Published 23 April 2022
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်ဟာ ယူကရိန်းဝန်ကြီးချုပ် ဒင်နီရှီမားဟဲလ်ကို ဧပြီ ၂၂ရက်က ဝါရှင်တန်ဒီစီမီမှာ လက်ခံတွေ့ဆုံပါတယ်။ နှစ်ဖက်စလုံးက အရာရှိတွေက ရုရှားနှင့်တိုက်တဲ့စစ်ပွဲ အောင်နိုင်လိမ့်မယ် လို့ ပြောကြားကြပါတယ်။
Source AFP
#WorldTourism
Published 23 April 2022
မနက်မိုးသောက်အလင်းရောက်လာတဲ့အချိန်မှာ ကမ္ဘောဒီးယားနိုင်ငံကို လာရောက်လည်ပတ်တဲ့ နိုင်ငံခြားခရီးသွားဧည့်သည်တွေက အန်ကာဝတ်ဘုရားကျောင်းကြီးရဲ့ ရှေးဟောင်းမျှော်စင်တွေအောက်မှာ စုရုံးနေကြပြီဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published_23 April 2022
မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရောက်ရေး အနဂ္ဃရတနာမြေ ဓာတ်ပုံပြပွဲကို မြောက်ဦးမြို့ အံတော်သိမ် ပုထိုးတော်ကြီး၊ ဓမ္မသာလဆောင်၌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့ ကြီးမှူး၍ ယနေ့ ၂၃ ရက်တွင် စတင်ကျင်းပခဲ့ကြကြောင်း သိရသည်။
"ဒါက ကမ္ဘာ့အမွေအနှစ်ဝင်နိုင်ဖို့ အကြိုလှုပ်ရှားမှု ဖြစ်ပါတယ်။မြောက်ဦးဒေသရဲ့ လူနေမှုဘဝတွေကို ဓာတ်ပုံပညာနဲ့ ပြည်သူတွေကို ထုတ်ဖော်ပြသနိုင်ဖို့အတွက် အနဂ္ဃရတနာမြေ - မြောက်ဦး ဓာတ်ပုံပြပွဲကို ပြုလုပ်ရတာပါ။ စေတီပုထိုးတွေရဲ့ ခမ်းနားထည်ဝါမှုနဲ့ အနုပညာလက်ရာတွေ ၊ ရှုခင်းတွေ၊ လူနေမှုဘဝတွေ၊ ပွဲတော်တွေ၊ မြောက်ဦးဒေသအလေ့အထတွေကို ရိုက်ကူးပုံဖော်ထားတဲ့ ဓာတ်ပုံတွေဖြစ်ပါတယ်"ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးအောင်မျိုးက ပြောသည်။

အနဂ္ဃရတနာမြေ - မြောက်ဦး ဓာတ်ပုံပြပွဲတွင် မြောက်ဦးဒေသခံ ဓာတ်ပုံပညာရှင်များက ဓာတ်ပုံ (၁၂၀)ကို ခင်းကျင်းပြသထားကြောင်း၊ဘိုးဘွားလက်ထက်က တည်ဆောက်ထားခဲ့သော အလွန်တန်ဖိုးရှိသည့် ယဉ်ကျေးမှုအမွေအနှစ်များကို အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက်ကာ နောင်မျိုးဆက်သစ်များကို လက်ဆင့်ကမ်းအမွေပေးနိုင်ရန် ရည်ရွယ်၍ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူဆောင်ရွက်ကြရန်လုပ်ဆောင်ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
Published 23 April 2022
ထိုင်းနိုင်ငံ ဓမ္မကာယ ဗုဒ္ဓဘာသာ ဂိုဏ်းက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေဟာ ဧပြီ ၂၂ရက်ညက ကမ္ဘာမြေနေ့အခမ်းအနားကို ကျင်းပခဲ့ပါတယ်။ အာကာသယာဉ်သဏ္ဍာန်ရှိတဲ့ ရွှေစေတီတစ်ဝိုက်မှာ ဘုန်းတော်ကြီးတွေဟာ ဆုတောင်းပတ္ထနာပြုကြပြီး LED မီးသီးနှင့် ဖယောင်းတိုင်ပေါင်း သုံးသိန်းကို ကမ္ဘာ့တိုက်ကြီးတွေ အသွင် ထွန်းညှိရင်း ဗုဒ္ဓဘုရားရှင်မြတ်ကို ပူဇော်ခဲ့ကြ ပါတယ်။
Source AFP
#LocalNews
Published - 23 Apr 2022
ငြိမ်းချမ်းရေးအတွက် တပ်မတော်ကလမ်းဖွင့်ပေးတာဟာကောင်းမွန်သော လက္ခဏာဖြစ်တယ်လို့ ရခိုင့်လွတ်မြောက်ရေးပါတီ ALP ရဲ့ဒုဥက္ကဌ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။
#Yangon_Media_Group
#LocalNews
Published - 23 April 2022
စစ်ကိုင်းတိုင်းဒေသကြီးရှိ တမူးမြို့ ပြည်သူ့ဆေးရုံတွင် ဒီကနေ့ ဧပြီ ၂၃ ရက်၊ နံနက်ပိုင်းအချိန်က မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

"ဒီကနေ့ နံနက် ၇ နာရီကျော်လောက်မှာ ဖြစ်တာပါ။တမူးမြို့ ပြည်သူ့ဆေးရုံဝန်းအတွင်းမှာ မီးလောင်မှု ဖြစ်ပွားခဲ့တာ ပါ။ မီးလောင်မှုကြောင့် ဆေးရုံအဝင်ညောင်ပင်ကြီးနဲ့ ကပ်လျက်အဆောင်တစ်ခု ပျက်ဆီးဆုံးရှုံးမှုရှိခဲ့ပါတယ်။"လို့ တမူးမြို့ ဒေသခံတစ်ဦးက ပြောပြခဲ့ပါတယ်။

အဆိုပါမီးဟာ လျှပ်စစ်ဝါယာရှော့ခ်ကြောင့် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်ဆုံးရှုံးသွားတဲ့ပစ္စည်းတွေရဲ့ ခန့်မှန်းတန်ဖိုးကိုတော့ စီစစ်တွက်ချက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
"လျှပ်စစ်ဝါယာရှော့ခ်ကြောင့်လို့ သိရပါတယ်။ လူထိခိုက်ဒဏ်ရာရမှုတော့ မရှိခဲ့ပါဘူး။ လူ တွေအားလုံးရော ဆေးရုံကလူနာတွေရော ဘေးကင်းခဲ့ပါတယ်။"လို့ ၎င်းက ဆက်လက်ပြောပြခဲ့ပါတယ်။

တမူးမြို့ဟာ မြန်မာ-အိန္ဒိယ (၂)နိုင်ငံနယ်စပ်မှာတည်ရှိတဲ့ မြို့တစ်မြို့ဖြစ်ပြီး ယနေ့ဖြစ်ပွားခဲ့သည့် တမူးမြို့ ပြည်သူ့ဆေးရုံမီးလောင်မှုကို ဒေသခံမီးသတ်တပ်ဖွဲ့ တွေနဲ့အတူ ဒေသခံလူမှုကူညီရေးအဖွဲ့ တွေက ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရတာဖြစ်ပါတယ်။
Photo - CJ
#Yangon_Media_Group
#LocalNews
Published- 23 Apr 2022
နစက ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာသူ ၅၇,၀၉၁ ဦးထဲမှာ နိုင်ငံရေးနဲ့ဆက်နွယ်ပြီး ဖမ်းဆီး၊ ချုပ်နှောင်ခံ ရသူ ၄,၅၅၆ ဦးခန့် သာ ပါဝင်ခဲ့တာကြောင့် စုစုပေါင်း လွတ်ငြိမ်းချမ်းသာခွင့်ရရှိသူဦးရေရဲ့ ရှစ်ရာခိုင်နှုန်းသာ ရှိခဲ့တယ်လို့ ISP Myanmar ကထုတ်ပြန်လိုက်ပါတယ်။
နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မှတ်တမ်းတွေအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် ကနေ ၂၀၂၂ ခုနှစ် ဧပြီ ၁၈ ရက်အတွင်းဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေးဖြစ်စဥ်တွေမှာ ဖမ်းဆီးထားသူဦးရေ စုစုပေါင်း ၁၃,၂၉၃ ဦး ရှိပြီဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် မတ်လ နဲ့ ဧပြီလတွေမှာ အဖမ်းအဆီးအများဆုံးရှိခဲ့ပြီး တော့ ၂၀၂၂ ခုနှစ်မှာလည်း ဆက်တိုက်ဖမ်းဆီးမှုတွေရှိနေခဲ့ပြီး အချက်အလက်တွေဟာ လက်လှမ်းမီသမျှ ပြုစုထားတဲ့အချက်အလက်တွေဖြစ်ပြီးတော့ မြေပြင်မှာ ဒီထက်ပိုပြီးများပြားနိုင်ပါတယ်လို့ ISP Myanmar ကဖော်ပြထားပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် ဧပြီ ၁၈ ရက် အတွင်း နိုင်ငံတဝန်းလုံးက အကျဥ်းထောင်တွေထဲမှာ ဖမ်းဆီးချုပ်နှောင်ခံထားရပြီးတော့ တရားစွဲခံထားရသူများနဲ့ ထောင်ဒဏ်ကျခံနေရသူများထဲက စုစုပေါင်း ၅၇,၀၉၁ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ၇ ကြိမ် ကြေညာပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။
လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တဲ့ အရေအတွက်တွေဟာ ၂၀၂၁ ခုနှစ်အတွင်းက ဖေဖော်ဝါရီ ၂၁ ရက်မှာ ၂၃,၃၁၄ ဦး၊ ဧပြီ ၁၇ ရက်မှာ ၂၃,၄၀၇ ဦး၊ ဇွန် ၃၀ ရက်မှာ ၂,၂၉၆ ဦး၊ အောက်တိုဘာ ၁၈ ရက်မှာ ၅,၆၃၆ ဦး ရှိခဲ့ပြီးတော့ ၂၀၂၂ ခုနှစ်အတွင်း ဖေဖော်ဝါရီ ၁၂ ရက်မှာ ၈၁၄ ဦး၊ မတ် ၂ ရက်မှာ ၅ ဦး၊ ဧပြီ ၁၇ ရက်မှာ ၁,၆၁၉ ဦးတို့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။
ymg/hm
#Yangon_Media_Group
#LocalNews
Published - 23 April 2022
ခရီးသွားဧည့်သည် ဝင်ရောက်မှုနည်းပါးခဲ့ခြင်းကြောင့် ပူတာအိုဒေသရှိ ရေခဲတောင်ခရီးသွားလုပ်ငန်းများဟာ (၈၀)ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ရတယ်လို့ နယ်မြေခံ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published_21 April 2022
မြောက်ဦးမှာ ကားဂိတ်ကို ရွှေ့ပြောင်းမှာဖြစ်တာကြောင့် ကားဂိတ်နဲ့အတူ နန်းရာကုန်းပတ်ဝန်းကျင်မှာရှိတဲ့ ဆိုင်ခန်းတွေကိစ္စကလည်း ကျွဲကူးရေပါဆိုသလို အဆင်ပြေသွားမှာဖြစ်တယ်လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(မြောက်ဦးဌာနခွဲ)က သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published -23 April 2022
၁။ မြောက်ဦး နန်းရာကုန်းပတ်ဝန်းကျင်ရှိ ဆိုင်ခန်းများကိစ္စ သက်ဆိုင်ရာက ဆောင်ရွက်ပေးမည်
၂။ ပူတာအိုဒေသ ရေခဲတောင်တက်ခရီးသွားလုပ်ငန်းများ ၈၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့
၃။ မိုးလေဝသ သတင်း
၄။ ကမ္ဘောဒီးယားခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာရေး ပြန်လည်မွမ်းမံထားသည့်
အန်ကာဝတ်ဘုရားကျောင်းက အဓိကမျှော်လင့်ချက်ဖြစ်လာ...အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Published 23 April 2022
အကြင်နာအနမ်းပေးခြင်းက သင့်ရဲ့သွားနဲ့ခံတွင်းကိုကျန်းမာစေပြီး ခံတွင်းနံ့ဆိုးခြင်းမှကာကွယ်ပေးနိုင်ကြောင်း သွားဆရာဝန်တစ်ဦးက အကြံပြုလိုက်ပါတယ်။
ဒါပေမဲ့အလျင်စလိုနမ်းရှိုက်တာမျိုးကတော့ ထိရောက်မှုရှိမှာ မဟုတ်ပါဘူး။
နိုင်ငံတကာသွားဘက်ဆိုင်ရာအဖွဲ့အစည်းမှ ဒေါက်တာ'ခါလိကာဆမ်'က တစ်နေ့ကို ၄ မိနစ်မျှ ထွေးပွေ့နမ်းရှိုက်သင့်ကြောင်း အကြုံပြုထားပါတယ်။
အကြင်နာပေးခြင်းမှရရှိလာတဲ့အကျိုးကျေးဇူးက ပါးစပ်ထဲမှာတံတွေးတွေ ပိုမိုထွက်ရှိလာစေတာဖြစ်ပါတယ်။
တံတွေးက အစာဝါးခြင်း၊ အရသာခံခြင်း၊ မျိုးချခြင်းနဲ့ ပါးစပ်ထဲရှိ ပိုးမွှားများတိုက်ထုတ်ခြင်းတို့ကိုပြုလုပ်ရာမှာ အရေးပါပါတယ်။
ဒါ့အပြင် သွားကြားတွေထဲက အက်ဆစ်ဓာတ်တွေကိုလည်း ချေဖျက်နိုင်ပြီး သွားပိုးစားခြင်းအန္တရာယ်ကိုလည်း လျှော့ချပေးပါတယ်။
အချစ်ရေးကိစ္စကံမကောင်းတဲ့သူတွေအတွက်ကတော့ သကြားမပါတဲ့ပီကေဝါးစားခြင်းက တံတွေးပိုမိုထွက်ရှိစေမှာဖြစ်ပါတယ်။
အကြင်နာပေးခြင်းရဲ့နောက်ထပ်အကျိုးကျေးဇူးတစ်ခုက ကိုယ်ခံအားစနစ်ကိုကူညီပေးတာဖြစ်ကြောင်း ဒေါက်တာ'ကာဆမ်'က ဆိုပါတယ်။
နမ်းရှိုက်စဉ် တစ်ဦးနဲ့တစ်ဦးတံတွေးဖလှယ်သွားတာကြောင့် ပဋိပစ္စည်း(antibody)တွေ ပိုမိုထွက်ရှိစေပြီး ရောဂါပိုးကူးစက်ခြင်းမှကာကွယ်ပေးနိုင်ပါတယ်။
ခံတွင်းထဲမှာ အပူနာပေါက်ခြင်း၊ ကူးစက်ရောဂါဖြစ်ပွားခြင်းနဲ့ ခံတွင်းကျန်းမာရေးဆိုးတဲ့သူတွေအနေနဲ့ အကြင်နာပေးခြင်းဖြင့် ဝေဒနာသက်သာစေပါတယ်။
ဒါပေမဲ့လည်း သွားတိုက်ခြင်းနဲ့ ခံတွင်းသန့်ရှင်းရေးကိုတော့ ဆက်လက်ပုံမှန်ဆောင်ရွက်သင့်ကြောင်း တိုက်တွန်းထားပါတယ်။
ဗြိတိန်နိုင်ငံသားတွေက ခံတွင်းကျန်းမာရေးအတွက် အခြားအစားထိုးနည်းလမ်းတွေရှာဖွေနေတဲ့အချိန်မှာ အခုလိုအကြံပြုချက်တွေပေါ်ထွက်လာတာဖြစ်ပါတယ်။
တရားဝင်ဖော်ပြချက်များအရ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း အင်္ဂလိပ်လူမျိုး ၃ ပုံ ၁ ပုံခန့်သာ သွားဆေးခန်းကိုလာရောက်ခဲ့ကြပါတယ်။
ကိုဗစ်ကပ်ရောဂါလော့ဒေါင်းကာလအတွင်း အခြားလုပ်ငန်းများလိုပဲ သွားဆေးခန်းတွေဟာလည်း ပိတ်ပင်ထားကြရတာကြောင့် ပြည်သူတွေအနေနဲ့ ခံတွင်းကျန်းမာရေးစစ်ဆေးဖို့ခက်ခဲနေခဲ့ကြပါတယ်။
Source: DailyMail
#Local_News
Published_ 23 April 2022
ရခိုင်ပြည်နယ်က ယာယီစခန်းတွေမှာ နေရပ်စွန့်ခွာသူ ၂၈,၀၀၀ ကျော်နေထိုင်နေတဲ့ တန်းလျားရှည်အလုံး ၅၅၀ ဟာ မိုးရာသီမတိုင်ခင်ပြုပြင်ဖို့ လိုအပ်နေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA) က ထုတ်ပြန်ထားပါတယ်။
တန်းလျားတွေပြုပြင်ဖို့အတွက် အမေရိကန်ဒေါ်လာ ၄.၇ သန်း လိုအပ်တယ်လို့ UNOCHA ရဲ့ထုတ်ပြန်ချက်မှာ ဆက်လက်ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးဖို့အတွက် ရန်ပုံငွေလိုအပ်ချက်ဟာ ၂၀၂၂ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၇၈၇ သန်းရရှိဖို့လိုအပ်ပြီး ၃၉ သန်းသာ ရရှိထားတယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ ပေးဖို့အတွက် ရန်ပုံငွေရရှိမှုဟာ ၂၀၂၂ ခုနှစ်အတွင်း တောင်းခံထားတဲ့ပမာဏနဲ့ယှဉ်ရင် နည်းပါးနေဆဲ ဖြစ်ပါတယ်။ဧပြီလ ၁၁ ရက်အထိ စာရင်းများအရ နိုင်ငံတစ်ဝန်းမှာ ပြည်တွင်းနေရပ်စွန့်ခွာ နေထိုင်သူပေါင်း ၉၁၂,၇၀၀ ဦးခန့်ရှိတယ်လို့ ဆိုပါတယ်။
ဒီအထဲမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း အိုးအိမ်စွန့်ခွာရသူဦးရေ ၅၆၆,၁၀၀ ပါဝင်ပါတယ်။ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီးတွေမှာ နေရပ်စွန့်ခွာ ရသူဦးရေဟာ လူ ၃၀၀,၀၀၀ ကျော်နိုင်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။
စားနပ်ရိက္ခာဖူလုံရေး အကူအညီပေးတဲ့မိတ်ဖက်အဖွဲ့အစည်းတွေဟာ လူဦးရေ ၁.၄ သန်းထံကို အရေးပေါ်အကူအညီတွေ ပေးထားပြီးပါပြီ။ ဒါဟာ ၂၀၂၂ ခုနှစ်အတွက် ဒီကဏ္ဍမှာ လျာထားတဲ့ သုံးလစာပမာဏလည်းဖြစ်တယ်လို့ ဆိုပါတယ်။
မိုးတွင်းကာလမရောက်ခင် ဘေးအန္တရာယ်ကျရောက်နိုင်ဖွယ်ရှိရာဒေသတွေမှာ အရေးပေါ်အခြေအနေတွေကြုံလာရင် အချိန်နဲ့တပြေးညီ ထိထိရောက်ရောက်တုံ့ပြန်ဆောင်ရွက်နိုင်ဖို့ ကြိုတင်ပြင်ဆင်ရေးအစီအစဉ်တွေကို ပြင်ဆင်နေပြီလို့လည်း UNOCHA က ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ymg-mnn
#Yangon_Media_Group
Page 1831 of 1956