Published 21 November 2021

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် Sinovac အမျိုးအစား ကိုဗစ်ကာကွယ်​ဆေးDoses (၃)သန်းအနက် Doses (၁)သန်းဟာ ဒုတိယအသုတ်အဖြစ် နိုဝင်ဘာလ ၂၀ ရက်​နေ့မှာရန်ကုန်အပြည်ပြည်ဆိုင်ရာ​လေဆိပ်သို့ တရုတ်နိုင်ငံပိုင် Air China ​လေ​ကြောင်းလိုင်းဖြင့် ထပ်မံ​ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။

 တရုတ်ပြည်သူ့သမ္မတနိုင်ငံအ​နေနဲ့ မြန်မာနိုင်ငံသို့Sinovac အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(၃)သန်း Doses များကို နိုဝင်ဘာလ ၁၂ ရက်​နေ့က ထပ်မံလှူဒါန်းပေးအပ်ခဲ့ခြင်းဖြစ်ပြီး ၎င်းနေ့တွင်ပင် ပထမအသုတ်အဖြစ် Sinovac အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (၁)သန်း Doses ရောက်ရှိလာခဲ့ပြီး​နောက်မှာယမန်​နေ့ နိုဝင်ဘာလ ၂၀ ရက်​နေ့က ဒုတိယအသုတ်အဖြစ် Doses(၁)သန်းထပ်မံ​ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

 ယခုထပ်မံရောက်ရှိ လာသည့် ကာကွယ်ဆေးများကိုအသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများနှင့်အခြား သတ်မှတ်လူအုပ်စုများကို ထိုးနှံပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

 ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက်တိုင်းဒေသကြီး/ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁၉)ရက်နေ့အထိ လူဦးရေစုစုပေါင်း(၁၅.၂)သန်းအားထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ် အပြည့် ထိုးနှံပြီးစီးသူ (၁၀.၃)သန်းနှင့် ပထမအကြိမ်ထိုးနှံပြီးစီးသူ(၄.၉)သန်း ရှိပြီဖြစ်တယ်လို့ သိရှိရပါတယ်။