Published 17 October 2023

နိုင်ငံကူးလက်မှတ် Pjနှင့်Ps ကိုင်ဆောင်ထားသူများ စာအုပ် သက်တမ်းကုန်ပါက အခွန်ကင်းရှင်းကြောင်း ထောက်ခံချက် တင်ပြ နိုင်မှသာ ဆက်လက်သက်တမ်း တိုး ပေးမည် ဖြစ်ကြောင်း
ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ ထံသိရသည်။

Passport For Jop (PJ)နှင့်Passport For Seaman နိုင်ငံကူးလက်မှတ် အမျိုးစားများ အတွက် သက်တမ်းတိုး လာရောက် လျှောက်ထားသည့် အခါ တွင် စီ်မံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များ ဦးစီးဌာန မှ ထုတ်ပေးသည့် အခွန်ကင်းရှင်းကြောင်း ထောက်ခံချက် တင်ပြနိုင်မှသာ သက်တမ်းတိုးပေး ခြင်း လုပ်ငန်း ကို ဆက်လက်ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်းကိုအောက်တိုဘာ ၁၆ ရက် က ထုတ်ပြန်ထားသည်။

''မနေ့က ပဲခူး ပတ်စပို့ရုံးမှာ စာ အုပ် သက်တမ်းတိုး သွားလုပ်တာ လုပ်မရခဲ့ ဘူး ကိုယ်နေတဲ့ မြိုနယ်မှာ ရှိတဲ့ အကောက်ခွန်ဌာနမှာ အခွန် ကင်းရှင်းကြောင်း ထောက်ခံချက် ယူခိုင်းတယ်၊ဒီနေ့ အခွန် ဦးစီးဌာနကို သွားတော့ လုပ်ငန်းဆိုင်ရာတွေ လုပ်ရအုံးမှာမို့ လကုန်မှ လာခဲ့ပါဆိုပြီး ပြောတယ်''ဟု နိုင်ငံကူးလက်မှတ် သက်တမ်းတိုးလုပ်မည့် သူတစ်ဦးက ပြောသည်။

ထို့ကြောင့် Pjနှင့်Ps ကိုင်ဆောင်ထားသူများ အနေဖြင့် စာအုပ် သက်တမ်းတိုး မြင့်ရန် လာရောက်ပါက ပြည်တွင်း အခွန်များဦးစီးဌာနမှ ထုတ်ပေးသည့် အခွန် ကင်းရှင်းကြောင်း ထောက်ခံချက် တပါ တည်း ယူဆောင်လာရန် ကြိုတင် အသိပေးထားကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published_ 17 October 2023
#YMG #Yangon_Times