#DailyNews
Published _ 10 September 2022
၁။ ကန်ပိုက်တီနှင့် လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန် ယွမ်ငွေပမာဏ ၅ သိန်း ၁ သောင်းကျော်ရှိနေ
၂။ ရွှေဒင်္ဂါးပြားထုတ်ရောင်းမှုကြောင့် ရွှေဈေးကွက်အရောင်းအဝယ်အေးနေ
၃။ လေဖိအားနည်းရပ်ဝန်းနှင့်လေပွေလှိုင်းများကြောင့် မိုးဆက်ရွာဦးမည်
၄။ ဂျာကာတာမီးရထားဘူတာရုံ ဇွန်ဘီအခင်းအကျင်းဖြင့် ပြင်ဆင်ကာ ခရီးသည်များကို ဖျော်ဖြေမှုရသအသစ်ပေးနေ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 9 September 2022
၁။ ရေထွက်ကုန် ပို့ကုန်ဝင်ငွေ ဒေါ်လာ သန်း ၂၆၀ ကျော် ရရှိ
၂။ ရန်ကုန်တိုင်းတွင် ကိုဗစ်လူနာများသာမက ထိစပ်ခဲ့သူများ၊ ဆေးရုံဆေးခန်းပြသနေရသူများပါ နေ့စဉ်ပို့ဆောင်ပေးနေရ
၃။ ကားအရောင်းအဝယ် ပုံမှန်အတိုင်းပြန်ဖြစ်နေ
၄။ ဝိုင်အဆင့်သတ်မှတ်ခွဲခြားခြင်းက အကောင်းဆုံးဝိုင်ထွက်ရှိရာ ပြင်သစ်ရွာကို စည်းလုံးမှုပျက်ပြားစေခဲ့ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 8 September 2022
၁။ ကိုဗစ်-၁၉ ကူးစက်သူနှင့် သေဆုံးသူဦးရေတိုးလာသော်လည်း ကန့်သတ်ချက်များထုတ်ပြန်ဖို့ မရှိသေးဟုဆို
၂။ ရခိုင်ပြည်နယ်အတွင်းမငြိမ်မသက်မှုများကြောင့် ကုန်သွယ်ရေးအနည်းငယ် တုံ့ဆိုင်း
၃။ လူမှုကူညီရေးအသင်းအချို့မှ အကူညီတောင်းခံလာသူများအား တတ်အားသလောက် ပြန်လှူဒါန်းပေးရန် မေတ္တာရပ်ခံထား
၄။ ကမ္ဘောဒီးယားကျောင်းများတွင် ကလေးများကို သီးနှံစိုက်ပျိုးရေးအတတ်ပညာများ သင်ကြားပေးလျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Published 8 Sept 2022
ထိပ်တန်းအစိုးရအရာရှိကြီးတစ်ဦးကို ပြောင်လှောင်တာလို့ အများမြင်ထားတဲ့ လူကြည့်များဗွီဒီယိုတစ်ခုကြောင့် နာမည်ကြီးသွားတဲ့ ဗီယက်နမ်က ခေါက်ဆွဲသည်တစ်ဦးကို ဖမ်းဆီးလိုက်တယ်လို့ရဲကပြောပါတယ်။ဒါဟာ ဗီယက်နမ်ရဲ့ ကွန်မြူနစ်အစိုးရက သူ့အပေါ်ဝေဖန်သူတွေကို နောက်ဆုံးနှိမ်နှင်းမှုတစ်ခုဖြစ်ပါတယ်လို့ ရိုက်တာကရေးပါတယ်။
ဒါနန်းမြို့မှာ အမဲသားခေါက်ဆွဲဆိုင်ကလေး ဖွင့်ထားတဲ့ အသက် ၃၈နှစ်အရွယ် ဘွီတွမ်လမ်းကို အာဏာရပါတီရဲ့ လမ်းညွှန်ချက်နှင့်မူဝါဒတွေကို ထင်ယောင်ထင်မှားဖြစ်စေတဲ့ အကြောင်းအရာတွေကို အွန်လိုင်းတင်ပြီး နိုင်ငံတော်ကို ဆန့်ကျင်ဝါဒဖြန့်တယ်လို့ စွပ်စွဲပြီး သူ့ကို ဖမ်းဆီးခဲ့တာလို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ဘယ်ကိစ္စနှင့်ဆိုတာတော့ အတိအကျပြောမထားပါဘူး။
၂၀၂၁ခုနှစ်မှာ ဗီယက်နမ်ရဲ့ အာဏာတန်ခိုးထွားတဲ့ ပြည်သူ့လုံခြုံရေးဝန်ကြီးဟာ လန်ဒန်က စားသောက်ဆိုင်တစ်ဆိုင်မှာ တူရီကီစားဖိုမှူးရဲ့ ရွှေမံထားတဲ့ အမဲသားကင်စားနေတဲ့ ဗွီဒီယိုပေါ်ထွက်လာပြီးနောက် သူဟာ ဟိတ်ဟန်များပြီး ကျော်ကြားလှတဲ့ စားဖိုမှူး နတ်ရက် ဂိုဆီ ဒါမှမဟုတ် Salt Bae ပုံစံဖမ်းပြီး သူ့ကိုယ်သူ ဗွီဒီယိုရိုက်ခဲ့တဲ့အတွက် ရဲက သူ့ကို ဆင့်ခေါ်တာခံခဲ့ရပါတယ်။
“ လမ်း နိုင်ငံတော်ဆန့်ကျင်တဲ့ အရပ်ဖက်အဖွဲ့အစည်းတော်တော်များများမှာ အဖွဲ့ဝင်လည်းဖြစ်တယ်”လို့ ရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ ခေါင်းဆောင်တွေနှင့်သူတို့ရဲ့ ဂုဏ်ူသိက္ခာေကို စော်ကားမော်ကား လုပ်တာတွေမပြုလုပ်ဖို့ အာဏာပိုင်တွေက သူ့ကို ထပ်ခါထပ်ခါသတိပေးခဲ့ပါတယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။
သူ့ကိုဆင့်ခေါ်စဉ်က လမ်းက ဝန်ကြီးကို တစ်ပွဲကို ဒေါ်လာ ၂၀၀၀အထိ ရောင်းတဲ့ အသားကင်နှင့်ပတ်သက်လို့ လှောင်ပြောင်တာမဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။
နယူးယောက်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့် အဖွဲ့က လမ်းကို ချက်ခြင်းလွှတ်ပေးဖို့ နှင့် သူတို့ရဲ့အမြင်ကိုဖော်ပြနေတဲ့ ပြည်သူတွေကိုဖမ်းဆီးတာတွေရပ်ဖို့ တောင်းဆိုထားပါတယ်။
“ လှောင်ပြောတာဟာ ခံစားချက်ကိုဖော်ပြတဲ့ တရားဝင်ပုံစံတစ်ခုဖြစ်ပြီး ဒါကို ရာဇဝတ်မှုလို့ မသတ်မှတ်သင့်ဘူး” လို့ အဲဒီအဖွဲ့ရဲ့ ဒုတိယ အာရှညွှန်ကြားရေးမှူး ဖီးလ်ရောဘင်ဆန်ကပြောပါတယ်။
Source: Reuters
#Vietnam_Politics
#Bui_Tuan_Lam
#Salt_Bae


#DailyNews
Published _ 7 September 2022
၁။ ရင်းသားကျေးရွာတွင် တည်ဆောက်နေသည့် ဆိပ်ခံဗောတံတား ၆ လအတွင်းပြီးစီးမည်
၂။ ကောက်ဖီစိုက်ပျိုးရင်းနှီးမည့်သူများကို စိုက်ပျိုးမြေအသုံးပြုခွင့် ပုံစံ(၇) ထုတ်ပေးမည်
၃။ ဓာတ်ဆီတစ်လီတာပျမ်းမျှ ၂၅ ကျပ်မြင့်တက်လာ၊ ဒီဇယ်ဈေးအနည်းငယ်ပြန်ကျလာ
၄။ ဟောင်ကောင်မှနေထိုင်သူအများအပြား ထွက်ခွာသွား၍ စွန့်ပစ်ခံရသည့် အိမ်မွေးခွေးများ တိုးများလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 6 September 2022
၁။ သြဂုတ်လအတွင်း ပြည်ပသို့ ဆန်၊ ဆန်ကွဲ မက်ထရစ်တန်ချိန် ၁၅၀၀၀၀ ကျော်တင်ပို့ခဲ့
၂။ အမြန်လမ်း နေရာ ၅ ခုတွင် လျှပ်စစ်ယာဉ်သုံး Charging Station များ လပိုင်းအတွင်း တည်ဆောက်မည်
၃။ တနင်္သာရီပြတိုက်တွင် အဖိုးတန်ပစ္စည်းများ ပြသနိုင်အောင် ဆောင်ရွက်ပေးရန်လိုဟုဆို
၄။ ရေရပိုင်ခွင့်ကို ပုဂ္ဂလိကလုပ်ငန်းများလက်ကနေ လူ့အခွင့်အရေးထံ ရောက်ရှိစေမည့် အခြေခံဥပဒေမူကြမ်းအသစ်အား ချီလီတွင်တင်သွင်းထား ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 5 September 2022
၁။ ကြက်သွန်နီ လက်လီဈေးများ ဒိုင်လက်ကားဈေးများနှင့် ကွာဟမှုတွေရှိနေ
၂။ မီးစက်များ မဖြစ်မနေဝယ်နေရ၍ လုပ်ငန်းသုံးမီးစက်ဝယ်ယူနှုန်း မြင့်တက်နေ
၃။ စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး ၅၂၂၀ ကျပ်ဟု တိုးမြှင့်သတ်မှတ်ထား
၄။ နယူးယော့ခ်မှ မြင်းလှည်းရထားလုံးများကို ဆန့်ကျင်သူများပြားလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 120 of 151