#Health_Tips
Published 26 August 2022

 

အသက်အရွယ်ကြီးသူများ တစ်နေ့ကို ၁၀ မိနစ်ခန့် လမ်းလျှောက်ခြင်းဖြင့် အကြောင်းအမျိုးမျိုးကြောင့် အသက်ဆုံးရှုံးရနိုင်ချေကို ၄၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ကြောင်း လေ့လာချက်တစ်ခုမှာ ဖော်ပြခဲ့ပါတယ်။

 

အသက် ၈၅ နှစ်နဲ့အထက် သက်ကြီးရွယ်အိုတွေအနေနဲ့ တစ်ပတ်ကို တစ်နာရီမျှလမ်းလျှောက်ပေးခြင်းဖြင့် အသက်ဆုံးရှုံးနိုင်ချေကို လျော့နည်းစေနိုင်တယ်လို့ ကိုရီးယားသုတေသီများ တွေ့ရှိခဲ့ကြပါတယ်။

 

သက်ကြီးရွယ်အို ၇ ထောင်ကျော်ကို လေ့လာခဲ့ကြရာမှာ လမ်းလျှောက်ထွက်လေ့ရှိတဲ့ လူကြီးတွေက လမ်းမလျှောက်တဲ့သူတွေထက် အသက်သေဆုံးနိုင်ချေ ၅ ပုံ ၂ ပုံနည်းပါးပါတယ်။

 

ဒါကြောင့် အသက်ကြီးသူတွေကို လမ်းလျှောက်ဖို့ အားပေးတိုက်တွန်းသင့်ကြောင်း ဆိုးလ်မြို့ ဆန်းဂျယ်တက္ကသိုလ်ဆေးရုံမှ သုတေသီအဖွဲ့က ဆိုပါတယ်။

 

အသက် ၆၅ နှစ်အထက်လူကြီးတွေအနေနဲ့ တစ်ပတ်ကို မိနစ် ၁၅၀ ခန့် လှုပ်ရှားလမ်းလျှောက်သင့်တယ်လို့ NHS က အကြံပြုထားပါတယ်။

 

အပေါ့စားလှုပ်ရှားမှုပြုလုပ်ခြင်းဖြင့် လူကြီးတွေမှာ ကိုယ်လက်အင်္ဂါများ ကျန်းမာသန်စွမ်းစေကာ သွေးပေါင်ချိန်ကျစေနိုင်ပြီး နှလုံးရောဂါနဲ့ လေဖြတ်ခြင်းတို့ ဖြစ်နိုင်ချေနည်းပါးစေပါတယ်။

 

အသက်ကြီးတဲ့သူတွေက ကြာလာတာနဲ့အမျှ သိပ်ပြီးမလှုပ်ရှားကြတော့ပါဘူး။

 

အရင်လေ့လာချက်များအရ အသက် ၆၀ အထက်လူကြီးတွေအနေနဲ့ တစ်နေ့ကို ခြေလှမ်း ၁ ထောင်လှမ်းတိုင်း အသက်ဆုံးရှုံးနိုင်ချေ ၂၈ ရာခိုင်နှုန်းလျော့နည်းစေပါတယ်။

 

ပြင်းထန်တဲ့ လေ့ကျင့်ခန်းဟုတ်ဟုတ်/မဟုတ်ဟုတ် လမ်းလျှောက်ခြင်းဖြင့် လူကြီးတွေအသက်ရှည် ကျန်းမာစေပါတယ်။

 

အသက် ၈၅ နှစ်နဲ့အထက်လူကြီးတွေမှာ လုံးဝမလှုပ်ရှားတဲ့သူတွေထက်စာရင် တစ်ပတ်ကို တစ်နာရီမျှလမ်းလျှောက်ခြင်းက ကျန်းမာရေးအတွက် အကျိုးရှိစေပါတယ်။

 

ဗြိတိန်နှလုံးဖောင်ဒေးရှင်းမှ အကြီးတန်းသူနာပြု'ကလိုးမက်အာသာ'က ဘယ်အသက်အရွယ်မဆို ပုံမှန်လှုပ်ရှားမှုပြုလုပ်ခြင်းဖြင့် ကိုယ်အလေးချိန် ထိန်းညှိနိုင်ပြီး သွေးပေါင်ချိန်တိုးခြင်းနဲ့ ကိုလက်စ်ထရောမြင့်ခြင်းတို့ကို လျှော့ချပေးနိုင်တယ်လို့ ပြောပြပါတယ်။

 

နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်းတို့ ဖြစ်နိုင်ချေနည်းပြီး ကျန်းမာရေးဘဝကောင်းမွန်စေပါတယ်။

 

အခုမှစပြီး လှုပ်ရှားဖို့နောက်မကျသေးပါဘူး၊ နည်းနည်းချင်းစီကစပြီး ပုံမှန်လေးပြုလုပ်သွားနိုင်ပါတယ်၊ အိမ်အလုပ်လုပ်တာပဲဖြစ်ဖြစ်၊ ပန်းဥယျာဉ်လုပ်တာပဲဖြစ်ဖြစ်၊ လမ်းလျှောက်ထွက်တာပဲဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။

 

Source: Daily Mail
#Yangon_Media_Group