Published 4 Sept 2022
1MDB နှင့်ဆက်စပ်တဲ့ အဂတိလိုက်စားမှုကြောင့် ထောင်ကျခံနေရတဲ့ မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်ဟာ ဒီကနေ့ ဆေးရုံတင်လိုက်ရတယ်လို့ သူ့ရဲ့ အထူးအရာရှိက စက်တင်ဘာ ၄ ရက်က ပြောပါတယ်။
“ သူဟာလက်ရှိ ကွာလာလမ်ပူဆေးရုံမှာ တက်ရောက်ကုသခံနေပါတယ်။ ပူးပေါင်းကူညီပြီး လိုအပ်တာဆောင်ရွက်ပေးကြတဲ့ အကျဉ်းထောင် အာဏာပိုင်တွေနှင့် ကွာလာလမ်ပူဆေးရုံဝန်ထမ်းတွေကိုကျေးဇူးတင်ပါတယ်” လို့ မူဟာမက် မူခလစ် မက်ရီဘီက ပြောပါတယ်။
ဒါပေမယ့် ဆေးရုံတက်ကုသရတဲ့အထိဖြစ်လာရတဲ့ နာဂျစ်ရဲ့ နာမကျန်းမှုအသေးစိတ်ကိုတော့ သူက ပြောမသွားပါဘူး။
နာဂျစ်အခြေအနေဟာတည်ငြိမ်နေပြီး ဆေးကုသဖို့လိုအပ်နေတယ် လို့ အကျဉ်းထောင်အရာရှိတစ်ဦးကပြောတယ်လို့ အက်စထရို အန်ဝါနီ သတင်းဌာနက ပြောပါတယ်။
အကျဉ်းထောင်အတွင်း မသိရသေးတဲ့ အဖြစ်တစ်ခုအပြီးမှာ ဝန်ကြီးချုပ်ဟာ ကျန်းမာရေးစစ်ဆေးခံရတာဖြစ်တယ်လို့ ယုံကြည်ရတယ်လို့ အရင်းအမြစ်တစ်ခုကပြောပါတယ်။
“ ကျန်းမာရေးစစ်ဆေးမှုတွေပြီးရင်တော့ သိရမှာပါ ။ အချိန်တော့ နည်းနည်းကြာမယ်” လို့ အဆိုပါ အရင်းအမြစ်ကပြောပါတယ်။
အခြားသတင်းပေါ်တယ်တစ်ခုကတော့ ဝန်ကြီးချုပ်ဟောင်းဟာ ကိုယ်တွင်းသွေးယိုစိမ့်မှုတစ်ခုကြောင့် ကွာလာလမ်ပူ ဆေးရုံတင်လိုက်ရတာလို့ ရေးသားပါတယ်။
Source: Straits Times
#Najib Razak
#Najib_Razak_hospitalized
#Hospital_Kuala_Lumpur
#DailyNews
Published _ 3 September 2022
၁။ စက်သုံးဆီဈေးဂယက်ကြောင့် အောက်ဆိုက်ကားအချို့ပြေးဆွဲမှုရပ်နားထားရဟုဆို
၂။ ဓါတ်ဆီ ၁ လီတာ ကျပ် ၁၀၀ ခန့် ပြန်လည်မြင့်တက်လာ
၃။ ရဟန်းရှင်လူ(၅၀၀)ခန့်ကို B ပိုးC ပိုး စစ်ဆေးပေးပြီး B ပိုးကာကွယ်ဆေးအခမဲ့ထိုးပေးခဲ့
၄။ နှစ်(၃,၀၀၀) သက်တမ်းရှိ ဘုန်းတော်ကြီးအုတ်ဂူအား ပီရူးတွင် ရှာဖွေတွေ့ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 2 September 2022
၁။ စက်သုံးဆီဈေး၊ ရွှေဈေး၊ ဒေါ်လာဈေးထပ်မံကျဆင်းလာ
၂။ ရွှေဒင်္ဂါးပြားများကို ရွှေဈေးကွက်တည်ငြိမ်စေလိုသည့် ရည်ရွယ်ချက်ဖြင့် ယနေ့မှစ၍ ရောင်းချပေးနေ
၃။ အာဆီယံနိုင်ငံ ပြည်ဝင်ခွင့်ဗီဇာကင်းလွတ်ခွင့်ပြုခြင်းသည် လာမည့်ခရီးသွားရာသီအတွက် အထောက်အကူပြုဟုဆို
၄။ လွန်ခဲ့သည့်ရာစုနှစ်(၄)ခုမှ အဝတ်ဒီဇိုင်းပုံစံအား ပြန်လည်ဖန်တီးလျက်ရှိသည့် ပြင်သစ်အိန္ဒိယလူမျိုးဒီဇိုင်နာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 1 September 2022
၁။ မတ်ပဲ FAQ တစ်တန် ကျပ် ၁၉ သိန်းကျော်အထိ မြင့်တက်လာ
၂။ စားသောက်ဆိုင်လုပ်ငန်းများတွင် ကျွမ်းကျင်လုပ်သားရှားပါးမှုနှင့် အလုပ်လက်မဲ့ပြဿနာများ ဖြစ်လာနိုင်ဟုဆို
၃။ အာဆီယံနိုင်ငံ ပြည်ဝင်ခွင့်ဗီဇာကင်းလွတ်ခွင့်ပြုခြင်းသည် လာမည့်ခရီးသွားရာသီအတွက် အထောက်အကူပြုဟုဆို
၄။ လွန်ခဲ့သည့်ရာစုနှစ်(၄)ခုမှအဝတ်ဒီဇိုင်းပုံစံအား ပြန်လည်ဖန်တီးလျက်ရှိသည့် ပြင်သစ်အိန္ဒိယလူမျိုးဒီဇိုင်နာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#DailyNews
Published - 31 August 2022
၁။ မဲဆောက်ရှိ သဘာဝတရားရိပ်သာကို ထိုင်းရဲများ ဝင်ရောက်စီးနင်းမှု၌ ဖမ်းဆီးခံရသူများထဲ ထောက်လှမ်းရေးပါသည်မှာ ကောလဟာလသာဖြစ်ဟုဆို
၂။ ရွှေအသင်းမှ ထုတ်ပြန်သည့်ဈေးနှုန်းသည် အနိမ့်ဆုံးဈေးကိုသာသတ်မှတ်ပေးထားခြင်းဖြစ်ဟုဆို
၃။ သက်ကြီးရွယ်အိုနှင့် ကလေးများရှိသည့် အိမ်များကို စားနပ်ရိက္ခာထောက်ပံ့ပေးသည့် စီမံချက်ဖော်ဆောင်နေ
၄။ ဂျပန်ရေချိုးခန်းဝန်ဆောင်မှုများ ဆက်လက်ဖွင့်လှစ်ထားနိုင်ရန် နည်းလမ်းရှာကြံနေရ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Published 31 Aug 2022
အသက် ၉၇ နှစ်ရှိပြီဖြစ်တဲ့ မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်ဟာ ကိုဗစ်-၁၉ ကူးစက်ခံရတယ်လို့ သူ့ရုံးက ဩဂုတ် ၃၁ ရက် ဗုဒ္ဓဟူးနေ့မှာပြောပါတယ်။
သူ့ကို အမျိုးသား နှလုံးဆေးရုံကို တင်လိုက်ပြီး ဆရာဝန်အဖွဲ့ရဲ့ညွှန်ကြားချက်အတိုင်း နောက်ရက်အနည်းငယ်အထိ အဲဒီမှာ စောင့်ကြပ်ကြည့်ရှုနေမေယ်လို့လည်း သတင်းထဲမှာ ဖြည့်စွက်ဖော်ပြထားပါတယ်။
နှလုံးရောဂါရာဇဝင်ရှိနေတဲ့ ဒေါက်တာမဟာသီယာဟာ ဇန်နဝါရီ (၈)ရက်က ဆေးကုသရေးလုပ်ငန်းစဉ်အချို့ လုပ်ဆောင်ပေးခဲ့ရပြီး အဲဒီလကုန်ပိုင်းမှာ ဆေးရုံတစ်ခါပြန်တက်ခဲ့ရပါသေးတယ်။ သူဟာ ဖေဖော်ဝါရီမှာ ဆေးရုံက ဆင်းခဲ့ပါတယ်။
“ကျွန်တော့်အတွက်တော့ ဒါဟာ ဆန်းကြယ်မှုပဲ။ အသက်ရှင်ဖို့ ကျွန်တော်မမျှော်လင့်ဘူး။ ကျွန်တော်သိပ်အသက်ကြီးနေပြီး ရောဂါပြင်းထန်တာက နှလုံးကိုထိခိုက်နေတာကြောင့် သေမယ်လို့ပဲ ထင်ထားတာ” လို့ သူက ဆေးရုံက ဆင်းစဉ်မှာပြောခဲ့ပါတယ်။
သူဟာ မလေးရှားရဲ့ ကာလအရှည်ဆုံး ဝန်ကြီးချုပ်ဖြစ်ခဲ့ပါတယ်။ သူဟာ နှစ်ပေါင်း ၂၄နှစ် ဝန်ကြီးချုပ်လုပ်ခဲ့ပြီး လက်ရှိ အမတ်တစ်ဦးလည်းဖြစ်ပါတယ်။
Source: Straits Times
#Mahathir_Mohamad
#Malaysia_Former_PM
#Malaysia_Politics
#DailyNews
Published - 30 August 2022
၁။ ရခိုင်ပြည်နယ်ရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ကျပ် ၁၀ ဘီလီယံ ထုတ်ချေးရန်စီစဉ်နေ
၂။ ငွေကြေးမတည်ငြိမ်မှုကြောင့် ခရီးသွားလုပ်ငန်းထိခိုက်နိုင်ဟု UMTA ဥက္ကဌပြော
၃။ နေပြည်တော်တွင် အိမ်ခြံမြေဝယ်ယူလိုသူ နှစ်ဆကျော်မြင့်နေဟုဆို
၄။ ကျောက်မီးသွေးဓာတ်အားပေးစက်ရုံများ ပြန်လည်လည်ပတ်နိုင်ရန် ဂျာမနီကြိုးပမ်းလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 121 of 151