Published 26 Aug 2022


အီရန် စစ်တပ်က နှစ်ရက်ကြာ ဒရုန်းစစ်ရေးလေ့ကျင့်မှု  ကြာသပတေးနေ့က ပြီးဆုံးခဲ့တယ်လို့ စစ်ရေးလေ့ကျင့်ရေး ပြောရေးဆိုခွင့်ရသူ မာမောက် မော်ဆာဗီက နိုင်ငံပိုင်ရုပ်သံကိုပြောပါတယ်။

စစ်ရေးလေ့ကျင့်မှုအတွင်း ကာမန်၊မိုဟာဂျာ၊အာဘာဘီလ်၊ကာရာနှင့် ဘာဗာအပါအဝင် အီရန်ပြည်တွင်းထုတ် တိုက်ခိုက်ရေး ဒရုံးတွေ၊ အယ်မာ့စ် ဒုံးကျည်တွေနှင့် MK-82 ဗုံးတွေနှင့်အတူ ပစ်မှတ်ကို ဖျက်ဆီးလေ့ကျင့်မှုတွေပြုလုပ်ခဲ့ကြပါတယ်။ အဲဒီပစ်မှတ်တွေဟာ အမိန့်ပေးထိန်းချုပ်ဌာနတွေ၊လောင်စာကန်တွေနှင့် လက်နက်တိုက်တွေ၊ ရေဒါနှင့် ဒုံးကျည်စနစ်တွေ ပါဝင်တယ်လို့ မော်ဆာဗီကပြောပါတယ်။

အီရန်စစ်တပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်လုပ်တဲ့ ဒရုန်းတွေကို  နယ်စပ်ဒေသနှင့် နိုင်ငံတကာရေပိုင်နက်အတွင်း ပထမနေ့မှာ အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့တယ်လို့ မော်ဆာဗီက ပြောပါတယ်။

ဒုတိယနေ့မှာ လက်နက်အစစ်တွေနှင့် လက်တွေ့တိုက်ပွဲတွေကိုလေ့ကျင့်ခဲ့ကြတယ်လို့ သူကပြောပါတယ်။

လေ့ကျင့်ရာမှာ အဲဒီအထဲမှာ မြေအောက်ဒရုန်းတွေအပါအဝင် ဒရုန်းပေါင်း ၁၅၀ကျော် ပါဝင်ခဲ့ပါတယ်။

အဲဒီအထဲမှာ အိုမစ်ကိုယ်ရောင်ဖျောက်ဒရုန်းနှင့် ကာရာ-ကလပ်စ်ဒရုန်းနှစ်မျိုးစလုံးဟာ ဗုံးနှင့် ဒုံးပျံအမျိုးမျိုးကို သယ်ဆောင် သွားနိုင်စွမ်းရှိကြတယ်လို့လည်း သူကဖြည့်စွက်ပြောပါတယ်။

Source CCTV Plus

#Iran

#Iran_Drone_Drill

#Iran_Military