#LocalNews
Published_2 May 2022

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ပါတီ၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ ဦးခွန်ထွန်းဦး၏ ရုပ်အလောင်းကို ယနေ့ မေလ ၂ ရက် ညနေ ၅ နာရီက ရေဝေးသုဿာန်တွင် ရှမ်းရိုးရာအတိုင်း မီးသဂြိုဟ်ခဲ့သည်။

၁၉၈၈ ခုနှစ် ၊ အောက်တိုဘာလတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ကို စတင်တည်ထောင်ခဲ့သည့် ဦးခွန်ထွန်းဦးသည် ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်က မရမ်းကုန်းမြို့နယ် ၉ မိုင်နေအိမ်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း၊ SNLD ဥက္ကဋ္ဌတာဝန်ကို နှစ်ပေါင်း ၃၀ ကျော် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး လက်ရှိကွယ်လွန်ချိန်တွင် အသက် (၇၉)နှစ်အရွယ်ရှိပြီဖြစ်ကြောင်း သိရသည်။

ဦးခွန်ထွန်းဦးသည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဇာတိမြို့ဖြစ်တဲ့ သီပေါမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာတွင် အောင်မြင်ခဲ့သူဖြစ်သည်။ လွန်ခဲ့သော ၂၀၀၅ ခုနှစ်က ရှမ်းပြည်နယ်အတိုင်ပင်ခံကောင်စီ ဖွဲ့စည်းသည်ဆိုသည့်အမှုကြောင့် ထောင်ဒဏ် ၉၃ နှစ်ချမှတ်ခဲ့ရကာ ပြီးခဲ့သည့် ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၂ ခုနှစ် ဇန်နဝါရီလတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သူလည်း ဖြစ်သည်။

ymg/mt
#Yangon_Media_Group