#Local_News
Published_12 August 2022

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသည်ဝန်ဆောင်မှုပေး ပြေးဆွဲနေသော YBS ယဉ်လိုင်းများမှ စည်းကမ်းကောင်း ယာဉ်မောင်းများအား တစ်ဦးလျှင် ငွေကျပ် ၃ သိန်းနှုန်းဖြင့် ယာဉ်မောင်း ၆၀ ဦးကို ဂုဏ်ပြုမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) က သိရသည်။

 

ယင်းတို့အား ယခု သြဂုတ်လ ၂၆ ရက်တွင် ဂုဏ်ပြုမည်ဖြစ်ပြီး ဂုဏ်ပြုခံရမည့် ယာဉ်မောင်းများမှာ ကုမ္ပဏီ ၂၀ မှ စည်းကမ်းပိုင်းနှင့် ဝန်ဆောင်မှု ကောင်းသူများ ဖြစ်ကြကြောင်း သိရသည်။

 

ယင်းအပြင် ခရီးသည်များကျန်နေခဲ့သည့် တန်ဖိုးကြီးပစ္စည်းနှင့် ငွေကြေးများကို လက်ဝယ်အရောက်ပြန်လည်ပေးအပ်ကြသော အကျင့်စာရိတ္တကောင်းမွန်သည့် ယာဉ်မောင်း ၂၀ ဦးကိုလည်း တစ်ပါတည်း ဂုဏ်ပြုဆုချီးမြှင့်ပေးသွားမည်ဟု YRTC တာဝန်ရှိသူက YMG ကို ပြောသည်။

 

ymg/mt
#Yangon_Media_Group