TV Yangon Times Matters အစီအစဉ်
Published - 19 June 2022
အစီစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က စာရေးဆရာဦးအောင်သျှန်ဝိုင်း(ကျိုက်မရော)နှင့်အတူ
တိုင်းပြည်သိအောင်ဆိုပြီး ရေးလိုက်ပေမယ့် ကြိုးစားသလောက်အရာမထင်ဘဲ စတေးခံလိုက်ရတဲ့စာမူတွေ အများကြီးရှိတယ်ဆိုတဲ့အကြောင်း
ပြည်သူတွေကို တကယ်အလုပ်အကျွေးပြုနေတဲ့ ပညာရှင်တွေဘေးရောက်နေတာကို နှမြောမိတဲ့အကြောင်း
စာနယ်ဇင်းဆရာတွေရဲ့ သားသမီးတွေကို ကိုယ့်သားသမီးလိုသဘောထားပြီး အနည်းနဲ့အများတော့ ထောက်ပံ့မှုလေးတွေ လုပ်ပေးသွားမယ်ဆိုတဲ့အကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group

#LocalNews
Published _ 19 June 2022
အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ်ဦးဆောင် ကျင်းပမည့် (၁၁) ကြိမ်မြောက် အာဆီယံမသန်စွမ်းအား ကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံ မသန်စွမ်းသူများမှ ပြေးခုန်ပစ်အားကစားနည်းကို ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲတွင် မြန်မာနိုင်ငံ မသန်စွမ်းသူများက သံလုံးပစ်၊ သံပြားပစ်၊ မီတာ (၁၀၀၊ ၂၀၀၊ ၄၀၀၊ ၈၀၀၊ ၁၅၀၀)နှင့် မီတာ (၅၀၀၀) ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်သွားရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံ မသန် စွမ်းသူများ အားကစားအဖွဲ့ချုပ်မှ သိရသည်။
လက်ရှိတွင် အဖွဲ့ချုပ်မှ အားကစားသမား အမျိုးသား (၁၃)ဦး၊ အမျိုး သမီး (၄)ဦး၊ နည်းပြ (၄)ဦး တို့သည် ဒဂုံမြို့သစ်(မြောက်ပိုင်း) မသန်စွမ်း အားကစားလေ့ကျင့်ရေးစခန်းတွင် စခန်းသွင်း လေ့ကျင့်လျက်ရှိသည်။
မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်က အားကစားသမားများသည် မလေးရှားနိုင်ငံတွင် ကျင်းပခဲ့သည့် (၉) ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် (၃)ခု ဆွတ်ခူးခဲ့ကြောင်း ယင်းမှသိရသည်။
ယင်းပြိုင်ပွဲကို လာမည့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်မှ ဩဂုတ်လ ၆ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
#ymg/NN
#Yangon_Media_Group
TV Yangon Times Matters အစီအစဉ်
Published - 19 June 2022
အစီစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က စာရေးဆရာဦးအောင်သျှန်ဝိုင်း(ကျိုက်မရော)နှင့်အတူ
တိုင်းပြည်သိအောင်ဆိုပြီး ရေးလိုက်ပေမယ့် ကြိုးစားသလောက်အရာမထင်ဘဲ စတေးခံလိုက်ရတဲ့စာမူတွေ အများကြီးရှိတယ်ဆိုတဲ့အကြောင်း
ပြည်သူတွေကို တကယ်အလုပ်အကျွေးပြုနေတဲ့ ပညာရှင်တွေဘေးရောက်နေတာကို နှမြောမိတဲ့အကြောင်း
စာနယ်ဇင်းဆရာတွေရဲ့ သားသမီးတွေကို ကိုယ့်သားသမီးလိုသဘောထားပြီး အနည်းနဲ့အများတော့ ထောက်ပံ့မှုလေးတွေ လုပ်ပေးသွားမယ်ဆိုတဲ့အကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#LocalNews
Published _ 19 June 2022
ယခုနှစ် မိုးစပါးစိုက်တောင်သူများကို ယူရီးယား ဓာတ်မြေဩဇာများအား သင့်တင့်မျှတသည့် စျေးနှုန်းများဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။
မိုးစပါးစိုက်ပျိုး ထုတ်လုပ်ရေးတွင် အဓိကအရေးပါသော ပုလဲ ဓာတ်မြေဩဇာ(ခေါ်) ယူရီးယား ဓာတ်မြေဩဇာများကို စပါးစိုက်တောင်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူရရှိနိုင်ရေးအတွက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့်အတူ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စီမံ ကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်တွင်း စားသုံးမှုအတွက် အရေးပါသည့် မိုးစပါးစိုက်ပျိုးရေးကို အဓိကအထောက်အကူပြုနေသော ယူရီးယား ဓာတ်မြေဩဇာများကို ဈေးနှုန်းချိုသာစွာ ဝယ်ယူရရှိနိုင်စေရန် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်အနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းပြီး အရှေ့အလယ်ပိုင်းနိုင်ငံများနှင့် အာဆီယံနိုင်ငံများမှ ဓာတ်မြေဩဇာများကို မိုးစပါး စိုက်ပျိုးရာသီအချိန်မီ တင်သွင်းခဲ့ကြောင်း သိရသည်။
ထိုသို့တင်သွင်းထားသည့် ဓာတ်မြေဩဇာများကို ယခုအခါ တောင်သူများထံသို့ ဈေး နှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ယူရီးယားဓာတ်မြေဩဇာ တစ်အိတ်လျှင် ၈၅၀၀၀ ကျပ်နှုန်းဖြင့် မြို့နယ်အချို့တွင် ရောင်းချပေးသွားမည်ဖြစ်သည်။
အဆိုပါ ဓာတ်မြေဩဇာများ ရောင်းချပေးမည့် မြိုနယ်များမှာ ဧရာဝတီတိုင်းဒေသကြီးရှိ မြောင်းမြ၊ မအူပင်၊ ပုသိမ်မြို့များအပါအဝင် ပဲခူးတိုင်းဒေသကြီးရှိ ပေါင်းတည်၊ သဲကုန်း၊ မင်းလှမြို့၊ ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေး၊ ဒလ၊ တိုက်ကြီးမြို့နှင့် နေပြည်တော်ရှိ ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်း၊ သီရိမြို့နယ်များပါဝင်ကြောင်း သိရသည်။
#ymg/NN
#Yangon_Media_Group
Published 19 June 2022
ငြိမ်းချမ်းရေးဆွေးနွေးရန် နေပြည်တော်သို့ရောက်ရှိနေတဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA ရဲ့ စစ်ဦးစီးချုပ် အဆင့်ရှိစောစတီးနှင့် ကိုယ်စားလှယ်အဖွဲ့ဟာ ဇွန်လ(၁၉)ရက်နေ့က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာမှာ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
အဆိုပါငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဟာ ယမန်နေ့က နေပြည်တော်သို့ရောက်ရှိခဲ့တာဖြစ်ပြီး ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံမှုအပြီး နောက်ရက်တွေမှာ နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် အသေးစိတ်ဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်သွားမယ်လို့သိရပါတယ်။
ယခုDKBA အဖွဲ့တွေ့ဆုံမှုဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများထဲမှာ (၈)ဖွဲ့မြောက်တွေ့ဆုံခြင်းဖြစ်ပါတယ်။
Ymg/nl/

#Localnews
Published _19 June 2022
ပြည်တွင်း မွေးမြူရေးလုပ်ငန်းများအတွက် အဓိက အစာကုန်ကြမ်းဖြစ်သည့် ဖွဲနုဈေးနှုန်းများသည် ယခုနှစ်အတွင်း မြင့်တက်လျက်နေရှိကာ ဖွဲနုကုန်ကြမ်းကို အခြေခံအစာအဖြစ်ကျွေးသည့် မွေးမြူရေးလုပ်ငန်းအချို့အတွက်လည်း အခက်အခဲများရှိလာကြောင်း သိရသည်။
ဆန်စက်များတွင် လုံးတီးဆန်များကိုသာ ကြိတ်ခွဲရသဖြင့် ဖွဲနုအထွက်နှုန်းနည်းပါးတာကြောင့် ဈေးတက်လာခြင်းပင်ဖြစ်သည်။
စပါးဘေးထွက်ပစ္စည်းဖြစ်သည့် ဖွဲနုသည် ယခင်က တစ်ပေါင်လျှင် ၁၀၅ ကျပ်မှ ၁၁၀ ကျပ်သာ ရရှိပြီး၊ ပေါင် ၇၀ တစ်အိတ်လျှင် ကျပ် ၇၃၀၀ မှ ၇၇၀၀ ကျပ်ထိရှိခဲ့ကာ လက်ရှိတွင် တစ်ပေါင်လျှင် ၁၉၅ ကျပ်မှ ၂၀၀ ထိ ရှိလာသဖြင့် ပေါင် ၇၀ တစ်အိတ်လျှင် ၁၃၀၀၀ ကျပ်မှ ၁၄၀၀၀ ကျပ်ထိ ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်သည်။
အစာကုန်ကြမ်းဈေး မြင့်တက်မှုများကြောင့် အစာဖိုး၊ မျိုး ငါးဖိုး၊ ကန်ခ၊ အလုပ်သမား စရိတ်အပြင် အခြားကုန်ကျစရိတ်များရှိလာသည့်အတွက် မွေးမြူရေးလုပ်ငန်းရှင်အချို့ အခက်အခဲများ ရင်ဆိုင်နေရပြီး၊ တစ်နိုင်တပိုင် မွေးမြူရေးလုပ်ကိုင်နေသူများ အများစုမှာ လုပ်ငန်းများ ခေတ္တရပ်နားထားရသည်အထိ ကြုံတွေ့နေကြောင်း သိရသည်။
#ymg/NN
#Yangon_Media_Group
Page 2050 of 2314