#DailyNews
Published - 9 August 2022
၁။ မြန်မာ-တရုတ် နယ်စပ်ဂိတ်များဖြစ်သည့် ကန်ပိုက်တီနှင့် လွယ်ဂျယ်ကို အဆင့်မြှင့်တင်မည်
၂။ ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် သွားရောက်သည့်အလုပ်သမားများ စာချုပ်ပါအတိုင်း မကိုက်ညီမှုရှိနေသည်ဟုဆို
၃။ မွန်ပြည်နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းနေပြီး သဘာဝဘေးကြုံတွေ့နိုင်၍ ကြိုတင်ပြင်ဆင်နေ
၄။ ရေခဲပြင်များ အရည်ပျော်ကျလာခြင်းနှင့် ပတ်သက်၍ ဩစတြီးယားသိပ္ပံပညာရှင်များ လျှို့ဝှက်ချက်တွေ ဖော်ထုတ်နိုင်ရန်ကြိုးပမ်းလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_9 August 2022
ကွန်ပစ်ပြီး ငါးဖမ်းသူကိုကူညီတဲ့ ဧရာဝတီလင်းပိုင်ကို လေ့လာတဲ့သူတွေ လုံးဝမရှိသလောက် ဖြစ်သွားရာကနေ ဒီနှစ်ထဲမှာ နည်းနည်းလေး ရှိနေတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_9 August 2022
ဘင်္ဂလား ပင်လယ်အော်အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယ နိုင်ငံ၊ ဩရိဿပြည်နယ်ကမ်းခြေ-အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းခြေနှင့် ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသည့် အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area) မှာ မုန်တိုင်းငယ် ဖြစ်လာပြီ ဟု မိုးဇလက ထုတ်ပြန်သည်။
ယင်းလေဖိအားနည်းရပ်ဝန်းအနေဖြင့် အနောက်-အနောက်မြောက်ဘက်သို ရွေ့လျားခဲ့၍ ပိုမိုအားကောင်းလာကာ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကမ်းခြေတွင် မုန်တိုင်းငယ် (Depression) အဖြစ်သို ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်းလက်ရှိအခြေအနေတွင် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသောကြောင့် အဝါရောင်အဆင့်ဟု သတ်မှတ်ထားကြောင်း၊ မုန်တိုင်းငယ်(Depression)သည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး အိန္ဒိယနိုင်ငံ၊ ချက်တစ်ဂတ်ပြည်နယ်၌ လေဖိအားနည်းရပ်ဝန်း(Low Pressure Area)အဖြစ်သို့ တဖြည်းဖြည်းအား လျော့သွားမည်ဟု လည်းခန့်မှန်းထားသည်။
မုန်တိုင်းငယ်အရှိန်ကြောင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှနေရာအနှံအပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်းလည်း မိုးဇလက ထုတ်ပြန်ထားသည်။
"ဝါဆို ဝါခေါင်မှာ လေဖိအားနည်းရပ်ဝန်းဖြစ်ရင်၊မုန်တိုင်းရှိရင် မိုးကြီးမှာသေချာသလောက်ဖြစ်ပါတယ်။ မိုးကြီးရင် မြောက်ဦး၊ မင်းပြား၊ သံတွဲ၊ တောင်ကုတ် မြို့နယ်တွေမှာ ရေကြီးတတ်ပါတယ်၊ အားလုံးသတိရှိဖိုလိုပါတယ်"ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူက ပြောသည်။
မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တိုတွင် ရံဖန် ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ကာ တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ကြောင်း၊လေပြင်းတိုက်ခတ်ခြင်းနှင့် အတူ ဒေသအလိုက်မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published -9 August 2022
ဩဂုတ်လ ၈ ရက်မှ ၁၄ ရက်နေ့အထိ ရန်ကုန်စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး နှုန်းကို တစ်ပိဿာ ၃၅၂၅ ကျပ် ထပ်မံသတ်မှတ်ထားကြောင်းစားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ကြေညာထားသည်။
ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများသည် စားအုန်းဆီ ဈေးနှုန်းတည်ငြိမ်နေသည့်အတွက်ကြောင့် ပြည်တွင်းစားအုန်းဆီ ရည်ညွှန်းဈေးနှုန်းကိုလည်း ယခင်တစ်ပတ်အတိုင်း အပြောင်းအလဲမရှိ သတ်မှတ်ထားခြင်းဖြစ်ကြောင်း သိရသည်။
စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ လက်ကားရည်ညွှန်းဈေးနှုန်းကို တစ်ပိဿာ ၃၅၂၅ ကျပ်သတ်မှတ်ထားသော်လည်း ဈေးကွက်အတွင်း၌ စားသုံးသူများ ဝယ်ယူရသည့် လက်လီဈေးနှုန်းသည် လက်ကားဈေးနှုန်းထက် ၂ ဆကျော် မြင့်တက်နေကြောင်း သိရသည်။
ယင်းအပြင် မြန်မာနိုင်ငံဆီလုပ်ငန်းရှင်များအသင်းမှ ဦးစီး၍ စားသုံးသူများအနေဖြင့် ဈေးကြီးပေးဝယ်နေရခြင်းကို ထိန်းချုပ်ရန်အတွက် စားအုန်းဆီတင်သွင်းသူအချို့ကို တစ်ပိဿာ ၃၈၀၀ ကျပ်နှင့် နေရာအချို့တွင် ရောင်းချမှုများ ပြုလုပ်နေကြောင်း သိရသည်။
လက်ရှိတွင်လည်း စားအုန်းဆီများနှင့် ပတ်သက်၍ ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ ပြုလုပ်ပါက ဥပဒေအရ အရေးယူသွားမည်ဟု နစကဘက်မှ ထုတ်ပြန်ပြောဆိုထားသော်လည်း ပြည်သူများမှာ စားအုန်းဆီကို ဈေးနှုန်းမြင့်မားစွာဖြင့် ဝယ်ယူစားသုံးနေရခြင်းဖြစ်သည်။
ymg/sth
#Yangon_Media_Group
#Local_News
Published -9 August 2022
သြဂုတ်လ ၈ ရက်နေ့မှစပြီး စက်သုံးဆီဈေးနှုန်းမှာ ၂၀၀ ကျော်အထိပြန်လည်မြင့်တက်လာပြီးနောက်ပိုင်းတွင် 92 နှင့် 95 Ron စက်သုံးဆီများ ဆိုင်တိုင်းဝယ်ယူ၍ မရတော့ကြောင်း အငှားယာဉ်မောင်းနှင့် ကိုယ်ပိုင်ယာဉ်မောင်းနှင်သူများထံမှ သိရသည်။
92 နှင့် 95 Ron စက်သုံးဆီများကို နံနက်ခင်းပိုင်းတွင် ဝယ်ယူ၍ အဆင်ပြေသော်လည်း နေ့လည်ပိုင်းနှင့်ညနေပိုင်းတွင် ဝယ်ယူ၍မရတော့ကြောင်း သိရသည်။
"မနက်ပိုင်းကရတယ်။ နေ့လည်နဲ့ညနေပိုင်းက ဆီလက်ကျန်ရှ်သလောက်ပဲ ရောင်းနေကြတာ။ အခုလည်း ပြည်ပကနေ စက်သုံးဆီတင်သွင်းတာကို လျှော့ချမယ်လို့ကြားတယ်။ နောက်ပိုင်း စက်သုံးဆီဈေးနှုန်းကထပ်တတ်ဖို့ပဲရှိတော့တယ်"ဟု အငှားယာဉ်မောင်း ကိုအောင်ကျော်ကျော်ဦးက ပြောသည်။
ယနေ့ (သြဂုတ်လ ၉ ရက်နေ့) စက်သုံးဆီဈေးနှုန်းမှာ ၉၂ တစ်လီတာလျှင် ၁၈၆၀ ကျပ်၊ ၉၅ တစ်လီတာလျှင် ၁၉၂၀ ကျပ်၊ ၉၇ တစ်လီတာလျှင် ၂၃၃၅ ကျပ် ၊ ဒီဇယ် တစ်လီတာလျှင် ၂၁၂၀ ကျပ်၊ ပရီမီယံ ဒီဇယ် တစ်လီတာလျှင် ၂၁၈၅ ကျပ် ဖြစ်ကြောင်း သိရသည်။
ဗဟိုဘဏ်၏ ဒေါ်လာရည်ညွှန်းဈေး ၁၈၅၀ ကျပ် သတ်မှတ်ချိန်က တစ်လီတာ ၁၆၀၀ ကျပ်စွန်းစွန်းသာ ရှိခဲ့သော်လည်း ၂၁၀၀ ကျပ်ကို တိုးမြှင့်လိုက်ချိန်ကစပြီး ဈေးထိုးတက်လာခြင်းဖြစ်ကာ တစ်လီတာ ၁၈၀၀ ကျပ်အောက် ပြန်လည်ရောက်ရှိဖို့ လမ်းမမြင်သေးကြောင်း ဈေးကွက်အကဲခတ်အချို့က သုံးသပ်ပြောဆိုထားသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published _ 9 August 2022
ယခုလ ပထမပတ်အတွင်း (သြဂုတ် ၁ ရက်မှ ၈ ရက်အထိ) ပဲစဉ်းငုံ တစ်တန်လျှင် ကျပ်သုံးသိန်းကျော်နှင့် မတ်ပဲတစ်တန်လျှင် ကျပ် တစ်သိန်းနီးပါ ဈေးနှုန်းမြင့်တက်နေသည်ဟု ဘုရင့်နောင်ကုန်စည်ဒိုင်မှ သိရသည်။
သြဂုတ်လ ၁ ရက်က ပဲစဉ်းငုံ တစ်တန်လျှင် ကျပ် ၁,၅၈၀,၀၀၀ ၊ မတ်ပဲ တစ်တန်လျှင် ကျပ် ၁,၆၆၀,၀၀၀ ရှိခဲ့ရာမှ သြဂုတ် ၈ ရက်တွင် ပဲစဉ်းငုံ တစ်တန်လျှင် ကျပ် ၁,၈၉၀,၀၀၀၊ မတ်ပဲ တစ်တန်လျှင် ကျပ် ၁,၇၆၀,၀၀၀ အထိ ဈေးနှုန်း မြင့်တက်လာခြင်းဖြစ်သည်။
''ပဲစဉ်းငုံ၊ မတ်ပဲ အကုန်တက်တယ်။ ပဲအမျိုးမျိုးပဲ တက်နေတာ။ အခုချိန်က သီးနှံစိုက်တဲ့ ရာသီဆိုတော့ တောင်သူတွေက စိုက်ဖို့ပဲ ရှိတယ်။ ပြန်ရောင်းဖို့က လက်ထဲမှာ ပစ္စည်းပြတ်နေတဲ့ သဘောပေါ့။ ပဲတွေကနေ ထွက်တဲ့ ဆီလည်း ဈေးတက်တာပဲ။ ဈေးတက်တော့ တချို့တောင်သူတွေက ဝယ်မစိုက်နိုင်တော့ဘူး" ဟု ပဲစိုက်တောင်သူတစ်ဦးက ပြောသည်။
အိန္ဒိယနိုင်ငံမှ မြန်မာ့မတ်ပဲတန်ချိန် နှစ်သိန်းခွဲနှင့် ပဲစဉ်းငုံတန်ချိန် တစ်သိန်းကို ငါးနှစ်ဆက်တိုက် နှစ်စဉ် ဝယ်ယူမည်ဟု ဇူလိုင်လက ထုတ်ပြန်ထားသည်။
ymg/NN
#Yangon_Media_Group
#Local_News
Published - 9 August 2022
ပြည်တွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် သိန်းနှစ်ဆယ် ကိုးသောင်း နှစ်ထောင်အထိ မြင့်တက်လာကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း၏ ထုတ်ပြန်ထားသည့်စျေးနှုန်းအရ သိရသည်။
သြဂုတ်လ ၈ ရက် နေ့တွင် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းမှ ထုတ်ပြန်ထားသည့် ရွှေစျေးနှုန်းမှာ အခေါက်ရွှေ တစ်ကျပ်သားလျှင် သိန်းနှစ်ဆယ် ရှစ်သောင်း လေးထောင်ရှိပြီး ယနေ့(သြဂုတ်လ ၉ ရက်)နေ့တွင် သိန်းနှစ်ဆယ် ကိုးသောင်း နှစ်ထောင်ရှိကြောင်း သိရသည်။
ယင်းအပြင် ပြင်ပပေါက်စျေးသည် အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၂၃ သိန်းကျော်အထိ မြင့်တက်နေကြောင်း သိရသည်။
ရန်ကုန်ရွှေအသင်းက ထုတ်ပြန်ထားသည့် စျေးနှုန်းထက် ပြင်ပစျေးကွက်တွင် စျေးအလွန်မြင့်နေခြင်းကြောင့် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့မှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
Page 1933 of 2315