#Local_News
Published _ 21 July 2022
မွန်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဖလား(၁၀)မြို့နယ်၊ အသက်(၁၈)နှစ်အောက် အမျိုးသား၊ အမျိုးသမီး စစ်တုရင်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို မော်လမြိုင်မြို့၊ ပြည်နယ်မိုးလုံလေလုံ အားကစားခန်းမ၌ ယမန်နေ့က ကျင်းပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ စစ်တုရင်အားကစားဝါသနာရှင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြသည်။
ပြိုင်ပွဲအခမ်းအနားကို မွန်ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်အတွင်း အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကစားနည်းအလိုက် အားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ပြီး စစ်တုရင်ကစားခြင်းသည် ဦးနှောက်နှင့်ကိုယ်ပိုင်ဉာဏ်ကို မြင့်မားစေပြီး နည်းစနစ်တကျ တွေးခေါ်မြော်မြင်မှုစွမ်းရည်များ၌ မြင့်မားလာရေးကို များစွာ အထောက်အကူပြုကြောင်း၊ ယခုပြိုင်ပွဲမှ ထူးချွန်ထက်မြက်သည့် စစ်တုရင်အားကစားသမားများစွာ ပေါ်ထွက်ပြီး နိုင်ငံဂုဏ်ဆောင် အားကစားသမားများ ဖြစ်စေရေး ကြိုးပမ်းကြရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်း စစ်တုရင်ပြိုင်ပွဲကို ဇူလိုင်လ ၂၀ ရက်မှ ၂၂ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး စစ်တုရင်အားကစားနည်းဖြင့် မွန်ပြည်နယ်မှ လက်ရွေးစင် အားကစားသမားများ များစွာပေါ်ထွက် လေ့ရှိပြီး ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ရမှတ်(၅၅၁)မှတ်ဖြင့် တစ်နိုင်ငံလုံး၌ ဆဌမအဆင့်ရရှိသည့် မပန်းပြည့်သခင်သည်လည်း မွန်ပြည်နယ်မှ စစ်တုရင် လက်ရွေးစင်ကစားသမားတစ်ဦးဖြစ်ကြောင်း သိရှိရသည်။
ymg/NN
#Yangon_Media_Group
#Local_News
Published_20 July 2022
ဒေါ်လာဈေး အတက်ကြမ်းလာတာကြောင့် မူဆယ်နယ်စပ်ကုန်သွယ်ရေးကနေ တရုတ်ပြည်ကိုတင်ပို့တဲ့ ပို့လုပ်ငန်းတွေ ရပ်သလောက် ဖြစ်သွားတယ်လို့ ကုန်သည်တွေက ပြောပါတယ်။
#Yangon_Media_Group
#Local_News
Published - 20 July 2022
ဂျပန်နိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့ရောက်နေတဲ့ မြန်မာလူငယ်တွေ အနေနဲ့ ဂျပန်နိုင်ငံမှာပဲ ဂျပန်ဘာသာ စကားဆက်သင်ပြီး ဂျပန်တက္ကသိုလ်တွေမှာ တက်ရောက်ပညာသင်ယူနိုင်တဲ့အထိ ကြိုးစားစေချင်တယ်လို့ ဂျပန်ဘာသာသင်တန်းကျောင်း တည်ထောင်တဲ့ ဒေါက်တာမင်းညိုကပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_20 July 2022
ဒေါ်လာဈေးတက်နေတာကြောင့် ပြည်ပပို့ကုန်တွေ ရပ်ထားရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ပြောင်းလုပ်ငန်းရှင်တွေက သက်ဆိုင်ရာဌာနတွေကို စာတင်မယ်လို့ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _ 20 July 2022
ပြည်တွင်းစက်သုံးဆီဈေးနှုန်းများဟာ ဇူလိုင်လအတွင်း အတက်အကျမြန်ဆန်စွာဖြစ်ပေါ်ခဲ့ပြီး ၉၂ တစ်လီတာကို ကျပ် ၁၇၀၀ အထိ ကျဆင်းသွားခဲ့ကာ အကျဈေးဟာ ရက်ပိုင်းသာကြာခဲ့ပြီး ယနေ့ ဇူလိုင်လ ၂၀ ရက်မှာ တစ်လီတာကို ၁၈၀၀ ကျပ် ပြန်တက်နေကြောင်း စက်သုံးဆီကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်သည့် ရည်ညွှန်းဈေးနှုန်းများအရ သိရသည်။
စက်သုံးကြီးကြပ်ရေးကော်မတီက ထုတ်ပြန်သည့် ရည်ညွှန်းဈေးနှုန်းများအရ ဇူလိုင်လ ၁၆ရက်မှာ ၉၂ တစ်လီတာကို ကျပ် ၁၇၀၀ အထိ ကျဆင်းခဲ့ပြီး ဧပြီလနောက်ပိုင်းထုတ်ပြန်ခဲ့သည့် စက်သုံးဆီအနိမ့်ဆုံး ဈေးနှုန်းတစ်ခုဖြစ်ခဲ့ကြောင်း သိရသည်။
စက်သုံးဆီဈေးဟာ ရက်ပိုင်းပဲကျဆင်းခဲ့ပြီး ယနေ့ ၄ ရက်မြောက်နေ့တွင် ၉၂ တစ်လီတာကို ၁၈၀၀ကျပ်၊ ၉၅တစ်လီတာကို ၁၈၆၅ ကျပ်ဖြစ်ပေါ်ခဲ့၍ လေးရက်အတွင်း ၁၀၀ကျပ် ပြန်တက်လာပြီး ဒီဇယ်ဈေးအနေဖြင့် ကျပ် ၂၁၀၀ကနေ ၂၂၀၀ကျပ် ဝန်းကျင်ဈေးနှုန်းမှာဘဲ တည်ငြိမ်နေခြင်းဖြစ်သည်။
စက်သုံးဆီကြီးကြပ်ရေး ကော်မတီရဲ့ထုတ်ပြန်ချက်အရ ဇူလိုင်လအတွင်း စက်သုံးဆီဈေးနှုန်းဟာ အတက်အကျ မြန်နေခဲ့ပြီး ဇူလိုင်လ ၇ရကမှစတင်၍ ကျပ်၂၀၀၀ အောက် ကျဆင်းခဲ့ကာ ဇူလိုင်လ ၁၅ရက်မှာ ကျပ် ၁၈၀၀ အောက်၊ ၁၆ရက်မှာ ကျပ် ၁၇၀၀ အောက်မှာ ရှိနေခဲ့ကာ ယနေ့ ဇူလိုင်လ ၂၀ရက်၌ တစ်လီတာကို ၁၈၀၀ပြန်ရောက်ရှိနေပြီး တက်မည့်အရိပ်ယောင်မြင်နေရကြောင်း သိရသည်။
ymg/NN
#Yangon_Media_Group
#Local_News
Published - 20 July 2022
နိုင်ငံစီးပွားရေးအတွက် အရေးပါသော ဘဏ်လုပ်ငန်းတည်ငြိမ်ဖွံ့ဖြိုးရေးအတွက် ဘဏ္ဍာရေးမူဝါဒနှင့် ငွေကြေးမူဝါဒများကို ဖော်ဆောင်နေကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်းက ပြောသည်။
ဗဟိုဘဏ်ဥက္ကဋ္ဌဦးသန်းညိန်းက ဗွီဒီယိုကွန်ဖရန့်စနစ်ဖြင့် ကျင်းပသော မြန်မာနိုင်ငံဘဏ်များအသင်း အဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲတွင် အထက်ပါကဲ့သို ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။
ဘဏ်များအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးခြင်းကြောင့် ပြည်သူများအကြား ဘဏ်အသုံးပြုမှုပိုမိုများ ပြားလာပြီး ဘဏ်လုပ်ငန်းစနစ်အပေါ် ယုံကြည်မှုတိုးလာရန် တည်ဆောက်နိုင်ခဲ့ကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌက ပြောကြားခဲ့သည်။
ဗဟိုဘဏ်အနေဖြင့် ဘဏ်များအခက်အခဲကြုံတွေ့ရစဉ်အချိန်တွင် လိုက်နာရမည့် သတ်မှတ်အချိုးများကို ဖြေလျှော့ပေးခဲ့ခြင်း၊ ဘဏ်တစ်ဘဏ်ချင်းအလိုက် လိုအပ်ချက်အပေါ်မူတည်ကာ ပံ့ပိုးပေးခဲ့ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
ယင်းအပြင် ဗဟိုဘဏ်ဒုဥက္ကဋ္ဌဦးဝင်းသော်က ဘဏ်များအတွက် လိုအပ်သည့် ငွေသားလွယ်ကူမှု ပံ့ပိုးပေးခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်နေပြီး နိုင်ငံခြားသုံးငွေဆိုင်ရာသတ်မှတ်ချက်များ၊ ဆောင်ရွက်ရမည့် နည်းလမ်းများကိုလည်း ဆက်လက်လိုက်နာဆောင်ရွက်သွားရန် အသိပေးပြောဆိုခဲ့ကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#DailyNews
Published - 20 July 2022
၁။ မြန်မာလူငယ်များ ဂျပန်တွင်အလုပ်လုပ်ရင်း တက္ကသိုလ်ပညာဆက်သင်ရန် လိုအပ်နေဟုဆို
၂။ ဒေါ်လာဈေးတက်နေ၍ မူဆယ်နယ်စပ်ကုန်သွယ်ရေးလုပ်ငန်း ရပ်ဆိုင်းလုဖြစ်နေ
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ကမ္ဘာလှည့်တွေကို ဆွဲဆောင်ထားဆဲဖြစ်တဲ့ နှစ်(၂)ထောင် သက်တမ်းရှိ တရုတ်ရှေးဟောင်းရွှံ့စေးရုပ်ထု တပ်မတော်ကြီး... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 2021 of 2358