#WorldHealth
Published 30 May 2022
ဆံပင်မပေါက်တဲ့ရောဂါခံစားနေရတဲ့သူတွေမှာ ဆေးအသစ်တစ်မျိုးဖြင့်စမ်းသပ်ခဲ့ပြီးနောက် အချို့လူတွေမှာ ဆံပင်တစ်ခေါင်းလုံးနီးပါးပြန်ထွက်လာခဲ့ကြောင်း လက်တွေ့စမ်းသပ်ချက်တစ်ခုကို တနင်္လာနေ့ကဖော်ပြခဲ့ပါတယ်။
Alopecia areata လို့ခေါ်တဲ့ရောဂါကိုခံစားနေရသူ လက်ရှိအမေရိကန်မှာ ၂ ရာခိုင်နှုန်းခန့်(လူပေါင်း ၆ သန်း)ရှိနေပါတယ်။
အဆိုပါရောဂါဟာ လူတစ်ယောက်ရဲ့ကိုယ်ခံအားစနစ်ကို ဆံပင်မွှေးညင်းပေါက်များအားတိုက်ခိုက်စေပြီး ဆံပင်တစ်ခေါင်းလုံးကျွတ်ခြင်း ဒါမှမဟုတ် ကွက်တိကွက်ကြားကျွတ်ခြင်းများ ဖြစ်ပေါ်စေပါတယ်။
မွှေးညင်းပေါက်တွေက နှစ်တွေလတွေကြာတဲ့အခါ သဘာဝအတိုင်းပြန်ပေါ်လာပေမယ့် ကိုယ်ခံအားစနစ်ချို့ယွင်းတာကိုတော့ ကုသလို့မရသေးပါဘူး။
Concert Pharmaceuticals ကထုတ်တဲ့ CTP-543 ဆေးဟာ တစ်နေ့နှစ်ကြိမ်သောက်သုံးရတာဖြစ်ပြီး တတိယအဆင့်စမ်းသပ်ချက် ၂ ခုအနက် ပထမတစ်မျိုးကိုစမ်းသပ်ရာမှာ ဆေးသောက်သုံးခဲ့တဲ့စမ်းသပ်ခံသူတွေထဲက ၃၀ - ၄၀ ရာခိုင်နှုန်းလောက်ဟာ သိသိသာသာဆံပင်ပြန်ပေါက်လာကြပါတယ်။
စမ်းသပ်ခံသူ ၄ ပုံ ၁ ပုံလောက်က ၂၄ ပတ်လေ့လာမှုအပြီးမှာ အနည်းဆုံးဆံပင် ၈၀ ရာခိုင်နှုန်းလောက်ပြန်ပေါက်ခဲ့တယ်လို့ Concert Pharmaceuticals ကဆိုပါတယ်။
Bald Girls Do Lunch တည်ထောင်သူ'သီယာချက်ဆင်'က "၈၀ ရာခိုင်နှုန်းဆိုတာ တော်တော်များတဲ့ပမာဏပါ၊ ဒီပမာဏလောက်ပြန်ပေါက်လာတာကို အသိအမှတ်ပြုရပါမယ်" လို့ Insider ကိုပြောပြသွားပါတယ်။
Concert ရဲ့ တတိယအဆင့်စမ်းသပ်မှု ဒုတိယအခေါက်မှာ ရလာဒ်ကောင်းမယ်ဆိုရင် ၂၀၂၃ မှာ FDA အသိအမှတ်ပြုရဖို့ လျှောက်ထားနိုင်မှာပါ။
ရောဂါပြင်းထန်တဲ့သူတွေမှာ ခန္ဓာကိုယ်၊ မျက်နှာတိုက မျက်တောင်တွေ နှာခေါင်းအမွှေးတွေအပြင် ဦးခေါင်းကဆံပင်တွေပါ ဆုံးရှုံးနိုင်ပါတယ်။
ဒါ့အပြင် လက်သည်းရှည်ထွက်ခြင်းကိုထိခိုက်စေပြီး လက်သည်းကွဲခြင်းမျိုးဖြစ်ပေါ်နိုင်ကြောင်း 'ချက်ဆင်'ကဆိုပါတယ်။
ကုသမှုရဲ့အကျိုးဆက်က ဆံပင်ကျွတ်ခြင်းကြောင့်ဖြစ်တတ်တဲ့ စိတ်ထိခိုက်မှုကိုပါ ဖြေလျှော့ပေးနိုင်တယ်လို့ အကြံပြုထားပါတယ်။
ပိုဆိုးစေတာကတော့ အရေပြားကုဆရာဝန်က "ဘာမှလုပ်ပေးလို့မရဘူး၊ မျှော်လင့်ချက်မရှိဘူး"လို့ ပြောတာမျိုးပဲဖြစ်ပါတယ်။
ဆံပင်ကျွတ်ခြင်းဝေဒနာကုသပေးတဲ့ 'မယ်ရီအန်းဆန်နာ'က ကုသနည်းအသစ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာသက်ရောက်မှုနဲ့ လူမှုဆိုင်ရာသက်ရောက်မှုတို့ကို လျှော့တွက်လို့မရကြောင်း ပြောပြခဲ့ပါတယ်။
"ကုသလိုက်လို့ဆံပင်ပြန်ပေါက်လာတဲ့လူနာတွေဆိုရင် ပြုံးပျော်ရွှင်နေကြပါတယ်၊ ကိုယ့်ဘဝကိုယ်ပြန်လည်ပိုင်ဆိုင်ရပြီဆိုတဲ့အနေအထားမျိုး မြင်တွေ့ရပါတယ်" လို့ ဆိုပါတယ်။
Source: Insider
#Yangon_Media_Group
#LocalNews
Published_30 May 2022
“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ဒု(UWSA)ဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ နစကဥက္ကဌနှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ယနေ့ မေလ ၃၀ ရက်တွင်နေပြည်တော်၌ တွေ့ဆုံရန် မနေ့က မေလ ၂၉ ရက်တွင် ရောက်ရှိလာကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်က နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် သူကိုယ်တိုင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးမည်ဟု ဖိတ်ခေါ်ခဲ့ခြင်းလည်း ဖြစ် သည်။

UWSA အဖွဲ့အနေဖြင့် ထို့နောက် မေလ ၃၁ ရက်တွင် နစက အဖွဲ့ဝင် အမျိုးသားစည်းလုံးညီညွတ် ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ဆက်လက်တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ကြောင်း လည်း သိရသည်။
လက်ရှိတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်၊ မွန်ပြည်သစ်ပါတီ(NMSP)ဒုဥက္ကဋ္ဌ နိုင်အောင်မင်း၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC) ဥက္ကဋ္ဌ စောထော့လေး တို့နှင့် တွေ့ဆုံဆွေးနွေးထားပြီးလည်း ဖြစ်သည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_ 30 May 2022
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါတယ်။
ဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် ကော်မတီဝင်များ၊ နိုင်ငံရေး ပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ခေါင်းဆောင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းနှင့် အလုပ်အဖွဲ့ကိုယ်စားလှယ်များ တက်ရောက်ကြပါတယ်။
တွေ့ဆုံဆွေးနွေးပွဲတွင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် ဦးစိုင်းအိုက်ပေါင်းတို့က နှုတ်ခွန်းဆက်အမှာစကား ပြောကြားကြပါတယ်။
ယင်းနောက် ဆွစ်ဇာလန်နိုင်ငံ၏ ဖက်ဒရယ်စနစ်အပေါ် လေ့လာတွေ့ရှိချက်များအား ညှိနှိုင်းရေးကော်မတီမှ ရှင်းလင်းဆွေးနွေးကြပါတယ်။ ဆက်လက်၍ နိုင်ငံရေး ပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပြင်ဆင်လိုသည့် အချက် ၉ ချက်အား အဆိုပြုဆွေးနွေးပြီး တက်ရောက်လာသူများက အလွတ်သဘောဆွေးနွေးညှိနှိုင်းကြပါတယ်။
အထွေထွေဆွေးနွေးခြင်းတွင် ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်က ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၁/၂/၃)ပါ သဘောတူညီချက်များနှင့် ပတ်သက်၍ လည်းကောင်း၊ အစိတ်အပိုင်း(၃)မှ ဆက်လက်ဆွေးနွေးရန် ကျန်ရှိသည့် ဇယား-၂ပါ ဆွေးနွေးရန်အချက်များနှင့်ပတ်သက်၍လည်းကောင်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီမှ လေ့လာဆန်းစစ်ဖော်ထုတ် စိစစ်ရေးအဖွဲ့၏ တွေ့ရှိချက်များကို ရှင်းလင်းတင်ပြခဲ့ကြပါတယ်။ ထို့နောက် ဦးစိုင်းအိုက်ပေါင်းနှင့် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြကြောင်း သိရှိရပါတယ်။
ymg-mnn
#Yangon_Media_Group
#Local_News
Published_ 30 May 2022
မေ ၃၀ ရက်မှ ဇွန် ၅ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ၅၇၂၅ ကျပ် ဖြစ်ကြောင်း စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ကြေညာထားပါတယ်။
ဒီတစ်ပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့တဲ့ နိုင်ငံများတွင် စားအုန်းဆီဈေးနှုန်းများ အနည်းငယ်မြင့်တက်လာပြီး တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ FOB ဈေးနှုန်းများအပေါ်အခြေခံ၍ တွက်ချက်မှုအရ ဈေးနှုန်းသတ်မှတ်ထားခြင်းဖြစ်ပါတယ်။
ထို့ပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာတဲ့ လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ အနေဖြင့် စားအုန်းဆီကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့် ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။
ymg-mnn
#Yangon_Media_Group
#WorldHealth
Published 30 May 2022
ကိုဗစ်ကာကွယ်ဆေးအကြိမ်ရေ အပြည့်ထိုးထားပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ လူတွေဟာ ကာကွယ်ဆေးတဝက်တပျက်ထိုးထားသူများ ဒါမှမဟုတ် ကာကွယ်ဆေးလုံးဝမထိုးရသေးတဲ့ သူများနဲ့နှိုင်းယှဉ်ပါက ကိုဗစ်ရောဂါကူးစက်ပျံ့ပွားနိုင်ချေနည်းပါးကြောင်း တောင်ကိုရီးယားလေ့လာချက်တစ်ခုမှာ ဖော်ပြထားပါတယ်။
ကာကွယ်ဆေးထိုးထားပြီး ကိုဗစ်ကူးစက်ထားသူအယောက် ၅၀ အပါအဝင် ဆေးရုံဝန်ထမ်း ၁၇၃ ယောက်ကိုလေ့လာကြရာမှာ ဆေးရုံအတွင်းဗိုင်းရပ်စ်ကူးစက်သူတွေထဲမှာ ကာကွယ်ဆေးထိုးပြီးသားသူတွေထံမှ ၇ ရာခိုင်နှုန်းကူးစက်ခဲ့ပြီး ကာကွယ်ဆေးမထိုးထားသူတွေထံမှ ၂၆ ရာခိုင်နှုန်းကူးစက်ခဲ့ကာ နှစ်ဖွဲ့စလုံးက ဗိုင်းရပ်စ်ပမာဏတော့ အတူတူပဲဖြစ်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။
ကိုဗစ်လက္ခဏာသာမန်မျှခံစားရပြီး ကွာရန်တင်ထားထားတဲ့ နောက်ထပ်လူ ၄၅ ယောက်ကိုလေ့လာရာမှာ ကာကွယ်ဆေးအပြည့်ထိုးပြီးသားလူ ၆ ယောက်က ၄ ရက်လောက်အထိ ကူးစက်နိုင်တဲ့ ဗိုင်းရပ်စ်အမှုန်တွေ တွေ့ခဲ့ရပါတယ်။
ကာကွယ်ဆေးအကြိမ်ရေ မပြည့်သေးတဲ့လူ ၁၁ ယောက်ကတော့ ၈ ရက်မျှဗိုင်းရပ်စ်မှုန်တွေရှိနေပြီး ကာကွယ်ဆေးလုံးဝ မထိုးထားတဲ့သူ ၂၈ ယောက်မှာတော့ ၁၀ ရက်အထိဗိုင်းရပ်စ်အမှုန်တွေကျန်ရှိနေပါတယ်။
ဒီကူးစက်မှုတွေအားလုံးဟာ အိုမီခရွန်မျိုးဗီဇကွဲမပေါ်ထွက်ခင်ကာလကဖြစ်ကြောင်း သုတေသီများ က JAMA Network Open မှာ အင်္ဂါနေ့က ဖော်ပြခဲ့ပါတယ်။
အဆိုပါအချက်အလက်တွေအရ ကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့သူတွေမှာ ရောဂါကူးစက်နိုင်တယ်ဆိုပေမယ့် ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားမှုကိုထိန်းချုပ်ဖို့ ကိုဗစ်ကာကွယ်ဆေးကအရေးကြီးလိုအပ်ဆဲဖြစ်ကြောင်း သုတေသီများကအကြံပြုခဲ့ပါတယ်။
Source: Reuters
#Yangon_Media_Group
#Local_News
Published_ 30 May 2022
၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းက ပို့ကုန်ရငွေကျန်ရှိနေတဲ့အတွက် လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ်ပိတ်သိမ်းခဲ့တဲ့ ကုမ္ပဏီပေါင်း ၃၀၀ ကျော်အနေဖြင့် ဘဏ်တွင်စာရင်းရှင်းပြီးပါက လုပ်ငန်းရှင်လက်မှတ်တွေ အသစ်ပြန်လည် လျှောက်ထားဖို့အတွက် ကုန်သွယ်ရေး ဦးစီးဌာနကနေ အသိပေးထုတ်ပြန်ထားပါတယ်။
၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်ကနေ ဒီဇင်ဘာလ ၁၀ ရက်အတွင်း ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်မှုမရှိသေးတဲ့ ကုမ္ပဏီပေါင်း ၃၄၆ ခုရှိတယ်လို့ သိရပါတယ်။
သက်သေအထောက် အထားတွေနဲ့ စာရင်းရှင်းလင်းတင်ပြတဲ့ ကုမ္ပဏီတွေဟာ သတ်မှတ်ထားတဲ့ အခကြေးငွေပေးဆောင်ပြီး ပို့ကုန်၊သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ်အသစ် ပြန်လည်လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ် ပိတ်သိမ်းပြီးနောက်ပိုင်းမှ ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်လာတဲ့ ကုမ္ပဏီတွေအနေနဲ့ သက်ဆိုင်ရာ ဘဏ်ကနေ စာရင်းရှင်းပြီးကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကို သတင်းပို့ခဲ့တဲ့နေ့ကနေစပြီး နောက် ၁၄ ရက်ပြည့်တဲ့အချိန်မှသာ အခကြေးငွေပေးဆောင်ပြီး လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် အသစ်ကို ပြန်လည်လျှောက်ထားနိုင်တယ်လို့လည်း ကုန်သွယ်ရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပို့ကုန်တင်ပိုတဲ့ ကုမ္ပဏီတွေအနေနဲ့ ပို့ကုန်ရငွေတွေကို ဗဟိုဘဏ်ကထုတ်ပြန် ထားတဲ့ကာလအတွင်း ဝင်ရောက်တာမရှိပါက လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ် ပိတ်သိမ်းသည်အထိ အရေးယူမယ်လို့ မေ ၇ ရက်က ထုတ်ပြန်ခဲ့ပါတယ်။
ymg-mnn
#Yangon_Media_Group
#LocalNews
Published -29 May 2022
နောက်(၂)ရက်အတွက်ခန့်မှန်းချက်အနေနဲ့ ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊ဧရာဝတီတိုင်းနှင့်ရခိုင်ပြည်နယ်တို့မှာ မိုးပိုလာမယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကမေလ(၂၉)ရက်ညပိုင်းက သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်၊၊
မေလ(၃၀)ရက်မွန်းတည့်ချိန်အထိ ခန့်မှန်းချက်အနေနဲ့ကတော့ ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊ဧရာဝတီတိုင်း၊ ကယားပြည်နယ်နှင့်မွန်ပြည်နယ်တို့မှာနေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ဖော်ပြထားပါတယ်၊၊

စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ကယားပြည်နယ်တို့မှာ နေရာကျဲကျဲ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့မှာနေရာစိပ်စိပ်နဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာအနှံအပြားမိုးထစ်ချုန်းရွာသွန်းနိုင်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါရှိပါတယ်၊၊
မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့မှာ တစ်ခါတစ်ရံမိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်တယ်လို့ မိုး/ဇလမှသိရပါတယ်၊၊
ymg/tthl
#Yangon_Media_Group
TV Yangon Times Matters အစီအစဉ်
Published - 29 May 2022
အစီစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က အကယ်ဒမီများရှင် ဝါဝါဝင်းရွှေနှင့်အတူ
-"ဝ သုံးလုံးနဲ့ဆက်စပ်ပြီး ဝါဝါဝင်းရွှေဟုနာမည်တွင်လာခဲ့တဲ့အကြောင်း။
-ရှင်စောပုဘုရင်မကြီး ပန်ထွာဘုရင်မကြီးနဲ့သိုက်ဆက်ပဠာန်းဆက်ရှိခဲ့တဲ့အကြောင်း" စတဲ့စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေခဲ့ကြပါတယ်။
#Yangon_Media_Group
TV Yangon Times Matters အစီအစဉ်
Published - 29 May 2022
အစီစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က အကယ်ဒမီများရှင် ဝါဝါဝင်းရွှေနှင့်အတူ
-"ဝ သုံးလုံးနဲ့ဆက်စပ်ပြီး ဝါဝါဝင်းရွှေဟုနာမည်တွင်လာခဲ့တဲ့အကြောင်း။
-ရှင်စောပုဘုရင်မကြီး ပန်ထွာဘုရင်မကြီးနဲ့သိုက်ဆက်ပဠာန်းဆက်ရှိခဲ့တဲ့အကြောင်း" စတဲ့စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေခဲ့ကြပါတယ်။
#Yangon_Media_Group
TV Yangon Times Matters အစီအစဉ်
Published - 29 May 2022
အစီစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က အကယ်ဒမီများရှင် ဝါဝါဝင်းရွှေနှင့်အတူ
-"ဝ သုံးလုံးနဲ့ဆက်စပ်ပြီး ဝါဝါဝင်းရွှေဟုနာမည်တွင်လာခဲ့တဲ့အကြောင်း။
-ရှင်စောပုဘုရင်မကြီး ပန်ထွာဘုရင်မကြီးနဲ့သိုက်ဆက်ပဠာန်းဆက်ရှိခဲ့တဲ့အကြောင်း" စတဲ့စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေခဲ့ကြပါတယ်။
#Yangon_Media_Group
#LocalNews
Published -30 May 2022
ထိုင်းနိုင်ငံ မဟာစရခမ်တက္ကသိုလ်က ပေးအပ်တဲ့ မဲခေါင်(၆)နိုင်ငံဆိုင်ရာ Art Award 2022 ဆုစာရင်းထဲမှာ မြန်မာနိုင်ငံက ပန်းချီဆရာ (၃) ဦး ထည့်သွင်းခြင်းခံရတယ်လို့ သိရပါတယ်၊၊
Honored Art Award နဲ့ Young Artist Award တို့အတွက် ပေးအပ်တာဖြစ်ပါတယ်၊၊
Honored Art Award အနေနဲ့ ပန်းချီအနုပညာရှင် Mon Thet နဲ့ Than Kyaw Htay တို့ ရရှိခဲ့ပြီး Young Artist Award ကို ပန်းချီဆရာ Pann Kyi တို့မှ ရရှိခဲ့ပါတယ်၊၊
ymg/tthl
#Yangon_Media_Group
Published 29 May 2022
တရုတ်နိုင်ငံက ပြည်တွင်းထုတ် အလယ်အလတ်အရွယ် လုပ်ငန်းစုံသုံး ရဟတ်ယာဉ် AC352 ကို လုပ်ဆောင်မှုတွေနှင့် စိတ်ချရမှုတွေကို စမ်းသပ်ပျံသန်းမှု ပြီးဆုံးခဲ့ပြီး ဒါဟာ ပျံသန်းခွင့်လက်မှတ်ရဖို့ နောက်တစ်ဆင့်တက်သွားတာ ဖြစ်တယ်လို့ တရုတ်လေကြောင်း လုပ်ငန်းကော်ပိုရေးရှင်း AVICက စနေနေ့ကပြောပါတယ်။
AC352 ရဟတ်ယာဉ်ဟာ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံးကျန်းပြည်နယ် ဟာပင်းဖင်းဖှန်းလေဆိပ်ကို စနေနေ့ မနက် ၁၀နာရီ၂၂မိနစ်မှာ ဆင်းသက်ခဲ့ပါတယ်။ လေယာဉ်ဟာ အဲဒီပြည်နယ် ကျန်ဆန်ကျန်းရှီဒီလေဆိပ်ကျားမူးဆီ လေဆိပ်ကနေ ၆၁၆ ကီလိုမီတာ ခရီးရှည် ပျံသန်းခဲ့တာဖြစ်ပါတယ်။
စမ်းသပ်ပျံသန်းမှုပြီးဆုံးသွားတဲ့အတွက် တရုတ်နိုင်ငံ မြို့ပြလေကြောင်းပျံသန်းရေးအာဏာပိုင်အဖွဲ့က စစ်ဆေးပြီးတဲ့နောက် ပျံသန်းခွင့်လက်မှတ်ထုတ်ပေးဖို့ နောက်ဆုံးအဆင့်ပဲ ကျန်ရှိပါတော့တယ်လို့ တရုတ်ရဲ့ ထိပ်တန်း လေယာဉ်ပျံထုတ်လုပ်တဲ့ AVIC ကပြောပါတယ်။
စမ်းသပ်ပျံသန်းမှုတွေကို တစ်ရက်ကို ငါးနာရီကြာပြုလုပ်ခဲ့တာဖြစ်ပီဲး နေ့ပျံသန်းခြင်းနှင့်ညပျံသန်းခြင်းတွေကိုပါ ဆောင်ရွက်ခဲ့ကြပါတယ်လို့သိရပါတယ်။
Source CCTV
Page 1729 of 1914