Published 28 Aug 2022

နစက ဥက္ကဋ္ဌနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ဒုတိယအကြိမ်တက်ရောက်ဖို့အတွက် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်

နှင့်အဖွဲ့ဝင်တွေဟာ ယနေ့ ဩဂုတ် ၂၈ ရက် နေ့လည် ( ၁၂ )နာရီအချိန် တာချီလိတ်လေဆိပ်မှတဆင့် တပ်မတော်လေယာဥ်ဖြင့် နေပြည်တော်သို့ထွက်ခွာသွားခဲ့ပါတယ်။

မေ ၂၀ ရက်နေ့တွင် ကျင်းပခဲ့သည့်ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့တက်ရောက်ခဲ့ပြီးနောက် ယခုဒုတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်ရန်ထပ်မံသွားရောက်ခြင်းဖြစ်ပြီး ၊အဖွဲ့ဝင်တွေဟာ  ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှတဆင့်

တာချီလိတ်မြို့ မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားအမှတ်( ၂)မှတဆင့် ယနေ့နံနက် ၁၂ နာရီအချိန်၌ ဝင်ရောက်လာခဲ့ပြီး နေပြည်တော်သို့ ထွက်ခွာသွားခြင်းဖြစ်ပါတယ်။

 ဥက္ကဋ္ဌ ဗိုလ်ချူပ်ကြီး ယွက်စစ်နှင့်အဖွဲ့ဝင်များကို တာချီလိတ်တပ်နယ်မှ ဗိုလ်မှူးကြီးမင်းမင်းထွန်း၊ TBC-မြန်မာ မှဦးဘိုလေးနှင့်တာဝန်ရှိသူများက ကြိုဆိုနုတ်ဆက်ခဲ့ကြပြီးရှမ်း၊အာခါ၊လားဟူ၊ပအိုဝ့် တိုင်းရင်းသားများနှင့်ပြည်သူများက ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုကြိုဆိုထောက်ခံကြောင်းစာတမ်းပါ ဗီနှိုင်းပိုစတာများကိုင်ဆောင်ပြီး တာချီလိတ်မကြိုဆိုခဲ့ကြပါတယ်။

 

Ymg/ys-tcl

#Myanmar_Politics

#RCSS/SSA

#Myanmar_NCA