Published 25 March 2023
အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ်နောက်ထပ် စီးပွားရေးအရေးယူပိတ်ဆို့မှုအသစ်တွေထပ်မံပြုလုပ်ကြောင်း ကြေညာခဲ့ပါတယ်။ ဒီတစ်ခါမှာ မြန်မာ့တပ်မတော်ကို ဂျက်လောင်စာဆီ ပေးသွင်းနေတဲ့ ကုမ္ပဏီတွေကို ပစ်မှတ်ထား အရေးယူတာဖြစ်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ကြေညာချက်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ရေးသားပါတယ်။
အဲဒီအရေးယူမှုမှာ လူပုဂ္ဂိုလ်နှစ်ဦးနှင့် ကုမ္ပဏီ (၆)ခုပါရှိတယ်လို့လည်း သတင်းကဆိုပါတယ်။
အဲဒီကုမ္ပဏီတွေက Asia Sun Group ၊ Asia Sun Trading Co. Ltd၊ Cargo Link Petroleum Logistics Co. Ltd ၊ Star Sapphire Group of Companies ၊ Star Sapphire Trading Company Limited နှင့် STAR SAPPHIRE GROUP PTE. LTD.တို့ဖြစ်ကြပါတယ်။ လူပုဂ္ဂိုလ်နှစ်ဦးကတော့ ဦးထွန်းမင်းလတ်နှင့်ဇနီးဖြစ်သူ ဒေါ်ဝင်းမင်းစိုးတို့ဖြစ်ကြတယ်လို့ ကြေညာချက်မှာဖော်ပြထားပါတယ်။
ယခုအရေးယူပိတ်ဆို့မှုဟာ အမေရိကန် ပြည်ထောင်စုနှင့် အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေများစွာထဲက နောက်ဆုံးချမှတ်မှုဖြစ်ပါတယ်။
အရေးယူပိတ်ဆို့မှုတွေရှိနေသော်ငြားလည်း မြန်မာနိုင်ငံရဲ့စီးပွားရေးဟာ တိုးတက်လာနေတယ်လို့ နစက,က ပြောဆိုနေပါတယ်။
မြန်မာနိုင်ငံရဲ့ ဂျီဒီပီဟာ အနှုတ်၅ ဒသမ ၉ ရာခိုင်နှုန်းမှ အပေါင်း ၂ ဒသမ ၄ ရာခိုင်နှုန်းအထိ တိုးတက်လာပြီး ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ်တွင်မြန်မာ့စီးပွားရေးသည် ၃ ဒသမ၄ ရာခိုင်နှုန်းသို့ တိုးတက်လာခဲ့တယ်လို့ နစက ဥက္ကဋ္ဌက မတ်၂၄ ရက်နေ့ကကျင်းပတဲ့ အစည်းအဝေးတစ်ခုမှာ ထုတ်ဖော်ပြောဆိုထားပါတယ်။
-ymg/knl
#မြန်မာနိုင်ငံအပေါ်အမေရိကန်ကစီးပွားရေးပိတ်ဆို့ကန့်သတ်မှုအသစ်ထပ်လုပ်
#မြန်မာစီးပွားရေးတိုးတက်
#YangonMediaGroup
#LocalNews
Published_ 24 March 2023
တရုတ်နိုင်ငံက မြန်မာနိုင်ငံအတွင်းမှာ EV လျှပ်စစ်ကားထုတ်လုပ်ဖို့ မြန်မာနိုင်ငံလုပ်ငန်းရှင်တွေ ဆွေးနွေးနေတာပြုလုပ်နေပါတယ်။မတ်လ၂၂ရက်နေ့ ကုန်သည်စက်မူအသင်းချုပ်ရုံးမှာ ဆွေးနွေးပွဲတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။
#YMG#Yangon_Media_Group
Published 23 March 2023
ထိုင်းနိုင်ငံတွင် ယခုနှစ်ကုန်ပိုင်းခန့်၌ Really Cool လို့ အမည်ပေးထားတဲ့ လေကြောင်းလိုင်းအသစ် စတင်ပျံသန်းမှာ ဖြစ်တယ်လို့ သိရပါတယ်။
Really Cool လေကြောင်းလိုင်းဟာ ယင်းရဲ့ခရီးစဉ်တွေကို ဇွန်လမှာ ကြေညာပေးဖြစ်ပြီး နိုင်ငံတကာခရီးစဉ်တွေကို ပျံသန်းသွားမှာဖြစ်တယ်လို့ စီအီးအို ပက်တီဆာရာဆင်က ပြောပါတယ်။
“ Really Cool ကို မိတ်ဆက်ပေးဖို့ အဆင်သင့်ဖြစ်နေလို့ ကျွန်တော်တို့ စိတ်လှုပ်ရှားနေပါတယ်။ကျွန်တော်တို့ လေကြောင်းလိုင်းဟာ ခရီးသည်တွေအတွက် ထူးခြားကောင်းမွန်တဲ့ အတွေ့အကြုံတွေကို ပေးအပ်သွားမှာဖြစ်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။
Really Cool လေကြောင်းရဲ့ဆောင်ပုဒ်က အနာဂတ်ကို ကျွန်ုပ်တို့ပျံသန်းသည်"We Fly the Future" ဖြစ်ပြီး ဇိမ်ခံနှင့် ဘတ် ဂျက် လေကြောင်းနှစ်မျိုးရဲ့ ကြားအလယ်အဆင့်မှာထားရှိပျံသန်းမယ်လို့ဆိုပါတယ်။
လေကြောင်းလိုင်းအသစ်ဟာ ယခင်ရှိခဲ့တဲ့စံနှုန်းတွေကို ကျော်လွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ဝန်ဆောင်မှုကို တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ ကတိပြုပါတယ်လို့ ယခင် ဈေးနှုန်းချိုလေကြောင်းလိုင်း Nok Air မှာ စီအီးအိုလုပ်ခဲ့တဲ့ မစ္စတာ ပက်တီကဆက်လက်ပြောဆိုပါတယ်။
“ ခရီးသည်တွေကို ထူးခြားကောင်းမွန်တဲ့ အတွေ့အကြုံပေးရုံမျှမဟုတ်ဘဲ ဒီလေကြောင်းလိုင်းသစ်ဟာ ထိုင်းရဲ့ ခရီးသွား လုပ်ငန်းကို ပြန်လည်ရှင်သန်လာစေမှာဖြစ်တယ်” လို့ လေကြောင်းလိုင်းသစ်ကြေညာတဲ့ပွဲကို တက်ရောက်လာတဲ့ ဘန်ကောက်မြို့တော်ဝန် ချက်ချတ် စစ်တီပန့်က ပြောပါတယ်။
ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့က ၂၀၂၃ခုနှစ်မှာ နိုင်ငံခြားသား ခရီးသည် သန်း၃၀ ဝင်ရောက်ဖို့ မျှော်မှန်းထားတယ်လို့ နေရှင်းသတင်းဌာနကရေးသားပါတယ်။
ဒီမျှော်မှန်းချက်ရရှိဖို့အတွက် ထိုင်းနိုင်ငံဟာ လေကြောင်းလိုင်းနှင့် ခရီးစဉ်တွေကို တိုးချဲ့ရလိမ့်မယ်လို့ အဆိုပါ သတင်းဌာနက ဆက်လက်ရေးသားပါတယ်။
Source CNA-
#Really Cool လေကြောင်းလိုင်းသစ်
#ထိုင်းလေကြောင်းလိုင်းသစ်
#ထိုင်းခရီးသွားလုပ်ငန်း
#YangonMediaGroup
#LocalNews
Published_ 21 March 2023
ကမ္ဘာ့ရွှေဂယက်ကြောင့် ပြည်တွင်းရွှေဈေးကစားလိုသူများအနေဖြင့် သံယောက်လိုက်ပြီး လူမူကွန်ယက်များတွေဈေးမြင့်တက်လာဈေးရန်ဝါဒဖြန့်မူတွေရှိတယ်လို့ ရန်ကုန်ရွှေအသင်းက ထုတ်ပြန်ထားပါတယ်။
#YMG#Yangon_Media_Group
#LocalNews
Published_ 20 March 2023
ယခုဘဏ္ဍာနှစ် ဧပြီလမှ ဖေဖော်ဝါရီလကုန်အထိ ၁၁ လအတွင်း ပြည်တွင်းက စိုက်ပျိုးထွက်ရှိတဲ့ ကြက်သွန်နီ ပြည်ပနိုင်ငံတွေထံ တင်ပို့ရောင်းချခြင်းကနေ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ (၄၁.၃၈၈) သန်း ရရှိထားကြောင်းကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် စားဖိုဆောင်သီးနှံ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရှိရပါတယ်။
ကြက်သွန်နီ မက်ထရစ်တန်ချိန် (၉၄,၀၀၀) တန် တင်ပို့ရောင်းချခြင်းမှတဆင့်ကန်ဒေါ်လာ (၄၁) သန်းကျော် ရရှိထားခြင်းဖြစ်ပြီး တန်ချိန်အများစုက နယ်စပ်ကုန်သွယ်ရေးကတဆင့် တင်ပို့ရောင်းချခဲ့တာလို့ အသင်းတာဝန်ရှိသူတဦးက ပြောပါတယ်။
‘‘ပင်လယ်ရေကြောင်းကနေ မက်ထရစ်တန် (၂,၃၀၀) လောက်ပဲ တင်ပို့ထားပါတယ်။ ကျန်ပမာဏဖြစ်တဲ့ တန်ချိန် (၉၁,၇၀၀) ကိုတော့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကနေ တင်ပို့နိုင်ခဲ့ပါတယ်’’လို့ ဆိုပါတယ်။
ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းကနေ စင်ကာပူ၊ ဗီယက်နမ် နဲ့ မလေးရှားနိုင်ငံတွေကို တင်ပို့ရောင်းချခဲ့တာဖြစ်ပြီး ထိုင်း၊ တရုတ်၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေရဲ့ ဝယ်ယူမှုအတွက် ကြက်သွန်နီကို နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကနေ ရောင်းချခဲ့ကြောင်းသိရသည်။
ဘုရင့်နောင်ပွဲရုံတန်း(ရန်ကုန်)ဈေးကွက်အတွင်း လက်ငင်းဈေး ဆိပ်ဖြူ(ပင်လေး) ရှယ် တစ်ပိဿာ (၁၁၀၀) ကျပ်၊ မြင်းခြံရှယ် (သစ်) တစ်ပိဿာ ကျပ် (၁၀၀၀)၊ မြစ်သား(သစ်)ရှယ် တစ်ပိဿာ (၁၇၀၀) ကျပ်၊ မုံရွာ(သစ်)ရှယ် တစ်ပိဿာ (၁၁၀၀) ကျပ်၊ တောင်တွင်း(သစ်)ရှယ် တစ်ပိဿာ (၉၅၀) ကျပ် ဈေးရှိနေပါတယ်။
ymg/ppk
#Yangon-Media-Group
#LocalNews
Published_ 20 March 2023
ပြည်တွင်းရွှေဈေးဟာ မတ်လ ၁၁ရက်နေ့ကတည်းက ဆက်တိုက်မြင့်လာပြီး မတ်လ ၁၈ရက်နေ့ ၂၈သိန်း၉သောင်း အထိပေါက်ဈေးရှိခဲ့ပါတယ်။ဒီနေ့ မတ်လ ၂၀ရက်နေ့ မနက်ပိုင်းမှာ အကယ်ဒမီမီးလင်းအခေါက်ရွှေ တစ်ကျပ်သားကို ငွေကျပ်၃၀သိန်းနီးပါး ရှိနေတယ်လို ရွှေဈေးကွက်ထဲကသိရပါတယ်။
#YMG#Yangon_Media_Group
Published 17 March 2023
လုံးခင်း/ဖားကန့် ရတနာနယ်မြေ၊ မက်လင်ချောင် အကျိုးတူ (၂)မှထွက်ရှိသည့် ၃၅ တန်ရှိကျောက်စိမ်းတုံးကြီးကို ယနေ့ မတ်လ ၁၇ ရက်တွင် စတင်ပြသသည့် ၂၀၂၃ ခုနှစ်၊ (၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ တွင် ခင်းကျင်းပြသထားကြောင်း သိရှိရပါတယ်။
နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမတွင် ယနေ့စတင်ကျင်းပတဲ့ အဆိုပါ မြန်မာ့ကျောက်မျက်ရတနာပြပွဲဖွင့်ပွဲ အခမ်းအနားသို့ နစက ဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ဖွင့်လှစ်ပေးခဲ့တယ်လို့ နစက,က သတင်းထုတ်ပြန်ပါတယ်။
ယခုပြပွဲတွင် ပုလဲအတွဲပေါင်း ၂၉၅ တွဲ၊ ကျောက်မျက်အတွဲပေါင်း ၁၂၀ နှင့် ကျောက်စိမ်းအတွဲပေါင်း ၂၁၅၀ တို့ကို ပြည်တွင်းပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် စည်းမျည်းစည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ရောင်းချပေးသွားမည်ဖြစ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှုင်ဟာ မဏိရတနာကျောက်စိမ်းခန်းမအတွင်းပြသထားသော ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ပုလဲအတွဲများကို လိုက်လံကြည့်ရှု စစ်ဆေးပြီးနောက် တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်တာတွေလမ်းညွှန်မှာကြားခဲ့တယ်လို့လည်းသတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ကျောက်မျက်ရတနာတွေကို ရောင်းချသွားရာ၌ ပုလဲအတွဲများ ရောင်းချရာတွင် ကြမ်းခင်းဈေးကို အမေရိကန်ဒေါ်လာဖြင့် သတ်မှတ်ထားရှိပြီး ပြည်ပရတနာကုန်သည်များက အမေရိကန် ဒေါ်လာ၊ ယူရို၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေတို့ဖြင့်လည်းကောင်း၊ ပြည်တွင်းရတနာကုန်သည်များက ဈေးကွက်ပေါက်ဈေးနှင့် ညီမျှသောမြန်မာကျပ်ငွေဖြင့် လည်းကောင်း ပေးချေသွားရမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
နိုင်ငံခြားငွေဖြင့်သာပေးချေရမည့် ကျောက်စိမ်းအတွဲများအတွက် ပြည်တွင်း၊ ပြည်ပရတနာကုန်သည် များကအမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေ တို့ဖြင့် လည်းကောင်းပေးချေကြရမယ်လို့ သိရှိရပါတယ်။
နိုင်ငံခြားငွေ(သို့မဟုတ်)မြန်မာကျပ်ငွေဖြင့် ပေးချေရမည့် ကျောက်စိမ်းအတွဲများအတွက် ပြည်တွင်းရတနာကုန်သည်များအနေဖြင့် ယူရိုငွေနှင့်ညီမျှသော မြန်မာကျပ်ငွေဖြင့်လည်းကောင်း၊ ပြည်ပရတနာကုန်သည်များအနေဖြင့် ယူရို(သို့မဟုတ်)ယူရိုငွေနှင့်ညီမျှသော အမေရိကန်ဒေါ်လာ (သို့မဟုတ်) ယွမ်ငွေ(သို့မဟုတ်) ထိုင်းဘတ်ငွေတို့ ဖြင့်လည်းကောင်းပေးချေရမည်ဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
Ymg/knl
#(၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ
#YangonMediaGroup
Page 34 of 70