မေ၉၊၂၀၂၆(နေပြည်တော်)-

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ် အားတိုးမြှင့်ထုတ်လုပ်နိုင်ရန်ရည်ရွယ်၍ ဆောင်ရွက်နေသည့်    လုပ်ကွက် M3 ဖြစ်သော အောင်သိင်္ခစီမံကိန်းကို မြန်မာနှင့်ထိုင်း ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ထိုင်းနိုင်ငံ၊ PTTEP International Limited ၏ အမှုဆောင်အရာရှိချုပ်နှင့် မေလ ၈ရက်က နေပြည်တော်ရှိ ဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် တွေ့ဆုံဆွေးနွေးစဉ် အဆိုပါစီမံကိန်းဖွံ့ဖြိုးတိုးတက်ရေး အတွက်ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ထိုသို့ဆွေးနွေးကြရာတွင် မြန်မာနှင့် ထိုင်းနိုင်ငံအကြား လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍတွင် ပူးပေါင်း ဆောင်ရွက်မှုများတိုးမြှင့်ရေး၊ မြန်မာ့ကမ်းလွန်လုပ်ကွက်များ၏ ရှာဖွေရေးနှင့် ထုတ်လုပ်ရေး  လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး၊ အထွက်နှုန်းကျဆင်းနေသည့် ရတနာစီမံကိန်းတွင် တိုးမြှင့်ထုတ်   လုပ်နိုင်ရန်အတွက်တွင်းသစ်များနှင့် ဖြည့်စွက်တွင်းများ တူးဖော်ရာတွင်  နည်းပညာဆိုင်ရာ ဖြေရှင်း   ဆောင်ရွက်နိုင်ခဲ့မှုကိစ္စရပ်များလည်းပါဝင်သည်ဟု ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင်  ဖော်  ပြထားသည်။

ထို့အပြင် မြန်မာ့ရေနက်ကမ်းလွန်တွင် ဆောင်ရွက်နေသည့် အာမခံချက်ကောင်းမွန်သည့်    စီမံကိန်းများတွင် ရင်းနှီးမြှပ်နှံလိုသည့်ကိစ္စရပ်များ၊  ပိုက်လိုင်းများ တစ်လျှောက်လုံခြုံရေးတိုးမြှင့် ဆောင်ရွက်ရန်ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကိုလည်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ ကြကြောင်းသိရှိရသည်။

၂၀၂၆ ခုနှစ်၊ ဧပြီလ အတွင်း နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်အား ထိုင်းနိုင်ငံ ဒုတိယ   ဝန်ကြီးချုပ်နှင့်  နိုင်ငံခြားရေးဝန်ကြီးမှ လာရောက်၍ ဂါရဝပြုတွေ့ဆုံစဉ် မြန်မာ-ထိုင်း နှစ်နိုင်ငံ  အကြား လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ဆက်လက်တိုးမြှင့်သွားရေး၊ ရေနံနှင့်  သဘာဝဓာတ်ငွေ့ တိုးမြှင့်ထုတ်လုပ်ရေးနှင့် မြန်မာ-ထိုင်းသွယ်တန်းထားသည့်  သဘာဝ    ဓာတ်ငွေ့ပိုက်လိုင်းလမ်း ကြောင်းများ လုံခြုံရေးဆိုင်ရာကိစ္စရပ်အား ဆွေးနွေးခဲ့မှုများအပေါ်  ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် PTTEP International Limited ၏ အမှုဆောင်အရာရှိချုပ်က ပြည်ထောင်စုဝန်ကြီးအား လာရောက်တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲ  တမ်းအတွင်းဝန်၊ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ဦးစီးဌာန၊ လုပ်ငန်းများမှ ညွှန်ကြားရေး မှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် PTTEP International Limited အမှုဆောင်အရာရှိချုပ်နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိသည်။

-END-