Published 28 Aug 2022
တစ်ကမ္ဘာလုံးမှာ လက်ရှိအသုံးပြုနေတဲ့ လေယာဉ်တင်သင်္ဘော ၄၇ စီးရှိနေပါတယ်။ အဲဒီ (၄၇)စီးကို နိုင်ငံပေါင်း ၁၄ နိင်ငံ ကသာ စီမံလုပ်ဆောင်နေတာဖြစ်ပါတယ်။ လေယာဉ်တင်သင်္ဘောဆိုတာ ရေတပ်ရဲ့ တန်ဖိုးအရှိဆုံး ပိုင်ဆိုင်မှုဖြစ်ပြီး စစ်ဆင်ရေးအတွက်သာမကဘဲ ရေပိုင်နက်ကို စောင့်ကြပ်ထိန်းသိမ်းရတဲ့ တာဝန်ပါ ထမ်းဆောင်ကြရတာပါ။
အမေရိကန်ပြည်ထောင်စု၊ တရုတ်၊ဗြိတိန်၊ပြင်သစ်နှင့် အိန္ဒိယတို့ဟာ သင်္ဘောရဲ့ ဝမ်းပမာဏနှင့်ညီမျှတဲ့ရေထုအလေးချိန်အရ ကမ္ဘာ့အကြီးဆုံး လေယာဉ်တင် သင်္ဘော ၁၀စီးကို ပိုင်ဆိုင်ထားကြပါတယ်လို့ ရေတပ်ဗိသုကာ ဟာရီအဲလက်ဇင်းဒါး ကာရန်နက်ဆော့ ကပြောပါတယ်။
အဲဒီအကြီးဆုံး လေယာဉ်တင်သင်္ဘော (၁၀)စီးကို အဆင့် အနိမ့်မှအမြင့်အလိုက် ဖော်ပြအပ်ပါတယ်။
၁၀။ချားလ်စ်ဒီဂေါ Charles De Gaulle (ပြင်သစ်)
ချားလ်စ်ဒီဂေါဟာ ၂၀၁၁ခုနှစ်မှာ စတင်တာဝန်ထမ်းဆောင်ပြီး ပြင်သစ်ရေတပ်ရဲ့ ရေယာဉ်စုမှူးစီးနင်းတဲ့ သင်္ဘောအဖြစ် ဆက်လက်တည်ရှိနေပါတယ်။ ဒီသင်္ဘောဟာ ပြင်သစ်ရဲ့ ပထမဆုံးနှင့်တစ်ခုတည်းသော နျူကလီးယားစွမ်းအင်သုံး သင်္ဘော ဖြစ်ပါတယ်။
အဲဒီစစ်သင်္ဘောဟာ အလျား ၈၅၈ ပေရှိပြီး ၂၁၈ပေ အမြင့်ရှိပါတယ်။ သင်္ဘောရဲ့ဝမ်းပမာဏာနှင့် ညီမျှတဲ့ ရေထုအလေးချိန် Displacement ဟာ ၄၂,၅၀၀ တန်ရှိပါတယ်။သင်္ဘောသား ၁၂၀၀ တင်ဆောင်နိုင်ပါတယ်။
Dassault Rafale M တိုက်လေယာဉ်အစီး (၄၀)နှင့် Super Etendard ခေတ်မီလေယာဉ်တွေနှင့် Northrop Grumman E-2C Hawkeyesတွေ အပါအဝင် ဒါဇင်ပေါင်းများစွာသော လေယာဉ်တွေအသုံးပြုနိုင်ပါတယ်။
၉။ အိုင်အင်န်အက်စ် ဗီကရာမာဒစ်ယာ INS Vikramaditya (အိန္ဒိယ)
အိုင်အင်န်အက်စ် ဗီကရာမာဒစ်ယာ ဟာ ဆိုဗီယက်လုပ် လေယာဉ်တင်သင်္ဘောဖြစ်ပြီး ၂၀၁၃ခုနှစ်မှာ အိန္ဒိယရေတပ်က စတင် အသုံးပြုပါတယ်။ ဒီစစ်သင်္ဘောဟာ လက်ရှိ အိန္ဒိယရေတပ်ရဲ့ ရေယာဉ်စုမှူးသင်္ဘောဖြစ်ပါတယ်၊ ရုရှားထံမှ ဒေါ်လာ ၂.၃၅ ဘီလျံဖြင့်ဝယ်ယူခဲ့ပါတယ်။
ပင်လယ်နက်သင်္ဘောကျင်းက တည်ဆောက်တဲ့ ဒီသင်္ဘောဟာ အလျား ၉၃၂ ပေရှိ ပြီး Displacement ဟာ တန်ချိန်ပေါင်း ၄၄၅၀၀ ရှိပါတယ်။ သင်္ဘောသား ၁၆၀၀ တင်ဆောင်နိုင်ပါတယ်။
သင်္ဘောဟာ လေယာဉ်ပျံ အစီး ၃၀ အသုံးပြုနိုင်ပါတယ်။ အဲဒီအထဲမှာ Mikoyan MiG-29K ဘက်စုံတိုက်လေယာဉ်တွေနှင့် Kamov Ka-31၊KA-28 ရဟတ်ယာဉ်တွေပါဝင်ပါတယ်။
၈။အိုင်အင်န်အက်စ် ဗီကရန့် INS Vikrant (အိန္ဒိယ)
ကိုချင်းသင်္ဘောကျင်းကတည်ဆောက်ပြီး ပထမဆုံးပြည်တွင်းထုတ် လေယာဉ်တင်သင်္ဘောဖြစ်ပါတယ်။ ၂၀၁၃ခုနှစ်မှာ ရေချခဲ့ပါတယ်။ သင်္ဘောတည်ဆောက်ကုန်ကျစရိတ်ပေါင်း ဒေါ်လာ ၃.၅ ဘီလျံရှိပါတယ်။ ၂၀၁၈ခုနှစ်မှာ စတင်သုံးဖို့ ရည်ရွယ်ခဲ့ပေမယ့် ကပ်ဘေးကြောင့် နောက်ကျခဲ့ရပါတယ်။
အိုင်အင်န်အက်စ်ဗီကရန့်ဟာ Displacement အားဖြင့် ၄၅,၀၀၀ တန်ရှိပြီး အိန္ဒိယရေတပ်ရဲ့ အကြီးဆုံး လေယာဉ်တင်သင်္ဘော ဖြစ်ပါတယ်။ အလျား ၈၆၀ပေရှိပြီး အမြင့်၁၉၄ပေရှိပါတယ်။ သင်္ဘောသား ၁၆၄၅ဦးတင်ဆောင်နိုင်ပါတယ်။
ပြည်တွင်းမီဒီယာတွေက ဒီသင်္ဘောကို လက်ရွေးစင် စစ်သင်္ဘောကြီးလို့ ဖော်ပြကြပါတယ်။ MiG-29K တိုက်ဂျက်လေယာဉ်၊ Kamov-31 ရဟတ်ယာဉ်တွေနှင့် Sikorsky MH-60R Seahawk ရဟတ်ယာဉ်တွေ အသုံးပြုနေပါတယ်။
၇။လျောင်နင်း ပုံစံ၀၀၁ Liaoning, Type 001 (တရုတ်)
လျောင်နင်းကို ပုံစံ ၀၀၁လို့သိကြပြီး ၂၀၁၂ မှာစတင်အသုံးပြုပါတယ်။ ဒီသင်္ဘောကို ပင်လက်နက် သင်္ဘောကျင်းက ဆိုဗီယက် ခေတ်မှာ တည်ဆောက်ခဲ့ပါတယ်။ တရုတ်စစ်တပ်က ဒီသင်္ဘောကို ယူကရိန်းထံမှ ဝယ်ယူခဲ့တာပါ။
ဒီလေယာဉ်တင်သင်္ဘေဟာ ၉၉၉ပေ အလျားရှိပြီး Displacementက ဝန်အပြည့်မှာ ၆၀၉၀၀ တန်ရှိပါတယ်။ သင်္ဘောသား ၂၅၀၀ ဦးလိုက်ပါနိုင်ပါတယ်။
လျောင်နင်းစာ တရုတ်ထုတ် Type 1130 rotary အမြောက်တွေနှင့် HQ-10 မြေပြင်မှဝေဟင်ပစ် ဒုံးကျည်တွေအပါအဝင် လက်နက်ကြီးတွေ တင်ဆောင်နိုင်ပါတယ်။ အဲဒီအပြင် Shenyang J-15၊ Shenyang J-15နှင့် Harbin Z-9 လေယာဉ်တွေ အပါအဝင် လေယာဉ် ၃၆ စီးအသုံးပြုနိုင်ပါတယ်။
၆။အက်ဒ်မိုင်ရယ်လ် ကူညက်ဆော့ဗ် Admiral Kuznetsov (ရုရှား)
ဒီသင်္ဘောကို နီကိုလာယက်တောင်ပိုင်းက ဆိုဗီယက်ခေတ်အတွင်း တည်ဆောက်ခဲ့ပြီး ၁၉၉၁ မှာ ပထမဆုံးအသုံးပြုခဲ့ပါတယ်။ ဒီသင်္ဘောကို လောလာဆယ် ရုရှားစစ်တပ်က စီမံကြီးကြပ်တဲ့ တစ်စီးတည်းသော သင်္ဘောဖြစ်ပါတယ်။ ဇွန်လအထိ သတင်းအရ ဒီသင်္ဘောဟာ ပြန်လည်ပြုပြင်နေတယ်လို့ ရိုက်တာသတင်းအရသိရပါတယ်။
သင်္ဘောဟာ အလျား ၁၀၀၀ပေရှိပြီး Displacement က ဝန်အပြည့် ၆၇၅၀၀ တန်ရှိပါတယ်။ သင်္ဘောသား ၁၆၉၀ကျော် တင်ဆောင်နိုင်ပါတယ်။
သင်္ဘောဟာ ဆိုဗီယက်လုပ် AK-630 လက်နက်များကအစ P-700 Granit anti-cruise ဒုံးကျည်များအထိ လက်နက်ကြီးမျိုးစုံ အသုံးပြုနိုင်ပါတယ်။
၅။ရှန်ဒေါင်း ပုံစံ၀၀၂ Shandong, Type 002 (တရုတ်)
ရှန်ဒေါင်းဟာ ၂၀၁၈ခုနှစ်မှာ ဒါလျန်း သင်္ဘောကျင်းကနေ တည်ဆောက်ပေးခဲ့ပါတယ်။ ဒီသင်္ဘောကိုပုံစံ ၀၀၂ လို့လည်း သိကြပါတယ်။ ၂၀၁၉ မှာ စတင်အသုံးပြုပါတယ်။ ရှန်ဒေါင်းဟာ တရုတ်လုပ် ပထမဆုံးလေယာဉ်တင်သင်္ဘောဖြစ်ပြီး ဆိုဗီယက်လုပ် Kuznetsov-class ရဲ့ ပုံစံကွဲတစ်ခုဖြစ်ပါတယ်။
သင်္ဘောဟာ အလျား ၁၀၃၃ပေခန့်ရှိပြီး Displacement က ၇၀၀၀၀ တန်ရှိပါတယ်။
လျန်နင်းလေယာဉ်တင်သင်္ဘောမှာပါတဲ့ လက်နက်ကြီးတွေကိုပဲ အသုံးပြုပါတယ်။ Type 1130 rotary အမြောက်နှင့် HQ-10 မြေပြင်မှဝေဟင်ပစ်ဒုံးကျည်တို့ဖြစ်ပါတယ်။ အဲဒီအပြင် Shenyang J-15 ၊ Changhe Z-18F/J နှင့် Harbin Z-9လေယာဉ်တွေ အသုံးပြုပါတယ်။
၄.အိတ်ချ်အမ်အက်စ် အဲလ်ဇဘက်ဘုရင်မ-ကလပ်စ် HMS Queen Elizabeth-class (ယူကေ)
ဒီသင်္ဘောဟာ လေယာဉ်တင်သင်္ဘော HMS Queen Elizabeth နှင့် HMS Prince of Wales တို့ပေါင်းစပ်ထားပါတယ်။ဦးဆောင် သင်္ဘော HMS Queen Elizabethကို ၂၀၁၇ခုနှစ်မှာ စတင်တာဝန်ထမ်းပါတယ်။ သင်္ဘောကို Aircraft Carrier Alliance က တည်ဆောက်ခဲ့ပြီး တစ်စီးကို ပေါင်စတာလင် ၃.၈ ဘီလျံကုန်ကျခဲ့ပါတယ်။
သင်္ဘောဟာ အလျား ၉၃၂ ပေရှိပြီး Displacement က တန်ချိန် ၆၅၀၀၀ နှင့် ၇၁၆၅၀ အသီးသီးရှိကြပါတယ်၊ တစ်စီးကို သင်္ဘောသား ၁၆၀၀ အထိတင်ဆောင်နိုင်ပါတယ်။
Phalanx close-in လက်နက်စနစ်နှင့် အမေရိကန်လုပ် M134 မီနီဂန်းတွေအပါအဝင် လက်နက်ကြီးတွေတပ်ဆင်ထားပါတယ်။ Lockheed Martin F-35 တိုက်လေယာဉ်နှင့် ဘိုအင်းချင်းနုတ် ရဟတ်ယာဉ်တွေအပါအဝင် လေယာဉ် ၆၅စီးကျော် တင်ဆောင် နိုင်ပါတယ်။
၃။ဖူကျန့် ပုံစံ ၀၀၃ Fujian, Type 003 (တရုတ်)
ဖူကျန့်ဟာ တရုတ်နိုင်ငံရဲ့ အကြီးဆုံးနှင့် ခေတ်အမီဆုံး လေယာဉ်တင်သင်္ဘောြဖစ်ပါတယ်။ဇွန်လမှာ စတင်ရေချခဲ့ပါတယ်။ ပုံစံ ၀၀၃ အဖြစ်လည်းသိကြပါတယ်။ တရုတ်နိုင်ငံတော် သင်္ဘောကျင်းကော်ပိုရေးရှင်းက တည်ဆောက်ပေးခဲ့ပါတယ်။ ဒါပေမယ့် စတင်တာဝန်ထမ်းဆောင်ခြင်းမရှိသေးပါဘူး။
တိုက်ခိုက်ရေးအဆင်သင့်ဖြစ်ဖို့အတွက် ၁၈လခန့် စမ်းသပ်ဖို့လိုအပ်မယ်လို့ ဘေဂျင်းအခြေစိုက် ဉာဏ်ကြီးရှင်အဖွဲ့ ယွမ်ဝမ်းက သုတေသနပညာရှင် ကျောင်ချန်မင်းက ပြောပါတယ်။
သင်္ဘောဟာ ၉၈၄ ပေရှိပြီး displacement က တန်ချိန် ၈၀၀၀၀ ရှိပါတယ်။
ဖူကျန့်ဟာ ပိုမိုကြီးမားလေးလံတဲ့ လေယာဉ်တွေကို သယ်ဆောင်နိုင်တယ်လို့ဆိုပါတယ်။ ဒီသင်္ဘောကိ ထိုင်ဝမ် အရှေ့ခြမ်း တရုတ်စစ်အင်အားကို ဖြည့်ဆည်းပေးဖို့ တာဝန်ပေးထားတယ်လို့ ပြည်တွင်းရေတပ် မဟာဗျူဟာပညာရှင်တွေက ပြောပါတယ်။
၂။နီမစ်-ကလပ်စ် Nimitz-class (အမေရိကန်)
နီမစ်-ကလပ်စ်မှာ လေယာဉ်တင်သင်္ဘော ၁၀စီးပါဝင်ပါတယ်။ ဒီသင်္ဘောဆယ်စီးလုံးကို Newport News သင်္ဘောကျင်းက တည်ဆောက်ပေးပါတယ်။ ဒါဟာ ပထမဆုံးကလပ်စ်အဆင့် လေယာဉ်တင်သင်္ဘောဖြစ်ပါတယ်။ ၁၉၇၅ခုနှစ်မှာ စတင်တာဝန်ထမ်းဆောင်ပေမယ့် ၂၀၂၅ခုနှစ်မှာ တာဝန်ရပ်နားဖို့ရှိပါတယ်။
နျူကလီးယားစွမ်းအင်သုံး ဒီစစ်သင်္ဘောဟာ အလျား ၁၀၉၂ ပေရှိပြီး displacement က တန်ချိန် တစ်သိန်းရှိပါတယ်။ သင်္ဘောသား ၆၀၀၀လိုက်ပါနိုင်ပါတယ်။
နီမစ်ကလပ်စ်ဟာ ကမ္ဘာပေါ်မှာ ကလပ်စ်အမျိုးအစား လေယာဉ်တင်သင်္ဘောတွေထဲမှာ အင်အားအကြီးမားဆုံး လေယာဉ် တင်သင်္ဘောထဲမှာ တစ်စီးအပါအဝင်ဖြစ်ပါတယ်။ အဲဒီအပြင် ရေတပ်ရဲ့ သက်တမ်းအကြာဆုံး လည်းဖြစ်ပါတယ်။
သင်္ဘောကြီးဟာ လေယာဉ်ပေါင်း ၈၂ စီးအထိ အသုံးပြုနိုင်ပါတယ်။ အဲဒီအထဲမှာ McDonnell Douglas Hornet တိုက်ဂျက်လေယာဉ်နှင့် Northrop Grumman E-2 Hawkeye လေယာဉ်တွေ ပါဝင်ပါတယ်။ Phalanx Mk-15 close-in လက်နက်စနစ်အပါအဝင် လက်နက်ကြီးတွေတပ်ဆင်ထားပါတယ်။
၁။ဂါးရက် အာရ် ဖို့ဒ်-ကလပ်စ် Gerald R. Ford-class (အမေရိကန်)
လေယာဉ်တင်သင်္ဘော ၁၀စီးပေါင်းထားတဲ့ ဂါးရက်စ် အာရ်ဖို့ဒ်ဟာ အမေရိကန်ရေတပ်ရဲ့ အနာဂတ်စစ်သင်္ဘောကြီး အဖြစ် မှတ်ယူထားကြပါတယ်။ ၂၀၁၇ မှာစတင်တာဝန်ထမ်းဆောင်ပြီး သုတေသနနှင့် ဖွံ့ဖြိုးရေးကုန်ကျစရိတ်က ဒေါ်လာ ၃၇.၃ ဘီလျံရှိခဲ့ပါတယ်။ တစ်စီးချင်းစီရဲ့ တည်ဆောက်စရိတ်ဟာ ဒေါ်လာ ၁၃ဘီလျံရှိပါတယ်။
အလျား ၁၁၀၆ပေရှိပြီး displacementက တန်ချိန်ပေါင်း ၁၁၂၀၀၀ ရှိတဲ့အတွက် ကမ္ဘာ့အကြီးဆုံးစစ်သင်္ဘောကြီး ဖြစ်ပါတယ်။ သင်္ဘောသား ၄၅၀၀ တင်ဆောင်နိုင်ပါတယ်။
သင်္ဘောမှာ မြေပြင်မှဝေဟင်ပစ် ဒုံးကျည်မျိုးစုံတပ်ဆင်ထားပါတယ်။ အဲဒီအထဲမှာ RIM-7 Sea Sparrow၊ RIM-116 နှင့် M2 မက်ရှင်းဂန်းတွေလည်းပါဝင်ပါတယ်။ လေယာဉ်ပေါင်း ၇၅စီးကျော် အသုံးပြုနိုင်ပြီး Lockheed Martin F-35 တိုက်လေယာဉ်တွေ၊ Boeing F/A-18E/F Super Hornet တိုက်ဂျက်လေယာဉ်တွေနှင့် Sikorsky MH-60R ရဟတ်ယာဉ်တွေ ပါဝင်ပါတယ်။
Source Business Insider
#world's_largest_aircraft_carriers
#World_navy_power
- Category: World
- Hits: 2276
Published 28 Aug 2022
နစက ဥက္ကဋ္ဌနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ဒုတိယအကြိမ်တက်ရောက်ဖို့အတွက် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်
နှင့်အဖွဲ့ဝင်တွေဟာ ယနေ့ ဩဂုတ် ၂၈ ရက် နေ့လည် ( ၁၂ )နာရီအချိန် တာချီလိတ်လေဆိပ်မှတဆင့် တပ်မတော်လေယာဥ်ဖြင့် နေပြည်တော်သို့ထွက်ခွာသွားခဲ့ပါတယ်။
မေ ၂၀ ရက်နေ့တွင် ကျင်းပခဲ့သည့်ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့တက်ရောက်ခဲ့ပြီးနောက် ယခုဒုတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်ရန်ထပ်မံသွားရောက်ခြင်းဖြစ်ပြီး ၊အဖွဲ့ဝင်တွေဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှတဆင့်
တာချီလိတ်မြို့ မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားအမှတ်( ၂)မှတဆင့် ယနေ့နံနက် ၁၂ နာရီအချိန်၌ ဝင်ရောက်လာခဲ့ပြီး နေပြည်တော်သို့ ထွက်ခွာသွားခြင်းဖြစ်ပါတယ်။
ဥက္ကဋ္ဌ ဗိုလ်ချူပ်ကြီး ယွက်စစ်နှင့်အဖွဲ့ဝင်များကို တာချီလိတ်တပ်နယ်မှ ဗိုလ်မှူးကြီးမင်းမင်းထွန်း၊ TBC-မြန်မာ မှဦးဘိုလေးနှင့်တာဝန်ရှိသူများက ကြိုဆိုနုတ်ဆက်ခဲ့ကြပြီးရှမ်း၊အာခါ၊လားဟူ၊ပအိုဝ့် တိုင်းရင်းသားများနှင့်ပြည်သူများက ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုကြိုဆိုထောက်ခံကြောင်းစာတမ်းပါ ဗီနှိုင်းပိုစတာများကိုင်ဆောင်ပြီး တာချီလိတ်မကြိုဆိုခဲ့ကြပါတယ်။
Ymg/ys-tcl
#Myanmar_Politics
#RCSS/SSA
#Myanmar_NCA
- Category: Myanmar
- Hits: 431
Published 28 Aug 2022
မန်ဟန်တန်အိမ်နီးချင်းတစ်ဦးကို အဓမ္ဓကျင့်တယ်လို့ ဒီတစ်ပတ်စောစောပိုင်းက စွပ်စွဲခံထားရတဲ့ တောင်ဆူဒန်သံတမန်တစ်ဦး ဟာ သူ့အပေါ်စွဲချက်ကို ရှောင်တိမ်းပြီးနောက် သူ့နိုင်ငံကို ထွက်ပြေးသွားခဲ့ပါတယ်။
အသက်၄၆နှစ်အရွယ်ရှိတဲ့ ချားလ်ဒစ်ကင် အိုင်မင်းအိုလီဟာဟာ ပြီးခဲ့တဲ့ တနင်္ဂနွေ မွန်းလွဲပိုင်းက သူနေထိုင်တဲ့ ဝါရှင်တန်ဟိုက်စ်အိမ်ရာမှာနေတဲ့ အသက်၂၄နှစ် အရွယ် အမျိုးသမီးတစ်ဦးကို သူမတိုက်ခန်းထဲ အတင်းဝင်သွားပြီးနောက် အဓမ္မပြုကျင့်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်လို့ ရဲကပြောပါတယ်။
စွပ်စွဲသူက နယူးယောက်ရဲဌာနကို ဖုန်းဆက်တိုင်ကြားပြီးနောက် အိုလီဟာကို အချုပ်ထဲထည့်ခဲ့ပါတယ်။ ဒါပေမယ့် သူဟာ ကုလသမဂ္ဂ သံတမန်တစ်ဦးဖြစ်တဲ့အတွက် အမေရိကန် ဥပဒေအရ သံတမန်ကင်းလွတ်ခွင့်အရ အကာအကွယ်ရရှိထားတဲ့ အတွက် သူ့ကို အရေးယူမှုတစ်စုံတစ်ရာမလုပ်ဘဲ ပြန်လွှတ်ပေးလိုက်ရပါတယ်။
တောင်ဆူဒန်နိုင်ငံခြားရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနက အိုလီဟာ အာဖရိကကို ပြန်ရောက်လာပြီလို့ ကြာသပတေးနေ့က သတင်းထုတ်ပြန်အတည်ပြုပါတယ်။
“နယူးယောက်မြို့ဒေသခံတစ်ဦးကို အဓမ္မပြုကျင့်မှုတစ်ခုမှာ ကျွန်ုပ်တို့ သံတမန်ပါဝင်ပတ်သက်ခဲ့တဲ့အတွက် စိတ်မကောင်း ဖြစ်မိပါတယ်” လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နိုင်ငံခြားရေးနှင့် နိုင်ငံတကာဆက်ဆံရေး ဝန်ကြီးဌာနခေါင်းဆောင်ပိုင်းက မေးမြန်းခံနေရတဲ့ သံတမန်ကို ချက်ခြင်းပြန်ခေါ်ဖို့ ဆုံးဖြတ်ခဲ့ပြီး အထူးကော်မတီတစ်ခုက စုံစမ်းစစ်ဆေးမှုအပြည့်တစ်ခုလုပ်ဖို့ ရွှေ့ဆိုင်းထားပါတယ်။
“ အမေးခံနေရဲ့ သံတမန် အခု တောင်ဆူဒန်ကို ပြန်ရောက်ပြီး သူ့တာဝန်တွေကို ဆိုင်းငံ့ထားလိုက်ပါပြီ” လို့ သတင်းထုတ်ပြန်ပါတယ်။
အကယ်၍မန်ဟန်တန် အစိုးရရှေ့နေတွေက သူ့အပေါ် တရားစွဲရင် အဲဒီသူကို တရားခံပြန်လွှဲပေးမှာလားဆိုတာကိုတော့ ဝန်ကြီးဌာနက ပြောမထားပါဘူး။
“ ခရိုင်ရှေ့နေရုံးဟာ ဒီကိစ္စကို တက်တက်ကြွကြွ စုံစမ်းဖော်ထုတ်နေပါတယ်”လို့ မန်ဟန်တန်ခရိုင်ရှေ့နေရုံးရဲ့ ဒုတိယညွှန်ကြားရေးမှူး အီမီလီတူတဲလ်က သတင်းထုတ်ပြန်ပေးပါတယ်။
တောင်ဆူဒန်ဟာ ၂၀၁၁ခုနှစ်ကတည်းက နိုင်ငံရဲ့ အမျိုးသမီးများနှင့် မိန်းကလေးငယ်များရဲ့ အခွင့်အရေးတွေကို ကာကွယ်ရေး အပြင်းအထန် လုပ်ဆောင်ခဲ့ပါတယ် လို့လည်း တောင်ဆူဒန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
အဲဒီနိုင်ငံငယ်ကလေးဟာ ညှင်းပန်းနှိပ်စက်မှု၊အဓမ္မပြုကျင့်မှုနှင့် လိင်စော်ကားမှုတွေဟာ ၂၀၂၀မှာအဆုံးသတ်ခဲ့တဲ့ (၇)နှစ်ကြာ ပြည်တွင်းစစ်ကြားထဲမှာ ကျယ်ကျယ်ပြန့်ပြန့်ရှိခဲ့တာဖြစ်တယ်လို့ ကုလသမဂ္ဂသတင်းအချက်အလက်အရ သိရပါတယ်။
Source: NY Post
#South_Sudan
#Charles_Dickens_Imene_Oliha
#UN_Envoy_Rape_case
- Category: World
- Hits: 525
Published 27 Aug 2022
လျှပ်စစ်ဓာတ်အားခနှင့် ဓာတ်ငွေ့ခတွေ ၈၀ ရာခိုင်နှုန်းတက်မယ်လို့ ဗြိတိန်က ကြေညာပြီးတဲ့နောက် ဒါဇင်ပေါင်းများစွာသော လူတွေဟာ လန်ဒန်က စွမ်းအင်ဌာန အောက်ဖ်ဂျမ်ရုံးချုပ်ရှေ့မှာ ဆန္ဒပြကြပါတယ်။ အဲဒီဆန္ဒပြပွဲကို “ မပေးနှင့် ယူကေ” လှုပ်ရှားမှု အဖြစ် လုပ်ဆောင်ကြတာဖြစ်ပါတယ်။ “ မပေးနှင့် ယူကေ” ဆိုတာ ၂၀၂၂ခုနှစ် အောက်တိုဘာ ၁ရက်ကစပြီး ပေးဆောင်ရမယ့် မီတာခနှင့် ဓာတ်ငွေ့ဖိုးတွေကို မပေးဆောင်ကြဖို့ လူတွေကို နှိုးဆော်တာဖြစ်ပါတယ်။ နှုန်းထားတွေက အဆမတန်ကြီးမြင့်နေလို့ ပေးဆောင်ဖို့ မတတ်နိုင်လို့ ဘီလ်တွေကို ဒီအတိုင်းထားကြဖို့ သူတို့ကပြောပါတယ်။
လန်ဒန်မြို့ ကာနရီဝါ့ဖ်လမ်းပေါ်က အဲဒီဆန္ဒပြပွဲမှာ လူတွေဟာ “ တော်လောက်ပြီ တော်လောက်ပြီ” လို့ အော်ဟစ်ကြပါတယ်။ ပြီးတော့ “ အမြတ်တွေကိုသာ ရပ်ဆိုင်းပါ လူတွေကိုမရပ်ဆိုင်းပါနှင့်” လို့လည်း လှုံ့ဆော်စာတမ်းတွေ ကိုင်ဆောင်ကြပါတယ်။
အောက်ဂျမ်ဌာနက စွမ်းအင်ခတွေကို ၈၀.၀၆ ရာခိုင်နှုန်းတက်မယ်လို့ သောကြာနေ့က ကြေညာလိုက်တဲ့အတွက် မိသားစုတစ်စုအတွက် တစ်နှစ်တာ စွမ်းအင်ခတွေဟာ ၁၉၇၁ ပေါင်စတာလင်ပေးဆောင်နေရာကနေ အောက်တိုဘာလမှာ ၃၅၄၉ ပေါင်စတာလင်မြင့်တက်ပေးဆောင်ရတော့မှာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ လက်မှတ်တွေ တစ်သိန်း တစ်သောင်းကိုးထောင်ကနေ တစ်သိန်းနှစ်သောင်းရထားပြီးပြီ။ အဲဒါကြောင့် ပြည်သူတွေ လက်မှတ်ထိုးပေးကြဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်။ လက်မှတ်ပေါင်း တစ်သန်းရတာနှင့် ကျွန်တော်တို့ လှုပ်ရှားဆောင်ရွက်မှုတွေနှင့် ဆက်သွားမယ် လို့ “မပေးနှင့် ယူကေ” အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ လျမ်က ပြောပါတယ်။
လမ်းပေါ်က ကျွန်တော်တို့အသံတွေကြားနိုင်တယ်။ လမ်းပေါ်က ကျွန်တော်တို့ဟာ တစ်ဦးချင်းစီမဟုတ်ပဲ စုပေါင်းထားကြတယ်ဆိုတာ သိနိုင်တယ်။ကျွန်တော်တို့ဟာ အလုပ်သမားလူတန်းစာဖြစ်တယ်။ ကျွန်တော်တို့အသံတွေဖော်ထုတ်နိုင်တယ်။ ကြားစေနိုင်ရမယ် လို့လည်း အသက် ၂၄နှစ်အရွယ် သမိုင်းကျောင်းသား နက်သန် ဝီလျံကပြောပါတယ်။
“စွမ်းအင်ဈေးနှုန်းတွေ တက်သွားတယ်။ ပေါင်၃၅၀၀ကျော်ဆိုတာကြီးက ဗြိတိန်မှာ အလုပ်လုပ်နေတဲ့ လူတွေအတွက် ၊ဆင်းရဲသားတွေအတွက်၊ အလုပ်လက်မဲ့ဖြစ်နေသူတွေအတွက် သည်းမခံနိုင်စရာပဲ။ ပါလီမန်နိုင်ငံရေးပါတီတွေ လေဘာပဲဖြစ်ဖြစ် ကွန်ဆာဗေးတစ်ပဲဖြစ်ဖြစ် ကျွန်တော်တို့အပေါ် ပျက်ကွက်လို့၊ ဆက်လက်ပျက်ကွက်နေလို့ ကျွန်တော်ဒီကိုရောက်လာတာဖြစ်တယ်။ ဆင်းရဲမွဲတေပြီး အခြေအနေဆိုးထဲ ရောက်နှင့်ကြပြီဖြစ်တဲ့ ပြည်သူတွေအတွက် သူတို့မှာ အဖြေမရှိဘူး။ အောက်တိုဘာမှာ ဒီဈေးနှုန်းတွေထပ်တက်ရင် လူတွေဟာ ထပ်ပြီး ဆင်းရဲမွဲတေလာကြဦးမယ်” လို့လည်း သူကပြောပါတယ်။
အငြိမ်းစား ကူးစက်ရောဂါပညာရှင် ဂျိန်း ဖာရီကလည်း ဒီမှာလူတွေအဆိုပြုနေတာဟာ တစ်ခုတည်းသော ချည်းကပ်မှုပါ။ ကျွန်မတို့ ပိုပြီး အခြေခံကျကျရှိကြဖို့လိုတယ်လို့ထင်တယ်။ စွမ်းအင်ကုမ္ပဏီတွေကိုမြင်တွေ့နေရတာဟာ အရင်းရှင်စနစ်မှာ မျှော်လင့်ထားတာတွေပဲဖြစ်တယ်။ ဒီနိုင်ငံမှာ သူတို့ဟာ ကုမ္ပဏီတွေ အမြတ်တွေအများကြီးထွက်ဖို့ပဲလုပ်နေကြတယ်။ ပြည်သူတွေဖက် သိပ်မကြည့်ကြဘူး လို့ပြောပါတယ်။
ဗြိတိန်နိုင်ငံအပါအဝင် ဥရောပမှာ ရုရှား-ယူကရိန်းပြဿနာကြောင့် စွမ်းအင်ဈေးနှုန်းတွေမြင့်တက်နေမှုတွေကို ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။
Source AFP
#UK_Energy
#Don’t_Pay_UK
#Ofgem
- Category: World
- Hits: 513
Published 26 Aug 2022
အီရန် စစ်တပ်က နှစ်ရက်ကြာ ဒရုန်းစစ်ရေးလေ့ကျင့်မှု ကြာသပတေးနေ့က ပြီးဆုံးခဲ့တယ်လို့ စစ်ရေးလေ့ကျင့်ရေး ပြောရေးဆိုခွင့်ရသူ မာမောက် မော်ဆာဗီက နိုင်ငံပိုင်ရုပ်သံကိုပြောပါတယ်။
စစ်ရေးလေ့ကျင့်မှုအတွင်း ကာမန်၊မိုဟာဂျာ၊အာဘာဘီလ်၊ကာရာနှင့် ဘာဗာအပါအဝင် အီရန်ပြည်တွင်းထုတ် တိုက်ခိုက်ရေး ဒရုံးတွေ၊ အယ်မာ့စ် ဒုံးကျည်တွေနှင့် MK-82 ဗုံးတွေနှင့်အတူ ပစ်မှတ်ကို ဖျက်ဆီးလေ့ကျင့်မှုတွေပြုလုပ်ခဲ့ကြပါတယ်။ အဲဒီပစ်မှတ်တွေဟာ အမိန့်ပေးထိန်းချုပ်ဌာနတွေ၊လောင်စာကန်တွေနှင့် လက်နက်တိုက်တွေ၊ ရေဒါနှင့် ဒုံးကျည်စနစ်တွေ ပါဝင်တယ်လို့ မော်ဆာဗီကပြောပါတယ်။
အီရန်စစ်တပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်လုပ်တဲ့ ဒရုန်းတွေကို နယ်စပ်ဒေသနှင့် နိုင်ငံတကာရေပိုင်နက်အတွင်း ပထမနေ့မှာ အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့တယ်လို့ မော်ဆာဗီက ပြောပါတယ်။
ဒုတိယနေ့မှာ လက်နက်အစစ်တွေနှင့် လက်တွေ့တိုက်ပွဲတွေကိုလေ့ကျင့်ခဲ့ကြတယ်လို့ သူကပြောပါတယ်။
လေ့ကျင့်ရာမှာ အဲဒီအထဲမှာ မြေအောက်ဒရုန်းတွေအပါအဝင် ဒရုန်းပေါင်း ၁၅၀ကျော် ပါဝင်ခဲ့ပါတယ်။
အဲဒီအထဲမှာ အိုမစ်ကိုယ်ရောင်ဖျောက်ဒရုန်းနှင့် ကာရာ-ကလပ်စ်ဒရုန်းနှစ်မျိုးစလုံးဟာ ဗုံးနှင့် ဒုံးပျံအမျိုးမျိုးကို သယ်ဆောင် သွားနိုင်စွမ်းရှိကြတယ်လို့လည်း သူကဖြည့်စွက်ပြောပါတယ်။
Source CCTV Plus
#Iran
#Iran_Drone_Drill
#Iran_Military
- Category: World
- Hits: 622
Published 25 Aug 2022
ရုရှားစစ်တပ်က ဒွန်ညက်အပါအဝင် ယူကရိန်းတပ်ရဲ့ တိုင်းစစ်စခန်းတွေနှင့် လက်နက်သိုလှောင်ရုံ နေရာတော်တော်များများကို ဆက်လက်ပစ်ခတ်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနကကြေညာပါတယ်။
ယူကရိန်းတပ်တွေဟာ ရှေ့တန်းက တိုက်ခိုက်ရေးအုပ်စုတွေကို ပြန်ခေါ်ယူခဲ့တယ်လို့လည်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဆက်ပြောပါတယ်။
ပဋိပက္ခဟာ အလှည့်အပြောင်းကိုပြသနေပြီး သူ့တပ်ဖွဲ့တွေဟာ အခြားလမ်းကြောင်းကနေ တန်ပြန်တိုက်စစ်ဆင်မှုတွေ လုပ်နေပြီလို့ ယူကရိန်းဘက်ကလည်း ပြောပါတယ်။
အထူးစစ်ဆင်ရေးတွေ အရှိန်လျှော့ချတဲ့အကြောင်းရင်းက အရပ်သားတွေထိခိုက်သေဆုံးမှုတွေ လျှော့ချပေးဖို့ဖြစ်ပြီး စစ်ဆင်ရေးက စီစဉ်ထားတဲ့အတိုင်း ဆက်သွားမှာသာဖြစ်တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဆာဂေး ရှိုအိဂူက ဗုဒ္ဓဟူးနေ့က ပြောပါတယ်၊
အခြေအနေဟာ အဆိုးရွားဆုံးအခြေအနေကနေ လွန်မြောက်ခဲ့ပြီး အခု စစ်ပွဲမှာ တည်ငြိမ်တဲ့အဆင့် ရောက်နေပြီလို့ ယူကရိန်း ကာကွယ်ရေးဝန်ကြီး အိုလက်စီရီနစ်ကော့က စီအင်န်အင်န်ကိုပြောကြောင်း ယူကရိန်းအစိုးရမီဒီယာ ယူကရင်ဖောင်းသတင်းအေဂျင်စီကပြောပါတယ်။
Source: CCTV+
#Russia_Ukraine
#Special_Military_operation
#Geo_Politicss
- Category: World
- Hits: 667
Published 25 Aug 2022
ထိုင်းနိုင်ငံရဲ့ အခြေခံဥပဒေခုံရုံးက ဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာကို တာဝန်ထမ်းဆောင်ခြင်းမှ ဆိုင်းငံ့ထားလိုက်ပါတယ်။ တပ်ဦးစီးချုပ်ဟောင်းဖြစ်ခဲ့တဲ့ သူဟာ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားတဲ့ (၈)နှစ် ကာလထက် ကျော်လွန်ပြီး တာဝန်ထမ်းဆောင်နေပါတယ်လို့ အတိုက်အခံပါတီတွေက တရားရုံးကို လျှောက်ထားတဲ့အတွက် ယခုလို တာဝန်မှ ဆိုင်းငံ့ထားခြင်းဖြစ်ပြီး ဆိုင်းငံ့ခြင်းဟာ တရားရုံးက အမိန့်ချမှတ်တဲ့အချိန်အထိ ကြာမြင့်မှာဖြစ်ပါတယ်။
ပရာရွတ်ဟာ တပ်အာဏာသိမ်းပြီးနောက် သူ့ကိုယ်သူ ဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်ခဲ့တာပါ။
“ တရားရုံးက ဗိုလ်လျုပ်ပြီး ပရာရွတ်အား ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခြင်းကို ဩဂုတ် ၂၄ ရက်မှစတင်ကာ တရားရုံးက အမိန့်ချမှတ်သည်အထိ ဆိုင်းငံ့ထားရန် ၅မဲ၄မဲနှင့် ဆုံးဖြတ်ခဲ့ပါတယ်” လို့ ဩဂုတ် (၂၄)ရက်က တရားရုံးရဲ့သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပရာရွတ်ဟာ တာဝန်မှ ဆိုင်းငံ့ခံထားရတဲ့ကာလများအတွင်း ဒုတိယဝန်ကြီးချုပ် ပရာဝတ် ဝေါင်ဆုဝန်က အိမ်စောင့် ဝန်ကြီးချုပ် အဖြစ် တာဝန်ယူမှာဖြစ်တယ်လို့ အစိုးရရဲ့ ဥပဒေပညာရှင်လည်းဖြစ် ဒုတိယဝန်ကြီးချုပ်နောက်တစ်ဦးလည်း ဖြစ်တဲ့ ဝီဆန်နု ကရီနာ နမ်က ပြောပါတယ်။ ပရာဝတ်ဟာဒုတိယဝန်ကြီးချုပ်တွေအထဲမှာ ဝါအရင့်ဆုံးဖြစ်ပါတယ်။
“ ဒီ့အတွက် နိုင်ငံအုပ်ချုပ်ရေး၊ ရုံးလုပ်ငန်းဆောင်ရွက်မှုတွေနှင့် အစိုးရရဲ့ မူဝါဒတွေ အကောင်အထည်ဖော်ရေးတွေ မှာ ဘာမှအကျိုးသက်ရောက်မှာ မဟုတ်ပါဘူး” လို့ ဝန်ကြီးချုပ်ရုံး ဒုတိယအတွင်းရေးမှူးချုပ်နှင့် အစိုးရရဲ့ယာယီပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် အန်နူချာ ဘူရာပက်ချိုင်းဆရီက ပြောပါတယ်။
ဝန်ကြီးချုပ် ပရာရွတ်ဟာ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကိုလေးစားလိုက်နာတယ်လို့လည်း အန်နူချာက ပြောပါတယ်။
“ ပြည်သူတွေကို တရားရဲ့ရဲ့ အဆုံးအဖြတ်လေးစားကြပြီး တရားရုံးကို ဝေဖန်ပြစ်တင်ခြင်း ရှောင်ရှားကြပါလို့ ပရာရွတ်က တိုက်တွန်းပါတယ်။ ပြည်သူတွေအနေနှင့် နိုင်ငံရဲ့ ငြိမ်းချမ်းရေးအတွက် သော့ချက်ဖြစ်တဲ့ တရားဥပဒေစိုးမိုးရေးအပေါ် ယုံကြည်မှုရှိကြဖို့လည်း သူကပြောပါတယ်” လို့ အန်နူချာကပြောပါတယ်။
လက်ရှိမှာ ကာကွယ်ရေးဝန်ကြီး ရာထူးလည်းရယူထားတဲ့ ပရာရွတ်ဟာ ဝန်ကြီးအဖွဲ့အစည်းအဝေးတွေကို ကာကွယ်ရေးဝန်ကြီး အဖြစ်တော့ ဆက်လက်တက်ရောက်မှာဖြစ်ပါတယ်။
တပ်ကရေးဆွဲပြီး ဆန္ဒခံယူပွဲနှင့် ပြဋ္ဌာန်းခဲ့တဲ့ ၂၀၁၇ အခြေခံဥပဒေအရ ဝန်ကြီးချုပ်ရဲ့ သက်တမ်းကို (၈)နှစ် သတ်မှတ်ခဲ့ပါတယ်။ ပရာရွတ်ဟာ ၂၀၁၄ခုနှစ် ဩဂုတ်(၂၄)ရက်နေ့မှာ ဝန်ကြီးချုပ်အဖြစ် ဘုရင်ဘူမိဘော အက်ဘ်ဒူယာဒက်ချ်က လက်မှတ်ရေးထို့းခန့်အပ်ခဲ့တာဖြစ်တယ်လို့ အတိုက်အခံတွေက စောဒကတက်ထားပါတယ်။
ဒါပေမယ့် အာဏာရပါတီကတော့ သူ့ရဲ့သက်တမ်းဟာ ၂၀၁၉ခုနှစ်ကမှ အခြေခံဥပဒေနှင့်အညီ ကျင်းပတဲ့ ရွေးကောက်ပွဲကနေ ရွေးကောက်တင်မြှောက်ခံရပြီး စတင်တာဖြစ်တယ်လို့ ပြန်လည်ငြင်းဆိုထားပါတယ်။
Source: Reuters
#Thailand_Politics
#Prayuth_Chan-ocha
#Thailand_prime_minister
- Category: World
- Hits: 609