#LocalNews
Published - 6 June 2022

 

အခုရက်ပိုင်းတွေမှာ မြန်မာနိုင်ငံတစ်ဝှမ်း မြေငလျင်တွေဆက်တိုက်လှုပ်ခတ်နေပြီး ရန်ကုန်တိုင်းမှာတော့ မြေငလျင်အန္တရာယ်အတွက်အရေးပေါ်တုန့်ပြန်ကူညီ နိုင်အောင်ကြိုတင်ပြင်ဆင်ထားတာတွေရှိတယ်လို့ ရန်ကုန်တိုင်းလူမှုကူညီးရေးအဖွဲ့မှ သိရပါတယ်၊၊

 

မြေငလျင်ဘေးအန္တရာယ်အတွက် အရေးပေါ်တုန့်ပြန်နိုင်ဖို့ ရန်ကုန်တိုင်းရှိ လူမှုကူညီကယ်ဆယ်ရေးအသင်းအဖွဲ့တွေ ပြင်ဆင်ထားတယ်လို့ဆိုပါတယ်၊၊

 

"ငလျင်ကလည်းနှစ် ၁၀၀ ပြည့်တော့ စာတမ်းတွေအရ ပြင်းထန်တဲ့ ငလျင်ပြန်ဖြစ်နိုင်ခြေရှိတဲ့အတွက် ကျွန်တော်တို့ ဒီရန်ကုန်တိုင်းက လူမှုကူညီရေးအသင်းအဖွဲ့တွေ စုစည်းခဲ့တာပါခင်ဗျ၊၊

 

ပြီးခဲ့တဲ့နှစ်နှစ်လောက်က လူကယ်ပြန်ရဲ့အစီအစဥ်နဲ့ ကျွန်တော်တို့ ရန်ကုန်တိုင်းရှိ လူမှုကူညီရေးအသင်းအဖွဲ့တွေ ငလျင်နဲ့ပတ်သက်လို့ ဇာတ်တိုက်လေ့ကျင့်မှုတွေကို လုပ်ခဲ့ပါတယ်၊၊ ၂လတစ်ခါ ၃ လ တစ်ခါလုပ်ခဲ့ဖူးတယ်၊၊ ငလျင်နဲ့ပတ်သက်လို့ ကူညီကယ်ဆယ်ရေးတွေကို လုပ်နိုင်ဖို့ကြိုတင်ပြင်ဆင်ထားပါတယ်"လို့ ရန်ကုန်တိုင်းလူမှုကူညီရေးအဖွဲ့ဥက္ကဌ ဦးထွန်းထွန်းဦးကပြောပါတယ်၊၊

 

ရန်ကုန်တိုင်းလူမှုကူညီရေးအဖွဲ့မှာ ရန်ကုန်တိုင်းအတွင်းရှိ လူမှုကူညီရေးအဖွဲ့စုစုပေါင်း တစ်ရာကျော်ပါဝင်ပြီး အသင်းအဖွဲ့အားလုံးချိတ်ဆက်ကာ ကူညီကယ်ဆယ်ရေးတွေ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်၊၊

 

ymg/tthl
#Yangon_Media_Group