Published_ 04 April 2024

EV တပ်ဆင်ထုတ်လုပ်မည့် လုပ်ငန်းတစ်ခုအား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) မှ ရင်းနှီးမြှုပ်နှံခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

MIC သည် နိုင်ငံအတွင်း၌ လျှပ်စစ်သုံးယာဉ် တပ်ဆင်ထုတ်လုပ်မည့်  လုပ်ငန်းတစ်ခုကို ရင်းနှီးမြှုပ်နှံခွင့်ပြုကြောင်း ၄/၂၀၂၄ အစည်းအဝေး၌ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

ထိုသို့ခွင့်ပြုခဲ့ရာတွင် အမေရိကန်ဒေါ်လာ ၃၃.၉၁၁ သန်းနှင့် ကျပ်သန်းပေါင်း ၈၄၀,၀၀၀ ကျော် ပမာဏရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ၆ ခု တွင်EV တပ်ဆင် ထုတ်လုပ်ငန်းလည်း တစ်ခုအပါအဝင် ဖြစ်ကြောင်းသိရသည်။

အဆိုပါEV တပ်ဆင် ထုတ်လုပ်သည့် ကုမ္ပဏီအနေဖြင့် ကျပ်ဘီလီယံ ၃၀ ခန့် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ပြီး လုပ်ငန်းအမည်ကို မကြာခင် ထုတ်ပြန်သွားရန် ရှိနေကြောင်း၊ ခွင့်ပြုချက်ရရှိထားသည့်  EV စက်ရုံသည် ပြည်တွင်း၌  SKD စနစ်နှင့်  EV ၊ E Bike များအား  ထုတ်လုပ်ရောင်းချရန်  ရှိနေကြောင်းလည်းသိရသည်။
Yangon_Times/NN
#Local_News
#Published_ 04 April 2024
#YMG_News #Yangon_Times #Yangon_Media_Group