#Local_News
Published_ 6 June 2022

ရန်ကုန်တိုင်းဒေသပြီး၊ ရွှေပြည်သာမြို့နယ်တွင် ဒီကနေ့ ဇွန် ၆ ရက် နေ့လည် ၁ နာရီခန့်တွင် YBS-42 ကားတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

 

အဆိုပါ မီးလောင်းမှုမှာ ရွှေပြည်သာမြို့နယ်၊ (၂၄) ရပ်ကွက်၊ အမှတ် (၄) လမ်းမပေါ် ဘုန်းကြီး ကျောင်းကားမှတ်တိုင်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။

 

ကားမီးလောင်မှုမှာ နေ့လည် ၁ နာရီ ၁၂ မိနစ်အချိန်ခန့်တွင် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ၁ နာရီ ၂၁ မိနစ်အချိန်ခန့်တွင် မီးငြိမ်းခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ ကဆိုပါတယ်။

 

YBS မီးလောင်မှုကို ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်ဖြင့် ငြိမ်းသတ်ခဲ့ပြီး မီးလောင်မှုဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိခဲ့မှု မရှိဘူးလို့ သိရပါတယ်။

 

ymg-mnn
#Yangon_Media_Group