#Local_News
Published_2 August 2022

 

ထိုင်းနိုင်ငံသို့ MoU လုပ်သား ၈၀၀ ကျော်ထပ်မံသွားရောက်ခွင့်ရရှိကြောင်း ပြည်ပအလုပ်အကိုင် အေဂျင်စီများက သိရသည်။

 

သြဂုတ်လ ၁ ရက်က မြဝတီ- မဲဆောက် ချစ်ကြည်ရေး အမှတ် (၂) တံတားမှတစ်ဆင့် ထိုင်းနိုင်ငံသို့ သွားရောက်ခွင့် ရခဲ့ကြခြင်းဖြစ်ပြီး Myanamar Experience Iink Co.Itd အေဂျင်စီ၊ New Covenant အေဂျင်စီ၊ ထူးသစ်ဇေ အေဂျင်စီ၊ ယွန်းနဒီဦး အေဂျင်စီ၊ Arbourfield Manpower အေဂျင်စီ၊ ထရိန်းဝင်း အေဂျင်စီ ကုမ္ပဏီများက တာဝန်ယူ ပိုဆောင်ပေးကြောင်းလည်း သိရသည်။

 

ထူးသစ်ဇေ အေဂျင်စီမှ တာဝန်ယူ စေလွှတ်သည့် လုပ်သား (၁၀၀)၊Myanamar Experience Iink အေဂျင်စီမှ လုပ်သား (၆၅) ဦး၊ ယွန်းနဒီ အေဂျင်စီမှ လုပ်သား (၂၀၀) ဦး၊ New Covenant အေဂျင်စီမှ လုပ်သား (၅၈) ဦး၊ Arbourfield Manpower အေဂျင်စီ မှ လုပ်သား (၃၁၅) ဦး၊ထရိန်းဝင်း အေဂျင်စီမှ လုပ်သား (၆၉) ဦး၊ စုစုပေါင်းလုပ်သား (၈၀၇) ဦးဖြစ်ကြောင်း သိရသည်။

 

ယင်းတွင် ထူးသစ်ဇေ အေဂျင်စီမှ တာဝန်ယူ စေလွှတ်သည့် လုပ်သား (၁၀၀) ဦးမှာ နခွန်းပထုံမြို့ရှိ ကြာဇံစက်ရုံသို့လည်းကောင်း၊Myanamar Experience Iink အေဂျင်စီမှ စေလွှတ်ခဲ့သည့် လုပ်သား (၆၅) ဦးမှာ ကုမ္ပဏီသို့ ဝန်ဆောင်ခပေးစရာမလိုသည့် ဇီးရိုးကော့ဖြင့် ချိုင်ယာဖွန်မြို့ရှိ အထည်ချုပ်စက်ရုံသို့ လည်းကောင်း သိရသည်။

 

လက်ရှိတွင် ထိုင်းနိုင်ငံသို့ မြဝတီ-မဲဆောက် ချစ်ကြည်ရေး အမှတ် (၂) တံတားနှင့် ကော့သောင်း-ရနောင်း ရေလမ်းကြောင်းတို့မှ သွားရောက်နေကြခြင်းဖြစ်ကြောင်းလည်း အလုပ်သမားဝန်ကြီးဌာနက သိရသည်။

ymg/mt
#Yangon_Media_group