#Local_News
Published_ 24 July 2022

 

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေလက်ကျန်မှ ကျပ် ၄၀၀ ဘီလီယံကို သီးသန့်ရန်ပုံငွေထူထောင်၍ ပြည်တွင်းစီးပွားရေးလုပ်ငန်းများအား ထုတ်ချေးမှာဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

 

ကိုဗစ် ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အသုံးစရိတ်များကို အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ အမျိုးသားအဆင့် ဗဟိုကော်မတီရဲ့ ခွင့်ပြုချက်ဖြင့် စနစ်တကျ စိစစ်သုံးစွဲလျက်ရှိပြီး ဇူလိုင်လ ၁၄ ရက်နေ့ ရန်ပုံငွေလက်ကျန်မှာ ကျပ် ၄၉၁.၉၇၈ ဘီလီယံဖြစ် တယ်လို့ ဆိုပါတယ်။

 

ယခုအခါ မိမိတို့နိုင်ငံတွင် ကိုဗစ် ၁၉ ရောဂါဖြစ်ပွားမှုအခြေအနေမှာ များစွာကျဆင်းသွားပြီဖြစ်ရာ ကိုဗစ် ၁၉ ကပ်ရောဂါနှင့် နိုင်ငံတကာဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများအရ ထိခိုက်ကျဆင်းခဲ့ရသော နိုင်ငံတော်ရဲ့ စီးပွားရေးကို ပြန်လည်ဦးမော့လာစေရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်တယ်လို့ ဆိုပါတယ်။

 

ရန်ပုံငွေလက်ကျန်မှ ကျပ် ၄၀၀ ဘီလီယံကို သီးသန့်ရန်ပုံငွေထူထောင်၍ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အရေးပါတဲ့ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံတဲ့ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ စက်မှုလက်မှုလုပ်ငန်းများနှင့် ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများဖော်ဆောင်ပေးနိုင်တဲ့ ပြည်တွင်းစီးပွားရေးလုပ်ငန်းများအား အတိုးနှုန်းသက်သာသော ချေးငွေများကို စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့ ကြီးကြပ်မှုဖြင့် စိစစ်ထုတ်ချေးပေးနိုင်ရေး ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

ymg-mnn
#Yangon_Media_Group