#LocalNews
Published_24 July 2022

ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် ပို့ဆောင်ပေးမည်ဟုဆိုကာ အလုပ်သမား ၃၀၀ ကျော်ကို ငွေလိမ်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း မြဝတီအခြေစိုက် အလုပ်သမားအရေးဆောင်ရွက်သူများထံမှ သိရသည်။

 

"လူတစ်ယောက်ကို ၉ သိန်း နဲ့ အယောက် ၃၀၀ ကျော်ဆီမှာ ငွေလိမ်ပြီးယူတာဖြစ်ပါတယ်၊ဒီနေ့ မနက်ပိုင်းကြီးမှာ ဖမ်းဆီးနိုင်ခဲ့တာပါ"ဟု MMG ရွှေ့ပြောင်းလုပ်သား စောင့်ကြည့်လေ့လာရေးအဖွဲ့ တာဝန်ရှိသူကပြောသည်။

 

အဆိုပါ အဖွဲ့အနေဖြင့် ဖမ်းဆီးရမိသူများထံမှ ငွေကျပ် ၃၃၈ သိန်းကိုလည်း သိမ်းဆည်းရမိကြောင်းနှင့် နစ်နာခဲ့ကြသည့် အလုပ်သမားများအား ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ymg/mt
#Yangon_Media_Group