#Local_News
Published_8 November 2022

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်ကြောကျပ်တည်းမှုမရှိစေရန်အတွက် အချက်အချာကျသည့် ဘတ်စ်ကားမှတ်တိုင်များတွင် YBS ယာဉ်တွေအနေဖြင့် ယာဉ်နှစ်ထပ်ရပ်ခြင်းမရှိစေရန် Pilot Project စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း YRTC မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောသည်။

 

အဆိုပါ Pilot Project ကိုလူစည်ကားရာနေရာတွေဖြစ်သည့် မှတ်တိုင် ၁၆ ခုကိုရွေးချယ်ဆောင်ရွက်နေပြီး စမ်းသပ်ကာလပြီးမြောက်ပါက ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ကနဦးတွင် စော်ဘွားကြီးကုန်း(ပြည်လမ်း)၊ မြေနီကုန်းမှတ်တိုင်(ဗားဂရာလမ်း)၊ မဟာမြိုင်မှတ်တိုင်(ပြည်လမ်း)၊ ၈ မိုင်မှတ်တိုင်(ကမ္ဘာအေးဘုရားလမ်း)၊ ၆ ကွေ့မှတ်တိုင်(သုဓမ္မာလမ်း)၊ ယုဇနပလာဇာမှတ်တိုင်(ဗညားဒလလမ်း)၊ သမိုင်းလမ်းဆုံမှတ်တိုင်(အင်းစိန်းလမ်း) အပါအဝင် ဘတ်စ်ကားမှတ်တိုင် ၁၆ ခုကို ဆောင်ရွက်နေကြောင်း သိရသည်။

 

YBS ယာဉ်များ နှစ်ထပ်ရပ်ခြင်းအပါအဝင် ဘတ်စ်ကားမှတ်တိုင်အတွင်း အငှားယာဉ်များနှင့် ကိုယ်ပိုင်ယာဉ်များ ရပ်နားခြင်းမရှိစေရန် ပညာပေးကာလအဖြစ်ဆောင်ရွက်ပြီး နောက်ပိုင်းတွင် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။

 

#ymg/sth
#Yangon_Media_Group