#CyberSecurity
Published 27 May 2022
'ငိုမင်ဟျူ'လိုအမည်ရတဲ့ ဗီယက်နမ်ဟက်ကာတစ်ဦးဟာ သူအောင်မြင်မှုရခဲ့တဲ့အချိန်တွေတုန်းက အမေရိကန်က လူသန်းပေါင်းများစွာရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ခိုးယူခဲ့ဖူးပါတယ်။
#Yangon_Media_Group
Published 27 May 2022
သေနတ်ထိန်းချပ်ရေးလှုပ်ရှားတက်ကြွသူတွေနှင့် ဥပဒေပြုအမတ်တွေဟာ မေ ၂၆ရက်က အမေရိကန် ကပ္ပီတိုလ် လွှတ်တော် အဆောက်အအုံရှေ့မှာ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ ဆန္ဒပြတောင်းဆိုကြပါတယ်။
တက္ကဆပ်မှာ သေနတ်သမားက အစုလိုက် အပြုံလိုက်ပစ်သတ်ခဲ့လို့ ကျောင်းသူကျောင်းသား ကလေးငယ် ၁၉ဦးသေဆုံးခဲ့ရပြီးနောက် ဒီဆန္ဒပြပွဲဖြစ်လာတာပါ။ “ကျွန်မ ဒီကိုလာတာဟာ နောက်တစ်ခါဆို ကျွန်မအလှည့်ဖြစ်မလား ကြောက်လို့ပဲ” လို့ အတန်းမတက်ဘဲ ဆန္ဒလာ ပြတဲ့ အထက်တန်းကျောင်းသူတစ်ဦးကပြောပါတယ်။
Source AFP
Published 27 May 2022
တရုတ်နိုင်ငံရဲ့ အဓိက ကားထုတ်လုပ်သူ SAIC Motor က မေလထဲမှာ နိုင်ငံရပ်ခြား ကားရောင်းအား ကောင်းလာလိမ့်မယ်လို့ မျှော်လင့်ထားတယ်လို့ ကုမ္ပဏီက ဗုဒ္ဓဟူးနေ့က ပြောပါတယ်။
ရှန်ဟိုင်းအခြေစိုက် SAIC ကားကုမ္ပဏီက ဒီလအတွင်း ကားပေါင်း ခုနှစ်သောင်းကျော်ကို နိုင်ငံရပ်ခြား ရောင်းချရဖို့ မျှော်လင့်ထားတာဖြစ်ပြီး တစ်နှစ် တစ်နှစ်ကို ရောင်းအားက ၆၀ ရာခိုင်နှုန်းတက်လာတယ်လို့ ပြောပါတယ်။
ဗုဒ္ဓဟူးနေ့ ညနေခင်းမှာ ရှန်ဟိုင်းမြို့ ဟိုင်းတောင်းဆိပ်ခံတံတားကနေ ဩစတြေလျကိုပို့မယ့် ကားအစီးပေါင်းဟာ ၃၀၀၀ ကျော်ရှိပြီး အဲဒီအထဲမှာ SAIC ကားတွေက အစီးတစ်ထောင်ကျော်ပါနေပါတယ်။ အဲဒီကားတွေက ပင်လယ်ခရီးမှာ ၁၂ရက်က နေ ၁၄ရက်အထိကြာပြီး ဩစတြေလျ ရောက်သွားမှာဖြစ်ပါတယ်။
“ တရုတ်နိုင်ငဲရဲ့ကားတင်ပို့မှုဟာ နှစ်အလိုက်တိုးတက်လာပါတယ်။ ပြီးခဲ့တဲ့နှစ်တွေကဆိုရင် နှစ်ပတ်လည်တိုးတက်မှု နှုန်းဟာ ၃၀ရာခိုင်နှုန်းကျော်ရှိပါတယ်။ ဒီနှစ် ဇန်နဝါရီကနေ ဧပြီအထိ SAIC ကားတွေကို ဟိုင်းတောင်ဆိပ်ခံတံတားကနေ တင်ပို့တာ အစီးရေ ကိုးသောင်းခန့်ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်နှင့်ယှဉ်ရင် ၁၃၇ ရာခိုင်နှုန်းတိုးတက်လာတာပါ” လို့ ရှန်ဟိုင်း ဟိုင်းတောင် နိုင်ငံတကာ ကားဆိပ်ကမ်းကုမ္ပဏီရဲ့ အမှုဆောင်ဒါရိုက်တာ ရှီကျားလင်း က ပြောပါတယ်။
၂၀၂၂ ခုနှစ်မှာ SAIC ကားအစီးရေ ရှစ်သိန်းခန့် နိုင်ငံခြားတင်ပို့ဖို့နှင့် နှစ်စဉ် ၁၅ ရာခိုင်နှုန်းတိုးတက်တင်ပို့ဖို့ ရည်မှန်းထားကြောင်းသိရပါတယ်။
Source CCTV
#LocalNews
Published -27 May 2022
Tourist visa ပြန်ဖွင့်ပေးလိုက်တဲ့အတွက် လာမယ့်ခရီးသွားရာသီမှာ ပုဂံဒေသနဲ့ အင်းလေးဒေသရှိ စားသောက်ဆိုင်လုပ်ငန်းတွေ ပြန်လည်လည်ပတ်လာနိုင်ခြေရှိတယ်လို့ မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း(ဗဟို)ဥက္ကဌ ဦးနေလင်းက YMG ကို ပြောပါတယ်၊၊
#Yangon_Media_Group
#LocalNews
Published_27 May 2022
ပဲခူးတိုင်းဒေသကြီးတွင် ဂျပန်နိုင်ငံအခြေစိုက် Bago Sport Gloves Co., Ltd ၏ (CMP) ကုမ္ပဏီတစ်ခုက စက်ရုံသစ်တိုးချဲ့ရန် အမေရိကန်ဒေါ်လာ ၃ ဒသမ ၁ သန်း ရင်းနှီးမြှုပ်နှံမှုကို ယနေ့ မေလ ၂၇ ရက်တွင် ခွင့်ပြုလိုက်ကြောင်းပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ တာဝန်ရှိသူက ပြောသည်။
ယင်းအပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အခြေစိုက် Weartec Seam Garment Manufacturing Co., Ltd မှ (CMP)အထည်ချုပ်လုပ်ငန်းအနေဖြင့် စက်ရုံအသစ်တစ်ရုံကို ပြည်ပရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ(၃)သန်း ရင်းနှီးမြှုပ်နှံရန်လည်း ခွင့်ပြုပေးခဲ့ကြောင်း ၎င်းကပြောသည်။
အဆိုပါ ကုမ္ပဏီ နှစ်ခုအနေဖြင့် ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်း လူဦးရေ ၁၄၅၀ ဦး အတွက် အလုပ်အကိုင်ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံသူများအတွက် လိုအပ်သော လမ်း၊ လျှပ်စစ်မီးနှင့် ရေ ရရှိရေးလုပ်ငန်းတို့ကို တိုင်းဒေသကြီးအစိုးရက စီမံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ သို့သော်လည်း စက်မှုမြေအဖြစ် ခွင့်ပြုပေးထားသည့် မြေနေရာများတွင် မြေလပ်မရှိ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဆောင်ရွက်ရန်နှင့် ခွင့်ပြုပေးထားသည့် လုပ်ငန်းအမျိုးအစားအလိုက်ဆောင်ရွက်မှုမရှိပါကလည်း ဥပဒေနှင့်အညီ အရေးယူသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published 28 May 2022
သရုပ်ဆောင်ရဲတိုက်ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆(ဂ)/၂၃ဖြင့် အနောက်ပိုင်းခရိုင်တရားရုံးက ယနေ့ မေလ ၂၇ ရက်တွင် အပြီးသတ်အမိန့် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ကြောင်းနှင့် ယင်းအပေါ် အယူခံ ဆက်တက်မည် ဖြစ်ကြောင်း ၎င်း၏ရှေ့နေက ပြောသည်။
သရုပ်ဆောင် ရဲတိုက်သည် စိတ်ရောကိုယ်ပါ ကျန်းမာရေးအခြေအနေကောင်းမွန်နေကြောင်း၊မိသားစုနှင့်တိုင်ပင်၍ အယူခံတက်ရန် ရှိနေကြောင်း ရှေ့နေက ဆိုသည်။
ပြီးခဲ့သည့် မတ်လ ၂ ရက်က နစက ပေးခဲ့သော ၅၀၅ (က) လွတ်ငြိမ်းတွင် သရုပ်ဆောင် ရဲတိုက် ပါဝင်ခဲ့သော်လည်း မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆(ဂ)/၂၃ဖြင့် ပြစ်မှုထင်ရှားသဖြင့် အမြင့်ဆုံးထောင်ဒဏ်ကို ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published - 27 May 2022
ကချင်ပြည်နယ်၊ ပူတာအိုဒေသတွင် ကုန်စျေးနှုန်းများ အဆမတန်မြင့်တက်နေမှုကြောင့် ဒေသခံများရဲ့ လူမှုစီးပွားဘဝတွေမှာ အခက်အခဲတွေရှိနေပြီး စျေးနှုန်းထိန်းညှိပေးဖို့ကိုလည်းဒေသခံများက လိုလားလျက်ရှိနေတယ်လို့ သိရပါတယ်။
#Yangon_Media_Group
Published 27 May 2022
အမေရိကန်နိုင်ငံတစ်လွှား အချစ်တော် ခွေးကလေးနှင့်အတူ အားလပ်ရက် အိပ်မက် ခရီးသွားခဲ့တဲ့ ဘရာဇီးနိုင်ငံသား influencer တစ်ဦးဟာ သူ့အိပ်မက်ခရီး အဆုံးသတ်ဖို့ ရက်တွေမကုန်ဆုံးခင်မှာ ကားမတော်တဆမှုကြောင့် သူ့ခွေးကလေးနှင့်အတူ သေဆုံးခဲ့ရပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့ မနက်ပိုင်းမှာ သူ့ရဲ့ ၁၉၇၈ထုတ် ဗောက်စ်ဝက်ဂင် လိပ်ခုံးကားကလေးဟာ ဖို့ဒ်အက်စ်ကေ့ဗ်ကားနှင့် အမေရိကန်နိုင်ငံ အော်ရီဂွန်ပြည်နယ် ဆဲလ်မာအနီး ၁၉၉ အမြန်လမ်းမကြီးပေါ်မှာ တိုက်မိကြပြီးနောက် အသက်၂၉နှစ်အရွယ် ဂျက်ဆီကောဇ်ဟာ ချက်ခြင်းသေဆုံးသွားခဲ့ရတာဖြစ်ပါတယ်။
ကော့ဇ်နှင့်အတူ သူသွားလေရာပါတဲ့ သူ့ရဲ့ ဂိုးဒင်းရီထရီဗာ ခွေးကလေး ရှုရာစတေလည်း သေဆုံးခဲ့ရပါတယ်။ ဖို့ဒ်ကားမောင်း တဲ့ အမျိုးသမီးကတော့ အသက်မသေဘဲ ဒဏ်ရာတွေရလို့ ဆေးရုံတင်ပို့ခဲ့ရပါတယ်။
“ အကြီးမားဆုံးအိပ်မက်နှင့်ရှင်သန်နေတဲ့ သူရဲကောင်းအဖြစ် သူသေခဲ့ရတာပါ” လို့ ကြေကွဲနေတဲ့ သူ့ပရိသတ်တစ်ဦးက အင်စတာဂရမ်မှာ ရေးခဲ့ပါတယ်။ “ ခရီးသည်တွေရဲ့ ကမ္ဘာမှာ ရှင်သန်တက်ကြွမှုကြီးတစ်ခု ဆုံးရှုံးခဲ့ရပြီ” လို့လည်း သူကရေးပါတယ်။
ကော့ဇ်ဟာ ပြီးခဲ့တဲ့(၃)လလုံးလုံး အမေရိကန်ပြည်ထောင်စု တစ်လွှား လိပ်ခုံးကားကလေးနှင့် ခရီးလှည့် လည်နေသူဖြစ်ပါတယ်။ သူ့ခရီးစဉ်တစ်လျောက်ပုံတွေကို သူဟာ အင်စတာဂရမ်မှာတင်ပေးခဲ့ပါတယ်။ သူ့ အင်စတာဂရမ်မှာ ဖော်လိုဝါပေါင်း ၃၅၉,၀၀၀ ကျော်နှင့် likes လုပ်သူပေါင်း သန်းကျော်ရှိပါတယ်။
သူဟာ အယ်လာစကာကို ဦးတည်မောင်းနှင်နေတုန်း မတော်တဆမှုဖြစ်ခဲ့ရတာပါ။ အဲဒီနေရာကို သူရာ ဒီတစ်ပတ်နှောင်းပိုင်း ရောက်ဖို့ မှန်းထားတာဖြစ်ပါတယ်။
သူဟာ ဘရာဇီးကနေ အမေရိကန်အထိ ကားမောင်းဖို့ စိတ်ကူးအိပ်မက် မက်ခဲ့တာကြာခဲ့ပါပြီ။ ခရီးကိုလည်း သူဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက စီစဉ်ခဲ့ပါတယ်။ကိုဗစ်ကြောင့် မတ်၂၀၂၀ မှာ တောင်ပိုင်းဝင်ပေါက်ကနေ ကမ္ဘာလှည့်တွေ ကို အမေရိကန်က ပိတ်ပစ်လိုက်ပြီးနောက် သူ့ခရီးကလည်း ပျက်ပြယ်သွားခဲ့ရပါတယ်။
စိတ်ပိုင်းဖြတ်ထားပြီးတဲ့ ကော့ဇ်ဟာ ဒီနှစ်အစမှာ သူ့ခရီးစဉ်ကို ပြန်စတင်ခဲ့ပါတယ်။ ဖေဖော်ဝါရီလဆန်းပိုင်းမှာ သူဟာ အမေရိကန်တစ်လျှောက် ကားမောင်းခရီးစဉ်စခဲ့ပါတယ်။
ကော့ဇ်နှင့် သူ့အချစ်တော်ခွေးကလေးဟာ ကာလီဖိုနီးယား တစ်လျှောက် ပြီးတော့ အရှေ့ဖက်ကမး်ခြေမှာ အဆုံးမသတ်ခင် ဖလော်ရီဒါကိုဖြတ်သန်းခဲ့ပါတယ်။
သူတို့ဟာ နယူးယောက်စီးတီးကို ပြီးခဲ့တဲ့လက ရောက်ခဲ့ပါတယ်။ သူနှင့် သူ့လိပ်ခုံးကားကလေး တိုင်းမ်စကွဲယားမှာ ရပ်ထား တာကို ဆိုရှယ်မီဒီယာတွေမှာ ဓာတ်ပုံရိုက်တင်ကြပါတယ်။
သူနှင့်သူ့ခွေးကလေးဟာ အနောက်ဖက်ကမ်းခြအထိ ခရီးသွားဖို့ စီစဉ်ထားပါတယ်။ အဲဒီနောက် ကနေဒါကိုဖြတ်ပြီး နောက်ဆုံး အယ်လာစကာအထိဖြစ်ပါတယ်။
သူမသေခင်လေးရက်တုန်းက သူဟာဆန်ဖရန်စစ္စကိုက ဂိုးလ်ဒင်းဂိတ်တံတားကြီးရှေ့မှာ ဓာတ်ပုံရိုက်တင်ခဲ့ပါတယ်။ “ လွတ်လပ်မှုမရှိရင် ပျော်ရွှင်မှုဆိုတာမရှိ.. အခြားသူတွေက ကျွန်တော့်အတွက် ဆုံးဖြတ်ချက်ချပေးတဲ့ ကျွန်တော့်ရဲ့ ဘဝဟောင်း အကျဉ်းထောင်ကနေ ထွက်လာခဲ့ပြီ။ ကျွန်တော်လိုချင်တာရွေးချယ်လို့ရတဲ့ လွတ်လပ်မှုကို ကျွန်တော်ရနိုင်ပြီ” လို့ သူက ပုံနှင့်အတူ စာလည်းရေးခဲ့ပါတယ်။
ကော့ဇ်မိသားစုဟာ သူ့ရုပ်အလောင်းကို ဘရာဇီးကိုပြန်သယ်ဖို့ စီစဉ်နေကြကြောင်း ဒေလီမေးလ်က ရေးသားပါတယ်။
Source NY Post




#LocalNews
Published - 27 May 2022
ရွှေစျေးကွက်တွင် အွန်လိုင်းဖြင့် အရောင်းအဝယ်လုပ်နေသူများ တရားဝင်လိုင်စင်ရှိရန်လိုအပ်ကြောင်း ရန်ကုန်ရွှေအသင်းဥက္ကဌ ဦးမျိုးမြင့်ကပြောသည်။
အွန်လိုင်းဖြင့် ရွှေအရောင်းအဝယ်လုပ်ရာတွင် ရွှေစျေးမတည်ငြိမ်မှုများ ဖြစ်ပေါ်လာနိုင်သည့်အတွက် တရားဝင်လိုင်စင်လုပ်ရန် လိုအပ်ကြောင်း ယင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
"အွန်လိုင်းနဲ့ရောင်းတာတွေလည်းလိုင်စင်လုပ်ရပါမယ်။ အွန်လိုင်းလိုင်စင်ရှိသူတွေက အွန်လိုင်းကနေရောင်းလို့ ရပါတယ်။ လိုင်စင်မရှိသူတွေလည်း လိုင်စင်လုပ်ရပါမယ်။ ဆိုင်တွေမှာက ၁ ရာခိုင်နှုန်းအခွန်ဆောင်ရတယ်။ အွန်လိုင်းနဲ့အရောင်းအဝယ်လုပ်တဲ့အခါကျတော့ လွတ်နေတယ်။ အသင်းက ၁,၀၄၀,၀၀၀ ဆိုရင် သူတိုက ကျပ်နှစ်သောင်းလောက်ပိုတင်လိုက်တယ်။ သူတို့ဆီ အော်ဒါရတော့မှ အသင်းမှာလာဝယ်ကြတယ်။ အဲ့လိုကနေအရောင်းအဝယ်လုပ်ကြတာပေါ့။ ရွှေစျေးကိုဆွဲတင်သလိုဖြစ်တာပေါ့။ အဲဒါကြောင့် အွန်လိုင်းနဲ့ရောင်းတာဝယ်တာတွေကို လိုင်စင်ရှိမှလုပ်ပါ။ လိုင်စင်မရှိဘဲ မလုပ်ပါနဲ့" ဟု ဦးမျိုးမြင့်က ပြောသည်။
လက်ရှိတွင် ရွှေစျေးနှုန်းတည်ငြိမ်ရန် လိုင်စင်မရှိဘဲ အရောင်းအဝယ်လုပ်နေသည့် ဆိုင်များကို သက်ဆိုင်ရာဌာနမှ အရေးယူဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းအပြင် ကမ္ဘာ့ရွှေစျေးကျနေသော်လည်း ပြည်တွင်း၌ ဒေါ်လာစျေးအရောင်းအဝယ်ကြောင့် ရွှေစျေးအနည်းငယ်သာကျဆင်းနေကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#DailyNews
Published - 27 May 2022
၁။ ပူတာအိုဒေသတွင် ကုန်စျေးနှုန်းများ အဆမတန်မြင့်တက်နေမှုကြောင့် စျေးနှုန်းထိန်းညှိပေးဖို့
ဒေသခံများလိုလား။
၂။ လာမည့်ခရီးသွားရာသီတွင် ပုဂံဒေသနဲ့ အင်းလေးဒေသရှိစားသောက်ဆိုင်လုပ်ငန်းများပြန်လည် လည်ပတ်လာနိုင်။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ နာမည်ကြီးဗီယက်နမ်ဟက်ကာတစ်ဦး အစိုးရဆိုက်ဘာလုံခြုံရေးအေးဂျင့်အဖြစ်အမှုထမ်း ...အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 27 May 2022
ကရင်ပြည်နယ်အတွင်း အခြေခံမူ(၁၅)ချက်နှင့် ကိုက်ညီသော ကျေးရွာ ၃ ရွာကို ရွေးချယ်ပြီး ခေတ်မီစံပြကျေးရွာ (SMART Village) အဖြစ် ဦးစီးဌာနများအချင်းချင်း ပေါင်းစပ်ညှိနှိင်းကာ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရပါတယ်။
ဘားအံမြိုနယ်မှ အိမ်ခြေ (၁၈၆၃) အိမ်၊ လူဦးရေ (၁၀၃၃၀) ရှိ ထုံးအိုင်ကျေးရွာအား ခေတ်မီစံပြကျေးရွာအဖြစ် အကောင်အထည်ဖော်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။
ခေတ်မီစံပြကျေးရွာများကို ကျေးရွာအခြေခံ အဆောက်အအုံများ ဖွံဖြိုးစေပြီး ကျေးလက်နေပြည်သူများ၏ လူနေမှုအဆင့်အတန်း မြင့်မားလာစေခြင်း၊ သွင်းအားစု၊ ငွေကြေးဝန်ဆောင်မှုနှင့် နည်းပညာများ ပံ့ပိုးပေးခြင်းဖြင့် ကျေးလက်စီးပွားရေး မြင့်မား လာစေခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိသော နေချင့်စဖွယ် စံပြကျေးရွာများ ဖြစ်ပေါ်လာစေခြင်းနှင့် ကျေးရွာသူ/ကျေးရွာသားများနှင့် ကျေးရွာအသင်း အဖွဲများရဲ့ စွမ်းဆောင်ရည်မြင့်မားလာပြီး စဉ်ဆက်မပြတ်ဖွံဖြိုးမှုကို ရရှိစေခြင်းစတဲ့ ရည်ရွယ်ချက်များနဲ့ အကောင်အထည်ဖော် ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။
တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးတိုတွင် ခေတ်မီစံပြကျေးရွာ (SMART Village) များကို အခြေခံမူ(၁၅)ချက်နဲ့အညီ ထူထောင်ပေးနေပါကြောင်း သိရပါတယ်။
ymg-mnn
#Yangon_Media_Group
#WorldMilitary
Published 27 May 2022
အမေရိကန်နဲ့ မဟာမိတ်နိုင်ငံများက ယူကရိန်းကို ခေတ်မီလက်နက်များဖြင့် အရှိန်မြှင့်ထောက်ပံ့လျက်ရှိရာ အဆိုပါလက်နက်များအသုံးပြုပြီး ရုရှားအချက်အခြာနေရာများကို တိုက်ခိုက်ခဲ့ပါက တင်းမာမှုမြင့်တက်လာနိုင်တဲ့ အန္တရာယ်နဲ့ပတ်သက်ပြီး ယူကရိန်းနဲ့ဆွေးနွေးတိုင်ပင်ခဲ့ကြောင်း အမေရိကန်သံတမန်အရာရှိများက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။
ထိုဆွေးနွေးမှုထဲမှာ ယူကရိန်းကိုထောက်ပံ့ပေးထားတဲ့ လက်နက်တွေရဲ့ နယ်မြေကန့်သတ်ထိန်းချုပ်ချက်တွေကို အတိအလင်းမဖော်ပြခဲ့ကြပါဘူး။
ဒါပေမဲ့ ဖြစ်ပေါ်လာနိုင်တဲ့ နိုင်ငံရေးတင်းမာမှုအန္တရာယ်တွေအကြောင်း နှစ်ဖက်စလုံးမှသိရှိနားလည်ခဲ့ကြတယ်လို့ အမေရိကန်အရာရှိ ၃ ဦးနဲ့ သံတမန်ရေးရာ သတင်းအရင်းအမြစ်များအရ သိရှိရပါတယ်။
“တင်းမာမှုမြင့်တက်လာနိုင်တာကို သိထားပေမယ့် ကျွန်တော်တို့ထောက်ပံ့ထားတဲ့လက်နက်တွေနဲ့ပတ်သက်ပြီး အရမ်းကြီးထိန်းချုပ်ကန့်သတ်တာမျိုး မလုပ်ချင်ပါဘူး” လို့ အရာရှိတစ်ဦးကဆိုခဲ့ပါတယ်။
ယူကရိန်းက ရုရှားတပ်ဖွဲ့တွေနဲ့တိုက်ခိုက်ရာမှာ အမေရိကန်ထောက်လှမ်းရေးအရာရှိများမျှော်လင့်ထားတာထက် ပိုမိုအောင်မြင်နေတာကြောင့် အမေရိကန်အုပ်ချုပ်ရေးအဖွဲ့နဲ့ မဟာမိတ်နိုင်ငံများက M777 ဟောင်ဝစ်ဇာများအပါအဝင် အကွာအဝေးပိုရောက်တဲ့ တာဝေးပစ်လက်နက်များ ထောက်ပံ့ဖို့ဆန္ဒရှိနေကြပါတယ်။
ယူကရိန်းရဲ့ပစ်ခတ်နိုင်စွမ်းမြင့်မားလာစေမယ့် ဟာပွန်းသင်္ဘောဖျက်ဒုံးကျည်များကို ဒိန်းမတ်ကထောက်ပံ့မယ်လို့ ပင်တဂွန်က ပြီးခဲ့တဲ့အပတ်က ကြေညာခဲ့ပါတယ်။
အစကတော့ အဆမတန်စစ်အင်အားကြီးမားတဲ့ရုရှားက ယူကရိန်းကိုအသာရသွားမယ်လို့ ခန့်မှန်းခဲ့ကြပေမယ့် လတ်တလောမှာ ယူကရိန်းကစစ်ပွဲအနိုင်ရနိုင်မယ်လို့ မျှော်လင့်လာနိုင်တာကြောင့် လက်နက်တပ်ဆင်ပေးချင်နေတာဖြစ်ပါတယ်။
ကီလိုမီတာရာကျော်လောက်အထိ ပစ်ခွင်းနိုင်မယ့် M142 HIMARS လက်နက်မျိုးကိုပါ အမေရိကန်အစိုးရအဖွဲ့က ထောက်ပံ့ပေးဖို့စဉ်းစားနေပါတယ်။
ဒါပေမဲ့တင်းမာမှုမြင့်တက်လာနိုင်တဲ့ အခြေအနေကိုလည်း အမေရိကန်ထောက်လှမ်းရေးများက သတိပေးလိုက်ပါတယ်။
အမေရိကန်က ရုရှားကိုတိုက်ရိုက်တိုက်ခိုက်တာမျိုး မလုပ်ပေမယ့် ပင်တဂွန်မှတပ်မှူးများက ယူကရိန်းခေါင်းဆောင်များနဲ့ ဆက်သွယ်ချိတ်ဆက်ကာ မြေပြင်နဲ့ရေပြင်တို့ရှိ ရုရှားတပ်များအား ပစ်မှတ်ထားနိုင်အောင် အရေးကြီးတဲ့ထောက်လှမ်းမှုများကို ပေးပို့ပေးနေပါတယ်။
အနောက်နိုင်ငံကလက်နက်သုံးစွဲမှု ကန့်သတ်ချက်ကိုလည်း နှစ်ဖက်စလုံးမှနားလည်သိရှိထားကြောင်း အမေရိကန်အရာရှိတစ်ဦးကဆိုပါတယ်။
ရုရှားပိုင်နယ်မြေများကိုပစ်ခတ်နိုင်တဲ့လက်နက်တွေနဲ့ ယူကရိန်းကိုထောက်ပံ့နေမယ်ဆိုရင် တင်းမာမှုများ မြင့်တက်လာလိမ့်မယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး’ဆာဂျီလက်ဗ်ရော့ဗ်’က ကြာသပတေးနေ့က ဝက်ဘ်ဆိုက်မှာ ဖော်ပြခဲ့ပါတယ်။
Source: Reuters
#Yangon_Media_Group
Page 1733 of 1914