#Local_News
နေပြည်တော်၊ အောက်တိုဘာ ၂၉

■ မြန်မာနိုင်ငံတွင် သတ္တုရှာဖွေတူးဖော်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်နှင့် သတ္တုတူးဖော်မှု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ကို ဟန်ချက်ညီစွာဆောင်ရွက်နိုင်ရေးတို့ကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ရုရှားနိုင်ငံအခြေစိုက် Areal Group of Companies အကြီးအကဲ Mr. Vladislav V. SVIBLOV တို့ ယနေ့နံနက်ပိုင်း နိုင်ငံတော်သမ္မတရုံးတော် ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

■ တွေ့ဆုံပွဲတွင် နှစ်နိုင်ငံ၏ စီးပွားရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်မည့် သတ္တုရှာဖွေတူးဖော်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

■ ထို့ပြင် မြန်မာ–ရုရှားအကြား အပြန်အလှန်ယုံကြည်မှုနှင့် ချစ်ကြည်ရင်းနှီးမှု တိုးတက်လာမှု၊ ပညာရေး၊ သိပ္ပံနှင့် နည်းပညာအပါအဝင် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နေသည့် အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြသည်။

■ တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဦးအောင်ကျော်ဟိုးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး Mr. Iskander K. AZIZOV နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

■ တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် ကုမ္ပဏီအုပ်စုအကြီးအကဲတို့ အမှတ်တရလက်ဆောင်များ အပြန်အလှန်ပေးအပ်ခဲ့ကြသည်။

#YMG #Yangon_Times #Yangon_Media_Group