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနက သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published - 15 Feb 2022
၂၀၂၂ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့တွင် ကျင်းပမယ့် အာရှပစိဖိတ်ဒေသအတွင်း အနုပညာပြိုင်ပွဲကို မြန်မာနိုင်ငံအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်လိုသူတွေက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှာ စာရင်းပေးသွင်းနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ပြိုင်ပွဲအမျိုးအစားအနေနဲ့ ဓာတ်ပုံပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ကွန်ပျူတာပန်းချီနဲ့ ဂရစ်ဖစ်ဒီဇိုင်းပြိုင်ပွဲ တို့မှာ ပါဝင်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ပြိုင်ပွဲဝင်လက်ရာတွေကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ နေပြည်တော်ကို ၂၀၂၂ ခုနှစ် မတ်လ ၇ ရက်နေ့ နောက်ဆုံးထားပေးပို့ယှဉ်ပြိုင်နိုင်တယ်လို့ သိရပါတယ်။
ကင်မရာနဲ့ ရိုက်ကူးထားတဲ့ပုံတွေ၊ ပန်းချီမှာဆိုရင် ခဲ/ရောင်စုံ/ရေဆေး/ဆီဆေး တို့နဲ့ ယှဉ်ပြိုင်နိုင်ပြီး ဂရစ်ဖစ်ဒီဇိုင်းကို ကွန်ပျူတာနဲ့ ဖြစ်စေ၊ မိုဘိုင်းဖုန်း application နဲ့ဆွဲသားထားတဲ့ ဒီဇိုင်းတွေ၊ ကွန်ပျူတာပန်းချီမှာ ဆိုရင် dimensional hand-made arts တို့ကို ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။
ဆုချီးမြှင့်မှုအနေနဲ့ အငယ်တန်း/ အလွတ်တန်း ပထမဆု ၂ သိန်းကျပ်၊ ဒုတိယဆု တစ်သိန်းငါးသောင်းကျပ်၊ တတိယဆု တစ်သိန်းကျပ်တို့ ရရှိမှာဖြစ်ပါတယ်။
ဒါ့အပြင် နိုင်ငံအဆင့် ပထမဆုရရှိသူတွေရဲ့ လက်ရာတွေကို UNEP မှ ကြီးမှူးကျင်းပတဲ့ အာရှ-ပစိဖိတ်ဒေသတွင်း ဆိုင်ရာ Regional Ozone2climate art contest သို့ ဆက်လက်ပေးပို့ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
ပြိုင်ပွဲဝင်မယ့်သူတွေအနေနဲ့ အငယ်တန်းဆိုရင် ၂၀၂၁ ခုနှစ် ၉ လပိုင်းမှာ အသက် ၁၅ နှစ် မပြည့်သေးသူနဲ့ အသက် ၁၅ နှစ်အောက်ဖြစ်ရမှာဖြစ်ပြီး အလွတ်တန်းအနေနဲ့ ၂၀၂၁ ခုနှစ် ၉ လပိုင်းမှာ အသက် ၁၅ နှစ် ပြည့်ပြီးသူ ဖြစ်ရမယ်လို့ ကြေညာထားပါတယ်။
ymg/ei
#Yangon_Media_Group
#LocalNews
Published - 15 Feb 2022
AFF U 23 ပြိုင်ပွဲဝင်ရောက်မယ့် မြန်မာလက်ရွေးစင် ယူ ၂၃ ကစားသမားတွေအနေနဲ့ တစ်သင်းလုံးနီးပါး ကိုဗစ်ကူးစက်မှုခံနေရတာကြောင့် ပြိုင်ပွဲကနေ နုတ်ထွက်သွားတယ်လို့ အာဆီယံဘောလုံးအဖွဲ့ချုပ်ဒီကနေ့မှာကတရားဝင်ထုတ်ပြန်လိုက်ပါတယ်။
AFF U 23 ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်နေပြီး ဒီနေ့မှာ မလေးရှားနဲ့ ရင်ဆိုင်ကစားရမယ့် မြန်မာ ယူ-၂၃ အသင်းဟာ အသင်းတွင်း ကိုဗစ်ကူးစက်မှုအများအပြားဖြစ်ပွားနေလို့ ပြိုင်ပွဲက နုတ်ထွက်ခဲ့ရတာဖြစ်ပြီး မြန်မာအသင်းမှာ ကစားသမား ၂၃ ဦး လိုက်ပါသွားခဲ့ပြီး ၅ ဦးသာ ကြံ့ခိုင်မှုကောင်းမွန်နေကာ ကျန်ကစားသမားတွေက ကိုဗစ်ကူးစက်ခံထားရပြီး ရောဂါလက္ခဏာတွေ ပြသနေတယ်လို့ သိရပါတယ်။
ကျန်းမာရေးပြဿနာတွေ ဆိုးရွားစွာရင်ဆိုင်နေရတာကြောင့် ပြိုင်ပွဲကနေ နှုတ်ထွက်ခဲ့တာလို့သိရပြီး ဒီအကြောင်းကို နည်းပြပိုပေါ့ဗ်ကလည်း သူ့ရဲ့လူမှုကွန်ယက်ကနေ အသိပေးပြောဆိုထားပါတယ်။
မြန်မာအသင်းဟာ အုပ်စု (ခ)မှာ ကျရောက်နေတာဖြစ်ပြီး မလေးရှား၊ လာအို၊ အင်ဒိုနီးရှားတို့နဲ့ တစ်အုပ်စုတည်းကျရောက်နေပြီး ကမ္ဘောဒီးယားက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတာဖြစ်ပါတယ်။
ymg/hm
#Yangon_Media_Group
Published 15 Feb 2022
ရုရှားဟာ ယင်းရဲ့ အနောက်မြောက်ဖက်ဒရယ်ဒေသတလျောက်မှာ စစ်ရေးလေ့ကျင့်ခန်းတွေပြုလုပ်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာပါတယ်။
အာတိတ်ဒေသမှာ ရုရှားမြောက်ပိုင်းရေတပ်စုရဲ့ ယာဉ်တင်တပ်ရင်းတစ်ခုဟာ လက်တွေ့ပစ်ခတ်လေ့ကျင့်မှုတွေပြုလုပ်ခဲ့ကြပါတယ်။
ရုရှားစစ်သားတွေဟာ တင့်ကားဖျက်သေနတ်တွေ၊ဟောင်ဝဇာအမြောက်တွေနှင့်အခြားသော လက်နက်ကြီးများဖြင့် ဖန်တီးထားတဲ့ ရန်သူရဲ့ တင့်ကားတပ်တစ်ခုကို ချေမှုန်းခဲ့ကြပါတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနကပြောပါတယ်။
လီနင်ဂရက် စီရင်စုမှာလည်း အနောက်ဖက်စစ်ဒေသတိုင်းဟာ T-72 အမျိုးအစားအပါအဝင် တင့်ကားများစွာကို စေလွှတ်ပြီး အလျင်အမြန်စစ်ချီတဲ့ လေ့ကျင့်ခန်းကို ပြုလုပ်ခဲ့ကြပါတယ်။
လေ့ကျင့်မှုများအတွင်း ရုရှားတပ်တွေဟာ သစ်တော၊နှင်းကျနေတဲ့မြေပြင်လို အထူးမြေပြင်အခြေအနေတွေနှင့် စစ်ရေး လေ့ကျင့်ခဲ့ကြပြီး တင့်ကားတွေကိုလည်း လက်တွေ့ပစ်ခတ်ပြီး လေ့ကျင့်ခဲ့ကြပါတယ်။
Source CMG/MOD,Russia
#LocalNews
Published - 15 Feb 2022
အခေါက်ရွှေ တစ်ကျပ်သားကို မြန်မာ ကျပ်ငွေ ၁၉ သိန်းကျော် ပြန်ဖြစ်လာကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖေဖော်ဝါရီလ ၁၄ ရက် တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ၁၈ သိန်း ၉ သောင်းခွဲ ဖြင့် ဈေးပိတ်ခဲ့ရာမှ ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက် နံနက်တွင် တစ်ကျပ်သားလျှင် ၁၉ သိန်း ရှစ်ထောင် ဖြင့် ဈေးဖွင့်ခဲ့ကာ ၁၉ သိန်း သုံးထောင်ဖြင့် ဈေးပြန်ပိတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ကမ္ဘာ့ရွှေဈေးတက်တယ်လေ။ဒါကြောင့် ပြည်တွင်းရွှေဈေးပါ တက်လာတဲ့သဘောပေါ့။ ကမ္ဘာ့နိုင်ငံရေး ကိစ္စတွေလည်း ပါတယ်။ ယူကရိန်းနဲ့ ရုရှားတို့ အခြေအနေတွေကြောင့် ကမ္ဘာ့ရွှေဈေးကဆက်တက်မယ့်သဘောရှိနေတယ်လို့ သုံးသပ်နေကြတယ်။အခုရွှေဈေးက ၁၉ သိန်းကျော်သွားတော့ ဝယ်ရောင်းလုပ်တဲ့သူတွေအကြိုက်ဈေးဖြစ်နေတော့ ပြန်ထုတ်ရောင်းလာကြပြန်တယ်” ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က YMG ကို ပြောသည်။
ပြည်တွင်းရွှေဈေးကွက်တွင် နေ့စဉ် ပုံမှန်ရွှေပိဿာချိန် ၅၀ ခန့်ကို အရောင်းအဝယ် လုပ်နေကြခြင်း ဖြစ်ကြောင်း၊ နောက်ရက်များတွင်လည်း တက်နိုင်သည့် အခြေအနေတွင် ရှိနေသော်လည်း ရွှေ အဝယ်မလိုက်နိုင်သေးကြောင်းလည်း ရွှေကုန်သည်များက ခန့်မှန်းထားကြသည်။
ymg/mt
#Yangon_Media_Group
Page 2044 of 2066