#LocalNews
Published_27 April 2022
ဒေါ်အောင်ဆန်းစုကြည်ကို ဦးဖြိုးမင်းသိန်းနှင့်ပတ်သက်သော အဂတိအမှုအတွက် ယနေ့ ဧပြီလ ၂၇ ရက်တွင် နေပြည်တော်အထူးတရားရုံး၌ ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်ကြောင်းသိရသည်။
" ဒီနေ့ ဧပြီလ ၂၇ ရက်နေ့ အမိန့်ချတယ်။ ၅ နှစ်ပါ တဲ့"ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးက YMG ကို ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းက ရွှေ ၇ ပိဿာနှင့် ဒေါ်လာ ၆ သိန်း လာဘ်ပေးခဲ့သည်ဟုဆိုသော အဂတိအမှုနှင့်ပတ်သက်၍ ပြီးခဲ့သည့် မတ်လ ၁၄ ရက်ရုံးချိန်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဆေးခဲ့ရာစွပ်စွဲမှုများမမှန်ကန်ကြောင်း ထွက်ဆိုခဲ့ပြီးဖြစ်သည်။
ဦးဖြိုးမင်းသိန်းအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်ဆောင်ချက်များအပေါ် ထောက်ခံပေးရန်ဟုဆိုကာ ၂၀၁၇ ခုနှစ် ၊ ၂၀၁၈ ခုနှစ် ၊ ၂၀၁၉ ခုနှစ်တို့တွင် ဒေါ်အောင်ဆန်းစုကြည်ထံသို့ အကယ်ဒမီအခေါက်ရွှေ ၇ ပိဿာနှင့် ဒေါ်လာ ၆ သိန်းအား ၃ ကြိမ်းခွဲ၍ လက်ရောက်ပေးအပ်ခဲ့ကြောင်း နစက ထံ ထွက်ဆိုထားခြင်းဖြစ်သည်။
ယင်းထွက်ဆိုချက်နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်အား အဂတိလိုက်စားမှုတိုက် ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် တရားစွဲဆိုခဲ့ကာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်ရုံးချိန်းတွင် ဦးဖြိုးမင်းသိန်းနှင့် ဇနီးဖြစ်သူတို တရားလိုပြသက်သေအနေဖြင့် တရားခွင်အတွင်း ထွက်ဆိုခဲ့ကြကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#WorldPolitics
Published 27 April 2022
ရုရှားတို့က ပိုလန်သို့ ဓာတ်ငွေ့တွေတင်ပို့ခြင်းကို ဗုဒ္ဓဟူးနေ့က ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ဥရောပသမဂ္ဂဓာတ်ငွေ့ကွန်ရက်အော်ပရေတာရဲ့ အချက်အလက်များအရသိရှိရပါတယ်။
ဒါဟာ ယူကရိန်းကိုကျူးကျော်ခဲ့တဲ့ရုရှားနဲ့ အနောက်နိုင်ငံတို့ကြား ဆက်ဆံရေးပိုမိုဆိုးရွားလာတဲ့လက္ခဏာတွေ မြင်တွေ့နေရတာဖြစ်ပါတယ်။
ပိုလန်နိုင်ငံကဲ့သို့ နေတိုး(NATO)နဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ဘူလ်ဂေးရီးယားကလည်း ရုရှားဓာတ်ငွေ့တင်ပို့ခြင်းပြတ်တောက်သွားနိုင်တယ်လို့ ဆိုခဲ့ပေမယ့် တကယ်ပြတ်တောက်သွားပြီလားဆိုတာကို ဗုဒ္ဓဟူးနေ့ကအထိ ထုတ်ဖော်ပြောကြားခြင်းမရှိသေးပါဘူး။
ယူကရိန်းနဲ့ရုရှားတိုစစ်ပွဲဖြစ်နေတာ ၃ လကြာကာလအတွင်းရောက်ရှိလာပြီဖြစ်ပေမယ့် ရုရှားတိုက ယူကရိန်းအဓိကမြိုကြီးတွေကိုသိမ်းပိုက်နိုင်ခြင်းမရှိသေးတဲ့အချိန်မှာ ဥရောပကိုဓာတ်ငွေ့ထောက်ပံ့မှုရပ်တန့်ဖို ရုရှားတိုကခြိမ်းခြောက်လာပြီး ဥရောပမဟာမိတ်နိုင်ငံများသွေးကွဲလာအောင် ကြိုးပမ်းနေတယ်လို ယူကရိန်းကစွပ်စွဲလိုက်ပါတယ်။
ရုရှားအစိုးရကို အပြင်းအထန်ဆန့်ကျင်ထားတဲ့ ပိုလန်နိုင်ငံက ယူကရိန်းကိုကျူးကျော်ခဲ့တဲ့ ရုရှားကို အပြင်းထန်ဆုံးဒဏ်ခတ်ပိတ်ဆို့မှုချမှတ်ဖို့ကြိုးပမ်းခဲ့တဲ့ ဥရောပနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပါတယ်။
ပိုလန်နဲ့ ရုရှားဓာတ်ငွေ့ကုမ္ပဏီကြီး Gazprom တို့ ချုပ်ဆိုထားတဲ့စာချုပ်အရ တစ်နှစ်ကိုဓာတ်ငွေ့ ၁၀.၂ ဘီလီယံကုဗမီတာထောက်ပံ့လျက်ရှိပြီး ဒါဟာ ပိုလန်နိုင်ငံဓာတ်ငွေ့သုံးစွဲခြင်းစုစုပေါင်းရဲ့ ၅၀ ရာခိုင်နှုန်းလောက်အထိ ရှိနေတာဖြစ်ပါတယ်။
ယူကရိန်းနဲ့ ဘီလာရုစ်တို့ကနေဖြတ်သန်းလာတဲ့ Gazprom ဓာတ်ငွေ့တင်ပို့မှုဟာ ဗုဒ္ဓဟူးနေ့ ဂရင်းနစ်စံတော်ချိန် ၆ နာရီမှာစတင်ပြတ်တောက်သွားဖွယ်ရှိကြောင်း ပိုလန်နိုင်ငံပိုင် PGNiG ကုမ္ပဏီကပြောဆိုလိုက်ပြီး ဓာတ်ငွေ့သိုလှောင်ရုံမှာ ၇၆ ရာခိုင်နှုန်းအပြည့်ရှိနေတာကြောင့် အရန်ဓာတ်ငွေ့တွေထုတ်ယူဖို့ မလိုအပ်သေးကြောင်း ပိုလန်ကဆိုပါတယ်။
ရုရှားအတွက် မိတ်ဖက်ကောင်းမပီသတဲ့နိုင်ငံတွေအနေနဲ့ ဓာတ်ငွေ့ဝယ်ယူရာမှာ ရုရှားငွေရူဘယ်လ်ဖြင့်ပေးချေဖို့ သမ္မတ'ပူတင်'ကတောင်းဆိုထားရာ နိုင်ငံအနည်းစုကသာ သူ့ရဲ့တောင်းဆိုချက်အတိုင်းဝယ်ယူနေခဲ့ပါတယ်။
"ရုရှားခေါင်းဆောင်ရဲ့ အဓိကရည်ရွယ်ချက်က ယူကရိန်းကိုသိမ်းပိုက်ဖို့တင်မဟုတ်ပါဘူး။ အရှေ့ဥရောပတစ်ခုလုံးကိုလည်း သွေးခွဲဖို့လုပ်နေပြီး ကမ္ဘာ့ဒီမိုကရေစီစနစ်ကို ထိခိုက်အောင်လုပ်ချင်နေတာဖြစ်ပါတယ်" လို့ ယူကရိန်းသမ္မတ'ဇယ်လန်စကီ'က အင်္ဂါနေ့ကပြောကြားလိုက်ပါတယ်။
ယူကရိန်းအစိုးရအဖွဲ့ ဦးစီးအရာရှိချုပ်'အန်ဒရီယာမက်'က "ရုရှားက ဥရောပကိုဓာတ်ငွေ့တင်ပို့ခြင်းနဲ့ပတ်သက်ပြီး စတင်ခြိမ်းခြောက်နေပါပြီ။ ကျွန်တော်တို့မဟာမိတ်နိုင်ငံတွေရဲ့ စည်းလုံးမှုကို ပြိုကွဲစေချင်နေတာဖြစ်ပါတယ်" လို့ ပြောကြားသွားပါတယ်။
ရုရှားဓာတ်ငွေ့အပေါ် လုံးဝမှီခိုနေရတဲ့ဘူလ်ဂေးရီးယားနိုင်ငံက Gazprom နဲ့ စာချုပ်ပါအချက်အလက်အားလုံးကို ဖြည့်ဆည်းခဲ့ပြီး ငွေပေးချေမှုပုံစံအသစ်အတွက်စီစဉ်ရာမှာ စည်းမျဉ်းစည်းကမ်းများ ချိုးဖောက်ခံလိုက်ရတယ်လို့ ဆိုခဲ့ပါတယ်။
Gazprom ကုမ္ပဏီက ပိုလန်ကိုဓာတ်ငွေ့တင်ပို့မှု မရပ်ဆိုင်းရသေးဘူးလို့ဆိုလိုက်ပြီး ငွေပေးချေမှုပုံစံအသစ်အတိုင်း ပေးချေဖိုလိုအပ်ကြောင်း အသိပေးလိုက်ပါတယ်။
Source: Reuters
#Yangon_Media_Group
#WorldHealth
Published 27 April 2022
အမျိုးသမီးဆယ်လီအနုပညာရှင်တွေကြား လက်သည်းရှည်ထားခြင်းခေတ်စားလာပေမယ့် လက်သည်းရှည်တွေအောက်မှာ ဘက်တီးရီးယားနဲ့မှိမျိုးစိတ်အချို့ ခိုအောင်းနေနိုင်ကြောင်း ဇီဝဗေဒပညာရှင်တစ်ဦးက သတိပေးလိုက်ပါတယ်။
ဝါရှင်တန်ဒီစီရှိ အမေရိကန်တက္ကသိုလ်မှ ဇီဝဗေဒပညာရှင်ဒေါက်တာ'ဂျက်ဖရေးကပ္ပလန်'က လက်သည်းရှည်တွေဟာ မျက်စိနဲ့မမြင်ရတဲ့ပိုးမွှားတွေအတွက် ခိုလှုံရာနေရာများဖြစ်ကြောင်း သတိပေးခဲ့ပါတယ်။
နေ့စဉ်ထိတွေ့နေရတဲ့ပစ္စည်းတွေကနေ ကျွန်ုပ်တို့လက်သည်းတွေမှာ ဘက်တီးရီးယားပိုးမွှားတွေရှိနေနိုင်ပါတယ်။
ဒီပိုးမွှားတွေက အန္တရာယ်မဖြစ်စေတတ်ပေမယ့် ရောဂါပိုးကူးစက်ဝင်ရောက်ပြီဆိုရင်တော့ ဖောရောင်ခြင်း၊ နာကျင်ခြင်း၊ လက်သည်းထူခြင်းများ ဖြစ်ပေါ်လာတတ်ပါတယ်။
ဒါ့အပြင် ပိုးသတ်ဆေးယဉ်ပါးတဲ့ Steph aureus ပိုးမွှားဟာ အရေပြားရောဂါကူးစက်မှုဖြစ်ပွားနိုင်ပြီး လက်သည်းရှည်တွေအောက်မှာ ခိုအောင်းနေထိုင်ပါတယ်။
"လက်သည်းတွေအောက်မှာတွေ့ရတတ်တဲ့ ဘက်တီးရီးယား ၃၂ မျိုးနဲ့ မှိုကပ်ပါးမျိုး ၂၈ မျိုးတွေ့ရှိခဲ့ကြပါတယ်" လို့ 'ကပ္ပလန်'က USA Today ကိုပြောကြားခဲ့ပါတယ်။
လက်သည်းရှည်အစစ်တွေရော လက်သည်းတုတွေရော ဂျယ်လက်သည်းအမျိုးအစားတွေအားလုံးမှာ ဘက်တီးရီးယားတွေပိုမှို ပေါက်ဖွားနေနိုင်ပါတယ်။
လက်သည်းမှာရှိနေတဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားလို့မရပါဘူး။ လက်သည်းကုတ်ခြင်း၊ လက်သည်းကိုက်ခြင်း၊ နှာခေါင်းနှိုက်ခြင်း၊ လက်ချောင်းစုပ်ခြင်းတို့ဖြင့် ဘက်တီးရီးယားက ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာနိုင်ပါတယ်။
ဘက်တီးရီးယားတွေစုပြုံလာတဲ့အခါ ရောဂါကူးစက်မှုဖြစ်လာစေပြီး ပြင်းထန်တဲ့အခြေအနေတွေမှာ လက်သည်းပုံပျက်ခြင်းအထိ ဖြစ်တတ်ပါတယ်။
ကယ်ရိုလိုင်းနားတောင်ပိုင်းမှာ လက်သည်းအလှဆင်ပညာရှင်'ကေလာနယူးမန်း'ကတော့ ပရော်ဖက်ဆာတွေရဲ့ပြောကြားချက်ကို သဘောမတူခဲ့ဘဲ လက်သည်းတွေအောက်မှာ ပိုးမွှားနေထိုင်နိုင်ချေနည်းတယ်လို့ ဆိုခဲ့ပါတယ်။
"လက်သည်းရှည်ထားတဲ့သူတွေက သူတို့လက်သည်းကို ဘယ်လိုထိန်းသိမ်းရမလဲ သန့်ရှင်းရမလဲဆိုတာ သိကြပါတယ်။ လက်သည်းအလှပြင်ဖို့အတွက် ၆၀ ဒေါ်လာလောက်သုံးစွဲတဲ့သူတွေက လက်သည်းကိုသေချာသန့်ရှင်းအောင်မထားဘူးဆိုတာ ဖြစ်နိုင်ပါ့မလား" လို့ ထောက်ပြလိုက်ပါတယ်။
နာမည်ကြီးအဆိုတော် Cardi B နဲ့ Billie Eilish တို့က သူတို့ရဲ့လက်သည်းရှည်များကို ထင်သာအောင် ဓာတ်ပုံအရိုက်ခံခဲ့ကြပါတယ်။
ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ(CDC)က ပိုးမွှားတွေမခိုအောင်းနိုင်အောင် လက်သည်းရှည်မထားဖို့ အကြံပြုထားပြီး လက်သည်းအလှပြင်ပစ္စည်းတွေကိုလည်း မသုံးခင်နဲ့အသုံးပြုပြီးတိုင်း ပိုးသတ်သန့်စင်ဖို့ မှာကြားလိုက်ပါတယ်။
Source: DailyMail
#Yangon_Media_Group
#WorldHealth
Published 27 April 2022
စမတ်လက်ပတ်နာရီများဝတ်ဆင်ခြင်းဖြင့် ကိုဗစ်ရောဂါလက္ခဏာအခြေအနေများကို ခြေရာခံစောင့်ကြည့်နိုင်မှာဖြစ်ပြီး ရောဂါဆိုးရွားခြင်းရှိ/မရှိဆုံးဖြတ်နိုင်မှာဖြစ်ကြောင်း မီချီဂန်တက္ကသိုလ်မှသုတေသီများက Cell Reports ဂျာနယ်မှာ အင်္ဂါနေ့ကဖော်ပြခဲ့ပါတယ်။
သူတို့ရဲ့စမ်းသပ်လေ့လာမှုမှာ နှလုံးခုန်နှုန်းအပေါ်အခြေခံပြီး အချက် ၆ ချက်ဖြင့် ရောဂါအခြေအနေကို စောင့်ကြည့်လေ့လာတာဖြစ်ပါတယ်။
အဆိုပါနည်းလမ်းဖြင့် အခြားရောဂါများကိုလည်း ခွဲခြားသိရှိနိုင်သလို ကျန်းမာရေးစောင့်ရှောက်ဝန်ဆောင်မှုနည်းပါးတဲ့နေရာတွေမှာ ရောဂါဖြစ်ပွားမှုများကို ရှာဖွေသိရှိစေနိုင်မှာဖြစ်ပါတယ်။
စမ်းသပ်မှုပြုလုပ်ခဲ့ရာမှာ ကိုဗစ်လူနာတွေရဲ့နှလုံးခုန်နှုန်းက ရောဂါလက္ခဏာစတင်ပေါ်ပေါက်ပြီးနောက် နှလုံးခုန်နှုန်းမြန်ဆန်လာပြီး ချောင်းဆိုးလက္ခဏာရှိသူတွေဟာ အခြားသူတွေထက် နှလုံးခုန်နှုန်းသိသိသာသာမြန်ဆန်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။
သင်္ချာပရော်ဖက်ဆာနဲ့ ဆေးသိပ္ပံနဲ့ဇီဝနည်းပညာသုတေသနပရော်ဖက်ဆာဖြစ်သူ 'ဒန်နီယယ်လ်ဖော်ဂျာ'က ဒီတွေ့ရှိချက်တွေကို အသေးစိတ်ရှင်းပြခဲ့ပါတယ်။
"ကိုဗစ်ရောဂါက ဇီဝဆိုင်ရာလုပ်ငန်းဆောင်တာများကို နှောင့်နှေးစေပါတယ်။ လှုပ်ရှားမှုအပေါ်မူတည်ပြီး နှလုံးခုန်နှုန်းတုန့်ပြန်မှုပြောင်းလဲခြင်း၊ အခြေခံနှလုံးခုန်နှုန်းပြောင်းလဲခြင်း၊ စိတ်ဖိစီးမှုလှုံ့ဆောင်ခြင်းများ ဖြစ်ပေါ်လာစေပါတယ်။ ကျွန်တော်တို့က ခန္ဓာကိုယ်အလုပ်လုပ်ပုံဇီဝကမ္မဖြစ်စဉ်များကို သိရှိနားလည်ပြီး သင်္ချာနည်းပညာတွေဖြင့် လက်ပတ်နာရီပစ္စည်းတွေကနေ အချက်အလက်တွေပိုမိုသိရှိပါတယ်" လို့ ရှင်းပြပါတယ်။
အဆိုပါ အတိုင်းအတာအချက်အလက်တွေက လူနာတွေရဲ့ကျန်းမာရေးအခြေအနေကို တိတိကျကျ တွက်ချက်ပေးနိုင်ကြောင်း မီချီဂန်တက္ကသိုလ်မှသုတေသီများကတွေ့ရှိခဲ့ကြပါတယ်။
လူတစ်ဦးရဲ့ ခန္ဓာကိုယ်တွင်း နေ့ညပုံမှန်လည်ပတ်မှုကို ခန့်မှန်းတွက်ချက်ကြည့်ရာမှာ ကိုဗစ်ရောဂါလက္ခဏာစတင်ပေါ်ပေါက်ပြီးနောက် နှလုံးခုန်နှုန်းမြန်လာခြင်း၊ ချောင်းဆိုးဝေဒနာရှိသူတွေမှာ နှလုံးခုန်ပိုမြန်ခြင်း၊ ကိုဗစ်ရောဂါကူးစက်သူတွေမှာ ခန္ဓာကိုယ်တွင်းနေ့ညပုံမှန်လည်ပတ်မှု ချို့ယွင်းလာခြင်း၊ စိတ်ဖိစီးမှုဖြစ်ပေါ်စေတဲ့ အက်ဒီနိုဆင်းဟော်မုန်းမြင့်တက်လာခြင်းကြောင့် ပုံမှန်အခြေခံနှလုံးခုန်နှုန်းအပြောင်းအလဲဖြစ်ခြင်းတိုကိုပါ တွေ့ရှိခဲ့ကြပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#WorldPolitics
Published 26 April 2022
ဖိလစ်ပိုင်အာဏာရှင်ဟောင်း'ဖာဒီနန်မားကိုစ်'ရဲ့သားဖြစ်သူဟာ မေလ ၉ ရက်နေ့သမ္မတရွေးကောက်ပွဲမှာ အနိုင်ရမယ်ဆိုပါက လက်ရှိအာဏာရနေတဲ့'မားကိုစ်'မျိုးဆက်တွေဆက်လက်အာဏာတည်မြဲနေဦးမှာဖြစ်ပါတယ်။
#Yangon_Media_Group
Published 26 April 2022
၁၁၉နှစ်ရှိ ကမ္ဘာ့အသက်အရှည်ဆုံး ဂျပန်အဘွားအို ကွယ်လွန်သွားပြီးနောက် အသက် ၁၁၈နှစ်အရွယ်ရှိ ပြင်သစ်နိုင်ငံမှ ခရစ်ယာန်သီလရှင် စစ္စတာ အင်ဒရေးဟာ ကမ္ဘာ့အသက်အရှည်ဆုံးလူသားဖြစ်လာပါတယ်။
အသက်အရှည်ဆုံးဖြစ်ရတာ ဂုဏ်ယူစရာကောင်းပေမယ့် ဒီဂုဏ်ထူးပေးခဲ့တဲ့ အခြးသူတစ်ဦးဦးကို သူပြန်ပေးချင်တယ်လို့ စစ္စတာ အင်ဒရေးကပြောပါတယ်။
Source AFP
#LocalNews
Published_26 April 2022
ငြိမ်းချမ်းရေးအတွက် SAC ဖိတ်ကြားချက်ကို ဆုံးဖြတ်နိုင်ဖို့ ငြိမ်းချမ်းရေးဦးဆောင်အဖွဲ့ (PPST) အနေနဲ့ အထူးအစည်းအဝေးလုပ်မယ်လို့ ငြိမ်းချမ်းရေးဦးဆောင်အဖွဲ(PPST) အဖွဲ့ဝင်လည်းဖြစ် ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယကလည်းဖြစ်တဲ့ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပါတယ်။
#Yangon_Media_Group
Published 26 April 2022
တွစ်တာကို ဘယ်သူကပဲ ပိုင်ပိုင် ဘယ်သူပဲလည်ပတ် လည်ပတ် အရေးမကြီးပါဘူး။ ဒါပေမယ့် ကြီးမားတဲ့ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေရဲ့ အရှိန်အဝါနှင့်ပတ်သက်လို့တော့ စိတ်ပူကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောပါတယ်။ အီလွန် မတ်ခ်က တွစ်တာကို ဒေါ်လာ၄၄ ဘီလျံပေးဝယ်ဖို့သေချာသွားပြီးနောက် ဘိုင်ဒင်က အခုလိုမှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။
Source AFP
Published 26 April 2022
ဧဒင်လုပ်ငန်းစုကြီးရဲ့ ဥက္ကဋ္ဌ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် ဦးချစ်ခိုင်ကို စစ်ဆေးမှုတွေလုပ်နေတယ်ဆိုတဲ့ သတင်းကို နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကအတည်ပြုပါတယ်။YMGရဲ့မေးမြန်းချက်အပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ဖြေကြားချက်အပြည့်အစုံကိုဖော်ပြပေးလိုက်ပါတယ်။
#LocalNews
Published - 26 April 2022
စက်သုံးဆီ ဈေးနှုန်းမြင့်တက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုတို့ကြောင့် စစ်ကိုင်းတိုင်း
အတွင်းရှိ ခရီးသည်တင်လိုင်းကားခ ဈေးနှုန်းများဟာ မြင့်တက်လျက်ရှိနေတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published-26 April 2022
လေကြောင်းလိုင်းတွေပြန်လည်ပြေးဆွဲနေပြီဖြစ်သော်လည်း ပုဂံဒေသကို နိုင်ငံခြားသားခရီးသွားတွေ လာရောက်မှုမရှိသေးဘူးလို ပုဂံဒေသခံခရီးသွားဧည့်လမ်းညွှန်(Tourist Guide)တွေထံမှသိရပါတယ်၊
#Yangon_Media_Group
#Local News
Published-26 April 2022
ရုရှားနိုင်ငံမှာ မြန်မာ့သိုင်းပညာရပ်ထွန်းကားပြန့်ပွားစေရေးအတွက် ရုရှားလူမျိုး၊ မြန်မာ့သိုင်းဝါသနာရှင်တွေနဲ့ အချိန်ယူတွေ့ဆုံကာ မြန်မာ့သိုင်းပညာရပ်များကို ဆွေးနွေးဖလှယ်ခြင်း၊လေ့ကျင့်ခြင်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိတယ်လို့ မော်စကိုမြို့ရှိ မြန်မာသံရုံးရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်၊၊
မြန်မာ့သိုင်းနည်းပြ ဗိုလ်ကြီးမျိုးမင်းသန့်က ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ (၄)နှစ်တာ ကာလအတွင်း အဲဒီ့လိုစဉ်ဆက်မပြတ် ကြိုးစားလုပ်ဆောင်ခဲ့တာဖြစ်ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံမှာ DME လေဆိပ် လုံခြုံရေးဝန်ထမ်းတွေနဲ့ ဖွဲ့စည်းထားတဲ့ DME Group အနေနဲ့ ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ မြန်မာ့သိုင်း ပညာသင်ယူလိုသူ လူပေါင်း (၅၄၀၈)ဦး တို့ကို သင်ကြားပေးခဲ့ပြီး လက်ရှိမှာ မြန်မာ့သိုင်းပညာသင်ကြားနေသူ သင်တန်းသား (၁၀၀၀)ခန့်ရှိတယ်လို့ မော်စကိုမြို့ရှိမြန်မာသံရုံးကထုတ်ပြန်ထားပါတယ်၊၊

ဧပြီလ(၂၅)ရက်မှာ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးဟာ ရုရှားနိုင်ငံမှာဖွဲ့စည်းထားတဲ့ မြန်မာ့သိုင်း(ရှမ်းကြီး)ကိုယ်ခံပညာရပ်အဖွဲ့က တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ ရုရှားနိုင်ငံ၊မော်စကိုမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်၊၊
အဲဒီလိုတွေ့ဆုံဆွေးနွေးရာမှာ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှာ မြန်မာ့ရိုးရာသိုင်းပညာရပ်ဆက်လက်အဓွန့်ရှည်ပြန့်ပွားစေရေးအတွက် ဆောင်ရွက်နေတဲ့ကိစ္စရပ်တွေနဲ့ ရုရှားနိုင်ငံမှာ မြန်မာ့သိုင်းလှုပ်ရှားမှုတွေအပေါ်အခြေခံပြီး မြန်မာ-ရုရှား နှစ်နိုင်ငံချစ်ကြည်ရေး တိုးမြှင့်စေရန် ဆောင်ရွက်နိုင်မယ့်အစီအစဉ်တွေကို ဆွေးနွေးညှိနှိုင်းခဲ့ပါတယ်၊၊
အဲဒီ့တွေ့ဆုံဆွေးနွေးပွဲမှာ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးလွင်ဦးနဲ့အတူ ရုရှားနိုင်ငံမှာ ဖွဲ့စည်းထားတဲ့ မြန်မာ့သိုင်း(ရှမ်းကြီး)ကိုယ်ခံပညာရပ်အဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်တွေ ဖြစ်တဲ့ Domodedovo (DME) အပြည်ပြည်ဆိုင်ရာလေဆိပ်ဘုတ်အဖွဲ့ဥက္ကဋ္ဌ Mr. Dmitry Kamenshchik Vladimirovich ၊ DME လေဆိပ်အုပ်ချုပ်မှုဒါရိုက်တာအဖွဲ့ဝင် Mr. Kogan Valery Mikhaylovich ၊ လက်ရှိ DME လေဆိပ်လုံခြုံရေးတာဝန်ခံ မြန်မာ့သိုင်း (ရှမ်းကြီး) နည်းပြ Mr. Victor Smirnov Valentinovich နဲ့ မြန်မာ့သိုင်းနည်းပြ ဗိုလ်ကြီး မျိုးမင်းသန့်တို့ ပါဝင်ဆွေးနွေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်၊၊
ymg/tthl
#Yangon_Media_Group
Page 1826 of 1956