#Local_News
Published - 20 July 2022
ဂျပန်နိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့ရောက်နေတဲ့ မြန်မာလူငယ်တွေ အနေနဲ့ ဂျပန်နိုင်ငံမှာပဲ ဂျပန်ဘာသာ စကားဆက်သင်ပြီး ဂျပန်တက္ကသိုလ်တွေမှာ တက်ရောက်ပညာသင်ယူနိုင်တဲ့အထိ ကြိုးစားစေချင်တယ်လို့ ဂျပန်ဘာသာသင်တန်းကျောင်း တည်ထောင်တဲ့ ဒေါက်တာမင်းညိုကပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_20 July 2022
ဒေါ်လာဈေးတက်နေတာကြောင့် ပြည်ပပို့ကုန်တွေ ရပ်ထားရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ပြောင်းလုပ်ငန်းရှင်တွေက သက်ဆိုင်ရာဌာနတွေကို စာတင်မယ်လို့ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _ 20 July 2022
ပြည်တွင်းစက်သုံးဆီဈေးနှုန်းများဟာ ဇူလိုင်လအတွင်း အတက်အကျမြန်ဆန်စွာဖြစ်ပေါ်ခဲ့ပြီး ၉၂ တစ်လီတာကို ကျပ် ၁၇၀၀ အထိ ကျဆင်းသွားခဲ့ကာ အကျဈေးဟာ ရက်ပိုင်းသာကြာခဲ့ပြီး ယနေ့ ဇူလိုင်လ ၂၀ ရက်မှာ တစ်လီတာကို ၁၈၀၀ ကျပ် ပြန်တက်နေကြောင်း စက်သုံးဆီကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်သည့် ရည်ညွှန်းဈေးနှုန်းများအရ သိရသည်။
စက်သုံးကြီးကြပ်ရေးကော်မတီက ထုတ်ပြန်သည့် ရည်ညွှန်းဈေးနှုန်းများအရ ဇူလိုင်လ ၁၆ရက်မှာ ၉၂ တစ်လီတာကို ကျပ် ၁၇၀၀ အထိ ကျဆင်းခဲ့ပြီး ဧပြီလနောက်ပိုင်းထုတ်ပြန်ခဲ့သည့် စက်သုံးဆီအနိမ့်ဆုံး ဈေးနှုန်းတစ်ခုဖြစ်ခဲ့ကြောင်း သိရသည်။
စက်သုံးဆီဈေးဟာ ရက်ပိုင်းပဲကျဆင်းခဲ့ပြီး ယနေ့ ၄ ရက်မြောက်နေ့တွင် ၉၂ တစ်လီတာကို ၁၈၀၀ကျပ်၊ ၉၅တစ်လီတာကို ၁၈၆၅ ကျပ်ဖြစ်ပေါ်ခဲ့၍ လေးရက်အတွင်း ၁၀၀ကျပ် ပြန်တက်လာပြီး ဒီဇယ်ဈေးအနေဖြင့် ကျပ် ၂၁၀၀ကနေ ၂၂၀၀ကျပ် ဝန်းကျင်ဈေးနှုန်းမှာဘဲ တည်ငြိမ်နေခြင်းဖြစ်သည်။
စက်သုံးဆီကြီးကြပ်ရေး ကော်မတီရဲ့ထုတ်ပြန်ချက်အရ ဇူလိုင်လအတွင်း စက်သုံးဆီဈေးနှုန်းဟာ အတက်အကျ မြန်နေခဲ့ပြီး ဇူလိုင်လ ၇ရကမှစတင်၍ ကျပ်၂၀၀၀ အောက် ကျဆင်းခဲ့ကာ ဇူလိုင်လ ၁၅ရက်မှာ ကျပ် ၁၈၀၀ အောက်၊ ၁၆ရက်မှာ ကျပ် ၁၇၀၀ အောက်မှာ ရှိနေခဲ့ကာ ယနေ့ ဇူလိုင်လ ၂၀ရက်၌ တစ်လီတာကို ၁၈၀၀ပြန်ရောက်ရှိနေပြီး တက်မည့်အရိပ်ယောင်မြင်နေရကြောင်း သိရသည်။
ymg/NN
#Yangon_Media_Group
#Local_News
Published - 20 July 2022
နိုင်ငံစီးပွားရေးအတွက် အရေးပါသော ဘဏ်လုပ်ငန်းတည်ငြိမ်ဖွံ့ဖြိုးရေးအတွက် ဘဏ္ဍာရေးမူဝါဒနှင့် ငွေကြေးမူဝါဒများကို ဖော်ဆောင်နေကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်းက ပြောသည်။
ဗဟိုဘဏ်ဥက္ကဋ္ဌဦးသန်းညိန်းက ဗွီဒီယိုကွန်ဖရန့်စနစ်ဖြင့် ကျင်းပသော မြန်မာနိုင်ငံဘဏ်များအသင်း အဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲတွင် အထက်ပါကဲ့သို ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။
ဘဏ်များအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးခြင်းကြောင့် ပြည်သူများအကြား ဘဏ်အသုံးပြုမှုပိုမိုများ ပြားလာပြီး ဘဏ်လုပ်ငန်းစနစ်အပေါ် ယုံကြည်မှုတိုးလာရန် တည်ဆောက်နိုင်ခဲ့ကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌက ပြောကြားခဲ့သည်။
ဗဟိုဘဏ်အနေဖြင့် ဘဏ်များအခက်အခဲကြုံတွေ့ရစဉ်အချိန်တွင် လိုက်နာရမည့် သတ်မှတ်အချိုးများကို ဖြေလျှော့ပေးခဲ့ခြင်း၊ ဘဏ်တစ်ဘဏ်ချင်းအလိုက် လိုအပ်ချက်အပေါ်မူတည်ကာ ပံ့ပိုးပေးခဲ့ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
ယင်းအပြင် ဗဟိုဘဏ်ဒုဥက္ကဋ္ဌဦးဝင်းသော်က ဘဏ်များအတွက် လိုအပ်သည့် ငွေသားလွယ်ကူမှု ပံ့ပိုးပေးခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်နေပြီး နိုင်ငံခြားသုံးငွေဆိုင်ရာသတ်မှတ်ချက်များ၊ ဆောင်ရွက်ရမည့် နည်းလမ်းများကိုလည်း ဆက်လက်လိုက်နာဆောင်ရွက်သွားရန် အသိပေးပြောဆိုခဲ့ကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#DailyNews
Published - 20 July 2022
၁။ မြန်မာလူငယ်များ ဂျပန်တွင်အလုပ်လုပ်ရင်း တက္ကသိုလ်ပညာဆက်သင်ရန် လိုအပ်နေဟုဆို
၂။ ဒေါ်လာဈေးတက်နေ၍ မူဆယ်နယ်စပ်ကုန်သွယ်ရေးလုပ်ငန်း ရပ်ဆိုင်းလုဖြစ်နေ
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ကမ္ဘာလှည့်တွေကို ဆွဲဆောင်ထားဆဲဖြစ်တဲ့ နှစ်(၂)ထောင် သက်တမ်းရှိ တရုတ်ရှေးဟောင်းရွှံ့စေးရုပ်ထု တပ်မတော်ကြီး... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published - 20 July 2022
ရန်ကုန်မှာအသက်ရှူမွန်းကြပ်လူနာများ များပြားလာပြီး နေ့စဉ်ဆေးရုံကို ပို့ဆောင်ပေးနေရတယ်လို့ ရှင်သန်ရေးကူညီမှုအသင်းချုပ်ဥက္ကဌဦးထွန်းထွန်းဦးက YMG ကို ပြောပါတယ်၊၊
ရှင်သန်ရေး ကူညီမှုအသင်းချုပ်အနေနဲ့တစ်ရက်ကို အသက်ရှူ မွန်းကြပ်လူနာ(၂)ဦးခန့်နေ့စဉ်ဆေးရုံကို ပို့ဆောင်ပေးရတယ်လို့ ဆိုပါတယ်၊၊
"လောလောဆယ်မှာ ကျွန်တော်တိုအသင်းအနေနဲ့ အသက်ရှူမွန်းကြပ်လူနာတွေကို ပို့ဆောင်ပေးရတာ များနေပါတယ်၊၊ သက်ကြီးရွယ်အိုတွေက ပိုများတယ်၊၊ ဆေးရုံရောက်လို့ အောက်ဆီဂျင်တိုင်းလိုက်ရင် ၇၅/၈၀ပေါ့ အောက်ဆီဂျင်ကျနေတယ်၊၊ ကလေးမွေးပြီးကာစလေးတွေမှာ အောက်ဆီဂျင်ကျနေတာတွေ့နေရတယ်၊၊ ရန်ကုန်မှာကျွန်တော်တို့အသင်းအနေနဲ့ အသက်ရှူမွန်းကြပ်လူနာခန့်မှန်းခြေတစ်ရက်ကို နှစ်ယောက်လောက် ပို့ဆောင်ပေးနေရပါတယ်"လို့ ရှင်သန်ရေးကူညီမှု အသင်းချုပ်ဥက္ကဌဦးထွန်းထွန်းဦးက YMG ကို ပြောပါတယ်၊၊
အသက်ရှူမွန်းကြပ်လူနာတွေထဲမှာ ကလေးရော လူကြီးပါပါဝင်ပြီး ဆေးရုံရောက်လို စစ်ဆေးတဲ့အခါအောက်ဆီဂျင်ကျနေတာတွေရှိသလို ကိုဗစ်ပိုးတွေ့လူနာတွေလည်းရှိနေတယ်လို့ ဆိုပါတယ်၊၊
ရန်ကုန်တွင် ကိုဗစ်ဖြစ်ပွားမှုတွေရှိနေသေးတဲ့အတွက် ရန်ကုန်နေ ပြည်သူတွေ အထူးသတိပြုကာကွယ်ကြဖို့ လိုတယ်လို့ ဦးထွန်းထွန်းဦးရဲ့ပြောပြချက်အရ သိရပါတယ်၊၊
ymg/tthl
#Yangon_Media_Group
#Local_News
Published - 20 July 2022
ပြည်ပနိုင်ငံတွေများသို့ တရားဝင်သွားရောက်အလုပ်လုပ်လိုသူတွေအနေဖြင့် ပြည်တွင်း၌ ဖွင့်ထားသည့် ရွှေ့ပြောင်းလုပ်သားများ ထောက်ပံ့ကူညီရေးဗဟို ဌာန(MRC)များတွင် နည်းလမ်းနှင့် အကြံဉာဏ်များ အခမဲ့ ရယူနိုင်ကြောင်း အလုပ်သမားသံအရာရှိရုံးမှ ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံရှိ မြို့ကြီး ၂၁ မြို့တွင် ဖွင့်ထားသည့် ရွှေ့ပြောင်းလုပ်သားများ ထောက်ပံ့ကူညီရေးဗဟိုဌာနများရှိ အကြံဉာဏ်တောင်းခံနိုင်ကြောင်း အဆိုပါဌာနများက အသိပေးထားခြင်းဖြစ်သည်။
ပြည်ပရှိ အလုပ်လုပ်ရန် ပြင်ဆင်ခြင်းနှင့်ပတ်သက်ပြီး နည်းလမ်းများတောင်းခံနိုင်သလို ပြည်ပအလုပ်အကိုင်အတွက် ပြင်ဆင်နေရင်း ကြုံရသည့်အခက်အခဲများနှင့် ပတ်သက်ပြီးလည်း အကြံဉာဏ်တောင်းယူလိုရကြောင်း ဖော်ပြထားသည်။
ယင်းအပြင် ပြည်ပတွင် အလုပ်လုပ်နေချိန်အတွင်း ခေါင်းပုံဖြတ်အနိုင်ကျင့်ခံရခြင်းများရှိပါက ဆက်သွယ်တိုင်ကြားနိုင်သလို ပြည်ပကနေ မြန်မာနိုင်ငံ ပြန်ရောက်လာချိန်အလုပ်အကိုင် ရှာဖွေလိုရင်လည်း ဆက်သွယ်နိုင်ကြောင်း အသိပေးချက်တွင် ဖော်ပြထားသည်။
လက်ရှိတွင် မြဝတီ၊ ဘားအံ၊ မော်လမြိုင်၊ ရန်ကုန်၊ ပုသိမ်၊ စစ်တွေ၊ မကွေး၊ ဟားခါး၊ မြစ်ကြီးနား၊ တာချီလိတ်၊ မြိတ်၊ အောင်လံ၊ ထားဝယ်၊ ကျိုင်းတုံ၊ တောင်ကြီး၊ လွိုင်ကော်၊ ကျောက်ဆည်၊ မန္တလေး၊ မိတ္ထီလာ၊ မြင်းခြံ၊ ဟင်္သာတ စသည့်မြို့များတွင် ဖွင့်လှစ်ထားပြီး ကော့သောင်းနှင့် မိုးညှင်းတွင်လည်း MRC များ ထပ်မံဖွင့်လှစ်ဖို့ရှိကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
Page 1935 of 2271