#Local_News
Published_ 6 June 2022

 

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ငွေကျပ် ၁ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁ သန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဇွန် ၂ ရက် နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်သစ်ရပ်ကွက်၊ ဘုရင့်နောင်(၁၀)လမ်းနေ တင်ဝင်း၏နေအိမ်အား သတင်းအရ ရှာဖွေခဲ့ပါတယ်။

 

အဆိုပါနေအိမ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဘီလီယံတန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၁ သန်း သိမ်းဆည်းရမိခဲ့ပါတယ်။

 

စစ်ဆေးချက်အရ မွန်းတည့် ၁၂ နာရီတွင် စိတ်ကြွရူးသွပ်ဆေးပြားများ ပိုင်ရှင်ဖြစ်သူ မနန်းခမ်းအောင် (ခ) မအေးခင်ကို သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်သစ်ရပ်ကွက်၊ အောင်ဇေယျ (၈) လမ်းရှိ နေအိမ်တွင် ဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါတယ်။

 

ymg-mnn
#Yangon_Media_Group