#Local_News
Published_12 August 2022

 

တောင်ကိုရီးယားနိုင်ငံသို့ သြဂုတ်လ ၂ ရက်မှာ သြဂုတ်လ ၁၁ ရက်ထိ ၁၀ ရက်အတွင်း မြန်မာလုပ်သား ၄၆၀ ကျော် သွားရောက်ခွင့်ရခဲ့ကြကြောင်း ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သိရသည်။

 

သြဂုတ်လ ၁၁ ရက်တွင် သွားရောက်ခွင့်ရခဲ့ကြသော မြန်မာလုပ်သား ၁၀၇ ဦးမှာ ကုန်ထုတ်လုပ်သားသစ်များ ဖြစ်ကြောင်း၊ ယင်းတို့အား အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သော အချက်များကို မှာကြားခဲ့ကာ ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။

 

တောင်ကိုရီးယားနိုင်ငံသို့ သြဂုတ်လ ၂ ရက်က Re-entry လုပ်သား(၂၀)ဦးနှင့် ကုန်ထုတ်လုပ်သားအဖြစ် အသစ်ဝင်ရောက် လုပ်ကိုင်မည့် လုပ်သားသစ်(၁၂၇)ဦး စုစုပေါင်း (၁၄၇)ဦး၊ သြဂုတ်လ ၄ ရက်တွင် Re-entry လုပ်သား(၁၆)ဦး၊ CBT လုပ်သား (၃)ဦးနှင့် ကုန်ထုတ်လုပ်သားအဖြစ် အသစ်ဝင်ရောက်လုပ်ကိုင်မည့် လုပ်သားသစ်(၃၉)ဦး စုစုပေါင်း (၅၈)ဦး၊ သြဂုတ်လ ၉ ရက်က စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သားအဖြစ်အသစ်ဝင်ရောက် လုပ်ကိုင်မည့် လုပ်သားသစ်(၁၄)ဦးနှင့် ကုန်ထုတ်လုပ်သားအဖြစ် အသစ်ဝင်ရောက် လုပ်ကိုင်မည့် လုပ်သားသစ်(၁၃၅)ဦး စုစုပေါင်း (၁၄၉)ဦး တို့ သွားရောက်ခဲ့ခွင့် ရခဲ့ကြသေးသည်။

ymg/mt
#Yangon_Media_Group